Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 024 (The cross)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
2. သခင်ယေရှု နိကောဒင်နဲ့ စကားပြောခြင်း။ (ယော ၂း ၂၃ - ၃း ၂၁)

c) အသစ်တဖန်မွေးဖွါးရာ - ကားတိုင် (ယော ၃း ၁၄ - ၁၆)


ယောဟန် ၃း ၁၄ - ၁၆
၁၄ မောရှေသည် တော၌ မြွေကိုမြှောက်ထားသကဲ့သို့၊ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည့်အကြောင်းတည်း။ ၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။

သခင်ယေရှုက နိကောဒင်ကို ဆက်သင်ပေးတယ်။ ဝိညာဉ်မွေးတာဟာ နောင်တမရဘဲ၊ စိတ်မပြောင်းလဲဘဲ၊ ခရစ်တော် ကိုယ်စားအသေခံတာကို မယုံကြည်ဘဲ မရဘူး။ ဒါကို အစ္စရေးတွေရဲ့ သမိုင်းဝင် အဖြစ်အပျက်နဲ့ ရှင်းပြတယ်။ သိနာတောမှာ လှည့်လည်ခဲ့သူတွေဟာ ဘုရားသခင်ကို ပြစ်တင်ညည်းတွားကြတယ်။ လမ်းပြခြင်းကို ပုန်ကန်ကြတယ်။ (တောလည် ၂၁း ၄ - ၉) ပြစ်မှားသူတွေအပေါ် မီးမြွေတွေ စေလွတ်တဲ့အခါ လူအများအပြား သေကြတယ်။

တချို့က သူတို့အပြစ်ကို ရိပ်မိသွားတော့ ဘုရားအမျက်တော် ရုပ်သိမ်းပေးဖို့ မောရှေကို ကြားဝင် တောင်းပန်ခိုင်းတယ်။ ဘုရားသခင်က မောရှေကို ပြစ်ဒဏ်စီရင်ခြင်းရဲ့သင်္ကေတအဖြစ် ကြေးဝါမြွေရုပ်ကို လုပ်ခိုင်းတယ်။ ကြေးဝါမြွေရုပ်ကို လူတွေ မြင်အောင် မြှောက်ပြရတယ်။ အမျက်တော် ပြေပြီဆိုတဲ့ သဘောပါ။ ကြေးဝါမြွေကို ကြည့်တဲ့သူတိုင်း အပြစ်ပြေတယ်။ ဘုရားကျေးဇူးကို ယုံကြည်သူတိုင်းဟာ မီးမြွေကိုက်တဲ့ အဆိပ်ပြေတယ်။

ဧဝ စုံစမ်းခြင်းခံရကတည်းက မြွေဆိုတာ မကောင်းမှုရဲ့ သင်္ကေတပဲ။ သခင်ယေရှုကြွလာတော့ လူတွေရဲ့ အပြစ်ကို ယူဆောင်တယ်။ အပြစ်မလုပ်သူက အပြစ်သားသဖွယ် ဖြစ်ရတယ်။ သခင်ယေရှုက တောမှာ မြွေဆိပ်ပြေစေမယ့် ကြေးဝါမြွေရုပ်သဖွယ် ဖြစ်ရတယ်။ အပြစ်မရှိဘဲ အပြစ်ကို ယူဆောင်ပေးရတယ်။ ဘုရားသားတော်က မြေကြီးပေါ် ကြွလာတော့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ကြွမလာဘူး။ လူသားအဖြစ် နှိမ့်ချစွာ ကြွလာတယ်။ ပညတ်တရားရဲ့ ကျိန်ခြင်းဖြစ်တဲ့ ဝေဒနာတွေ၊ ဒဏ်ရာတွေကို ဆောင်ယူတယ်။ လူအဖြစ်နဲ့ ကိုယ်စား အသေခံတယ်။ လူသားဆိုတဲ့စကားဟာ သူ့ရဲ့ ထူးခြားမှုပဲ။ အမျက်တော်ပြေဖို့ မြွရုပ်ကို မြှောက်ထားရသလို၊ ခရစ်တော်ကလည်း အမျက်တော်ပြေမယ့် သင်္ကေတအဖြစ် ကားတိုင်မှာ မြှောက်ထားခံရတယ်။ အသေခံပေးခြင်းအားဖြင့် အပြစ်လွတ်နိုင်ဖို့ လူတွေရဲ့အပြစ်ကို သူ့အပေါ်မှာ တင်ရတယ်။

တောအရပ်မှာ ကြေးဝါမြွေရုပ်ကို မြော်ကြည့်သူတိုင်း၊ ဘုရားဂတိတော်ကို ယုံကြည်သူတိုင်း မြွေဆိပ်ပြေကြတယ်။ ကျေးဇူးပြတဲ့ သင်္ကေတကို ယုံတာနဲ့ အသက်ရှင်ခွင့်ရကြတယ်။ ကားတိုင်ကို မြော်ကြည့်သူတိုင်း ထာဝရ အသက်ရတယ်။ ရှင်ပေါလုက “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကားတိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။” အသေခံခြင်းကြောင့် အကျိုးရှိသလို၊ အသက်ရှင်ပြန်ခြင်းကြောင့်လည်း လူတွေ အကျိုးရှိပါတယ်။ ခရစ်တော် ကိုယ်စားအသေခံတာကို ယုံကြည်သူတိုင်းဟာ ဖြောင့်မတ်ရာရောက်တယ်။

ထာဝရအသက်ရှင်ခွင့်ရတယ်။ ဒါကြောင့် ထမြောက်တဲ့အရှင်နဲ့ မိသဟာယဖွဲ့ခွင့်ရတယ်။ အပြစ်ရှိလို့ အပြစ်စီရင်ခံရပေမယ့် သခင်ယေရှုကို ကြည့်လိုက်လို့ အကယ်ခံရတယ်။ အသစ်မွေးဖွါးဖန်ဆင်းလိုက်တယ်။ ဘုရားက ကားတိုင်အားဖြင့်ပဲ ကယ်လို့ရတယ်။ ဒါကြောင့် စာတန်က ကယ်တင်ခြင်းရဲ့ ခရစ်တော် ဘုရားသားတော် ဖြစ်ခြင်းနဲ့ ကားတိုင်မှာ အသေခံခြင်းဆိုတဲ့ အဓိက နှစ်ချက်ကို အမြဲတိုက်ခိုက်တယ်။ ဒါပေမယ့် ဒီနှစ်ချက်ကြောင့် လူတွေ ကယ်တင်ခြင်းရတယ်။

ဘုရားက ချစ်တယ်။ သနားကရုဏာက ပင်လယ်သမုဒ္ဒရာလို ကျယ်ပြောတယ်။ ချစ်ခြင်းမေတ္တာကြောင့် လမ်းလွဲနေတဲ့ လောကလူတွေကို မစွန့်ပစ်နိုင်ဘူး။ ဆက်ချစ်နေတယ်။ ပုန်ကန်နေသူတွေကို မပစ်ပယ်ဘဲ၊ သနားနေတယ်။ အသေခံယဇ်ပူဇော်ပေးခြင်းက ကယ်တင်ခြင်းအတွက် လုံလောက်တယ်။ သားတော်မပါဘဲ၊ ကယ်တင်ခြင်း မရဘူး။ ကိုယ်မိတ်ဆွေအတွက် အထုအထောင်း ခံနိုင်မလား။ ကိုယ်စား ထောင်အကျခံနိုင်မလား။ ကိုယ်စားအသေခံမလား။ ကိုယ်မိတ်ဆွေဆိုတော့ ချစ်မှာပေါ့။ ဒါပေမယ့် ရန်သူအတွက်ဆိုရင် ဘယ်တော့မှ လုပ်ပေးမှာ မဟုတ်ဘူး။ ဒီအချက်က ဘုရားမေတ္တာ ကြီးမြတ်ကြောင်း ပြနေတယ်။ သားတော်ကို စွန့်ပြီး အပြစ်သားတွေကို ကယ်တယ်။

ခရစ်တော်က လူတွေကို ကားတိုင်ပေါ်မှာ အပြီးကယ်တယ်။ သူ အသေခံလို့သာပေါ့။ ယဉ်ကျေးသူဖြစ်စေ၊ အရိုင်းဖြစ်စေ၊ ချမ်းသာ၊ ဆင်းရဲ၊ လူကောင်း၊ လူဆိုး၊ ဘယ်သူမှ ကိုယ့်ကိုကိုယ် မကယ်နိုင်ဘူး။ ခရစ်တော်က လူတွေကို ဘုရားသခင်နဲ့ ပြန်သင့်မြတ်စေတယ်။

အံသြစရာက ဒီအချက်ကိုလည်း ယုံကြည်သူမှတပါး လောကီသားတွေ နားမလည်နိုင်ပြန်ဘူး။ ကယ်တင်ရှင်ကို အားကိုးမှ ကယ်တင်ခြင်းရတယ်။ မယုံကြည်ရင် အမျက်တော်အောက်မှာ ရှိနေဆဲပဲ။ ကိုယ်လုပ်သမျှဟာ ဘုရားသန့်ရှင်းခြင်းနဲ့ တိုင်းတာရင် အဝတ်စုတ်မျှသာပဲ။ ဒီစကားတွေကို ပညတ်သမား နိကောဒင်ကြားတော့ အံ့သြတုန်လှုပ်သွားတယ်။

ကားတိုင်မှာ ကယ်တာ လက်ခံတယ်။ အသေခံတဲ့ သားတော်ကို ယုံတယ်ဆိုရင် အသက်ရှင်မယ်။ ဘုရားနဲ့သူ့ကြား ဘာအတားအဆီးမှ မရှိတော့ဘူး။ အပြစ်လွှတ်ပေးတဲ့ သခင်ယေရှုကို ကျေးဇူးတင်ကြပါစို့။ ကိုယ်တော်ထံ အသက်တာ အပ်နှံကြပါစို့။ ခရစ်တော်ကို ယုံရင် အသက်ရှင်မယ်။ မသေတော့ဘူး။ ခရစ်တော်ကို လက်ခံရင် ထာဝရအသက်ရတယ်။ သန့်ရှင်းသော ဝိညာဉ်တော် အထဲမှာ ကျိန်းဝပ်လာမယ်။ အငယ် ၁၄ မှ ၁၆ အထိ နားလည်ရင် ဧဝံဂေလိတရားရဲ့ အဓိပ္ပါယ်ကို နားလည်တာပဲ။

ဆုတောင်း မေတ္တာတော်ကြောင့် ကိယ်တော်ကို ကိုးကွယ်ရပါ၏။ သားတော်ကို စေလွှတ် အသေခံစေတယ်။ အပြစ်နှင့် ဘေးဒဏ်များကို ယူဆောင်းပေးခဲ့ပါ၏။ အမျက်တော်ဘေးမှ လွတ်စေပါ၏။ ကားတိုင်ကို မြော်ကြည့်လျက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ အပြစ်မျာဒခွင့်လွှတ်လျက် လူတို့နှင့် ပြန်ပြေလည်စေပါ၏။ ဒီအကြောင်းကို သူတပါးတို့အား ပြန်ပြောပြနိုင်စေပါ။ သူတို့လည်း ယေရှုခရစ်တော် အားဖြင့် ထာဝရအသက်ရစေပါ။

မေးခွန်း ၂၈

  1. တောထဲက ကြေးဝါမြွေရုပ်က ခရစ်တော်ကို ဘယ်လိုပုံဆောင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:28 AM | powered by PmWiki (pmwiki-2.3.3)