Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 030 (Jesus leads his disciples to see the ready harvest)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
4. ရှမာရိပြည်သို သခင်ယေရှု ကြွတော်မူခြင်း။ (ယော ၄း ၁ - ၄၂)

b) သခင်ယေရှုက တပည့်တော်တွေကို စပါးခင်း ဝင်းမှည့်နေကြောင်း ပြတယ်။ (ယော ၄း ၂၇ - ၃၈)


ယောဟန် ၄း ၂၇ - ၃၀
၂၇ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောခြင်း ရှိတော်မူသည်ကို အံ့သြခြင်း ရှိကြ၏။ သို့သော်လည်း၊ ဘယ်အလိုတော်ရိသနည်း၊ ထိုမိန်းမနှင့် အဘယ့်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှ မလျှောက်ကြ။ ၂၈ ထိုမိန်းမသည်လည်း ရေအိုးကို ထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင်၊ ၂၉ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖေါ်သောသူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊ ၃၀ သူတို့သည် မြို့ထဲမှ ထွက်၍ အထံတော်သို့ သွားကြ၏။

စကားပြောနေတုန်း တပည့်တော်တွေ ရွာမှာ စားစရာ ဝယ်ရာက ရောက်လာတယ်။ အပယ်ခံ ရှာရိ အမျိုးသမီးနဲ့ စကားပြောတာ တွေ့တော့ အံ့အားသင့်ကြတယ်။ ဒါကို ဝိညာဉ်တော် အရှိန်ကြောင့် မပြောရဲကြဘူး။ အမျိုးသမီးရဲ့ မျက်နှာ အမူယာ ပြောင်းလဲနေတော့ ဘုရားတန်ခိုးတော်နဲ့ အံ့ဖွယ်ရာတော့ ဖြစ်ပြီလို့ ရိပ်မိကြတယ်။ ကယ်တင်ရှင်ကို သိရတော့ အမျိုးသမီးဟာ ဝမ်းမြောက်နေတယ်။

အမျိုးသမီးက အိုးကို ထားခဲ့တယ်။ သခင်ယေရှု တောင်းတဲ့ ရေတခွက်ကို မပေးဖြစ်ပေမယ့် ခွင့်လွှတ်ခြင်းကြောင့် အငတ်အမွတ် ပြေသွားပြီ။ အများအတွက် အသက်ရေ စီးရာ စမ်း ဖြစ်လာတယ်။ ရွာထဲကို ပြေးပြီး ခရစ်တော်အကြောင်း ပြောပြတယ်။ ညစ်ညမ်းစကား ပြောတဲ့ နှုတ်က ခရစ်တော်ရဲ့ အသက်စမ်းရေ အကြောင်း ပြောလာတယ်။ သူ့အပြစ်တွေကို သိနေတယ်ဆိုတဲ့ စကားနဲ့ လူတွေကို ခရစ်တော်ထံ ပို့ဆောင်တယ်။ ရွာသားတွေက သူ့စကားအရ ထူးခြားမှုတော့ ဖြစ်ပြီလို့ ရိပ်မိတယ်။ ဒါနဲ့ သခင်ယေရှုနဲ့ တပည့်တော်တွေ ရှိရာ ရေတွင်းကို ပြေးသွားကြတယ်။

ခရစ်တော်ရဲ့ နောက်ကို လိုက်သူရဲ့ အသက်တာမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်ပါပဲ။ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခရစ်တော် အကြောင်း ပြေချင်လာတယ်။ သူတို့လည်း ဝိညာဉ်တော် မ,စခြင်းကြောင့် ဆာငတ်လာမယ်။ သင်လည်း အသက်စမ်းရေ စီးရာ အရပ် ဖြစ်ပြီလား။ အပြစ်ဝန်ချလျက်၊ အသက်တာ ဆက်ကပ်ပါ။ အပြစ်ခွင့်လွှတ်ခြင်းခံစားရလျက် သူတပါးအတွက် ကောင်းကြီး ဝေငှသူ ဖြစ်လာပါလိမ့်မယ်။ ဖေါက်ပြန်ဖူးတဲ့ အမျိုးသမီးပင်လျင် သတင်းစကားကို ဝေငှနိုင်ပါတယ်။

ဆုတောင်း ကျွန်ုပ်ကို ရှာလျက်၊ သိသောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် ရှမာရိအမျိုးသမီး ပိုမကောင်းပါ။ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ဆာငတ်မှုကို ပြေစေလျက် စင်ကြယ်စေပါ။ ခမည်းတော်ဘုရားကို သိမြင်စေပါ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက် အသုံးဝင်သူ တယောက် ဖြစ်စေပါ။ ကျေးဇူးတော်ကို သိလျက် ကိုးကွယ်တတ်စေပါ။ ကိုယ်တော်ထံသို့ လူများစွာကို ပို့ဆောင်နိုင်စေပါ။ လာသောသူကို ကိုယ်တော်သည် မငြင်းပယ်ပါ။

မေးခွန်း ၃၄

  1. သက်စမ်းရေကို ဘယ်လို သောက်နိုင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:29 AM | powered by PmWiki (pmwiki-2.3.3)