Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 023 (Need for a new birth)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
2. သခင်ယေရှု နိကောဒင်နဲ့ စကားပြောခြင်း။ (ယော ၂း ၂၃ - ၃း ၂၁)

အသစ်မွေးဖွါးဖို့ လိုအပ်ချက် ။ (ယော ၃း ၁- ၁၃)


ယောဟန် ၃း ၆- ၈
၆ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ ၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။ ၈ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထို့နည်းတူ ဝိညာဉ်တော်မွေးသောသူ ဖြစ်သည်ဟု မိန့်တော်မူ၏။

ပြောင်းလဲဖို့ လိုတယ်လို့ သခင်ယေရှုက ပြောတယ်။ ခန္ဓာနဲ့ဝိညာဉ်က သိပ်ကွာခြားသလို၊ အခု ပြောင်းလဲခြင်းကလည်း သိပ်ထူးခြားတယ်။ အသွေးအသား "flesh" ဆိုတဲ့ စကားဟာ ဓမ္မသစ်မှာ ကျဆင်းတဲ့လူကို ပြောတာ ဖြစ်တယ်။ ပျက်စီးနေတာကို ဆိုလိုတယ်။ လူ့ခန္ဓာကိုယ်ကိုသာမက စိတ်၊ ဝိညာဉ်ရဲ့ ပုန်ကန်မှုကိုလည်း ဆိုလိုတယ်။ လုံးဝ ပျက်စီးနေတယ်။ “လူ့စိတ်နှလုံးထဲက ဆိုးညစ်သောအရာ ထွက်၏။” ကောင်းကင်ဝင်ဖို့ မဖြစ်နိုင်ဘူး။ မွေးကတည်းက ဆိုးညစ်တယ်။ ဆိုးညစ်မှုတွေ စတည်ရာ အရပ် ဖြစ်နေတယ်။

“ဝိညာဉ်” က ဘုရားနဲ့ဆိုင်ပြီး၊ စစ်မှန်ခြင်း၊ ဖြူစင်ခြင်း၊ တန်ခိုး၊ ချစ်ခြင်းတွေနဲ့ ပြည့်နေတယ်။ ဆိုးညစ်သူကို ဘုရားက မပစ်ပယ်ဘူး။ ဒါပေမယ့် အသွေးအသားကို အနိုင်ယူမယ်။ ဒါကြောင့် ဒုတိယတခါ မွေးဖို့ လိုတယ်။ အလိုတော်အတိုင်း အသက်ရှင်နိုင်ဖို့၊ အသွေးအသားလိုအင်တွေကို ဝိညာဉ်က ဖျက်ဆီးပေးတယ်။ အသစ်မွေးပြီလား။ အသွေးအသားလက်မှ လွတ်ပြီလား။

တတိယအကြိမ် သခင်ယေရှုက နူးညံ့စွာ ပြောတယ်။ “မင်းတို့ လွှတ်တော်အဖွဲ့ဝင်တွေလည်း အသစ်တဖန် မွေးဖို့လိုတယ်။” ဒါက ဘုရားရဲ့ တောင်းဆိုချက်ပဲ။ “မွေးရမယ်” "must" ဆိုတဲ့စကားက အမိန့်ဖြစ်တယ်။ စိတ်မပြောင်းလဲရင် ဘုရားကို မသိနိုင်၊ ကောင်းကင်မရောက်နိုင်ဘူး။

လေတိုက်သံကို ကြားဖူးသလား။ အသစ်တဖန်မွေးတာဟာ လေတိုက်တာနဲ့ တူတယ်။ လေဝင်လာပြီး လေထွက်သွားတာနဲ့ တူတယ်။ ကောင်းကင်က မွေးပြီး၊ ဘုရားသခင်ထံပြန်ရတယ်။ လေတိုက်သံက လေရှိကြောင်းကို သိရစေတယ်။

အသစ်မွေးသူတွေရဲ့ မြင်သာတဲ့ လက္ခဏာက ဝိညာဉ်တော် စကားပြောခြင်းပဲ။ စိတ်ထဲရှိတာ မပြောဘူး။ ဝိညာဉ်တော် နှိုးဆော်တဲ့အတိုင်း ပြောတယ်။ စိတ်နှလုံးမှာ ဝိညာဉ်တော် ဆင်းသက်ပြီလား။

ယောဟန် ၃း ၉ - ၁၃
၉ နိကောဒင်ကလည်း ဤအမှုအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊ ၁၀ တဖန် ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။ ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏။ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း၊ ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။ ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။ ၁၃ ကောင်းကင်ဘုံက ဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။

ခရစ်တော် ရှင်းပြတာ ကြားရတဲ့အခါ နိကောဒင်မှာ ဝိညာဉ်တော်ရဲ့ တို့ထိမှုကို ခံစားလိုက်ရတယ်။ ဘုရားရဲ့ တို့ထိမှုကို နှလုံးသားက သိတယ်။ ဒါပေမယ့် အဓိပ္ပါယ် လေးနက်တော့ နားမလည်ဘူး။ “ဒီလိုမွေးလို့ ရမယ် မထင်ဘူး” လို့ ညည်းမိတယ်။ မရနိုင်ဘူးဆိုတဲ့ ဝန်ခံခြင်းမျိုးသာ ဖြစ်နေတယ်။ သခင်ယေရှုက နည်းလမ်းပေးတယ်။ “တချို့က သူတို့ကိုယ်သူတို့ သိပ်တော်တယ် ထင်တဲ့အတွက် စကားလာမပြောဘူး။ နိကောဒင်က သိပ်တော်တယ်။ စကားလာပြောတယ်။ ဝိညာဉ်တော်ရဲ့ အလိုကို မသိပေမယ့် ငါ့ကို ချီးမြှောက်တဲ့သူ ဖြစ်တယ်။ ကိုးကွယ်သမျှ၊ ပေးလှူသမျှ၊ ပညတ်တော် စောင့်ထိန်းသမျှဟာ အချည်းအနှီးပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော်ရဲ့ သဘောသဘာဝကိုမှ မသိဘဲ။” လို့ သခင်ယေရှုက ဆိုတယ်။

လူပရိတ်သတ်ကို သခင်ယေရှုက တတိယအကြိမ်ပြောတာက “ငါအမှန်အကန်ဆိုသည်ကား။” တဲ့။ ဒီစကားပြောတိုင်းမှာ သခင်ယေရှုက အသစ်သော တရားသဘောကို ချပြလေ့ရှိတယ်။ လူ့ဥာဏ်နဲ့ နားလည်ဖို့ ခက်တဲ့အတွက် ဖြစ်တယ်။

နိကောဒင် သင်ယူနေရတဲ့ အကြောင်းအရာ အသစ်က ဘာလဲ။ ခရစ်တော်က လူတယောက်ရဲ့ နာမ်စား “I” ငါကနေ၊ အများ “We” ငါတို့ဖက်ကို ရွေ့လိုက်တယ်။ ဒါက သူကိုယ်တိုင် ဝိညာဉ်တော်နဲ့ ပူပေါင်းလိုက်တာ ဖြစ်တယ်။ ခရစ်တော်က ဘုရားနဲ့အတူ ရှိတယ်။ လူ့ဇာတိခံယူတဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ လူတွေ မရိပ်မိတဲ့အရာကို ပြောပြနေတာ ဖြစ်တယ်။ ဝိညာဉ်တော်နဲ့ မိသဟာယဖွဲ့နေကြောင်း ပြောနေတယ်။ ယုံကြည်နိုင်လောက်စရာ သက်သေပြနေတယ်။

လူတွေထက် ကိုယ်တော်ပိုသိနေတဲ့အရာက ဘာလဲ။ သူက ဘုရားသခင်ကို သိတယ်။ ခမည်းတော်လို့ ခေါ်နေခြင်း ဖြစ်တယ်။ ဒါကို ဝိညာဉ်တော်မရတဲ့ ခေါင်းဆောင်တွေက နားမလည်နိုင်ဘဲ ငြူစူစရာ ဖြစ်နေတယ်။ ခမည်းတော်ထံမှ ကြွလာတယ်။ ခမည်းတော်ထံ ပြန်မယ်။ ကောင်းကင်မှ ဆင်းသက်တယ်။ ကောင်းကင်ကို ပြန်တက်မယ်။ ဘုရားနဲ့လူ ကွဲကွာနေတဲ့အရာဟာ သခင်ယေရှု လူ့ဇာတိခံယူတဲ့အခါ ပြန်လည်ညီညွတ် ပေါင်းစည်း သွားတယ်။ ထာဝရကာလဆိုတာ မဝေးတော့ဘူး။ ကြောက်စရာလည်း မလိုဘူး။ အနီးအနားမှာ ကမ်းလင့်နေပြီ။ ဒါကို လူက မရိပ်မိဘူး။ ဝိညာဉ်တော်ဖွါးတဲ့သားနဲ့ ခမည်းတော်ရဲ့ တလုံးတဝတည်း ဖြစ်မှုကို နားမလည်ဘူး။ မယုံကြည်သလို၊ အပြစ်လည်း ဝန်မခံကြဘူး။ တဖန်ပြန်လည် မွေးဖို့လိုတာ မမြင်ကြဘူး။ သူတို့ကိုယ်သူတို့ လူကောင်း ဖြစ်တယ်၊ ဥာဏ်ကောင်းတယ် ဆိုပြီး အမှားထဲမှာ ကျင်လည်နေတယ်။ ကိုယ်ကိုကိုယ် ကြေနပ်ခြင်းဟာ သန့်ရှင်းသော ဘုရားကို နားလည်ဖို့ ခက်ခဲစေတယ်ဆိုတာ သိသင့်ပါတယ်။

ဆုတောင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားကို ကိုးကွယ်ပါ၏။ မေတ္တာတော်ကြောင့် အသစ်ဖြစ်စေလျက်၊ သားသမီး ဖြစ်စေပါ၏။ လူများစွာ ကယ်တင်ခြင်းရစေဖို့ ဝိညာဉ်တော်ဘုရား ကိုင်လှုပ်တော်မူပါ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားကို လူတွေ သိမြင်စေပါ။ လူအများ အသစ်တဖန် မွေးဖွါးစေပါ။

မေးခွန်း ၂၇

  1. အသစ်မွေးဖွါးခြင်းရဲ့ လက္ခဏာတွေကို ဖေါ်ပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:28 AM | powered by PmWiki (pmwiki-2.3.3)