Previous Lesson -- Next Lesson
d) လောကသားတို့ရဲ့ အလင်းဖြစ်တဲ့ သခင်ယေရှု (ယောဟန် ၈း ၁၂- ၂၉)
ယောဟန် ၈း ၂၁း ၂၂
၂၁ “တဖန်ယေရှုက ငါသည်သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ၏။ ၂၂ ယုဒလူတို့ကလည်း ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု သူသည်ဆိုသော် ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။”
အနားမှာ ဗိမာန်တော်မှာ အစေခံတွေဝိုင်းနေတာ ယေရှုသိတယ်။ အနာဂတ်အတွက် လေးနက်တဲ့ အဓိပ္ပါယ်ပါတဲ့ စကားကို ပြောတယ်။ “ငါ့အချိန်ရောက်လုနီးပြီ။ ဒီလောကကြီးကထွက်ခွါပြီး မင်းတို့ မလှမ်းတဲ့နေရာ မသွားတဲ့နေရာကို သွားမယ်။ မင်းတို့ အစီစဉ်နဲ့ မင်းတို့ ငါ့ကိုသတ်တာမဟုတ်ဘူး။ ငါသွားရမယ့်အချိန်ကို ငါဆုံးဖြတ်တာ” လို့ ဆိုလိုတယ်။
“ဒါပေမယ့် ကျောက်ဂူရဲ့ သင်္ချိုင်းတံခါးကနေ ငါပြန်ရှင်လာမယ်။ ငါ့ကိုရှာပေမယ့်လည်း တွေ့မှာ မဟုတ်ဘူး။ ငါ့ခမည်းတော်ထံကိုတက်ကြွမယ်။ မင်းတို့ရိပ်မိမှာမဟုတ်ဘူး။ မင်းတို့ ငါ့ကိုငြင်းပယ်ခဲ့ပြီ။ ဘုရားသခင်ရဲ့ သိုးသူငယ်အဖြစ် ငါ့ကိုရွေးနှုတ်ကယ်တင်သူအဖြစ် ငါ့ကို အားမကိုးဘူး။ မင်းတို့အပြစ်ထဲမှာ မင်းတို့ သေလိမ့်မယ်လို့” ဆိုတယ်။ မင်းတို့အပြစ်တွေထဲမှာ သေမယ်လို့ ပြောတာမဟုတ်ဘူး။ လူမှုရေးနဲ့ပတ်သတ်တဲ့ အပြစ်တွေက မွေးကတည်းက ပါတဲ့ အပြစ်ဗီဇကို လွှမ်းမိုးမသွားဘူး။ မယုံကြည်တဲ့စိတ်ကသာ အပြစ် ဖြစ်တယ်။
သခင်ယေရှုဟာ သူ့ရဲ့အချိန် နောက်ဆုံးအကြောင်းကို ပြောနေတယ်လို့ ယုဒလူတွေ ရိပ်မိတယ်။ ဒါပေမယ့် ခမည်းတော်ထံ ပြန်မယ်ဆိုတဲ့စကားကို သိပ်သဘောမပေါက်ဘူး။ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ ကိုယ့်ကိုကိုယ် သတ်သေမယ်ဆိုတဲ့ အတွေးမျိုးကို ရောက်သွားတယ်။ ငရဲပဲကျမလား ကိုယ့်ကိုကိုယ်ပဲ သတ်သေမလား ဆိုတဲ့ အတွေးမျိုးကို ရောက်နေတယ်။ ဖြောင့်မတ်သူတယောက်ရဲ့အသက်တာကို သူတို့ ကောင်းကောင်း မရိပ်မိဘူး။ ဒါပေမယ့် ရောမအစိုးရက A.D 70 မှာ ယေရုရှလင်ကို သိမ်းပိုက်တဲ့အခါ ယုဒလူမျိုး ထောင်ချီပြီးတော့ အစာရေစာ ငတ်ပြတ်သေကြရတယ်။
ယောဟန် ၈း ၂၃-၂၄
၂၃ “ယေရှုကလည်း သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။ ၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင် ကိုယ်အပြစ်၌သေကြလိမ့်မည်ဟု မိန့်တော်မူ၏။”
သခင်ယေရှုက လောကရဲ့ဆိုးညစ်ခြင်းအထက်မှာ ဘုရားသခင်ရှိတယ်လို့ ဆိုတယ်။ လူတွေကတော့ မြေကြီးမှ ဖန်ဆင်းပြီး ဆိုးညစ်တဲ့အတွးတွေနဲ့ ပြည့်နှက်နေတယ်။ မာနရဲ့မျိုးစေ့ကလည်း ပုပ်ပျက်တဲ့အသီးတွေကို မွေးဖွားစေတယ်။ ဇာတိလူဟာ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းကို နားမလည်ဘဲ၊ သူ့အတွေ့အကြုံလောက်နဲ့သာ စဉ်းစားနေတယ်။
ခရစ်တော်က ဒီလောကနဲ့မဆိုင်ဘူး။ သူကဘုရားသခင်ထံကလာတယ်။ ဘုရားသခင်ရဲ့ ကောင်းကင် နေရာအမြင့်မှာ နေရာကျတယ်။ ဒါပေမယ့် လူ့ဦးနှောက်နဲ့ သိမြင်နိုင်တဲ့ နေရာအရပ် မဟုတ်ဘူး။ မြေဆွဲအားရှိတဲ့ အရပ်မဟုတ်ဘူး။ အပြစ်ဒုစရိုက်အမှောင်နဲ့ ကင်းလွတ်တဲ့အရပ် ဖြစ်တယ်။ လူ့လောကဟာ လူတွေ ရုန်းမထွက်နိုင်တဲ့ ထောင်တမျိုး ဖြစ်တယ်။ ဘုရားမေတ္တာကို နားမလည်တဲ့ အခြေအနေတွေထဲမှာ မွေးဖွားကြီးပြင်းလာသူတွေ ဖြစ်တယ်။ အပြစ်နဲ့ပြည့်နေတယ်။ ဒါကြောင့် သခင်ယေရှုက ဒီမှာအပြစ်တွေဆိုတဲ့ စကားအသုံးအနှုန်းကိုသုံးတယ်။ လူဟာ ဘုရားနဲ့ဝေးကွာ ဆန့်ကျင်ပြီး အပြစ်တွေအများကြီးရှိတယ်။ လူဟာ နူနာစွဲနေတဲ့သူနဲ့ တူတယ်။ အခု ရှင်နေပေမယ့် တဖြည်းဖြည်းနဲ့ သေမှာဖြစ်တယ်။ အပြစ်က လူကို ဖျက်ဆီးတယ်။ အပြစ်နဲ့ တဖြည်းဖြည်းသေရမယ်။ အပြစ်ဆိုတာဘာလဲ။ ကိုယ်အပြစ်ကိုဆေးကြောပေးမယ့် သခင်ခရစ်တော်ကို လက်မခံ ငြင်းပယ်နေခြင်းဟာ အပြစ် ဖြစ်တယ်။ ဘုရားတန်ခိုးက လူရဲ့စိတ်ဝိညာဉ်နဲ့ အတွေးတွေကို ဆေးကြောပေးနိုင်တယ်။ ခရစ်တော်နဲ့ကွာရင် သေခြင်းကို ရွေးသလိုဖြစ်တယ်။ အပြစ်ထဲမှာ ဆက်ရှိကျင်လည်မယ်။ တရားစီရင်ဖို့ စောင့်နေသလိုဖြစ်တယ်။ ခရစ်တော်ကိုယုံကြည်မှသာလျှင် အမျက်တော်ဘေးမှ လွတ်နိုင်မယ်။
သခင်ယေရှုကို ယုံကြည်ဖို့လိုတယ်။ ငါဟာ ထိုသူဖြစ်တယ်လို့ပြောတယ်။ (ယောဟန် ၆း ၂၀၊ ၈း၂၄) ဒါကြောင့် သူ့ကိုယ်သူသက်သေခံတယ်။ သူဟာ သမ္မာတရားရဲ့အရှင်ဖြစ်တယ်။ အသက်ရှင်သောဘုရား ဖြစ်တယ်။ မောရှေကို ကိုယ်ထင်ပြတဲ့ သန့်ရှင်းသူ ဖြစ်တယ်။ ဒါကြောင့် "I am" ငါဖြစ်တယ် လို့ ဆိုတယ်။ (ထွက်မြောက် ၃း ၁၄၊ ဟေရှာ ၄၃း ၁- ၁၂) တခြားသူက မကယ်နိုင်ဘူး။ ယုဒလူမျိုးတိုင်းသိပေမယ့် စကားလုံး နှစ်လုံး ရှိတယ်။ ဘုရားရဲ့ နာမကို သူတို့ မမြွက်ဆိုရဲဘူး။ ဒါပေမယ့် သခင်ယေရှုက ဒီစကားတွေကို လူသိထင်ရှား ပြောလာတယ်။ သူဟာ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်မျှသာမဟုတ်ပဲ၊ ဘုရားသခင် YAHWEH ကိုယ်တိုင် ဖြစ်တယ်။
ဒါဟာ ဧဝံဂေလိတရားရဲ့ အနှစ် ဖြစ်တယ်။ ခရစ်တော်ဟာ လူ့ဇာတိခံတဲ့ ဘုရားဖြစ်တယ်။ သူ့ကို ယုံကြည်တဲ့သူက အသက်ရှင်ပြီး ငြင်းပယ်သူက ခွင့်လွှတ်ခြင်းကိုမခံရဘဲ၊ ယုံကြည်တာ မယုံကြည်တာက လူ့ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်။
မေးခွန်း ၆၀
- ငါဟာ ထိုသူဖြစ်တယ်လို့ မိန့်တော်မူတဲ့သူကို ယုံကြည်ခြင်းက ဘယ်လို အဓိပ္ပါယ်ရှိသလဲ။