Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 010 (The fullness of God in Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
A - သခင်ယေရှုအားဖြင့် ဘုရားနှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း

3. လူ့ဇာတိခံယူရာမှာ ဘုရားဇာတိ အပြည့် ထင်ရှားခြင်း ရှိ။ (ယောဟန် ၁း ၁၄ - ၁၈)


ယောဟန် ၁း ၁၇- ၁၈
၁၇ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။ ၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေပြီ။

ဓမ္မဟောင်းနဲ့ ဓမ္မသစ်ရဲ့ ကွာခြားချက်က ပညတ်တရားကြောင့် ရတဲ့ ဖြောင့်မတ်ခြင်းနဲ့ ကျေးဇူးတော်ကြောင့် ရတဲ့ ဖြောင့်မတ်ခြင်းရဲ့ ကွာခြားချက်လို့ အတိုချုပ် ပြောနိုင်ပါတယ်။ ဘုရားသခင်က မောရှေကို ပညတ်တော် ၁၀ ပါး၊ အသွေးနဲ့ ယဇ်ပူဇော်တဲ့ တရား၊ နေထိုင်အသက်ရှင်ပုံ မှန်ဖို့ တရားကို ပေးတယ်။ ဒီတရားအတိုင်း နေရင် အသက်ရမယ်။ ဒါပေမယ့် ဖေါက်ဖျက်ရင် သေဒဏ်ခံရမယ်။ ဒါကြောင့် ပညတ်တရားက သေခြင်းကို စီရင်တယ်။ လူက ဘယ်သူမှ မစုံလင်ကြဘူး။ ဘုရားတရား အကြည်ညိုဆုံးလူလည်း အကုန် မလိုက်လျှောက်နိုင်တော့ နောင်တရစရာ၊ ဝမ်းနည်းစရာတွေ ရှိနေတယ်။ ဒါပေမယ့် တကယ်ကောင်းပါတယ်၊ ဘုရားနှစ်သက်မယ့် ပုံစံနဲ့ အသက်ရှင်နေတဲ့သူတွေ ရှိမယ်လို့ ထင်ရပေမယ့် ကောင်းတယ်ဆိုတာကပဲ အတ္တမာန တက်စေတယ်။ ပညတ်သမား ဖြစ်စေတယ်။ကိုယ်လုပ်တဲ့ ကောင်းကွက်တွေကို ကြွားရင်း မေတ္တာ ပျောက်နေတယ်။ ပညတ်တရားကတော့ ကောင်းတာပေါ့။ ဘုရားရဲ့ သန့်ရှင်းခြင်းကို ရောင်ပြန်ဟပ်နေတာကိုး။ ဒါပေမယ့် ပညတ်တရားရှေ့မှာ လူတိုင်းဟာ ဆိုးညစ်နေတယ်။ ဒါကြောင့် ပညတ်တရားက လူကို မကူနိုင်ဘဲ သေခြင်းကို ပို့နေတယ်။

သေခြင်းရနံ့ရနေတဲ့ လူသားတွေအတွက် ရှင်ယောဟန်က သခင်ယေရှုဟာ ဘုရားအမျက်တော်ဘေးမှ ကယ်တင်မယ့်သူ ပထမဦးဆုံး ဖေါ်ပြလာတယ်။ နာဇရက်မြို့သား သခင်ယေရှုဟာ သန့်ရှင်းသော ဝိညာဉ်တော် ဘိသိက်ပေးထားတဲ့ မေရှိယ ကယ်တင်ရှင် ဖြစ်တယ်။ ဘုရင်တကာတို့ရဲ့ ဘုရင်၊ ဘုရားနှုတ်ကပတ်တော်၊ ယဇ်ပရောဟတ်မင်း ဖြစ်တယ်။ ကယ်တင်ခြင်း၊ မြောင်လင့်ခြင်းအတွက် တန်ခိုးကြီးသူ ဖြစ်တယ်။

ခရစ်တော်က ပညတ်တရားအသစ် လာပေးတာမဟုတ်ဘူး။ ကညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်ပေးတယ်။ ချစ်ခြင်းကြောင်း ပညတ်တရားရဲ့ အဖိုးအခကို ကိုယ်စားပေးဆပ်တယ်။ အပြစ်ကို ယူဆောင်တယ်။ လောကီသားတွေ ခံရမယ့် တရားစီရင်ခြင်းကို ကိုယ်ပေါ်တင်ပြီး ဘုရားသခင်ကို ကြေအေးစေတယ်။ အပြစ်ကြောင့်တော့ ဘုရားက ရန်ငြိုး မဖွဲ့တော့ဘူး။ သခင်ယေရှုခရစ်အားဖြင့် ဘုရားနဲ့ ပြေလည်ပြီ။ သခင်ယေရှုက ကောင်းကင်တက်ကြွပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူတွေအပေါ် သွန်းလောင်းတယ်။ စိတ်နှလုံးနဲ့ အတွေးတွေ ဖြူစင်စေပြီး၊ ပညတ်တော်ကို စွဲမှတ်စေတယ်။ ပညတ်တရားအောက်မှာ မရှိတော့ဘူး။ ခရစ်တော်အထဲမှာ နေရာယူလာတယ်။ ဒါကြောင့် မေတ္တာတရားကို ထားနိုင်လာတယ်။

ခရစ်တော်ကြွလာလို့ ကျေးဇူးတော်ကာလမှာ စတင် အသက်ရှင်ခွင့်ရလာတယ်။ ဘုရားက လူ့အလို ဖြောင့်မတ်ခြင်းက လာတဲ့ အလှူငွေ၊ အမှုတော်အတွက် ဆက်ကပ်မှုတွေကို မတောင်းဘူး။ သားတော်ကို စေလွှတ်ပြီး ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ပေးတယ်။ ယုံကြည်သူက လုံးဝ ဖြောင့်မတ်ရာ ရောက်တယ်။ ဒါကြောင့် ဘုရားကို ချစ်တတ်လာပြီး၊ ဘုရားအတွက် အသက်ရှင်ချင်လာတယ်။

ခရစ်တော်က မိဘမဲ့လို့ စွန့်မထားဘဲ အတူနေပေးတယ်။ ဆုကျေးဇူးတွေ ပေးတယ်။ ခွင့်လွှတ်ခြင်းနဲ့ ဘုရားနဲ့ မိသဟာယဖွဲ့ဖို့ရာ တကယ်တော့ မထိုက်တန်ပါဘူး။ ဆုကျေးဇူးတွေ၊ ကောင်းကြီးတွေလည်း မထိုက်ပါဘူး။ အားလုံးဟာ ကျေးဇူးတော်ကြောင့်သာ ခံစားရပါတယ်။ အမျက်တော်နဲ့ ပြစ်ဒဏ်တွေသာ ထိုက်တန်ကြတာပါ။ ခရစ်တော်ကို ယုံကြည်တဲ့အခါမှာတော့ ဘုရားသားဖြစ်ရပြီး၊ ကျေးဇူးတော် ခံစားရတယ်။ အပြစ်ရဲ့ ကျေးကျွန်နဲ့ ကျေးဇူးတော်ရဲ့ သားသမီး ဘာကွာပါသလဲ?

ဒီကျေးဇူးတော်ဟာ ဘုရားသခင်အတွက် ခံစားချက်မျှသာ မဟုတ်ဘူး။ တရားစီရင်ခြင်းရဲ့ သက်ညှာခွင့်အပေါ်မှာ အခြေခံတဲ့ မေတ္တာ ဖြစ်တယ်။ ဘုရားက သူခွင့်လွှတ်ချင်တိုင်း လွှတ်လို့ မရဘူး။ အပြစ်သားရဲ့ အပြစ်က သေဒဏ်နဲ့ ထိုက်နေတယ်။ ဒါပေမယ့် ခရစ်တော်က ကိုယ်စားအသေခံပေးလို့ ပြစ်ဒဏ်ကြေတယ်။ ကျေးဇူးတော် ခံရတယ်။ ဂရုဏာတော်က မရွေ့နိုင်တော့ဘူး။ ခရစ်တော်ရဲ့ ကျေးဇူးတော်က ဘုရားနဲ့ အသက်ရှင်ဖို့ အခြေခံ ဖြစ်တယ်။ တချို့က မေးမယ်။ ဘုရားက သူလုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီး၊ စည်းတွေစောင့်ရသေးလား? အဖြေကတော့ - ဘာသာရေးသမားတွေက ဘုရားဆိုတာကို နားလည်းဖို့ အမျိုးမျိုး ကြိုးစားကြပါတယ်။ ဒါပေမယ့် မြေကြီးပေါ်မှာ ထောင်ထားတဲ့ လှေကား ကောင်းကင်မရောက်နိုင်သလို ဖြစ်နေတယ်။ ခရစ်တော်ကတော့ ကောင်းကင်က ကျလာတဲ့ လှေကား မြေကြီးအထိ ရောက်ပါတယ်။ ဘုရားသခင်ထံပါး ရောက်နိုင်သွားစေတယ်။

လူ့အပြစ်က ဘုရားနဲ့ ဝေးကွာစေလို့ ဘယ်သူမှ ဘုရားသခင်ကို မမြင်ဖူးတော့ဘူး။ ဘုရားအကြောင်း ပြောသမျှကလည်း မသေမချာ ထင်မြင်ချက်တွေ ဖြစ်နေတတ်ပါတယ်။ ခရစ်တော်ကတော့ ဘုရားသားတော်၊ ထာဝရကာလကတည်းက သုံးပါးတဆူမှာ ပါဝင်သူပါ။ သားတော်က ခမည်းတော်ကို ကောင်းကောင်းသိတယ်။ ဘုရားအကြောင်း ဖေါ်ပြသမျှဟာ ကမောက်ကမ ဖြစ်တတ်ပေမယ့် ခရစ်တော်ကတော့ စုံလင်တဲ့ ဘုရားနှုတ်ကပတ်တော် ဖြစ်တယ်။ သမ္မာတရား တည်ရာ ဖြစ်တယ်။

ခရစ်တော်ရဲ့ တရား အနှစ်ချုပ်က ဘာလဲ?

ခရစ်တော် ဆုတောင်းခိုင်းတာက “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုတို့အဘ” ဘုရားသခင်ကို ခေါ်လိုက်ပုံက အားလုံးရဲ့ အဘ လို့ ဖေါ်ပြနေတယ်။ ဘုရားက အာဏာရှင် မဟုတ်၊ စစ်ဘုရင် မဟုတ်၊ ဖျက်ဆီးတဲ့သူ မဟုတ်ဘူး။ ခံစားချက်မဲ့၊ တရားသေကြီး မဟုတ်ဘူး။ အဖေက သားသမီးကို ကြင်နာသလို ကြင်နာတဲ့သူ။ ကလေး ရွံ့ဗွက်မှာလဲရင် ဆွဲထူပြီး၊ ဆေးကြောပေးမယ်။ ဒီအတိုင်း ဗွက်အိုင်မှာ ပစ်မထားဘူး။ ဘုရားသခင်ကို အဖေလို သိလာတဲ့အခါ စိုးရိမ်စိတ်ကြောင့် ဖြစ်တဲ့ ဖိစီးမှုတွေ၊ အပြစ်ဝန်တွေ ပေါ့ပါးသွားတယ်။ ပြန်လာသူတိုင်းကို ကြိုဆိုတယ်။ ဆေးကြောပေးတယ်။ ဘုရားနဲ့အတူ ထာဝရနေရမယ်။ ခရစ်တော်ယူလာတဲ့ ဘုရားနဲ့ ပါတ်သက်တဲ့ အတွေးအခေါ် အဖဆိုတာက တမူထူးခြားတယ်။ ဒီအခေါ်အဝေါ်က ခရစ်တော်ရဲ့ တရားနဲ့ လုပ်ဆောင်မှုတွေရဲ့ အနှစ်ချုပ်ဖြစ်တယ်။

လူ့ဇာတိ မခံယူမှီကလည်း ခရစ်တော်ဟာ အဖခမည်းတော်နဲ့ အတူရှိတယ်။ ရင်းနှီးတဲ့ ချစ်ခြင်းရှိတယ်။ အသေခံပြီး၊ ထမြောက်ပြီးနောက် အဖခမည်းတော်ထံ ပြန်သွားတယ်။ လက်ယာဖက်မှာထိုင်ရုံမက ရင်ခွင်တော်မှာ ရှိတယ်။ ဒါက အတူရှိရုံမက သူပဲဖြစ်တယ်လို့ ဆိုလိုတယ်။ ဒါကြောင့် ခရစ်တော်ပြောသမျှ ဘုရားသခင် အကြောင်းက မှန်တယ်။ ခရစ်တော်ကို မြင်တာနဲ့ ဘုရားသခင်ကို မြင်ရတယ်။ ခမည်းတော်ဖြစ်သလို သားတော်ဖြစ်တယ်။ သားတော်ဖြစ်သလို ခမည်းတော် ဖြစ်တယ်။

ဆုတောင်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ၊ ချစ်သော သားတော် ခရစ်တော်ကို စေလွှတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ပညတ်တရားရဲ့လက်မှ ကယ်နှုတ်၍ ဖြောင့်မတ်ခြင်းတရားကို ပေးသွင်းသောကြောင့် ကျေးဇူးတင်ပါ၏။ ဝိညာဉ်ဆုကျေးဇူးများရပြီး အဖဟုခေါ်ရသောအခွင့်အတွက် ကျေးဇူးတင်ပါ၏။

မေးခွန်း ၁၄

  1. လောကကို ခရစ်ဆောင်လာတဲ့ အတွေးအခေါ်သစ်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:25 AM | powered by PmWiki (pmwiki-2.3.3)