Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 039 (The reason for unbelief)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

5. မယုံကြည်တဲ့ အကြောင်းရင်း (ယော ၅း ၄၁- ၄၇)


'''ယော ၅း ၄၁- ၄၄
၄၁ လူပေးသောဘုန်းအသရေကို ငါမခံ။- ၄၂ သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။- ၄၃ ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- ၄၄ အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။- '''

သခင်ယေရှုက ရန်သူ့လက်နက်တွေကို ကွဲလွင့်စေပြီး သူတို့ စိတ်နှလုံးနဲ့ အနာဂတ်လားရာကို ထောက်ပြတယ်။ သူတို့ရဲ့ မကောင်းတဲ့စိတ်ထားနဲ့ မကောင်းတဲ့အကျင့်ကို ထောက်ပြတယ်။ လူတွေနဲ့ သူတို့ခေါင်းဆောင်တွေ ကြိုက်နှစ်သက်ဖို့ မလိုဘူး။ သူ့အလုပ်က ရှိပြီးသား။ လူတွေ ထောက်ခံဖို့ မလိုဘူး။ ချီးကျူးရင်လည်း ခမည်းတော်ကိုသာ ချီးကျူးရမယ်။ ဆုတောင်းရာမှာ သူ့နာမထက် ခမည်းတော်နာမ၌ ဆုတောင်းရမယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုပါစေသော။” သခင်ယေရှုက ကိုယ်ဘုန်းအသရေကို ငြင်းပယ်ခဲ့တယ်။ ခမည်းတော်ရဲ့ ဘုန်းထင်ရှားဖို့သာ အဓိကထားတယ်။ ဘုရားသခင်ကို အခွင့်ပေးဖို့သာ စိတ်ထက်သန်တယ်။

ဘုရားမေတ္တာဟာ ဖန်ဆင်းခြင်း၊ ရွေးနှုတ်ခြင်းနဲ့ စုံလင်စေခြင်းမှာ အဓိကကျတယ်။ သုံးပါးတဆူဘုရားရဲ့ အနှစ်သာရက မေတ္တာပဲ။ ပညတ်တရား ပြည့်စုံခြင်းနဲ့ စုံလင်လာစေခြင်းဟာလည်း မေတ္တာကို ပုံဖေါ်တယ်။ သူ့အသက်က သူ့အတွက်မဟုတ်ဘဲ၊ သူတပါးအတွက်ဖြစ်တယ်။ သူ့မှာရှိသမျှ သူတပါးကို ပေးတယ်။ သူ့မေတ္တာက အစဉ်အမြဲတည်တယ်။

ကိုယ့်သဘောနဲ့ ဘုရားကို မချစ်နိုင်။ အပြစ်ကြောင့် နာခြင်းစွာ ခံစားရပြီး၊ နောင်တရ ၊ ယုံကြည်မယ်။ ဝိညာဉ်တော်က မေတ္တာသွန်းလောင်းပေးကြောင်း ရှင်ပေါလုလို ဝန်ခံမယ်။ မေတ္တာဟာ ဆက်ကပ်ခြင်း၊ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းမှာ ထင်ရှားတယ်။ ဝိညာဉ်တော်အတွက် စိတ်နှလုံးဖွင့်ဟသူဟာ သုံးပါးတဆူဘုရားနဲ့ လူတွေကို ချစ်လာမယ်။ ကြွားဝါနေသူကတော့ သူ့ကိုယ်သူ ကောင်းတယ်ထင်နေမယ်။ ဒါဟာ နောင်တမဟုတ်ဘူး။ ဝိညာဉ်တော်နဲ့ ဆန့်ကျင်တယ်။ အတ္တကြီးတယ်။ ပြောင်းလဲချင်စိတ်မရှိ။ ကယ်တင်ရှင်လိုကြောင်း မသိ။ စိတ်နှလုံး ခိုင်မာတယ်။ ခရစ်တော်က မသိတဲ့ တခြားဘုရားနာမနဲ့ လာတာမဟုတ်ဘဲ။ ခမည်းတော်ရဲ့ မေတ္တာနဲ့ ချစ်ခြင်း၊ သနားခြင်းကို ပြဖို့လာတယ်။ ခရစ်တော်ကို ငြင်းပယ်သူဟာ ဘုရားမေတ္တာအတွက် စိတ်နှလုံးတံခါးကို ပိတ်ထားတယ်။ အလင်းထက် မှောင်မိုက်ကို ချစ်တယ်။ အလင်းရဲ့သား မဖြစ်ချင်ဘူး။ ဘုရားမေတ္တာကို ပုန်ကန်ဖို့ ဦးဆောင်တဲ့ အတ္တကြီးတဲ့၊ ကိုယ်ကျိုးရှာတဲ့ ရန်သူတွေရဲ့ ပုံစံကိုလည်း ခရစ်တော်က ပြောပြတယ်။ နိမိတ်လက္ခဏာတွေ ပြပြီး၊ ခရစ်တော်ကို တုပမယ်။

စစ်မှန်တဲ့နောင်တထက် လျှပ်ပေါ်တာကို ပိုသဘောကျသူတွေဟာ မယုံကြည်နိုင်ကြဘူး။ သူတို့ကိုယ်သူတို့ ကောင်းတယ်၊ တော်တယ်၊ ခိုင်ခံတယ်လို့ ထင်ကြတယ်။ ဘုရားကို မကြောက်၊ ကောင်းမြတ်တဲ့ ဘုရားကို နားမလည်ဘူး။ ကိုယ်ကောင်းတယ်လို့ ထင်ခြင်းဟာ မယုံကြည်လို့ပါ။ မာနတက်နေတဲ့ လက္ခဏာပါ။ ဘုရားကိုသိရင် စိတ်ကြေကွဲပြီး၊ အပြစ်ဝန်ခံမယ်။ ဘုန်းအသရေကို မရှာဘူး။ ခမည်းတော်နဲ့ သားတော်ကိုသာ ဘုန်းထင်ရှားစေမယ်။ ကယ်တင်တဲ့ ကျေးဇူးတော်ကို ထင်ရှားစေမယ်။ ကိုယ်က အပြစ်သား၊ ခွင့်လွှတ်ခံရသူလို့ ကိုယ့်ကိုကိုယ် သိတယ်။ ဘုရားကို သိတယ်။ သူတပါးကို တရားစကား ပြောပြတယ်။ မာနတက်သူကတော့ ကိုယ့်ကိုကိုယ်ရော သူတပါးကိုပါ လှည့်စားတယ်။ နှိမ့်ချစေတဲ့ ဘုရားဝိညာဉ်တော်ကို ရှောင်လာတယ်။

ယော ၅း ၄၅ - ၄၇
၄၅ ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။- ၄၆ သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- ၄၇ သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။

ခရစ်တော်က ပညတ်သမားတွေရဲ့ မာနကို ဆက်ပြီးချေဖျက်တယ်။ “ငါက မင်းတို့ကို ဘုရားသခင်ရှေ့မှာ အပြစ်တင်တဲ့သူ မဟုတ်ဘူး။ မောရှေက အပြစ်တင်တာ။ သူက ပညတ်တရားကို ပေးပြီး၊ အဲဒီပညတ်တရားက မင်းတို့ကို အပြစ်တင်နေတယ်။ မင်းတို့မှာ မေတ္တာ မရှိဘူး။ ပညတ်တရားအကြောင်းပြပြီး ငါ့ကို သတ်ချင်နေတယ်။ ဘုရားနဲ့ဝေးကွာပြီး အမှောင်မှာ ကျင်လည်နေတယ်။ ဥပုဒ်နေ့မှာ ကျန်းမာစေတာနဲ့ ဘုရားအလုပ်ကို သဘောမကျဘဲ ငါ့ကို မုန်းနေတယ်။ ငါက ဘုရားမေတ္တာ လူ့ဇာတိခံယူထားတာ ဖြစ်တယ်။ မေရှိယရဲ့ အလုပ်ကိုလည်း မယုံကြဘူး။ စိတ်သဘောက ပုန်ကန်နေတယ်။ ကြမ်းတမ်းနေတယ်။ ဘုရားပေးတာက အသက်၊ သေခြင်းမဟုတ်ဘူး။ မင်းတို့သာ နောင်တရရင် ကယ်တင်ရှင်ကို ဆာငတ်လာမယ်။ ပညတ်တရားနဲ့ ပရောဖက်တွေဟာ ကြွလာတဲ့သူ့ရဲ့ ရှေ့ပြေးတွေပဲ။ ပညတ်တော်တွေကိုလည်း လိုသလို လှည့်ကြတယ်။ ပြီးတော့ ဘုရားကို အပြစ်တင်တယ်။ ပရောဖက်စကားကိုလည်း နားမလည်ကြဘူး။ စိတ်နှလုံးက ဆိုးယုတ်တော့ တရားစကားလည်း နားမလည်ကြဘူး။ အ,အတွေ၊ အပင်းတွေ ဖြစ်ပြီး ဝိညာဉ်တော်ကို ဆီးတားကြတယ်။ အသက်တရားကို မယုံကြည်ဘဲ ခေါင်းမာကြတယ်။”

မေးခွန်း ၄၃

  1. သခင်ယေရှုက တခြားသူတွေလို ကိုယ့်ဘုန်းအသရေကို ဘာကြောင့် မရှာသလဲ။

QUIZ - 2

ချစ်သော ဓမ္မမိတ်ဆွေ ဒီ မေးခွန်း(၂၄)ထဲမှ မှန်ကန်သော အဖြေ (၂၀) ခု ကို ဖြေပေးပါ။ ဒီအချက်အရာများနဲ့ ပက်သက် တာတွေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

  1. သခင်ယေရှုက ဗိမာန်တော်ကို သွားပြီး ဘာကြောင့် ပွဲစားတွေကို နှင်ထုတ်ခဲ့သလဲ?
  2. နိကောဒင်ရဲ့ ဘုရားတရားနဲ့ သခင်ယေရှုရဲ့ အဓိက တရားက ဘာကွာပါသလဲ?
  3. အသစ်မွေးဖွါးခြင်းရဲ့ လက္ခဏာတွေကို ဖေါ်ပြပါ။
  4. တောထဲက ကြေးဝါမြွေရုပ်က ခရစ်တော်ကို ဘယ်လိုပုံဆောင်သလဲ။
  5. ခရစ်တော်ကို ယုံကြည်သူဟာ ဘာကြောင့် တရားစီရင်ခြင်း မခံရတော့သလဲ။
  6. ခရစ်တော်က ဘာအတွက် သတို့သားလဲ။
  7. ထာဝရအသက်ကို ဘယ်လိုရသလဲ။
  8. သခင်ယေရှုက လက်ဆောင်ကို ပေးသလဲ။ သူ့အကျိုးက ဘာလဲ။
  9. စစ်မှန်သော ကိုးကွယ်ခြင်းကို ဘာက တားဆီးသလဲ။ ဘယ်အရာက စစ်မှန်စေသလဲ။
  10. သက်စမ်းရေကို ဘယ်လို သောက်နိုင်သလဲ။
  11. ယေရှုခရစ်တော်အတွက်ကောက်လှိုင်းများရိတ်သိမ်းဖို့ရန်ဘယ်လိုအသုံးဝင်နိုင်မလဲ
  12. အရာရှိရဲ့ ယုံကြည်ခြင်း တိုးလာပုံ အဆင့်ဆင့်ကို ပြောပြပါ။
  13. ဗက်ဇဲဒရေကန်မှာ မသန်စွမ်းတဲ့လူကို ဘယ်လို ကျန်းမာစေခဲ့သလဲ။
  14. ဂျူးတွေက သခင်ယေရှုကို ဘာကြောင့် ညှည်းဆဲကြသလဲ။
  15. ဘုရားသခင်က သားတော်နဲ့ ဘယ်လိုအလုပ်လုပ်သလဲ။ ဘာကြောင့် လုပ်သလဲ။
  16. ခမည်းတော်က သားတော်ကို စေခိုင်းသော အရေးကြီးသော အလုပ် ၂ ခုကို ဖေါ်ပြပါ။
  17. သခင်ယေရှု ရှင်းပြတဲ့ ခမည်းတော်နဲ့ သားတော်ရဲ့ ဆက်နွယ်မှုကို ပြောပြပါ။
  18. သက်သေခံ ၄ ပါးက ဘယ်သူတွေလဲ။ ဘယ်လိုသက်သေခံသလဲ။
  19. သခင်ယေရှုက တခြားသူတွေလို ကိုယ့်ဘုန်းအသရေကို ဘာကြောင့် မရှာသလဲ။

ဒီစာစောင်များကို မိတ်ဆွေထံသို့ ရောက်လာဖို့ရန်မိတ်ဆွေ ရဲ့အိမ်လိပ်စာအတိအကျကို အောက်မှာ ဖြည့်ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)