Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 041 (Jesus withdraws from the clamor for his crowning; Jesus comes to his disciples in distress)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

3. ဒုက္ခရောက်နေတဲ့ တပည့်တော်တွေထံ ရောက်လာတယ်။ (ယော ၆း ၁၆ - ၂၁)


ယော ၆း ၁၄ - ၁၅
၁၄ ထိုသိုယေရှုပြုသော နိမိတ်လက္ခဏာကို ထိုလူအများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။ ၁၅ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည့် အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်း ကြွတော်မူပြန်၏။

သခင်ယေရှုက လောကီသားတွေကို ရဖို့လာခဲ့တယ်။ မလူ ၅ ထောင်ကို ကျွေးမွေးပြီးချိန်မှာတော့ လူတွေ အများကြီးရောက်လာတယ်။ ဘုရင်အဖြစ် ချီးမြှောက်ဖို့ လက်ခုပ်တီးပြီး ကခုန်လာကြတယ်။ ဂါလိလဲလူဟာ ဘုရားသခင်ရဲ့လူလို့ နားလည်ကြတယ်။ သူ့အားဖြင့် ဘုရားအသံတော်ကြားရ၊ တန်ခိုးတော်ကို မြင်ရတယ်။ သဘာဝတရားကလည်း သူ့စကားကို နားထောင်တယ်။ မောရှေက တောအရပ်မှာ မုန့်ကျွေးသလို သူက မုန့်ကျွေးတယ်။ အပယ်ခံလူမျိုးတော်ကို တရားလမ်းမှာ ဦးဆောင်မယ့် ဂတိတော်အတိုင်း ကြွလာတဲ့ ပရောဖက် ဖြစ်တယ်။ (တရားစော ၁၈း ၁၅) သခင်ယေရှုက ဘုရင်ဖြစ်လို့ သူတို့ အလုပ်လုအ်စရာ မလို၊ မပင်ပန်းကြတော့ဘူးလို့ ထင်နေတယ်။ “ငါတို့က ကျမ်းစာဖတ်မယ်၊ ဆုတောင်းမယ်။ ကိုယ်တော်က နေ့တိုင်း စားစရာ ပေးမယ်။ ဒီလိုဘုရင်က ရောမအစိုးရကို နိုင်မယ်။ ကောင်းကင်က လောင်မီးကျပြီး ဖျက်ဆီးပစ်နိုင်တယ်။ ဒါကြောင့် သူ့ကို သရဖူဆောင်းပြီး ဘုရင်အဖြစ် တင်မြှောက်ကြစို့။” လို့ ပြောကြတယ်။" ပခုံးပေါ်မှာ ချီထမ်းကြဖို့ အနားကပ်လာကြတယ်။ သူတို့ကို မ,စရင် သူတို့ကလည်း ဝိုင်းကူကြမယ်။

ဒီလို လူကြိုက်များလာတာကို ဘယ်လိုရပ်တည်တော်မူသလဲ။ သူ့ကို အားကိုးလာလို့ ဝမ်းသာနေသလား။ ဒီလို စုံစမ်းခြင်းထဲပါသွားပြီး မယုံကြည်သူတွေရဲ့ အကူအညီနဲ့ နိုင်ငံတော် တည်ထောင်သလား။ သူတို့အစီအစဉ်ကို ရှောင်သလား။ စကားတခွန်းမှ ပြန်မပြောဘဲ တောအရပ်ကို ထွက်သွားတယ်။ သူတို့အကူအညီ မလိုဘူး။ ဘုရားသခင်ရှိရင် ရပြီ။ စိတ်လှုပ်ရှားနေကြတာကို သိတယ်။ ပြောစကား နားမထောင်ဘဲ စိတ်ကူးနဲ့ ယစ်မူးနေကြတယ်။ နိုင်ငံရေးစိတ်နဲ့ စည်းလုံးနေကြတယ်။

လောကီနိုင်ငံ မတည်ထောင်ဘူး။ လူတွေ နောင်တရပြီး၊ အသစ်မွေးဖွါးစေချင်တယ်။ ဒုတိယ မမွေးဘဲ ကောင်းကင်နိုင်ငံ မဝင်ရဘူး။ နိမိတ်လက္ခဏာတွေရဲ့ ရည်ရွယ်ချက်ကို နားမလည်ကြဘူး။ လောကအစာပဲ သိတယ်။ ဝိညာဉ်တော်က ဆာငတ်မှုကို ပြေစေတာ မသိဘူး။ သူတို့က လောကီနိုင်ငံနဲ့ လျော့ပါးကွယ်ပျောက်တတ်တဲ့ ဘုန်းအသရေကိုပဲ သိတယ်။ ကိုယ်တော်က ကားတိုင်အားဖြင့်သာ နိုင်ငံတော် တည်မယ်။ နောင်တမရ၊ ဒုတိယ မမွေးရင် ခရစ်တော်ဖိတ်ခေါ်တာ မကြားဘူး။

သခင်ယေရှုက လူအများရဲ့ ရိုသေလေးစားမှုကို မလိုဘူး။ လူပေးတဲ့ ဘုန်းအသရေကို မယူဘူး။ ခမည်းတော် အသံပဲ နားထောင်တယ်။ စုံစမ်းနှောက်ယှက်တဲ့ စာတန်အတွက် စိတ်နှလုံးတခါးကို ပိတ်ထားတယ်။ ဝိညာဉ် မျက်စိကန်းသူတွေကို အလင်းရဖို့ ဆုတောင်းတယ်။ လူပေးတဲ့ သရဖူ မဆောင်းဘူး။ ဒီနေ့ ဟောရှဏလို့ ကြွေးကြော်ပေမယ့် နောက်နေ့ လက်ဝါးကပ်တိုင်မှာ တင်သတ်ပါလို့ အော်မယ့်သူတွေ ဖြစ်တယ်။ လူ့စိတ်ကို သိတယ်။ လှည့်စားလို့ မရဘူး။


3. ဒုက္ခရောက်နေတဲ့ တပည့်တော်တွေထံ ရောက်လာတယ်။ (ယော ၆း ၁၆ - ၂၁)


ယော ၆း ၁၆ - ၂၁
၁၆ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှာ အိုင်ကိုကူးကြ၏။- ၁၇ ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- ၁၈ လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။- ၁၉ ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့် ၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- ၂၀ ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။- ၂၁ လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။

ဂိုလန်ကုန်းမြင့်မှာ တယောက်တည်းနေတော်မူချိန်မှာ တပည့်တော်တွေ မုန်တိုင်းမိပြီး ဒုက္ခရောက်တာ တွေ့တယ်။ ညအချိန်ရောလုနီးချိန်မှာ မုန်တိုင်းကြားက ရေပေါ်မှာ လမ်းလျှောက်လာတယ်။ အန္တရာယ်ကြားမှာ ပစ်မထားဘူး။ သူတို့က သရဲတစ္ဆေထင်ပြီး ကြောက်ကြတယ်။ တံငါသည်တွေက ရေပေါ်မှာ ညအချိန် အကြာကြီး နေရတာကြောင့် သရဲမြင်ရတယ်လို့ ထင်တတ်ကြတယ်။ သခင်ယေရှု ရောက်လာပြီး “ငါ ပါ” လို့ ကြင်နာစွာ ပြောတယ်။ ဒီစကားက တမန်တော်တွေကို ယုံကြည်လာစေတယ်။ ဓမ္မဟောင်းမှာလည်း “ငါ ဖြစ်သည်” ဆိုတဲ့ စကားဟာ ယုံကြည်သူနဲ့ ဘုရားသခင် အတူရှိတဲ့ သဘောဖြစ်တယ်။ အရာအားလုံးကို အမိန့်ပေးနိုင်တဲ့အတွက် တပည့်တော်တွေ သဘောကျကြတယ်။ မုန့်က လက်ထဲမှား ပွါးလာတယ်။ လှိုင်းလေ တည်ငြိမ်တယ်။ မုန်တိုင်းက ဆုံးမလို့ ငြိမ်သွားတယ်။ ဒါကို နားလည်ပေမယ့် ကြောက်တော့ ကြောက်တုန်းပဲ။ ဒါကြောင့် မကြောက်နဲ့လို့ ပြောရတယ်။ တပည့်တော်တွေကို မကြောက်နဲ့လို့ အချိန်ပြည့် ပြောနေရလို့ ဓမ္မသစ်ကျမ်းထဲမှာ ၃၆၅ ကြိမ် တွေ့ရတယ်။ တနေ့၊ တကြိမ်၊ နှစ်တပတ်လည် ဆိုပါတော့။ ခရစ်တော်အတူရှိကြောင်း ယုံခြင်းဟာ ကြောက်ရွံ့စိတ်ကို ပြေစေတယ်။ ဘာဘဲဖြစ်ဖြစ်၊ ဘာပဲကြုံကြုံ သခင်ယေရှုက “ငါပါ။ မကြောက်နဲ့။” လို့ ပြောနေပါတယ်။

သခင်ယေရှုမှန်းသိတော့ အံ့အားသင့်ပြီး၊ လှေပေါ်ကို ဖိတ်ခေါ်ကြတယ်။ ကမ်းကို မြန်မြန် ရောက်သွားတယ်။ ဒါက တနေ့တည်းမှာပြတဲ့ နိမိတ်လက္ခဏာရဲ့ သုံးပိုင်းမြောက် ဖြစ်တယ်။ အချိန်နဲ့ နေရာ Time and space ကို အစိုးရတဲ့ ကိုယ်တော်ဟာ အသင်းတော်လှေကြီးကို မုန်တိုင်းကြားမှ ကမ်းသို့ အမြန် ပို့ဆောင်တယ်။ တပည့်တော်တွေထံ ချစ်လို့ လာတယ်။ ယုံကြည်ဖို့တော့ လိုတာပေါ့။ မှောင်မိုက်နဲ့ စုံစမ်းခြင်းထဲမှာ အားကိုးတတ်ဖို့ အားပေးရင်း ကြောက်စိတ်တွေ ဖယ်ရှားပေးတော်မူတယ်။

မေးခွန်း ၄၅

  1. လူတွေတင်တဲ့ ဘုရင်အရာကို ဘာကြောင့် ငြင်းတော်မူခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)