Previous Lesson -- Next Lesson
1. ခရစ်တော်၌တည်နေလျှင် အသီးများစွာသီး၏။ (ယောဟန် ၁၅း ၁- ၈)
'''ယောဟန် ၁၅း ၁- ၂
၁ “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ၂ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသာ အခက်ရှိသမျှတို့ကို
သာ၍သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။”'''
ညစာစားအပြီးမှာ သခင်ယရှုဟာ တပည့်တော်တွေနဲ့ သန့်ရှင်းတဲ့ တောင်ပေါ်မှဆင်းပြီး ကိဒုန်ချိုင့်ဝှမ်းမှာ ရှိတဲ့ မြို့တော်ရဲ့ တံခါးဂိတ်တွေကို ဖြတ်ရင်းနဲ့ စပျစ်ဥယျာဉ်တွေ ဖြတ်ပြီး သံလွင်တောင်ပေါ် တက်တယ်။ သူတို့သွားကြစဉ်မှာ သခင်ယေရှုဟာ တပည့်တော်တွေရဲ့ ယုံကြည်ခြင်းကို ပို၍ စင်ကြယ်စေခဲ့တယ်။ သူတို့ ချစ်ခြင်းမေတ္တာရဲ့ ရည်ရွယ်ချက်ကို ဖြတ်သွားတဲ့လမ်းမှာ တွေ့ရတဲ့ စပျစ်ပင်ကို အသုံးပြုပြီး ရှင်းပြတယ်။
သခင်ယေရှုက ဘုရားသခင်ဟာ စပျစ်ဥယျာဉ်စောင့်ဖြစ်တယ်။ လောကတခွင်မှာ စပျစ်ဥယျာဉ်တွေ စိုက်ပျိုးနေတယ်။ အဲဒီထဲကတခုကတော့ ဓမ္မဟောင်းကာလက လူမျိုးတော် ဖြစ်တယ်။ ဒါကို ဆာလံ ၈၀း ၈- ၁၆ နဲ့ ဟေရှာယ ၅း ၁-၇ မှာ တွေ့ရတယ်။ ဘုရားသခင်ဟာ အသီးမသီးတဲ့ အဲဒီစပျစ်ပင်ကို မနှစ်သက်ဘူး။ ဒါကြောင့် မြေကြီးပေါ်မှာ နောက်ကိုင်း အသစ်တခုကို စိုက်တယ် အဲဒီကိုင်းက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွါးလာတဲ့ ဘုရားသခင်သားတော် ဖြစ်တယ်။ သူဟာ မှန်သောစပျစ်နွယ်ပင်ဖြစ်တယ်။ အမျိုးအနွယ်သစ်ကို ပေးမယ်။ အဲဒီအမျိုးအနွယ်ကလည်း သန့်ရှင်းစင်ကြယ်ပြီးတော့ ဝိညာဉ်အသီးများစွာကို သီးမယ်။ တပည့်တော်တွေကို သခင်ယေရှု ပြောပြနေတဲ့ အကြောင်းအရာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသီးတွေ၊ လူအပေါ်မှာ သီးတဲ့အကြောင်း ဖြစ်တယ်။ ဝိညာဉ်သဘော စိတ်ထားတွေ ဖြစ်တယ်။ လူ့သွန်သင်ချက်ဟာ လမ်းလွဲတယ်လို့ သခင်ယေရှု သိတယ်။ လူ့ရဲ့အထဲမှာ မကောင်းဆိုးဝါးဟာ စောင့်ဆိုင်းနေပြီး သူစိတ်ဆိုးလာတဲ့အခါ တယောက်ယောက်ကို သတ်ပုတ်ကိုက်စားတယ်လို့ သွန်သင်တယ်။ သခင်ယေရှုက အစောပိုင်းကာလကတည်းက ဒီအကြောင်းကို ပြောခဲ့ဖူးတယ်။ သခင်ယေရှုတပါးတည်းသာလျှင် ဘုရားသခင်လက်ခံနိုင်တဲ့ ဝိညာဉ်အသီးတွေကို သီးပေးနိုင်တယ်။ သူဟာ ရန်ငြိမ်းစေသူနဲ့ အသင်းတော်ကို တည်ဆောက်သူဖြစ်တယ်။
ချစ်ခြင်းမေတ္တာကို လက်မခံသူ ဝိညာဉ်အသီးမသီးဘဲ ကိုယ့်ရဲ့ စပျစ်ကိုင်းခက်ထဲမှာ ချိုသာတဲ့ စပျစ်ရည် စီးဆင်းဖို့ ငြင်းဆန်သူကို အသုံးမဝင်တဲ့ ကိုင်းအဖြစ် စပျစ်ပင်ကနေ ခုတ်ပစ်လိမ့်မယ်။ ဘုရားသခင်က ဧဝံဂေလိတရားရဲ့ အသီးအပွင့် မတွ့ရင် ခရစ်တော်ရဲ့ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို အသက်တာထဲမှာ အကျိုးရလဒ် မတွေ့ရင် သားတော်ရဲ့ စပျစ်ပင်ကနေ ခုတ်ဖြတ်ပစ်လိမ့်မယ်။
သခင်ယေရှုက ဒီဥပမာရဲ့ negative aspects အားနည်းချက်ဖက်မှ အရင်ပြောတယ်။
ဒါပေမယ့် ဝိညာဉ်တော်ရဲ့ ချိုတဲ့စပျစ်ရည်ကို မြင်ရတဲ့အခါ အသက်တာ ကြီးထွားစေတဲ့ အရိပ် မြင်ရပြီ။ စပျစ်ပင်မှာ ကိုင်းအခက် တွေ့ရတယ်။ အရွက် ထွက်လာမယ်။ အသီးကင်းတွေ ထိုးလာမယ်။ အသီး များများ သီးနိုင်ဖို့အတွက် ကိုင်းတွေကို ဥယျာဉ်စောင့်တဲ့သူက ဖြတ်တောက်ရတယ်။ အသီးက ကိုယ့်အသီးမဟုတ်ပဲ ခရစ်တော်ရဲ့ အထဲမှာရှိတဲ့ အသီးတချို့ ဖြစ်တယ်။ တကယ်တော့ လူဟာ ဘာာအစွမ်းအစမှမရှိတဲ့ အစေခံသာ ဖြစ်တယ်။ ခရစ်တော်ကသာ အရာရာမှာ အဓိကကျတယ်။ စပျစ်ပင်တွေဟာ နွေဦးပေါက်ရောက်တိုင်း အမြဲတမ်း သုတ်သင်ရှင်းလင်းရတယ်။ နောက်တနှစ်မှာ အသီးကောင်းကောင်း သီးဖို့ ဖြစ်တယ်။ ဘုရားသခင်ကလည်း လူ့ရဲ့ စိတ်ခံစားချက်တွေကို ဖြတ်တောက်ပေးဖို့ လိုတယ်။ ခေါင်းမာတာတွေ အဆုံးသတ်ပြီး အပြစ်အတွက် သေဖို့လိုတယ်။ ဒါကြောင့် ကိုယ်အထဲမှာရှိတဲ့ ခရစ်တော်ရဲ့ အသက်က ကိုယ့်ကိုရင့်ကျက်လာစေတယ်။ ဘုရားသခင်က လူကို ကယ်ဖို့အတွက် နည်းလမ်းများစွာရှိတယ်။ အဖြစ်အပျက်တွေ ကျရှုံးခြင်းတွေ အနာရောဂါတွေက ကိုယ့်ကို လှဲချလိမ့်မယ်။ ကိုယ့်အလိုအတိုင်း အသက်မရှင်ဘဲ သခင်ဘုရားကို အသက်ရှင်ခွင့်ပေးပါ။ ဘုရားတန်ခိုးနဲ့ ချစ်စရာကောင်းသူ ဖြစ်လာလိမ့်မယ်။
ယောဟန် ၁၅း ၃- ၎
၃ “သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ ၄ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။”
သခင်ယေရှုက အားပေးနှစ်သိမ့်တယ်။ ကိုယ့်အားနည်းလို့၊ အပြစ်ရှိလို့ ဘုရားသခင် ဖြတ်တောက်ပစ်မှာ မဟုတ်ဘူး။ သခင်ယေရှုပြောတာက လူတိုင်းမှာ သန့်ရှင်းရေးလုပ်ဖို့ လိုတယ်။ နောင်မှာတော့ ထုံးစံတွေ၊ ဆုတောင်းတဲ့ပုံတွေလည်း သန့်ရှင်းလာမှာပေါ့လို့ မပြောပါနဲ့။ သခင်ယေရှုက တစိတ်တပိုင်း သန့်ရှင်းအောင် လုပ်ပေးပြီးပြီ။ တခါတည်းနဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီးပြီ။ ကားတိုင်ပေါ်မှာ ရွေးနှုတ်ခဲ့ပြီ။ ဧဝံဂေလိတရားက သန့်ရှင်းခြင်းအတွက် တန်ခိုးရှိအောင် လုပ်ပေးတယ်။ ရင့်ကျက်ဖို့ရာ ကိုယ့်ခွန်ကိုယ့်အား ဒုက္ခခံတာနဲ့ မဆိုင်ဘဲ ဘုရားသခင်သက်သက်နဲ့သာ ဆိုင်တယ်။ ကမ္ဘာလောကကို ဖန်ဆင်းစမှာ စကားတခွန်းထဲနဲ့ ဖန်ဆင်းခဲ့သလို ခရစ်တော်က ယုံကြည်သူတွေကို သန့်ရှင်းစေတယ်။ လူက စကားတော်ကို လက်ခံဖို့လိုတယ်။ လူကို ဆေးကြောတဲ့ အရာက နှစ်ခြင်းမင်္ဂလာလည်း မဟုတ်၊ ပွဲတော်မင်္ဂလာလည်းမဟုတ်၊ သခင်ယေရှုရဲ့ စကားတော်ကို ယုံကြည်ပြီး ဒီစကားတော်ကို ကောင်းစွာ ဆင်ခြင်ခြင်းသာ ဖြစ်တယ်။ နေ့တိုင်း အနည်းဆုံး ကျမ်းစာတပိုဒ်လောက် ဖတ်ပါ။ ကိုယ်ကြိုက်တဲ့အချိန် ရွေးပါ။ ဒီလိုမဟုတ်ရင်တော့ ဝိညာဉ်ခွန်အားရဖို့ မလွယ်ဘူး။
အသက်တာကြီးထွားမှု အသီးသီးမှုဟာ စကားလုံးတလုံးနဲ့ တိုက်ရိုက်စပ်ဆိုင်နေကြောင်း သခင်ယေရှုက ထောက်ပြတယ်။ ဒါကတော့ abiding တည်နေခြင်း ဖြစ်တယ်။ ဒီစကားလုံးဟာ အခန်းကြီး ၁၅ ထဲမှာ ၁၀ကြိမ် တွေ့ရတယ်။ ယုံကြည်သူက ခရစ်တာ်၌ တည်တယ်။ ခရစ်တော်က ယုံကြည်သူထဲမှာ ရှိတယ်။ တည်နေခြင်းအားဖြင့် သန့်ရှင်းလာတယ်။
ဘုရားတန်ခိုးတော်က အသက်တာထဲ စီးဆင်းလာတယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ဒါကြောင့် အဓိကက တည်နေဖို့ ဖြစ်တယ်။ ဒါကြောင့် ခရစ်တော်နဲ့ကွာရင် မေတ္တာ တန်ခိုးက ရပ်တန့်သွားလိမ့်မယ်။ ကိုင်းကို ခုတ်တဲ့အခါ ခဏခြင်းမှာ ခြောက်သွေ့သွားမယ်။ ဒါက ခြောက်သွေ့သွားတဲ့ အသင်းတော် သေသွားတဲ့ အသင်းတော်ကို ပုံဆောင်တယ်။ ဆုတောင်းရမှာက ခရစ်တော်၌ တည်ဖို့၊ ခရစ်တော် အထဲမှာ အလုပ်လုပ်ခြင်း အားဖြင့် ကြီးထွားဖို့ အသီးသီးဖို့ လုပ်ဆောင်နိုင်ဖို့ နာမတော်အားဖြင့် နေ့ညမပြတ် စောင့်ထိန်းထားဖို့ ဖြစ်တယ်။ တည်နေတယ်ဆိုတာ လူလုပ်တာမဟုတ်ပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ကျေးဇူးတော်ကြောင့် ဖြစ်တယ်။ ကိုယ်အလိုအလျောက် ဘယ်သူမှ ခရစ်တော်၌မတည်နိုင်ဘူး။ ဒါပေမယ့် ဒီဆုကျေးဇူးအတွက် ကျေးဇူးချီးမွမ်းပြီး တခြားသူတွေလည်း တည်လာဖို့ ကိုယ့်ကို တခြားသူတွေတည်မြဲစေဖို့ ဆုတောင်းရမယ်။
ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ ဒီကမ္ဘာမြေပေါ်မှာ ဘုရားသခင်ရဲ့ သန့်ရှင်းသော စပျစ်နွယ်ပင် ဖြစ်ပါတယ်။ ကိုယ်တော့အားဖြင့်သာ ကောင်းသော စိတ်ထားများ ရရှိကြတယ်။ လူ့စိတ်နှလုံးဟာ အမြဲတမ်း ဆိုးယုတ်နေတယ်။ ဧဝံဂေလိတရားအားဖြင့် ဆေးကြောပေးတဲ့အတွက် ကျေးဇူးတင်တယ်။ နာမတော်အားဖြင့် ကွယ်ကာစောင့်ထိန်းပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးဖြင့် အသီးများ ပုံမှန်သီးလာစေပါ။ ကိုယ်တော်မပါပဲ ဘာမှမတတ်နိုင်ပါ။ ကိုယ့်အလိုအတိုင်း အားနည်းစွာ အသက်မရှင်ဘဲ ကိုယ်တော်၌တည်လျက် အသက်ရှင်စေပါ။ ခွန်အားနဲ့ ပြည့်စုံစေပါ။
မေးခွန်း ၉၄
- သခင်ယေရှုက မှန်သော စပျစ်နွယ်ပင် ဘယ်လိုဖြစ်လာသလဲ။