Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 011 (The Sanhedrin questions the Baptist)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

1. ဂျူးလူမျိုး အကြီးအကဲတွေက လူလွှတ်ပြီး နှစ်ခြင်းဆရာ ယောဟန်ကို မေးတယ်။ (ယောဟန် ၁း ၁၉- ၂၈)


ယောဟန် ၁း ၁၉ - ၂၁
၁၉ ယုဒလူတို့က၊ သင်သည် အဘယ်သူနည်းဟု ယောဟန်ကို မေးမြန်းစေခြင်းငှါ ယဇ်ပရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလသည်မှာ - ၂၀ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်း မရှိ၊ အတည့်အလင်း ပြောဆို၏။ ၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။

နှစ်ခြင်းဆရာယောဟန်ကြောင့် ယော်ဒန်မြစ်နားမှာ နိုးထမှုဖြစ်နေတယ်။ ထောင်နဲ့ချီတဲ့ လူတွေဟာ တောင်တန်းတွေ၊ လျှိုမြောင်တွေကနေ တောလမ်းတလျှောက် ဖြတ်လာကြတယ်။ ပရောဖက်အသစ်ဖြစ်တဲ့ ယောဟန်ရဲ့ အသံကို ကြားချင်ကြတယ်။ အပြစ်လွှတ်ခြင်းအတွက် နှစ်ခြင်းခံကြတယ်။ အဲဒီလူတွေဟာ ထောင်လွှားတဲ့သူတချို့ ထင်သလို ဘာမှမသိတဲ့လူတွေတော့ မဟုတ်ဘူး။ ဘုရားကို ရှာတဲ့သူတွေ၊ ဆာငတ်သူတွေ ဖြစ်တယ်။ တန်ခိုးနဲ့ အခွင့်အာဏာကို ပိုင်းခြားနားလည်သူတွေ ဖြစ်တယ်။ ထုံးတမ်းစဉ်လာတွေ၊ ပညတ်တွေ နားမထောင်ချင်တော့ဘူး။ ဘုရားကို ရှာချင်သူတွေ ဖြစ်တယ်။

ဂျူးလူမျိုး အကြီးအကဲတွေရဲ့ အမြင့်ဆုံးဘာသာရေးလွတ်တော် ဆန်ဟီဒရင်က ဒီနိုးထမှုကို သတိထားမိတယ်။ သူတို့က ကိုယ်စားလှယ်တွေ၊ ယဇ်ပူဇော်ရာမှာ ကူညီရတဲ့ သားသတ်သမား လူကြမ်းတွေကို စေလွှတ်လိုက်တယ်။ နှစ်ခြင်းဆရာကို မေးကြတယ်။ လမ်းလွဲနေပုံပေါက်သွားရင် သူ့အလုပ်တွေကို ပိတ်ပစ်ကြမယ်။ ဒါကြောင့် သူတို့ရဲ့ တွေ့ဆုံပွဲဟာ အန္တရာယ်များတယ်။ ရှင်ယောဟန်က ဒီလူတွေဟာ ယေရုရှလင်က ဂျူးတွေ လို့ ဆိုတယ်။ ဒီနာမည်နဲ့ သူ့ရဲ့ ခရစ်ဝင်ကျမ်းရဲ့ အဓိကအချက်တချက်ကို စဖွင့်တယ်။ အဲဒီခေတ်ဂျူးတွေဟာ ပညတ်တရားကို စာလုံး အတိအကျကြီး ကောက်ယူတတ်တော့ စိတ်ဓါတ်ပြင်းထန်ပြီး ရန်လိုတယ်။ ဒါကြောင့် ယေရုရှလင်ဟာ ခရစ်တော်ကို ရန်ရှာတဲ့ အဓိကမြို့ ဖြစ်နေတယ်။ ယဇ်ပရောဟိတ်အဖွဲ့မှာ အထူးသဖြင့် ဖါရိရှဲတွေဟာ သူတို့နဲ့မတူ၊ သူတို့အောက်မှာ မနေသူတွေကို အမြဲစောင့်ကြည့် ရန်ရှာနေတယ်။ ဒါကြောင့် နှစ်ခြင်းဆရာကို မေးခွန်းတွေနဲ့ ထောင်ချောက်ဆင်တယ်။ ပထမဆုံးမေးခွန်းက “ခင်ဗျား ဘယ်သူလဲ?” ပရိတ်သတ်က အဖြေကို စိတ်ဝင်စားနေတယ်။ “ဘယ်သူ့အခွင့်နဲ့ ဟောသလဲ? ပညတ်တရားနဲ့ ဓမ္မပညာ တတ်လို့လား? ဘုရားက စေလွတ်တာ ဟုတ်လို့လား? ကယ်တင်ရှင် မေရှိယလား?” နှစ်ခြင်းဆရာက သူတို့ ကောက်ကျစ်တာ သိတယ်။ မလိမ်မညာ ဖြေတယ်။ “ငါက မေရှိယ” လို့ ဖြေရင် အပြစ်တင်ခံရပြီး ခဲနဲ့ပေါက်ကြမယ်။ “မေရှိယ မဟုတ်ဘူး” လို့ ဖြေရင်လည်း လူတွေ စိတ်မဝင်စားပဲ ရှောင်သွားကြလိမ့်မယ်။ အာဗြဟံရဲ့ သားမြေးတွေ အဲဒီအချိန်မှာ ရောမအစိုးရအောက် ရောက်နေလို့ ရှက်နေကြတယ်။ ရောမလက်မှ ကယ်မယ့် ကယ်တင်ရှင်ကို မြော်နေကြတယ်။

နှစ်ခြင်းဆရာက သူဟာ ဘုရားသားတော် ခရစ်တော် မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ ဝိညာဉ်တော် မပေးတဲ့ ဘွဲ့နာမကို လက်မခံဘူး။ သူ့တရား မှန်ကန်ကြောင်းပြဖို့ ဘုရားကို အားကိုးတယ်။ ဘုရားရဲ့ ခေါ်သံအပေါ် သစ္စာရှိတယ်။

ပထမ ထောင်ချောက် မေးခွန်းပြီးတဲ့အခါ “ဧလိယလား?” လို့ မေးပြန်တယ်။ ဒါကမာလခိ ၄း ၅ ကို ရည်ညွှန်းတယ်။ မေရှိယ မလာခင် ပရောဖက်ဧလိယ အရင်လာရမယ်။ ဧလိယက ရန်သူတွေအပေါ် ကောင်းကင်မှ မီးကျစေတဲ့၊ လူသေကို ဘုရားခွင့်ပြုချက်နဲ့ ပြန်ရှင်စေတဲ့ ဓမ္မဟောင်း ပရောဖက်။ ဧလိယဟာ ထင်ရှားတဲ့ ခေါင်းဆောင်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် ဧလိယက နှိမ့်ချတယ်။ သူက အဲဒီပရောဖက် အမှန်ပါ။ ခရစ်တော်က နောက်ပိုင်းမှာ အဲဒီလို ထောက်ခံထားပါတယ်။ (မသဲ ၁၁း ၁၄)

အဲဒီနောက် တခြားပရောဖက် တပါးပါးလား လို့ မေးတယ်။ မောရှေက သူနဲ့တူတဲ့ ပရောဖက်တပါး လာလိမ့်မယ်လို့ ပြောထားတာ ရှိပါတယ်။ (တရားဟောရာ ၁၈း ၁၅) ဒီမေးခွန်းရဲ့ နောက်ကွယ်မှာ ပရောဖက်အဖြစ် ဘယ်သူ လွှတ်သလဲ လို့ သိချင်နေကြတယ်။ ဒါကြောင့် ဘယ်သူလဲ? ဘယ်သူ့အခွင့်နဲ့လဲ? ဗျာဒိတ်ကြောင့်လား? ကိုယ့်သဘောနဲ့ ကိုယ်လား? မရမက မေးကြတယ်။

နှစ်ခြင်းဆရာက မောရှေရဲ့ အဆင့်လောက် မယူဘူး။ မခိုင်းဘဲနဲ့ ပဋိညာဉ် အသစ်လည်း မပြုဘူး။ လူထုကို စစ်ရေးလည်း ဦးမဆောင်ဘူး။ ထောင်ချောက်ဆင် ခံရပေမယ့် သစ္စာရှိတယ်။ ဘဝင်မမြင့်ဘူး။ ပညာပါတယ်။ လိုတာထက် ပိုမပြောဘူး။ ဒါက အတူယူစရာ ကောင်းပါတယ်။

ဆုတောင်း သခင်ယေရှုဘုရား။ ဘဝင်မမြင့်တဲ့ နှစ်ခြင်းဆရာ ယောဟန်ကို စေလွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတပါးထက် ပိုအရေးပါတယ်လို့ ထင်မိတဲ့ မာနတွေအတွက် ခွင့်လွှတ်မူပါ။ ကျွန်တော်တို့က မထိုက်တန်ဘဲ ကိုယ်တော်သာ ကြီးမြတ်တော်မူပါတယ်။

မေးခွန်း ၁၅

  1. ယုဒလူမျိုး အကြီးအကဲတွေရဲ့ မေးခွန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါလား။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:26 AM | powered by PmWiki (pmwiki-2.3.3)