Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 109 (The choice; The flogging of Jesus; Pilate awed by Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
A - အဖမ်းခံရချိန်မှ သင်္ဂြိုဟ်ချိန်အထိ (ယောဟန် ၁၈း ၁- ၁၉း ၄၂)
3. ရောမ ဘုရင်ခံရှေ့တွင် အစစ်ဆေး ခံရခြင်း။ (ယောဟန် ၁၈း ၂၈- ၁၉း ၁၆)

b) သခင်ယေရှုနဲ့ ဗာရဗ္ဗနှစ်ယောက်အနက် တယောက်ကိုရွေးချယ်ခြင်း။ (ယောဟန် ၁၈း ၃၉- ၄၀)


ယောဟန် ၁၈း ၃၉- ၄၀
၃၉ “ပသခါ ပွဲ၌ လူ တယောက်ကို သင်တို့အား ငါ လွှတ်မြဲ ထုံးစံ ရှိသည် ဖြစ်၍၊ ယုဒ ရှင်ဘုရင်ကို လွှတ်စေချင် သလာဟု မေးလျှင်၊ ၄၀ တဖန် လူ အပေါင်းတို့က ဤသူကို မလွှတ် စေချင်ပါ။ ဗာရဗ္ဗကို လွှတ်စေချင် ပါသည်ဟု အော်ဟစ်၍ လျှောက်ဆို ကြ၏။ ထိုဗာရဗ္ဗကား ဓါးပြဖြစ်သတည်း။”

သခင်ယေရှုဟာ လူမှန်တယောက် ဖြစ်တယ်။ အန္တရာယ်ရှိပုံ မရဘူးလို့ ပိလတ် နားလည် သွားတယ်။ လွှတ်တော်မှာ စောင့်နေတဲ့ ဂျူးတွေထံ ထွက်တွေ့ပြီးတော့ စွပ်စွဲခံရသူမှာ အပြစ်မရှိဘူးလို့ ကြေညာတယ်။ ခရစ်ဝင်ကျမ်း ၄ကျမ်းလုံးမှာ သခင်ယေရှုဟာ ဘာသာရေး ပညတ်အားဖြင့်ဖြစ်စေ၊ တိုင်းပြည်ရဲ့ တရား ဥပဒေ အရဖြစ်စေ၊ အပြစ် မရှိဘူးလို့ အတည် ပြုကြတယ်။ ဘုရင်ခံ တယောက်အနေနဲ့ သခင်ယေရှုကို အပြစ်တင်လို့ မရဘူး။ ဒါကြောင့် အုပ်ချုပ်သူ တယောက်အနေနဲ့ သခင်ယေရှုမှာ အပြစ် မရှိဘူးလို့ ဝန်ခံခဲ့တယ်။ ပိလတ်မင်းဟာ သခင်ယေရှုကို လွှတ်ချင်စိတ်ရှိပေမယ့် ဂျူး လူမျိုးတွေရဲ့ စိတ် အလိုကိုလည်း လိုက်ချင်သူ ဖြစ်တယ်။ ဒါကြောင့် ပွဲနေ့မှာ ရာဇဝတ်သား တယောက်ကို လွှတ်ရတဲ့ ထုံးစံ ရှိတဲ့ အတွက် လွှတ်ဖို့ သူက အကြံ ပေးတယ်။ ဂျူးလူမျိုး တွေရဲ့ သခင်ယေရှုလို့ ခေါ်ပြီးတော့ ထုတ်ပြဖို့ ကြိုးစားခဲ့တယ်။ သခင်ယေရှုကို လွှတ်ရင် သခင်ယေရှုရဲ့ နာမည် ကြီးမှုလည်း ဆုံးရှုံး သွားမယ်။ ဒါကြောင့် ပိလတ်မင်းက ငြင်းဆန် ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတာ့ သူကိုယ်တိုင် ရောမလူတွေရဲ့ တံပိုးအောက်က သူ့လူမျိုးကို ကယ်မထုတ်နိုင်လို့ ဖြစ်တယ်။ ဒါပေမယ့် ယဇ်ပုရောဟိတ် နဲ့ လူတွေက ဂျူးတွေရဲ့ ရှင်ဘုရင်ဆိုတဲ့ စကားကို စိတ်ဆိုး ကြတယ်။ သူတို့ မြှော်လင့်တာက စစ်ခေါင်းဆောင် ဩဇာရှိတဲ့သူ တယောက်သာ ဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ရာဇဝတ်သား ဖြစ်တဲ့ ဗာရဗ္ဗကို ရွေးချယ်လိုက် ကြတယ်။ လွှတ်တော်က သခင်ယေရှုကို ဆန့်ကျင်တိုက်ခိုက် ရုံသာမက လူအများရှေ့မှာ လှောင်ပြောင်ခဲ့တယ်။ မိတ်ဆွေ သင်ကော သမ္မာတရား၊ နူးညံ့သိမ်မွေ့ခြင်း၊ လက်နက်မဲ့ဖက်မှာ ရပ်တည် နိုင်ပါသလား။ အကြမ်းဖက်၊ ယုတ်မာ မှုတွေဖက်မှာ ရပ်တည်ပြီး သနားခြင်းနဲ့ သမ္မာတရားကို စွန့်ပယ်နေ ကြတဲ့ ပညတ်သမားတွေလို ဖြစ်နေသလား။


c) အပြစ်တင်သူတွေရဲ့ရှေ့မှာ သခင်ယေရှုကို ကြာပွတ်ဖြင့်ရိုက်နှက်ခြင်း။ (ယောဟန် ၁၉း ၁- ၅)


ယောဟန် ၁၉း ၁- ၃
၁ “ထိုအခါ ပိလတ်မင်းသည် ယေရှုကို ယူ၍ ရိုက်ပြီးမှ ၂ စစ်သူရဲ တို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်၍ နီမောင်းသော ဝတ်လုံနှင့် ခြုံစေပြီးလျှင် ၃ ယုဒ ရှင်ဘုရင် ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ဆို၍ ရိုက်ပုတ်ကြ၏။”

ပိလတ်က သခင် ယေရှုကို လွှတ်ပြီး သူ့ကို စွပ်စွဲသူ တွေကို ဖမ်းဆီးရမယ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘဲ အပေးအယူ လုပ်ဖို့ ကြိုးစားတယ်။ ဒါနဲ့ သခင်ယေရှုကို ကြာပွတ်နဲ့ ရိုက်ဖို့ အမိန့် ပေးလိုက်တယ်။ ဒီလို အပြစ် ပေးခြင်းဟာ အလွန် ကြောက်စရာ ကောင်းပြီး ရက်စက် ကြမ်းကြုတ်တဲ့ အပြုအမူတွေ ဖြစ်တယ်။ ရိုက်ချက် တွေဟာ အရိုးကို ထိပြီး အရေပြားတွေကို စုတ်ပြတ် သွားစေတယ်။ စစ်သူရဲတွေဟာ ကြမ်းကြမ်းတမ်းတမ်း ခေါ်ဆောင်ပြီး တိုင် တတိုင်မှာ ချည်နှောင်ကြတယ်။ ပြီးမှ အဆက်မပြတ် ရိုက်တယ်။ သူ့ရဲ့ အသားအရေဟာ ပြောမရလောက်အောင် နာကျင်ပြီး စုတ်ပြဲသွားတယ်။ အများ အပြားဟာ ဒီလို အရိုက်ခံရတဲ့ အချိန်မှာပဲ သေတတ် ကြတယ်။ အပြစ်မရှိတဲ့ သခင်ယေရှုကတော့ သူ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်မှာ အကြီး အကျယ် ဝေဒနာကို ခံစားသွားတယ်။ အဲဒီနောက် စစ်သားတွေဟာ လှောင်ပြောင်ဖို့ အတွက် သခင်ယေရှုရဲ့ ဒဏ်ရာရတဲ့ ကိုယ်ခန္ဓာကို ဆွဲခေါ် လာတယ်။ ဒီစစ်သား တွေက ဂျူးလူမျိုး အကြမ်းဖက်သမားတွေကို ကြောက်တယ်။ ညအချိန်မှာ မြို့ထဲ မထွက်ရဲသူတွေ ဖြစ်တယ်။ ဒါကြောင့် ယုဒရှင်ဘုရင်လို့ ပြောတဲ့ လူတယောက်ကို သူတို့အနေနဲ့ လက်စားချေပြီး နှိပ်စက်ဖို့ အခွင့်အရေး ရနေသလို ဖြစ်တယ်။ ဆူညံနေတဲ့ လူပရိတ်သတ် ကြားမှာ ပြစ်တင် စွပ်စွဲနေတာတွေ အားလုံးကို အငြိုးအတေးနဲ့ သခင်ယေရှုအပေါ် တင်လိုက် ကြတယ်။ လူတယောက်က ပြေးလာပြီး ဆူးပင်တွေက ခုတ်လာတဲ့ ဆူးခြုံတွေကို ရစ်ခွေကာ သရဖူလုပ်ပြီး ခေါင်းပေါ်တင်တယ်။ ဒီဆူးရစ်သရဖူရဲ့ ထိုးနှက်ချက်ကတော့ သွေးတွေ ဖြာထွက်လာ စေတယ်။ တခြားသူတွေကတော့ အရာရှိတွေဝတ်တဲ့ အဝတ်အစားကို ယူလာပြီး သူ့ကို ခြုံပေး ကြတယ်။ ဝတ်ရုံဟာ သွေးတွေနဲ့ စွန်းထင်း သွားတယ်။ ဒီ့အပြင် တွန်းလှဲ၊ ကန်ကြောက်တာကိုလည်း ခံခဲ့ရတယ်။ တချို့က သူ့ရှေ့မှာ ဦးညွတ် ပြတ်ဝပ်ပြီး သူ့ကို နန်းတက်ပွဲ အခမ်းအနားမျိုး လှောင်ပြောင်ကြတယ်။ ဒီအပြု အမူအားဖြင့် ဥရောပ နိုင်ငံများနဲ့ ကမ္ဘာ့အနှံ့အပြားက လူမျိုး တွေဟာ ဘုရားသခင်ရဲ့ သိုး သူငယ်တော်ကို တိုက်ရိုက် လှောင်ပြောင်ခြင်းမှာ ပါဝင်နေသလို ဖြစ်တယ်။

ယောဟန် ၁၉း ၄- ၅
၎ “ပိလတ် မင်းကလည်း ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါ မတွေ့ ကြောင်းကို သင်တို့ သိစေခြင်းငှါ သူ့ကို သင်တို့ ရှိရာသို့ ငါ ထုတ်ပြသည် ဟုဆို၏။ ၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသော ဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ ထွက်ကြွ တော်မူ၏။ ပိလတ် မင်းကလည်း သူ့ကို ကြည့်ကြလော့ ဟုဆို၏။”

ပိလတ် မင်းက သခင် ယေရှုရဲ့ အမှုတွဲကို ကြည့်ပြီး အပြစ် မရှိဘူး လို့တွေးတယ်။ ဂျူး ခေါင်းဆောင်တွေ ရှိရာဖက်ကို တတိယအကြိမ်မြောက် ထွက်လာပြီး သူ့မှာ အပြစ်မရှိဘူးလို့ သက်သေ ခံပြန်တယ်။ နောက်ဆုံးမှာတော့ သူဟာ ဒီမတရားတဲ့ အမှုလိမ်ညာဆင်တဲ့ အမှုကို ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းဖို့ ကြိုးစားတယ်။ သူဟာ သခင် ယေရှကို ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သွေးစွန်းနေတဲ့ အနေအထားမှာ ဆူး ဦးရစ်နဲ့ ဝတ်ရုံဝတ်ပြီး ထုတ်ပြတယ်။ ဝတ်ရုံဟာ သွေးတွေနဲ့ စွန်းထင်နေတယ်။

လောကီသားတွေရဲ့ အပြစ်အတွက် သိုးသူငယ်တော် ခံစားရပုံကို မျက်စိထဲမှာ မြင်ကြည့်ပါ။ အတုမရှိတဲ့ ချစ်ခြင်း မေတ္တာနဲ့အတူ သည်းခံခြင်းကို တွေ့ရမယ်။ သူ့ရဲ့ နှိမ့်ချ ခြင်းဟာ အဆင့်ဆင့် တိုးတိုးလာတယ်။ သူ့ရှေ့မှာ ရှိတဲ့သူ တွေဟာ အရှေ့နဲ့ အနောက် အရပ်ကို ကိုယ်စား ပြုပြီး လှောင်ပြောင်ခံရ ညှဉ်းဆဲခံနေရတာ ဖြစ်တယ်။ လောက ရတနာတွေကတော့ ကျောက်မျက်ရတနာတွေနဲ့ တောက်ပနေပြီး သခင်ယေရှု ဆောင်းရတဲ့ သရဖူကတော့ ဆူးဦးရစ် သရဖူသာ ဖြစ်တယ်။

အရင်က ပိလတ်ဟာ အကြမ်းတမ်းဆုံး ဘုရင် ဖြစ်ပေမယ့် အခု မြင်ကွင်းကို ကြည့်တဲ့အခါ စိတ်လှုပ်ရှားသွားတယ်။ သခင်ယေရှုဟာ အမုန်း အာဃာတရှိတဲ့သူ မဟုတ်ဘူး။ ပါးစပ်ကလည်း ဆဲရေး တိုင်းထွာမှု မရှိဘူး။ ပါးစပ်ကနေ ခမည်းတော် ဘုရားကို ဆုတောင်းရင် ရန်သူ တွေကို ကောင်းကြီး ပေးတယ်။ သူ့ကို ပြစ်မှားတဲ့ သူတွေရဲ့ အပြစ်ကို ကိုယ်ခန္ဓာမှာ ယူတင်ဝတ်ဆောင်နေတယ်။ ဘုရင်ခံ ပိလတ်ဟာ နှိုးဆော်တဲ့ စကားတခွန်းကို ပြောတယ်။ “ထိုသူကို ကြည့်ကြလော့။” သခင်ယေရှုရဲ့ ကြီးမြတ်မှုနဲ့ ဘုရားတန်ခိုးအရှိန်ကို ပိလတ် ခံစားရတယ်။ သခင်ယေရှု အကြောင်း သူ ပြောရတဲ့အခါ ဒီလူဟာ ဘုရားရဲ့ ပုံရိပ်ကို ဖေါ်ဆောင်တဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ် လို့ ဆိုတယ်။ ဂရုဏာတော်ရောင်ခြည်ဖြာပြီး အကြီးအကျယ် အနှိပ်စက်ခံနေရချိန်မှာပင်လျှင် အားနည်းခြင်းမှ သန့်ရှင်းခြင်းကို ပြနိုင်သေးတယ်။ သူ့ အမှားကြောင့် သူခံရတာ မဟုတ်ပဲ လူသားတွေရဲ့ အပြစ်ကြောင့် သူ ခံစားရတာ ဖြစ်တယ်။


d) သခင် ယေရှုရဲ့ ဘုရား ဇာတိကို ပိလတ် ထိတ်လန့် ကြောက်ရွံ့ လာတယ်။ (ယောဟန် ၁၉း ၆- ၁၂)


ယောဟန် ၁၉း ၆- ၇
၆ “ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင်များ တို့က ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌ အပြစ်ကို မတွေ့ဟု ဆိုလျှင်၊ ၇ ယုဒလူတို့က ဤသူသည် ဘုရားသခင် သားတော်ဖြစ် ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ် အတိုင်း သေထိုက်ပါသည်ဟု လျှောက်ကြ၏။”

နာရီပေါင်း များစွာ ညှဉ်းပမ်း နှိပ်စက်မှုကို ခံခဲ့ရတယ်။ လူအများအပြား ဘုရင်ခံရဲ့ အိမ်တော် ရှေ့မှာ လာရောက် စုဝေးနေတယ်။ ဂျူး လူမျိုးခေါင်းဆောင် တွေဟာ သူတို့ရဲ့ အပြုအမူကို လုံးဝ အလျှော့မပေးဘဲ သခင်ယေရှုကို သေဒဏ်ပေးဖို့ အော်ဟစ်နေကြတယ်။ လူတွေက သခင်ယေရှုဟာ ဘုရားသခင်ကို စွန့်ပစ်ပြီ ဆိုပြီးတော့ ရူးရူးမိုက်မိုက် အော်ဟစ်နေကြတယ်။ သခင်ယေရှုကလည်း လွတ်မြောက်ဖို့အတွက် နိမိတ်လက္ခဏာ တခုကိုမျှ မပြုဘူး။ ဒါကြောင့် သူ့ကို ကားတိုင်တင်သတ်ဖို့ အသံဟာ ပိုကျယ်လာပြီး ပိလတ်မင်းက သတ်မိန့်ကို ပေးမယ်လို့ မျှော်လင့်နေကြတယ်။ ဒါကြောင့် သခင်ယေရှုကို အရှက် ခွဲပြီးရင်း ခွဲနေကြတယ်။

ဒီအချိန်မှာ ပိလတ်ဟာ လူတယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ရမှာ ဖြစ်တဲ့အတွက် စိတ်မငြိမ်မသက်တဲ့ အပြုအမူတွေ ဖြစ်လာတယ်။ “သူ့ကို ခေါ်သွားပြီး ကားတိုင်မှာ သတ်လိုက်။ ငါကတော့ အပြစ် မတွေ့ဘူး” လို့ ဂျူးတွေကို ပြောတယ်။ တတိယအကြိမ်လည်း သခင်ယေရှုမှာ အပြစ်မရှိကြောင်း သူဝန်ခံတယ်။ ဒီလို အပြစ်မရှိသူကို ကြာပွတ်နဲ့ ရိုက်ခွင့် သူ့မှာ မရှိတဲ့အတွက် သူ့မှာလည်း အပြစ်ရှိသလို ဖြစ်တယ်။ ရောမအစိုးရက ဂျူးတွေ အချင်းချင်း သေဒဏ် ပေးတာကို ပိတ်ပင်ထား တာကို ဂျူးတွေ ရိပ်မိတယ်။ ဒါကြောင့် ဒီသေဒဏ် ပေးခွင့်ကို ဂျူးတွေဖက်ကို ပြန်ပြီးတော့ ပိလတ်က တွန်းပို့ လိုက်တယ်။ ဂျူးတွေရဲ့ ပညတ်အရတော့ ကားတိုင်မှာ တင်သတ်ခွင့် မရှိဘဲ၊ ခဲနဲ့ ပေါက်ပြီးသာ သတ်ရတယ်။ သခင် ယေရှုဟာ ဘုရားကို လွန်ကျူးတယ် ဆိုရင် ခဲနဲ့ ပေါက်ပြီးသာ သတ်ခွင့် ရှိတယ်။ သခင်ယေရှုဟာ “ဘုရားသားတော်” ဆိုတဲ့ အချက် မှန်ကန်ရင် သူ့ရှေ့မှာ ပြတ်ဝပ်ရမယ်လို့ ယုဒ ခေါင်းဆောင်တွေ သိတယ်။ ကားတိုင်ကတော့ သူဟာ ဘုရားသခင် မဟုတ်ဘူး။ ဝေဒနာတွေ ခံစားရတယ် ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားစေတယ်။ သခင်ယေရှုကို သေစေချင်ပြီး ကားတိုင်မှာသာ တင်ချင်ကြတယ်။ ဒါကိုလည်း ဘုရားသခင် ခွင့်ပြုခဲ့တယ်။

ဆုတောင်း ညှဉ်းပန်း နှိပ်စက်ခြင်းနဲ့ ဝေဒနာများ ခံစားခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒဏ်ချက်တွေကို ကိုယ်တော် ယူဆောင်သွားတယ်။ သည်းခံခြင်း၊ ချစ်ခြင်း၊ ကြီးမြတ်ခြင်းအတွက် ချီးမွမ်းပါတယ်။ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ရှင်ဘုရင် ဖြစ်တယ်။ ကိုယ်တော့် စကားကို နားထောင်ဖို့ မစပါ။ ရန်သူကိုပင် ကောင်းကြီး ပေးလျက် မုန်းသောသူတို့ကိုပင် သနားတတ်ဖို့ သွန်သင်ပေးတော်မူပါ။ ကိုယ်တော့် အသွေးတော် ကြောင့် အပြစ်အားလုံး ဆေးကြော ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အို ဘုရားသခင်ရဲ့ သားတော် ကျွန်တော်တို့ကို ကိုယ်တော် ပိုင်ပါတယ်။ ကိုယ်တော့် သန့်ရှင်းခြင်းကို ရရှိစေပြီး သနားတတ်သူများ ဖြစ်စေပါ။ ကိုယ်တော့ ဝမ်းနည်းခြင်း ဝေဒနာများ အတွက် ကျေးဇူးတင်ပါတယ်။

မေးခွန်း ၁၁၃

  1. သခင်ယေရှုကို ဝတ်ရုံခြုံ ဆူးသရဖူဆောင်းပြီး ရိုက်နှက်ခံရပုံကို မြင်တဲ့အခါ ဘာကို သင်ယူမိပါ သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:00 AM | powered by PmWiki (pmwiki-2.3.3)