Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 063 (The Jews interrogate the healed man)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
2. မွေးကတည်းက မျက်စိကန်းခဲ့သူကို ပြန်မြင်စေခြင်း။ (ယောဟန် ၉း ၁- ၄၁)

b) ယုဒလူတွေက မျက်စိပြန်မြင်လာသူကို စုံစမ်းမေးမြန်းလာတယ်။ (ယောဟန် ၉း ၁၃- ၃၄)


ယောဟန် ၉း ၁၃-၁၅
၁၃ “လူများသည်လည်း မျက်စိကန်းဖူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။ ၁၄ ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။ ၁၅ တဖန် ဖါရိရှဲတို့က အဘယ်သို့ သင်၏မျက်စိမြင်သနည်းဟု မေးပြန်လျှင် အကျွန်ုပ်မျက်စိ၌ သူသည်ရွှံ့ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။”

ယုဒလူတွေရဲ့ဘဝက အကျဉ်းသားဘဝဖြစ်နေတယ်။ မျက်စိပြန်မြင်လို့ ပျော်ရမယ့်အစား ဥပုသ်နေ့ ဖြစ်တာကို စိတ်ဝင်စားနေတယ်။ မျက်စိပြန်မြင်တဲ့သူကို အိမ်နီးနားချင်းတွေနဲ့ သူလျှိုတွေက ဖါရိရှဲထံ ပို့တယ်။ ဘုရားသခင်ကြောင့် မျက်စိပြန်မြင်တာလား စာတန်အပေါင်းအပါကြောင့် မျက်စိပြန်မြင်တာလားလို့ ဆုံးဖြတ်ဖို့ ဖြစ်တယ်။

ဒါကြောင့် ဒီလိုဆွေးနွေးစွပ်စွဲချက်တွေ သခင်ယေရှုအပေါ် စလုပ်လာတယ်။ မျက်စိပြန်မြင်လာတဲ့ သူက သူပြန်မြင်လာပုံကို ပြန်ပြောပြတယ်။ သခင်ယေရှုက မျက်စိ ပြန်မြင်စေတဲ့အတွက် သူဝမ်းမြောက်တဲ့ အကြောင်းကို တိုတိုရှင်းရှင်း ပြောတယ်။

ယောဟန် ၉း ၁၆- ၁၇
၁၆ “ဖါရိရှဲအချို့တို့က ထိုသူသည်ဥပုသ်မစောင့်။ ဘုရားသခင် စေလွှတ်တော်မူသော သူမဟုတ်ဟု ဆိုကြ၏။ အချို့တို့က ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟုဆိုကြ၏။ ထိုသို့ အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်ကြ၏။ ၁၇ တဖန် မျက်စိကန်းဖူးသောသူအား သင်၏မျက်စိကို ဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟု ဆို၏။”

ပြစ်တင်စစ်ဆေးပြီးတဲ့အခါ ကြားနာသမားတွေက စတင်ငြင်းခုံလာတယ်။ ဘုရားရဲ့ပညတ်ကို ချိုးဖျက်တဲ့အတွက် သခင်ယေရှုမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်မရှိဘူးလို့ ဆိုတယ်။ ဒါကြောင့် ဆင်ခြင်တုံ ဥာဏ်အားဖြင့် သခင်ယေရှုကို တရားစီရင်ဖို့လုပ်ကြတယ်။

တချို့သူတွေကတော့ မျက်စိကန်းတဲ့သူရဲ့အပြစ်နဲ့ သူ ပြန်မြင်လာတာတွေ၊ ခွင့်လွှတ်ခြင်းခံရတာတွေ ဆက်စပ်ကြည့်တယ်။ ဒီလို မျက်စိပြန်မြင်ခြင်းဟာ နက်နဲတဲ့အဓိပ္ပါယ်တွေ အများကြီးရှိမယ်။ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းနဲ့ဆိုင်မယ်။ ဒါကြောင့် သခင်ယေရှုဟာ အပြစ်သားတော့မဖြစ်နိုင်ဘူး။ အပြစ်ကိုခွင့်လွှတ်ပေးသူနဲ့ ဒုက္ခဆင်းရဲကို ကယ်နှုတ်ပေးနိုင်သူသာ ဖြစ်မယ်လို့ ဆိုတယ်။

အုပ်စုနှစ်စုကွဲပြီး ညှိလို့မရဖြစ်ခဲ့တယ်။ နှစ်ဖက်စလုံးက အကန်းတွေဖြစ်ပြီး၊ သခင်ယေရှုကို လွန်လွန်ကဲကဲ ထောက်ပြဝေဖန်နေတယ်။ ပြီးမှ မျက်စိပြန်မြင်သူကို သခင်ယေရှု ဘာပြောသေးလဲလို့ မေးတယ်။ သခင်ယေရှုကို ဘယ်လိုသဘောထားလဲလို့ မေးတယ်။ ဒီလိုမေးခွန်းတွေဟာ သခင်ယေရှုကို သိတဲ့သူတွေအတွက်တော့ အဆင်ပြေမယ်။ တဖန်မွေးပြီးသူတွေ၊ ဘုရားရဲ့အမျက်တော်အောက်မှ လွတ်မြောက်လာသူတွေအတွက်တော့ အဆင်ပြေမယ်။ ဝိညာဉ်တဖန်မမွေးဖွားသူဆိုရင်တော့ ဘုရားကို မမြင်နိုင်ဘူး။

မျက်စိပြန်မြင်သူ စဉ်းစားတယ်။ ဒါဆို သခင်ယေရှုက ဘယ်သူလဲ။ သခင်ယေရှုဟာ သမိုင်းတလျှောက်က လူတွေလိုပဲလို့ စဉ်းစားမိတယ်။ သမိုင်းတလျှောက်လုံးမှာ နိမိတ်လက္ခဏာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မွေးကတည်းက မျက်စိကန်းတဲ့သူကို ပြန်မမြင်စေနိုင်ဘူး။ သခင်ယေရှုရဲ့ အပြုအမူက စဉ်းစားတတ်တဲ့သူဆိုရင် အတုမရှိသော ကယ်တင်ရှင်ပဲ။ ဒါကြောင့် ဒီလူက သခင်ယေရှုကို ပရောဖက်လို့ခေါ်တယ်။ အနာဂတ်ကို ကြိုမြင်ရုံသာမဟုတ် ဘုရားသခင်ရဲ့တန်ခိုးတော်နဲ့အတူ လုပ်ဆောင်နိုင်သူလို့ ဆိုလိုတယ်။ ပရောဖက်ဆိုတာ ဘုရားသခင်ရဲ့အလိုတော်ကို ဖေါ်ပြပြီး လူတွေရဲ့စိတ်နှလုံးကို ဆန်းစစ်သူဖြစ်တယ်။

ယောဟန် ၉း ၁၈- ၂၃
၁၈ “ထိုသူသည် အထက်က မျက်စိမမြင်၊ နောက်မှ မျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏မိဘကို ခေါ်၍၊ ၁၉ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။ ၂၀ မိဘတို့ကလည်း ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို၎င်း အကျွန်ုပ်တို့ သိကြပါ၏။ ၂၁ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏မျက်စိကို ဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင် ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။ ၂၂ ဤသို့ပြောသည်အကြောင်းကား ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။ ၂၃ ထိုကြောင့် မိဘတို့က သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။”

ယုဒလူတွေက ဓမ္မဟောင်းကာလ နိမိတ်လက္ခဏာနဲ့ ခရစ်တော်ရဲ့ နိမိတ်လက္ခဏာကို နှိုင်းယှဉ်စဉ်းစားဖို့ ငြင်းဆန်ကြတယ်။ ဘုရားသခင်စေလွှတ်တဲ့သူ ပရောဖက်လို့ မယုံကြဘူး။ ယုံကြည်လို့ရှိရင် သူတို့အခုယူထားတဲ့ ရာထူးတွေဟာ အလွဲဖြစ်ပြီး၊ ကဲ့ရဲ့စရာဖြစ်မယ်။

ဒီနိမိတ်လက္ခဏာရဲ့ သက်ရောက်မှုဟာ သူတို့ကို အကြီးအကျယ် သိက္ခာကျစေတယ်။ ခရစ်တော်လုပ်တဲ့ နိမိတ်လက္ခဏာဟာ မရှိနိုင်ဘူးလို့ သူတို့ပြောချင်နေကြတယ်။ မွေးကတည်း မျက်စိကန်းတဲ့သူ၊ မျိုးရိုးကြောင့် ဖြစ်တဲ့သူကို ပြန်မြင်အောင်လုပ်ဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ဘူး။

တည်း မျက်စိကန်းတဲ့သူ၊ မျိုးရိုးကြောင့် ဖြစ်တဲ့သူကို ပြန်မြင်အောင်လုပ်ဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ဘူး။ မိဘတွေကိုခေါ်လာပြီး သူတို့သားရဲ့အကြောင်းတွေကို ရဲနဲ့မေးကြတယ်။ မိဘတွေက ဖါရိရှဲတွေကို ကြောက်ရတယ်။ သူတို့သားဆီက အရင်ကြားနှင့်တာလည်း ရှိနိုင်တယ်။ သူတို့က သားနဲ့အတူ ဒီပြဿနာထဲမှာ မပါချင်ဘူး။ ဒါကြောင့် သူတို့သားကို ဒီအတိုင်းပဲလွှတ်ထားပြီး သူ့ကိစ္စသူတာဝန်ယူဖို့ ပစ်ထားကြတယ်။ လွှတ်တော်က မေးတဲ့စကားကလည်း အန္တရာယ်ကြီးတယ်။ အသိုင်းအဝိုင်းမှ အနူတယောက်လို ကျင်ဖယ် ခံရနိုင်တယ်။ အခွင့်အရေးတွေ ဆုံးရှုံးတဲ့အပြင် အိမ်ထောင်ပြုမှုကိုလည်း ငြင်းပယ်လာမယ့် သဘောရှိတယ်။ ယုဒလူတွေက သခင်ယေရှုကို မုန်းတဲ့အတွက် သူ့ရဲ့နောက်လိုက်တွေကိုလည်း ဖျက်ဆီးချင်လာတယ်။

ဆုတောင်း သခင်ယေရှုဘုရား လူ့ကိုယ်ခန္ဓာကိုဖန်ဆင်းတဲ့ ကိုယ်တော်ရဲ့ အခွင့်အာဏာတော်အတွက် ကျေးဇူးတင်ပါတယ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အခါ ကိုယ်တော်ကို အားကိုးပြီး လုံခြုံနှစ်သိမ့်မှုခံရဖို့ မစပါ။ ကိုယ့်အလိုကို ငြင်းလျက် ရဲဝံ့စွာ၊ သစ္စာရှိစွာ အသက်ရှင်ဖို့မစပါ။ ကိုယ်တော်ကို စွန့်ပစ်သူ ငြင်းပယ်သူဖြစ်မယ့်အား သေခြင်းကိုသာ ရွေးတဲ့သူဖြစ်စေပါ။

မေးခွန်း ၆၇

  1. မွေးကတည်းက မျက်စိကန်းတဲ့သူ ပြန်မြင်နိုင်တာကို ဘာကြောင့် ယုဒလူတွေ ငြင်းပယ်ကြသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:52 AM | powered by PmWiki (pmwiki-2.3.3)