Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 110 (Pilate awed by Christ; Pilate's unjust sentence)
This page in: -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- English -- Farsi? -- French -- Georgian -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish? -- Tamil -- Telugu -- Thai -- Turkish -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
A - အဖမ်းခံရချိန်မှ သင်္ဂြိုဟ်ချိန်အထိ (ယောဟန် ၁၈း ၁- ၁၉း ၄၂)
3. ရောမ ဘုရင်ခံရှေ့တွင် အစစ်ဆေး ခံရခြင်း။ (ယောဟန် ၁၈း ၂၈- ၁၉း ၁၆)

d) သခင် ယေရှုရဲ့ ဘုရား ဇာတိကို ပိလတ် ထိတ်လန့် ကြောက်ရွံ့ လာတယ်။ (ယောဟန် ၁၉း ၆- ၁၁)


ယောဟန် ၁၉း ၈- ၁၁
၈ “ထိုစကားကို ကြားလျှင် ပိလတ်မင်းသည် သာ၍ ကြောက်သဖြင့် အိမ်တော်ဦး ထဲသို့ ဝင်ပြန်၍၊ ၉ ယေရှုအား သင်သည် အဘယ်က ဖြစ်သနည်းဟုမေးလျှင် တခွန်းကိုမျှ ပြန်တော်မမူ၊ ၁၀ ပိလတ်မင်းကလည်း ငါနှင့် စကားမပြောသလော။ ငါသည် သင့်ကို လက်ဝါး ကပ်တိုင်မှာ ရိုက်ထား ပိုင်သည်ကို လည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း သင် မသိသလောဟု ဆိုသော်၊ ၁၁ အထက်အရပ်မှ အခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။”

ပိလတ်က သခင်ယေရှု ဘယ်သူလဲ ဆိုတာ ဇဝေဇဝါ ဖြစ်နေတယ်။ သူ့ရဲ့ ဖြောင့်မတ်မှု၊ စင်ကြယ်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပိလတ် မြင်တယ်။ သခင်ယေရှုဟာ ရှင်ဘုရင် မဟုတ်ဘဲ ဘုရားသားတော် ဖြစ်တယ်လို့ သူ သိနားလည် လာတယ်။ ရောမနဲ့ ဂရိ လူမျိုးတွေက ကောင်းကင်မှာ ကောင်းကင်သားတွေ ရှိတယ်။ လူ့လောကကို လူအဖြစ်နဲ့ ရောက်လာပြီး လူတွေ ကြားထဲမှာ ကျင်လည်တတ်တယ် လို့ ယုံကြည်ကြတယ်။ ပိလတ်မင်း စိတ်ထဲမှာ တွေးလာတာက ဒီပုဂ္ဂိုလ်ဟာ လူဟန်ဆောင် လာတဲ့ ဘုရားများလားလို့ တွေးတယ်။ ဒါကြောင့် “ခင်ဗျား ဘယ်က လာတာလဲ” လို့ မေးတယ်။

သခင်ယေရှုဟာ ဒီအခွင့်အရေးကို ယူပြီး သူ့အပေါ်ကျရောက်တဲ့ ပြစ်ဒဏ်က လွတ်ဖို့အတွက် မကြိုးစားဘူး။ တိတ်တိတ်ပဲ နေခဲ့တယ်။ တိတ်တိတ်နေခြင်းဟာ တောင်းဆိုခြင်း တမျိုးဖြစ်တယ်။ ဆင်ခြေတုံ အရပဲ မေးမေး၊ နှောက်ယှက်လို့ပဲ မေးမေး၊ မေးခွန်းတွေကို ဘုရားသခင် ဖြေလေ့မရှိဘူး။ သူကိုယ်တိုင် ဘယ်သူ ဖြစ်ကြောင်း ယုံကြည်သူကို ထင်ရှားပြလေ့ ရှိတယ်။ ဘုရားသခင်ဟာ ဂရိ၊ ရောမ လူမျိုးတွေလို အတွေးအခေါ်မျိုး ရှိသူ မဟုတ်ဘူး။ ဘုရားနဲ့ လူ မတူဘူး။ တိတ်တိတ်နေတော့ ပိလတ် စိတ်ဆိုးလာပြီး” မင်း ငါ့ကို စကား မပြော ချင်ဘူးလား။ ငါ မင်းကို သတ်ပိုင်တယ်။ ဒါမှ မဟုတ် လွှတ်ပိုင်တယ်။ မင်း ငါ့ လက်ထဲမှာ ဖြစ်တယ်။ မင်းရဲ့ ရန်သူ တွေက ကားတိုင်မှာ တင်သတ် စေချင်တယ်။ ငါ တယောက်တည်းသာ ကယ်နိုင်သူ။ ဒါမှမဟုတ် သတ်နိုင်သူ ဖြစ်တယ်” လို့ ဆိုတယ်။ သခင်ယေရှု ပြန်ပြောတာ ကတော့ မှန်တယ်၊ မင်း လုပ်နိုင်စွမ်း ရှိတယ်။ ငါ့ ခမည်းတော်က မင်းကို အဲလို လုပ်နိုင်ခွင့်ကို ပေးထားတယ်။ မင်းက အရေးမကြီးဘူး မင်းကလည်း မကြာခင် ပြစ်ဒဏ်ခံရပြီး ပျောက်ကွယ်မှာပဲ။ ကောင်းကင်မှာရှိတဲ့ ငါ့ ခမည်းတော်ဟာ အနန္တ တန်ခိုးနဲ့ ပြည့်စုံတယ်။ ငါလည်း ဒီလိုပဲ ပြည့်စုံတယ်။ ဘုရား အခွင့်မပေးရင် မြေကြီးပ်ါမှာ ဘယ်အခွင့် အာဏာမှ မရှိဘူး။ ဒီလို ဘုရား အခွင့်ပေးခြင်းဟာ လူ့သမိုင်းမှာ မကြာခဏ ဖြစ်တတ်တယ်။ ဘုရားက သမိုင်းကို ထိန်းချုပ် နေသူ ဖြစ်တယ်။ ဒါပေမယ့် လူတွေ ကိုတော့ သူတို့ လုပ်ချင်တာ လုပ်ဖို့ အခွင့်အရေး ပေးထားတယ်။ တခြားသူတွေ အပေါ်မှာ ဘယ်လို ပြုမူသလဲ ဆိုတာ ကိုယ်နဲ့ ဆိုင်တယ်။ သခင်ယေရှုက ပိလတ်ကိုပြောတယ်။“မင်းလည်း အပြစ်ရှိတယ်။ ဒါပေမယ့် မင်း တယောက်တည်းသာ အပြစ်ရှိတာ မဟုတ်ဘူး။ အားလုံး အပြစ်ထဲမှာ ပါဝင်နေတယ်။ မင်းက ငါ့ကို ကားတိုင်မှာ မသတ်ချင်ဘူး။ ဒါပေမယ့် မင်းက ကြောက်တတ်တယ်။ ကယာဖကို ကြောက်တော့ ငါ့ကို အပြစ် ပေးရတာပေါ့” လို့ ဆိုတယ်။ ယဇ်ပုရောဟိတ် မင်းက အပြစ် ပိုကြီးတယ်။ သူက သခင် ယေရှုကို ကားတိုင်မှာ တင်သတ်စေချင်တယ်။ အကြောင်းရင်းက မုန်းတီးလို့ မနာလို လို့ ဖြစ်တယ်။ သူ့ ယဇ်ပုရောဟိတ်အရာကို ယူတဲ့အချိန်မှာ ဘုရားသခင်နဲ့ ရန်ငြိမ်းစေခြင်းရဲ့ သင်္ကေတအဖြစ် သနားဂရုဏာပြဖို့ လိုတယ်။ ဒါပေမယ့် သူက စိတ်ပုတ်တဲ့သူဖြစ်တဲ့အတွက် သခင်ယေရှုကို လူသတ်သမားရဲ့ နေရာမှာ အပြစ်ပေးလိုက်တယ်။


e) သခင်ယေရှု အပေါ် ပိလတ် မင်းရဲ့မတရား စီရင်ချက် (ယောဟန် ၁၉း ၁၂- ၁၆)


ယောဟန် ၁၉း ၁၂
၁၂ “ထိုအခါမှ စ၍ ပိလတ် မင်းသည် ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင် လုပ်သောသူ မည်သည်ကား ကဲသာ ဘုရင်၏ ရန်သူ ဖြစ်ပါသည်ဟု လျှောက်ကြ၏။”

တရားခံက အုပ်စိုးမှု အာဏာ နားလည်တဲ့အတွက် ပိလတ်က သခင်ယေရှုကို လွှတ်ချင်တယ်။ သခင်ဘုရားရဲ့ ကြီးမြတ်မှုနဲ့ သခင်ယေရှုရဲ့ ကြည်ညိုမှုက အစိုးရရဲ့အုပ်ချုပ်မှုကို လေးစားတာ တွေ့ရတယ်။ သခင်ယေရှုက ပိလတ် မင်းကို မခြိမ်းခြောက်ဘူး။ ညင်ညင်သာသာပဲ အပြစ်တင်စကား ပြောတယ်။ ပိလတ်ရဲ့ အပြစ်နဲ့ ကယာဖရဲ့အပြစ်ကို ခွဲခြား ပြတယ်။ သခင်ယေရှု သာ ပိလတ်ရဲ့ အပြစ်ကို စစ်ဆေးနေသလို ဖြစ်ပြီး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို ဆွဲခေါ်နေသလို ဖြစ်တယ်။ ပိလတ်မင်း စိတ်ပြောင်းသွားတာကို ယုဒ ယဇ်ပုရောဟိတ်မင်း အကြီးတွေ ရိပ်မိသွားတဲ့ အခါ နိုင်ငံရေး ဘက်ကို လှည့်လိုက်တယ်။ သခင်ယေရှုက ဘုရား ဖြစ်ကြောင်း ကြေညာတယ် ဆိုတဲ့ အချက်က ရောမ တရားရုံးမှာ အသုံးမဝင်ဘူး။ ဒါကြောင့် သခင်ယေရှုကို မသတ်ရင် ဆီဇာအပေါ်မှာ သစ္စာမရှိတဲ့ ဘုရင်ခံ ဖြစ်မယ်လို့ ခြိမ်းခြောက် ကြတယ်။

“ဆီဇာရဲ့ မိတ်ဆွေ” ဆိုတာက ဧကရာဇ်မင်းရဲ့ စိတ်နဲ့ တွေ့သူလို့ ဆိုလိုတယ်။ ဒီ ဂုဏ်ပုဒ်ဟာ သူ့ရဲ့ လုပ်ဆောင်မှု နဲ့ ဆက်နွယ်မှုတွေကို ပေါင်းပြီး ရတာဖြစ်တယ်။ ပိလတ်ရဲ့ အမျိုးသမီးဟာ ဘုရင်နဲ့ ဆွေမျိုး နီးစပ်သူ ဖြစ်နိုင်တယ်။ တိဗေရိယပ် ဆီဇာဟာ ဘယ်သူ့ကိုမှ သိပ် မယုံတဲ့အတွက် အဆိုးမြင် သဘာဝရှိသူ ဖြစ်တယ်။ ကိုယ်စား အုပ်ချုပ်သူတွေ ရိုးသားမှု ရှိမရှိကို သံသယ ရှိနေသူ ဖြစ်တယ်။ တယောက် သို့မဟုတ် အုပ်စုတစုက ပုန်ကန်လိမ့်မယ်လို့ အမြဲတမ်း မျှော်လင့်နေသူ ဖြစ်တယ်။ ဆီဇာရဲ့ မိတ်ဆွေကို အပြစ်တင် စွပ်စွဲသူဟာ အပြစ်ဒဏ် ခံရလေ့ ရှိတယ်။ စွပ်စွဲချက်ကြောင့် ရာထူးကျရုံမျှ မက ပြည်နှင်ဒဏ်ပါ ပေးခံရနိုင်တယ်။

ဂျူးလူမျိုးခေါင်းဆောင်တွေက ရောမကို ပို့တဲ့ စာမှာ ပိလတ်ဟာ ဂျူးလူမျိုးတွေရဲ့ ရှင်ဘုရင်ကို လွှတ်လိုက်တယ် လို့ ရေးလိုက်တယ်။ ပုန်ကန်မှုကို အမှု မထားဘူး ဆိုတော့ ဆီဇာ ရန်သူကို လက်ခံတဲ့ သဘော ရောက်သွားတယ်။ အကျိုးဆက်က ပိလတ် မင်းရဲ့ ရာထူးဟာ လှုပ်ခတ်သွားမယ်။ သခင် ယေရှုအတွက် သူ့ ရာထူးအပြုတ် မခံနိုင်ဘူး။ သခင်ယေရှု မှန်ကောင်း မှန်မယ်။ ဒီ ခြိမ်းခြောက်မှု ကို သူ ခံနိုင်ရည် မရှိဘူး။ ဒါကြောင့် သခင်ယေရှုကို အပြစ် ပေးဖို့ ပြင်ဆင်လာတယ်။ သခင်ယေရှုရဲ့ အသွေးနဲ့ သူ ကင်းရှင်းတယ် ဆိုတဲ့ ထုံးစံ တခုကို ပြခဲ့တယ်။ သူ တရား စီရင်တာ မျှတတယ်လို့ သူ ပုံဖေါ် နေပေမယ့် သူ့ စိတ်နှလုံးက ဒါဟာ မတရားတဲ့ အမှု ဖြစ်နေမှန်း သူကိုယ်တိုင် သိနေတယ်။

ယောဟန် ၁၉း ၁၃- ၁၆
၁၃ “ထိုစကားကို ကြားလျှင် ပိလတ် မင်းသည် ယေရှုကို ပြင်သို့ ထုတ်ပြီးမှ ဟေဗြဲ စကားအားဖြင့် ဂဗသ အမည် ရှိ၍ ကျောက်ခင်း ဟု ခေါ်ဝေါ်သော အရပ်၌ တရား ပလ္လင်ပေါ်မှာ ထိုင်လေ၏။ ၁၄ ထိုနေ့ အချိန်ကား ပသခါ အဖိတ်နေ့ တချက်တီး အချိန်လောက် ရှိ၏။ ပိလတ် မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ ဟု ယုဒလူတို့အား ပြောဆိုလျှင် ၁၅ ထိုသူကို ထုတ်ပါ ထုတ်ပါ။ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားပါ ဟု လူများ ဟစ်ကြော် ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်ဝါး ကပ်တိုင်မှာ ရိုက်ထား ရမည်လော ဟု မေးပြန်လျှင် ယဇ်ပုရောဟိတ် အကြီးတို့က အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှ တပါး အဘယ် ဘုရင်မျှ မရှိဟု ပြန်ပြော ကြ၏။ ၁၆ ထိုအခါ ပိလတ် မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ်သဖြင့် သူတို့သည် ကိုယ်တော်ကို ယူ၍ ထွက်သွား ကြ၏။”

ဂျူးတွေ ပြောတဲ့ မေရှိယနဲ့ဆိုင်တဲ့ မျှော်လင့်ချက်ကို ပိလတ်မင်းက လှောင်ပြောင်တယ်။ ရောမတွေ လှောင်ပြောင်သလိုမျိုး ဘုရင်လို့ ဆိုတဲ့ မေရှိယကို မင်းတို့ အပြစ်တင် စွပ်စွဲ ခဲ့ကြပြီ။ ဘာ အစွမ်း တန်ခိုးမှ မရှိတဲ့ နိုင်ငံ ဖြစ်တယ်။ မင်းတို့လည်း သူ့လိုပဲ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးလို့ လှောင်ပြောင်တယ်။ သခင်ယေရှုကို လှောင်ပြောင်ခြင်းဟာ အပြစ်တင်စွပ်စွဲ သူတွေအပေါ်ကိုပါ လှောင်ပြောသလို ဖြစ်တာကို ဂျူးတွေက နားလည်တယ်။ သူတို့က ကားတိုင်မှာ တင်သတ်ပါ။ ရှက်စရာ ကောင်းတယ်။ ကျိန်ခြင်း ခံထိုက်တယ်။ လက်ဝါး ကပ်တိုင်မှာ တင်သတ်ပါ လို့ အော်ဟစ် ကြတယ်။

ဒီလိုအော်ဟစ်နေသူတွေ ဟာ သူတို့ပညတ် တရားအားဖြင့်ဆိုရင် ဘာသာ တရား ကိုင်းရှိုင်း သူတွေ ဖြစ်တယ်။ ဒါပေမယ့် မျက်စိကန်းပြီး လူ့ ဇာတိခံတဲ့ ချစ်ခြင်းမေတ္တာကို မမြင်နိုင်။ ဘုရားကြွလာတာကို မသိ။ ဘုရားရဲ့ သန့်ရှင်းခြင်းဟာ သခင်ယေရှုအပေါ်မှာ ပြည့်လျှံနေတာကို မသိနားမလည်သူတွေ ဖြစ်တယ်။ သခင်ယေရှုကို မုန်းပြီး ဖမ်းသွားချင်တယ်။ ဒီလို အစွန်းရောက်မှုနဲ့ လူမျိုးရေး စိတ်ထက်သန်မှုတွေဟာ ဘုရားသခင်ထံ မရောက်နိုင်ဘူး။ သခင်ယေရှုထံမှာ တွေ့ရတဲ့ ချစ်ခြင်းမေတ္တာကသာလျှင် သူတို့ မျက်စိကို ဖွင့်ပြီး သခင်ယေရှုရဲ့ သနားခြင်းနဲ့ ဆက်ကပ်ခြင်းကို မြင်လာစေနိုင်တယ်။ ဂျူးတွေ စိတ်ဆိုးပေမယ့် ပိလတ်က ဆက်ပြီး လှောင်ပြောင်တယ်။ သခင်ယေရှုကို ရှင်ဘုရင်လို့ ထပ်ခေါ်တယ်။ လူအများရှေ့မှာ ခေါ်ထုတ်လာခြင်းအားဖြင့် သခင်ယေရှုကို သတ်ဖို့ လူတွေ စိတ်အားတက်လာစေတယ်။ သူမသတ်ဘူးလို့ ငြင်းဆန်ဖို့ ပိလတ် ကြိုးစားပေမယ့် လူအုပ်ကြီးက သခင်ယေရှုကို သတ်ချင်လို့ အော်ဟစ်နေတယ်။ လူတွေရဲ့ အသံဟာ ဘုရားအသံ မဟုတ်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လောကီအရာတွေကြောင့် အော်ဟစ်နေတာ ဖြစ်တယ်။ ဒီလို ကိစ္စမျိုးမှာ စာတန်လည်း ဝင်ရောက် နှောက်ယှက် တိုက်တွန်း နေတယ်။

ပိလတ် ခဏခဏ လှောင်ပြောင်နေခြင်းဟာ ယဇ်ပုရောဟိတ်တွေကို သိက္ခာကျစေတယ်။ ငါတို့မှာ ဆီဇာက လွဲပြီး ရှင်ဘုရင် မရှိဘူးလို့ အော်ပြောကြတယ်။ ဒါက လျှို့ဝှက် လိမ်ညာမှု ဖြစ်တယ်။ ယဇ်ပုရောဟိတ် မိသားစု အသိုင်းအဝိုင်းဟာ မေရှိယပေါ်တယ် ဆိုရင် ကြောက်ကြတယ်။ သူတို့ဟာ ရုပ်သေး ဘုရင်ဖြစ်တဲ့ ဟေရုဒ်ကို မုန်းကြတယ်။ သူတို့က ဂရိယဉ်ကျေးမှုကို ဥပဒေကြောင်းအရ ကွယ်ကာပေးတဲ့ ဆီဇာကို ပို သဘောကျတယ်။ ဒါကြောင့် ဓမ္မဟောင်းပြောချက်တွေနဲ့ မေရှိယကြွလာဖို့ မြှော်လင့်ခြင်းတွေကို သစ္စာဖေါက်ကြတယ်။ မုသာရဲ့ အဖက ဒီလို လူတွေရဲ့ အထဲမှာ ဝင်ရောက် နှိုးဆော်နေတယ်။ ဒါပေမယ့် သခင်ယေရှုဟာ သမ္မာ တရား အတွက် တရားရုံးမှာ တယောက်တည်း ရပ်တည်ရပြီး၊သူ့ အသိစိတ်မှာ ဘုရားသခင်ရဲ့ စကားသံကို ကြားနေတယ်။ ရိုးသားခြင်းနဲ့ အတူ ခိုင်မာစွာ ရပ်တည်တယ်။

နောက်ဆုံးမှာ ပိလတ်ဟာ သူ့အတ္တ ဆိုးညစ်မှု ကဲ့ရဲ့မှုတွေကြောင့် မတရားတဲ့အမိန့် တခုကို ချလိုက်တယ်။ ဘုရားသားတော်က တိတ်တိတ်ပဲ နေပြီးတော့ ခမည်းတော် ဘုရားရဲ့ ကွယ်ကာမှုကိုပဲ ကိုးစားတယ်။ ခမည်းတော် ဘုရားသာလျှင် လက်ဝါး ကပ်တိုင်မှာ သတ်ဖို့ ပိလတ်ကို အခွင့်ပေးသူ ဖြစ်တယ်။ ဒီလို မတရားတဲ့ စီရင်ချက်ကြောင့် သခင်ဘုရားဟာ ဘုရားနဲ့ လူကြားမှာ ရန်ငြိမ်းခြင်းအမှုကို ပြီးစီးအောင် လုပ်ဆောင်နိုင်တာ ဖြစ်တယ်။ နတ်ဆိုးတွေ ကတော့ သူတို့ နိုင်ပြီလို့ ထင်ကြတယ်။ ဒါပေမယ့် ဘုရားရဲ့အကြံအစည်သာ ပြည့်စုံလာပြီး ငရဲရဲ့ ချည်နှောင်ခြင်း ကြိုးတွေကို ဖြတ်ပစ်လာနိုင်တယ်။

ဆုတောင်း ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ် ကိုယ်တော့် ရှေ့မှာ ပြတ်ဝပ် ကိုးကွယ်ပါ၏။ သနားတတ်သောစိတ်၊ သမ္မာတရားကို ချစ်သောစိတ်၊ ဖြောင့်မတ်သော စိတ်နှလုံးကို ပေးတော်မူပါ။ ကိုယ့်အကျိုးအတွက် သူများကို အသုံးချခြင်းမျိုး မဖြစ်စေဖို့ မစပါ။ မကောင်းမှု နဲ့ အပေးအယူ လုပ်မယ့်အစား သေခြင်းကိုသာ ပို နှစ်သက်စေပါ။

မေးခွန်း ၁၁၄

  1. သခင်ယေရှု အပေါ်မှာ ပိလတ်က ဘာကြောင့် သေဒဏ်ချခဲ့ သလဲ။

www.Waters-of-Life.net

Page last modified on May 10, 2019, at 04:12 PM | powered by PmWiki (pmwiki-2.2.109)