Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 040 (Feeding the five thousand)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

1. လူ ငါးထောင်ကို ကျွေးမွေးခြင်း (ယော ၆း ၁- ၁၃)


ယေရုရှလင်မြို့မှာ ဥပုဒ်နေ့ အနာငြိမ်းခြင်းဖြင့် သခင်ယေရှုက ဘုရားဇာတိကို ပြတယ်။ ပညတ်သမားတွေရဲ့ အကျိုးမရှိတဲ့ အယူအဆနဲ့ ဘုရားမေတ္တာ ကွာခြားချက်ကို ပြတယ်။ သူတို့က အမုန်းနဲ့ တုန့်ပြန်တယ်။ ဝိညာဉ်တော်က သခင်ယေရှုကို ဂါလိလဲအိုင် မြောက်ပိုင်းကို ခေါ်ဆောင်တယ်။ သခင်ယေရှုနဲ့ ရန်သူတွေကို ခွဲခြားပစ်တယ်။ မြောက်ပိုင်းသားတွေက သခင်ယေရှု သွားလေရာကို လိုက်ကြတယ်။

ယော ၆း ၁ - ၎
၁ ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။- ၂ အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။- ၃ ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။- ၄ ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။

ခရစ်တော်က ယေရုရှလင်မှာ ပညတ်သမားတွေကို အပြစ်တင်တဲ့အတွက် နောက်က ထောက်လှမ်းကြပြီး သတ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ့အချိန်မရောက်သေးတော့ ဂါလိလဲကို ပြန်ရင်း ဆန်ဟင်ဒရီလွတ်တော်ကို ရှောင်လိုက်တယ်။ သခင်ယေရှု ရောက်လာတဲ့သတင်းက အကြီးအကျယ်ပြန့်နှံ့သွားတယ်။ ဒါပေမယ့် သခင်ယေရှုက စိတ်အနှောက်အယှက် မဖြစ်ဘူး။ မြို့တော်မှာဖြစ်တဲ့ ကိစ္စဟာ တောရွာတွေအထိ ပြန့်နှံ့မယ်ဆိုတာ သိပြီးသား ဖြစ်တယ်။ ဒါကြောင့် ယော်ဒန်မြစ်အရှေ့ဖက် ဂိုလန်ဒေသဖက်ကို ရှောင်တယ်။ တပည့်တော်တွေနဲ့ပဲ နေတယ်။ ဒါပေမယ့် စကားတော်ကို ကြားချင်တဲ့ လူတွေ လိုက်လာတယ်။

နိမိတ်လက္ခဏာတွေလည်း မြင်ချင်ကြတယ်။ သေရမယ့်အချိန် ရောက်တော့မှာ ဖြစ်လို့ အဲဒီနှစ် ပသခါပွဲအတွက် ယေရငရှလင်ကို မသွားဘူး။ ပသခါပွဲအစား လူပရိသတ်တွေနဲ့ပဲ ကျင်းပလိုက်တယ်။ ကောင်းကင်မှာ ကယ်တင်ရှင်နဲ့အတူ သန့်ရှင်းသူတွေ ဝမ်းမြောက်ဝမ်းသာ ကျင်းပမယ့် စားပွဲအကြောင်း ပြောပြတယ်။

ယော ၆း ၅ - ၁၃
၅ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- ၆ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- ၇ ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာ အဖိုးထိုက်သောမုန့် မလောက်ပါဟု လျှောက်၏။- ၈ ရှိမုန်ပေတရု၏ညီ အန္ဒေအြမည်ရှိသော တပည့်တော်က၊- ၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- ၁၀ ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။- ၁၁ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။- ၁၂ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊- ၁၃ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။-

လူတွေရောက်လာတာ မြင်တဲ့အခါ သခင်ယေရှုက ကောင်းကင်ကို မြော်ကြည့်ပြီး ခမည်းတော်ရဲ့ ဘုန်းအသရေကို ထင်ရှားစေတယ်။ ဆာငတ်သူတွေကို ကူမဖို့ ဘုရားထံ အပ်နှံတယ်။ ဒါနဲ့ နိမိတ်လက္ခဏာ ဖြစ်လာတယ်။ စိတ်နှလုံးတွေကို သားတော်မြင်ခွင့်ရတယ်။

ပထမမှာ တပည့်တော်တွေရဲ့ ယုံကြည်ခြင်း တိုးသလား၊ လောကီအရာတွေကို စိတ်စွဲနေသလားသိဖို့ ဖိလိပ္ပုကို မုန့်ဘယ်ကရမလဲ မေးပြီး စမ်းသပ်ကြည့်တယ်။ သူက မုန့်ဆိုင်အကြောင်းပဲ တွေးမှာပေါ့။ သခင်ယေရှုက ခမည်းတော်အကြောင်း တွေးတယ်။ လူက ငွေအကြောင်း၊ စားဝတ်နေရေးကို တွေးတယ်။ သခင်ယေရှုက ကောင်းကင်က ကူမမယ့်အကြောင်း တွေးတယ်။ ဖိလိပ္ပုက ယုံကြည်ခြင်းအကြောင်း မတွေးဘဲ ကုန်ကျစရိတ်ပဲ တွက်မိတယ်။ ငွေကိုကြည့်ရင် ဘုရားတတ်နိုင်စွမ်းကို မမြင်တော့ဘူး။ သူတို့တွက်တာ ဟုတ်တော့ဟုတ်ပါတယ်။ မုန့်ဆိုင်မရှိ။ ဂျုံစက်မရှိ။ မုန့်လုပ်ချိန်လည်း မရှိဘူး။ ဒါပေမယ့် လူတွေက သခင်ဘုရားစကားကို အကြာကြီး ကြားနာပြီးချိန် ဗိုက်ဆာနေကြပြီ။ ရုတ်တရက် ဝိညာဉ်တော်က အနြေ္ဒကို နိုးဆော်တယ်။ မုန့် ၅ လုံးနဲ့ ငါး ၂ ကောင်ရှိတဲ့ ကလေးတယောက် ခေါ်လာတယ်။ သခင်ယေရှုက “မင်းမှာရှိတဲ့ မုန့်နဲ့ ငါးကို ပေးပါ။” လို့ ဆိုတယ်။ အနြေ္ဒက သိတယ်။ ဒီမုန့်နဲ့ငါးဟာ ဘယ်လိုမှ မလောက်ဘူး။ ဒါကြောင့် တပည့်တော်တွေဟာ ဘာလုပ်ရမလဲ မသိဘူး။ ဘုရားအလိုတော်လည်း မသိဘူး။ သခင်ယေရှု ဘာလုပ်မလဲလည်း မသိဘူ။ စားသောက်ပွဲကြီး တခုလို လူတွေ နေရာယူကြဖို့ သခင်ယေရှုက တပည့်တော်တွေကို စီစဉ်ခိုင်းတယ်။

အစိမ်းရောင်မြက်ခင်းကတော့ လူတွေကြားမှာပေါ်ထွက်လာတဲ့ ယုံကြည်ခြင်းရဲ့ အမှတ်သင်္ကေတပေါ့။ ယောင်္ကျား ၄၀၀၀ ၊ မုန့်မနဲ့ ကလေးတွေ ဆိုတာ အတော်များတဲ့ လူအုပ်ကြီးပါ။ အများစုက သခင်ယေရှုကိုလည်း မမြင်ဖူး၊ နိမိတ်လက္ခဏာလည်း မတွေ့ဖူးကြဘူး။ စကားတော်ကြောင့်သာ မြက်ခင်းပေါ်မှာ ထိုင်ချလိုက်ကြတယ်။

သခင်ယေရှုက မုန့်ကို တည်တည်ငြိမ်ငြိမ် ယူတယ်။ ဖန်ဆင်းတဲ့တန်ခိုးကို ပြတယ်။ မုန့်အတွက် ကျေးဇူးတော် ချီးမွမ်းတယ်။ မုန့်အပဲ့လေးကို ဘုရားကောင်းကြီးပေးပြီး အလျံအပယ် ပွါးများစေတယ်။ မုန့်နဲနဲအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ ခမည်းတော်ဘုန်းထင်ရှားခြင်းဟာ အခုနိမိတ်လက္ခဏာရဲ့ လျှို့ဝှက်ချက်ပါ။ ဘုရားပေးတဲ့ နဲနဲလေးကို ကျေးဇူးတော် ချီးမွမ်းတတ်သလား။ ဒါမှမဟုတ် ညည်းတွားပြစ်တင်တတ်သလား။ နဲနဲလေးကိုလည်း ဝေမျှတတ်ပါရဲ့လား။ သခင်ယေရှုက အတ္တမရှိဘူး။ ဘုရားမေတ္တာ သူ့မှာ တည်နေသလို၊ သူကလည်း ခမည်းတော်ရဲ့ ဘုန်းကို ထင်ရှားစေပြီး၊ အားလုံးကို ဝေမျှတတ်တယ်။

ဒီနိမိတ်လက္ခဏာဟာ ခရစ်ဝင်ကျမ်း ၄ ကျမ်းလုံးမှာ ပါတယ်။ သခင်ယေရှုရဲ့အနီးမှာ ထိုင်သူတွေဟာ နဲနဲလေးက ပွါးပွါးလာပြီး အားလုံးစားလောက်တာကို သေသေချာချာ မြင်ရမယ်။ လူတိုင်းလိုသလောက်ကို သွားချည်လာလှဲ့ ဝေမျှနေလိမ့်မယ်။ ဒါက ကျေးဇူးတော်ရဲ့ လက္ခဏာပဲ။ ဘုရားက ခွင့်လွှတ်ခြင်းနဲ့ ဝိညာဉ်တော်ကို အတိုင်းအဆမဲ့ ပေးနေတယ်။ လိုသလောက် ယူ။ ယုံသလောက် ရတယ်။ ကောင်းကြီးတွေကို ဝေမျှပါ။ ကိုယ်ကောင်းကြီး ရသလို၊ သူတပါးတွေလည်း ရစေပါ။ ကိုယ်က သူတပါးကောင်းကြီးရဖို့ ပင်မအရင်းအမြစ် ဖြစ်လာမယ်။

ကာနမြို့မှာ ရေကနေ စပျစ်ရည် ပြောင်းတယ်။ ဂိုလန်ဒေသမှာ မုန့် ၅ လုံးကို လူ ၅ ထောင် လောက်ငအောင် ကျွေးတယ်။ အံ့အားသင့်စရာက စကျွေးတုန်းကထက် စားပြီးချိန်မှာ ပိုလျံနေတာပါပဲ။ အကြွင်းအကျန် ၁၂ တောင်း ရှိတယ်။ သခင်ယေရှုက ဘာမှ အလေအလွင့် မဖြစ်စေနဲ့တဲ့။ ဒီနေ့ခေတ်မှာတော့ အစာငတ်လို့ နာရီတိုင်း လူထောင်ချီ သေနေချိန်မှာ အပိုအလျံတွေကို အမှိုက်ပုံမှာ ပစ်နေကြတာ ရှက်စရာပါ။ ကောင်းကြီးမင်္ဂလာကို ဂရုမစိုက်ဘဲ ဖြုန်းမပစ်ပါနဲ့။ ကိုယ်နိုင်သမျှထက် ဘုရားပိုပေးပါလိမ့်မယ်။

သူ့မုန့်ကို သခင်ယေရှုက ယူပြီး မုန့်တွေ ပွါးများလာချိန်မှာ ကလေးငယ်ရဲ့ သဘောထားလေးကို မြင်ယောင်ကြည့်ပါ။ သူခမျာ မျက်လုံး ပြူးသွားမှာပဲ။ ဒီနိမိတ်လက္ခဏာကို သူ့တသက် ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။

ဆုတောင်း ချစ်ခြင်း၊ သည်းခံခြင်းအတွက် ကျေးဇူးတင်ပါတယ် ကိုယ်တော်။ ယုံကြည်ခြင်း အားနည်းတာကို ခွင့်လွှတ်တော်မူပါ။ ခက်ခဲချိန်မှာ ကိုယ့်ကိုကိုယ် အားမကိုးဘဲ ကိုယ်တော်ကို အားကိုးတတ်စေပါ။ ဝိညာဉ်ကောင်းကြီးများနဲ့အတူ အနည်းငယ်သော လောကအရာများအတွက်လည်း ကျေးဇူးတင်ပါ၏။ အခက်အခဲများကြားမှာ ကောင်းကြီးပေးတော်မူ၍၊ ကောင်းကြီးကို ဘာတခုမျှ မဖြုန်းပါမည့်အကြောင်း သွန်သင်ပေးတော်မူပါ။

မေးခွန်း ၄၄

  1. လူ ၅ ထောင်ကို ကျွေးခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)