Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 061 (Christ exists before Abraham)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

g) ခရစ်တော်ဟာ အာဗြဟံမရှိမှီကတည်းက ရှိတယ်။ (ယောဟန် ၈း ၄၈- ၅၉)


ယောဟန် ၈း ၄၈- ၅၀
၄၈ “ယုဒလူတို့ကလည်း သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသာသူလည်း ဖြစ်၏ဟူသော ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။ ၄၉ ယေရှုကလည်း ငါသည် နတ်ဆိုးစွဲသောသူမဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။ ၅၀ ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။”

သခင်ယေရျုက ယုဒလူတွေရဲ့မျက်နှာဖုံးကို ဆွဲခွါလိုက်ပြီး မာရ်နတ်ရဲ့စိတ်ဓါတ်ရှိသူတွေ သမ္မာတရားကို ဂရုမစိုက်သူတွေအဖြစ် ပြလိုက်တယ်။

ဒီနောက်မှာတော့ ဆိုးညစ်တဲ့စိတ်နှလုံးသားရှိသူတွေဟာ တိုက်ခိုက်မှုကို ပွင့်ပွင့်လင်းလင်း လုပ်လာတယ်။ သူတို့အပြစ်တွေအတွက် နောင်တရရမယ့်အစား ဝမ်းနည်းရမယ့်အစား သူတို့ဟာ စာတန်နဲ့ ပတ်သက်ကြောင်း ပြလာတယ်။ သခင်ယေရှုဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွားလာတာကို ဆန့်ကျင်ခြင်းအားဖြင့် ဘုရားကို ပစ်မှားကြောင်း ဝန်ခံလိုက်သလို ဖြစ်တယ်။ သခင်ယေရှုဟာ ရှမာရိလူတယောက်လို ကပြားလို့ ပြောလာတယ်။ ဘာကြောင့်လဲဆိုတော့ ရှမာရိလူတွေက သခင်ယေရှုကို လက်ခံကြိုဆိုတဲ့အတွက်ဖြစ်တယ်။

ဒါကို လူမျိုးအစွဲကြီးတဲ့ ယုဒလူတွေက မကြိုက်ဘူး။ တချို့ကတော့ သခင်ယေရှုဟာ ယုဒလူမျိုး ဖြစ်တယ်၊ ယုဒလူအစစ် ဖြစ်တယ်လို့ သိပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ နိမိတ်လက္ခဏာ ပြနေတာဟာ မာရ်နတ်ရဲ့ အစွမ်း ဖြစ်တယ်လို့ ပြောလာတယ်။ မာရ်နတ်ရဲ့နောက်လိုက်တွေဟာ အမှန်တရားကို မရိပ်မိဘဲ ဘုရားသခင်ရဲ့ သားတော်ကိုပင် နတ်ဆိုးစွဲသူလို့ စွပ်စွဲလာတယ်။ ဒါကြောင့် မုသားရဲ့အဖဟာ သူတို့စိတ်နှလုံးကို ရှုပ်ထွေးစေပြီး အဖြူကို အမည်း၊ အမည်းကို အဖြူအဖြစ် လှည့်စားလိုက်တယ်။

ဒီလို ဝိညာဉ်မျက်စိကန်းနေသူကို သခင်ယေရှုက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။ ငါက စာတန်နဲ့ မဆိုင်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်သူဖြစ်တယ်။ ငါ့မှာ ဆိုးညစ်တဲ့အရာ၊ လောကတပ်မက်မှု ဘာမှမရှိဘူး။ ငါ့မှာ ချစ်ခြင်းမေတ္တာနဲ့ သမ္မာတရားပဲ ရှိတယ်။ ငါက ငါ့အတွက် အသက်ရှင်တာမဟုတ်ဘူး။ ငါက ငါ့အလိုကိုငြင်းပြီး ဘုရားသခင်ရဲ့ ဘုန်းကို ထင်ရှားစေတယ်။ ဘုရားကို စစ်မှန်စွာနဲ့ အမှုဆောင်သူဖြစ်တယ်။ ဘုရားသခင်အကြောင်းကို ပြောပြတယ်။ ငါ့ခမည်းတော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ပြောတဲ့အခါ ငါ့ကို မုန်းကြတယ်။ မာရ်နတ်ရဲ့စိတ်နှလုံးဟာ မင်းတို့အထဲမှာရှိပြီး ဘုရားစကားကို လက်မခံဘူး။ သန့်ရှင်းတဲ့ဘုရားရဲ့ သားသမီး မင်းတို့ မဖြစ်ချင်ဘူး။ ဒါကြောင့် ငါ့ကိုသတ်ချင်ပြီး ဘုရားကိုပစ်မှားကြတယ်။ ငါက ငါ့ရဲ့ဘုန်းကိုမရှာဘဲ၊ ငါ့ခမည်းတော်ရဲ့ဘုန်းကိုသာ ရှာတယ်။ ခမည်းတော်က ငါ့ကို ကာကွယ်ပေးတယ်။ ဂရုစိုက်တယ်။ ဘုန်းထင်ရှားစေတယ်။ ငါ့ကိုငြင်းပယ်တဲ့အတွက် မင်းတို့ကို ဘုရားသခင် တရားစီရင်မယ်။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူကို ငြင်းပယ်တဲ့သူဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံရမယ်။ ကယ်တင်ရှင်ကို လက်မခံတဲ့သူဟာ မာရ်နတ်ရဲ့ ဇာတိသဘောရှိသူ ဖြစ်တယ်။

ယောဟန် ၈း ၅၁- ၅၃
၅၁ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်သာသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်ဟု မိန့်တ်ာမူ၏။ ၅၂ ယုဒလူတို့ကလည်း သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်ဟုဆိုပါသည်တကား။ ၅၃ ငါတို့အဘအာဗြဟံထက် သင်သည်သာ၍ကြီးမြတ်သလော။ သူသည်သေပြီ၊ ပရောဖက်တို့သည်လည်းသေကြပြီ။ သင်သည် အဘယ်သို့သောသူ၏အယောင်ကို ဆောင်သနည်းဟုဆိုကြ၏။”

သခင်ယေရှုက ဧဝံဂေလိတရားရဲ့အနှစ်ချုပ်ကိုပြောတယ်။ သူ့စကားကိုကြားပြီး လက်ခံသူ၊ စောင့်ထိန်းသူဟာ အသက်တာမှာ တန်ခိုးကိုခံစားရမယ်။ ထာဝရအသက်ရမယ်။ ပျက်စီးခြင်းမရောက်တော့ဘူး။ သေခြင်းဆိုတာ သူတို့အတွက် ဘုရားသခင်ထံသွားတဲ့ တံခါးဝပဲ ဖြစ်လိမ့်မယ်။ ကိုယ်ကောင်းလို့ မဟုတ်ဘူး။ ခရစ်တော်ရဲ့ စကားတော်ကြောင့် လို့ ဆိုတယ်။ ကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့ ဒီအချက်ကို နားလည်ပါရဲ့လား။ သခင်ယေရှုရဲ့စကားကို စိတ်နှလုံးထဲမှာ လက်မခံသူဟာ အပြစ်ထဲမှာ ကျဆင်းပြီး စာတန်အပေါင်းအပါ ဖြစ်ရတယ်။ ဧဝံဂေလိတရားကို လက်ခံသူကတော့ ထာဝရအသက်ရှင်ရတယ်။ ယုဒလူတွေ စိတ်ဆိုးပြီး အော်ဟစ်လာတယ်။ “မင်းဟာ စာတန်ပဲ လိမ်နေတယ်။ ငါတို့ဘိုးဘေးတွေ အားလုံးသေသွားပြီ။ ယုံကြည်ရင် ထာဝရအသက်ရမယ်လို့ ဘာလို့ပြောရသလဲ။ ဖန်ဆင်းတဲ့ဘုရားထက်တောင် ပိုသာနေလို့လား။ သေခြင်းတောင် မပြီးသေးဘူး။ ထာဝရ အသက်ရှင်ခြင်းတောင် ပေးနိုင်တယ်ဆိုပါလား။ အာဗြဟံ ဒါဝိဒ် မောရှေတို့ထက် ကြီးမြတ်သလား။ လွဲနေပြီ” လို့ ဆိုကြတယ်။

ယောဟန် ၈း ၅၄- ၅၅
၅၄ “ယေရှုကလည်း ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည်အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ ခေါ်ဝေါ်တတ်ကြ၏။ ၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ၊ ငါမူကားသိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏စကားတော်ကိုလည်း နားထောင်၏။”

သခင်ယေရှု တည်တည်ငြိမ်ငြိမ် ဖြေတယ်။ အသေးစိတ် ပြောပြတယ်။ ခရစ်တော်က သူ့ဂုဏ်အသရေကို မရှာဘူး။ သဘာဝတရားက ဘုန်းထင်ရှားစေပြီး ဖြစ်တယ်။ ခမည်းတော်က သားတော်ကို ဘုန်းထင်ရှားစေတယ်။ သားတော်အထဲမှာ ရှိတယ်။ သားတော်အားဖြင့် ဘုရားကို မြင်သာစေတယ်။ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သူတို့ဘုရားလို့ ဆိုတယ်။ ဒါပေမယ့် သူတို့က ဘုရားကို မသိဘူး။ သူတို့ရဲ့အဖက စာတန်ဖြစ်ပြီးတော့ ဘုရားသခင်ရဲ့ နာမည်ကို ယူထားခြင်း ဖြစ်တယ်။ အလွဲခေါ်ဝေါ်နေခြင်း ဖြစ်တယ်။ ဘာသာတရား ကိုင်းရှိုင်းဟန် ပြနေပေမယ့် ချစ်ခြင်းမေတ္တာ ကင်းမဲ့နေတယ်။ ဘုရားကိုချစ်ရင် ဘုရားသခင်ချစ်သလို ချစ်တတ်လာလိမ့်မယ်။ ဒါကြောင့် ဘာသာတရားတွေ ကိုင်စွဲပေမယ့် လက်တွေ့အသက်တာမှာတော့ ဘုရားရဲ့ မေတ္တာကို မတွေ့ရဘူး။ ဘုရားသခင်ဆိုတာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်တယ်။ ဂုဏ်တော်အားလုံး၊ နာမတော် အားလုံးဟာ ထူးခြားပြီး တခြားအရာတွေထက် မြင့်မားတယ်။ ဘုရားသခင်ရဲ့ တရားစကားဟာ သုံးပါးတဆူ အားလုံးရဲ့ ညီညွတ်မှု အပေါ်မှာ မူတည်တယ်။ ဒါကြောင့် သခင်ယေရှုက ဂျူးတွေကို ပြောတဲ့အခါ မင်းတို့ ဘုရားသခင်ကို မသိဘူး။ မင်းတို့အသက်တာနဲ့ အတွေးအခေါ်ဟာ မုသာမှာပဲ တည်တယ်။ မင်းတို့ဟာ သမ္မာတရားကို မသိဘူးလို့ဆိုတယ်။ တချိန်တည်းမှာပဲ သခင်ယေရှုက သူဟာ ထာဝရဘုရားသခင်ကို သိတယ်။ မသိရင် သူပြောတာလည်း အလိမ်အညာပဲလို့ ပြောတယ်။ ဒါပေမယ့် သခင်ယေရှုဟာ ယုဒလူမျိုးတွေရှေ့မှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ပြောပြနေတယ်။

ယောဟန် ၈း ၅၆- ၅၉
၅၆ “သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မျှော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ ၅၇ ယုဒလူတို့ကလည်း သင်၏အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျက် သင်သည် အာဗြဟံကို မြင်လေပြီတကားဟု ဆိုကြ၏။ ၅၈ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟုမိန့်တော်မူ၏။ ၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။”

ယုဒလူတွေ စစ်မှန်တဲ့ဘုရားကို မသိဘူးလို့ ပြောပြီးတဲ့အခါမှာ သူတို့ရဲ့ဘာသာတရားကိုင်းရှိုင်းမှုဟာ စာတန်ကြောင့် ဖြစ်တယ်။ သခင်ယေရှုကို ငြင်းပယ်တာ လက်ခံတာဟာ ထာဝရကာလနဲ့ ဆိုင်သွားတယ်လို့ ဆိုတယ်။ သူဘုရားဖြစ်ကြောင်းကို ယုံကြည်ခြင်းရဲ့ဖခင် အာဗြဟံရဲ့ ဥပမာနဲ့ ပြတယ်။ အာဗြဟံဟာ ဘုရားသခင်နဲ့ အသက်ရှင်တယ်။ ခရစ်တော်ကြွလာမှာကို မြင်တွ့ချင်လို့ ဝမ်းမြောက်တယ်။ အဲဒါကြောင့် အာဗြဟံကို ဂတိတော် ပေးခဲ့ပြီး သူ့ရဲ့အမျိုးတော်အားဖြင့် လူမျိုးတကာ ကောင်းကြီးခံစားရမယ့်အကြောင်း ဂတိရှိတယ်။

ဒီအချိန်မှာ ယုဒလူတွေ အံ့အားသင့်သွားတယ်။ “မင်းက လူငယ်ပဲ အာဗြဟံကိုမမြင်ဖူးပဲနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်မှာ အသက်ရှင်ခဲ့တဲ့ အာဗြဟံကို မမြင်ဖူးပဲပြောတယ်။ မင်းစိတ်ဖေါက်ပြန်နေပြီ” လို့ ဆိုကြတယ်။

သခင်ယေရှုက အာဗြဟံမရှိမှီ ငါရှိတယ်လို့ပြန်ဖြေတယ်။ ဆက်ပြီးတော့ “ငါအမှန်အကန်ဆိုသည်ကား” ဆိုတဲ့စကားနဲ့ ထပ်ဖြည့်တယ်။ သူဟာ ထာဝရဘုရားသခင်ဖြစ်ကြောင်းကို နားလည်ဖို့ ပြောပြတယ်။ ဒီ့အရင်မှာ နှစ်ခြင်းဆရာယောဟန်ကလည်း ခရစ်တော်ရဲ့ ထာဝရတည်ရှိမှုကို ပြောခဲ့ပြီ။ လူပရိတ်သတ်က ဒီတရားကို နားမလည်၊ လူတယောက်ဟာ ထာဝရဘုရားသခင် ဖြစ်မယ်ဆိုတာကို မယုံကြည်နိုင်ကြဘူး။

ခရစ်တော်ရဲ့သက်သေခံစကားဟာ ဘုရားကို ပစ်မှားတယ်။ ဘုရားကို ဆန့်ကျင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် အာဏာပိုင်တွေ အခွင့်ပေးတာကို မစောင့်ဘဲ ခဲနဲ့ပစ်ပေါက်ဖို့ ကြိုးစားတယ်။ ခဲတွေကောက်တဲ့အချိန်မှာ သခင်ယေရှုဟာ သူတို့အလယ်က လျှောက်သွားတယ်။ ဘယ်လိုဖြစ်လဲတော့မသိဘူး။ ဒီအချိန်က သူ့အချိန် မရောက်သေးလို့ ဖြစ်မယ်။ ဗိမာန်တော်တံခါးကပဲ ထွက်ခွါသွားတယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ ထာဝရဘုရားသခင် ဖြစ်တယ်။ ကိုယ်တော့ကို ကိုးကွယ်ပါမယ်။ ကိုယ်တော်ဟာ ကိုယ့်အသရေကိုမရှာပဲ ခမည်းတော်ဘုရားရဲ့ ဘုန်းကိုသာရှာသူ ဖြစ်တယ်။ စာတန်ရဲ့ အပြစ်ထောင်ချောက်ထဲမှ လွတ်ဖို့ မာန်မာနများနဲ့ ကင်းလွတ်စေပါ။ ခမည်းတော်ဘုရားရဲ့နာမ၌ သန့်ရှင်းစင်ကြယ်စေပါ။ ကိုယ်တော်ပေးတဲ့ထာဝရအသက်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံပါပြီ။

မေးခွန်း ၆၅

  1. ယုဒလူတွေက သခင်ယေရှုကို ဘာကြောင့် ခဲနဲ့ပစ်ပေါက်ချင်တာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:51 AM | powered by PmWiki (pmwiki-2.3.3)