Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 057 (Jesus the light of the world)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

d) လောကသားတို့ရဲ့ အလင်းဖြစ်တဲ့ သခင်ယေရှု (ယောဟန် ၈း ၁၂- ၂၉)


ယောဟန် ၈း ၂၅- ၂၇
၂၅ “ထိုသူတို့ကလည်း သင်သည် အဘယ်သူနည်းဟုမေးလျှင် ယေရှုက ငါသည် သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။ ၂၆ သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကို စေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါပြောသည်ဟု မိန့်တော်မူ၏။ ၂၇ ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။”

ခရစ်တော်က သူဟာ ဘုရားဖြစ်ကြောင်း ဆက်ပြောနေပေမယ့် ယုဒလူတွက သင် ဘယ်သူလဲ ငါတို့သိအာင် တိတိကျကျပြောပါလို့ ဆက်မေးနေတယ်။ မမေးခင်ကတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။

သခင်ယေရှုက အစကတည်းက ငါဟာ မှန်တဲ့ဘုရားသခင်ဖြစ်တယ်။ ငါ့စကားကို မင်းတို့ နားမလည်ဘူး။ ငါ့စိတ်ဝိညာဉ်ကလည်း မင်းတို့မှာ တည်ရာမရဘူး။ ငါ့နာမတွေ ဂုဏ်တော်တွေကို မင်းတို့ နားမလည်ဘူး။ ငါဟာ လူ့ဇာတိခံတဲ့ ဘုရားနှုတ်ကပတ်တော် ဖြစ်တယ်။ ဒါပေမယ့် မင်းတို့နားမထောင်ဘူး နားမလည်ဘူး။ မင်းတို့က ဒီလောကအောက်အရပ်သားတွေ ဖြစ်တယ်။ ဘုရားသခင်ထံမှ မဟုတ်ဘူး။ ဒါကြာင့် ငါ့ဝိညာဉ်ကိုအခွင့်မပေး မင်းတို့ကို ခဏခဏပြောပြီးပြီ။ ဒါပေမယ့် စိတ်နှလုံးက ခိုင်မာနေတုန်း၊ ဒါကြောင့် ငါ့စကားဟာ မင်းတို့ကို တရားစီရင်လိမ့်မယ်။ ငါ မင်းတို့ကိုချစ်သ်ာလည်းပဲ၊ မင်းတို့အကြောင်းကို ပြောပြနေသော်လည်း မင်းတို့ထဲက တယောက် နှစ်ယောက်သာ ငါ့ရဲ့ကြီးမြတ်ခြင်းကိုနားလည်လာတယ်။ မင်းတို့ကို ငါကယ်ချင်တယ်။ ဘုရားသခင်ဟာ လိမ်ညာတဲ့သူ မဟုတ်ဘူး။ မှန်သောသစ္စာဖြစ်တယ်။ သမ္မာတရားဖြစ်တယ်။ ဒါပေမယ့် ဒီသမ္မာတရားဟာ မင်းတို့ကို ဖျက်ဆီးလိမ့်မယ်။ သူတို့က ထာဝရဘုရားရဲ့ဝိညာဉ်ကို စိတ်နှလုံးမှာ လက်မခံဘူးလို့ ဆိုတယ်။ ဒီလေးနက်တဲ့ အဓိပ္ပါယ်ကို ယုဒလူတွေက နားမလည်နိုင်ဘူး။ ခမည်းတော်နဲ့ ခရစ်တော်ရဲ့ တလုံးတဝဖြစ်မှုကိုလည်း မခွဲတတ်ဘူး။ စကားတော်ကြားလည်း မရှင်းဘူး။ ဘာကြောင့်လည်းဆိုတော့ မယုံကြည်လို့ပဲ။ ရိုးရိုးလေးယုံကြည်လိုက်ခြင်းဟာ နက်နဲတဲ့ သမ္မာတရားကို နားလည်စေတယ်။

ယောဟန် ၈း ၂၈- ၂၉
၂၈ “ထိုကြောင့် ယေရှုက သင်တို့သည် လူသားကိုမြှောက်ထားသောအခါ ငါသည် ဤမည်သာသူဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။ ၂၉ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြာင်းမူကား နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။”

သခင်ယေရှုက သူ့ရန်သူတွေအပြင် တပည့်တော်တွေပါ သူ့အကြောင်း နားမလည်တာကို သိတယ်။ သန့်ရှင်းသော ဝိညာဉ်တော် မသွန်းလာင်းသေးဘူး။ ဒါပေမယ့် သခင်ယေရှုက ကားတိုင်မှာ မြှောက်ထားမယ့်အကြာင်း၊ လောကရဲ့အပြစ်ကို သယ်ဆောင်မဲ့အကြောင်း၊ ခမည်းတော်ထံ တက်ကြွယ့်မယ့် အကြောင်းတွေ ပြောပြနေတယ်။ သူ့ကိုသိလာတဲ့ ယုဒလူတွေနဲ့ တပါးအမျိုးသားတွေရဲ့ဥာဏ်ဟာ ပွင့်လင်းလာတယ်။ ခရစ်တော်ရဲ့ဘုရားဖြစ်ခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုအားဖြင့်သာသိနိုင်တယ်။ လူ့ဦးနှောက်နဲ့ သိပ်နားမလည်နိုင်ဘူး။ တဖန် ပြန်မွေးမှသာ ခရစ်တော်ရဲ့နူးညံ့သိမ်မွေ့ခြင်းကို ပိုနားလည်လာမှာဖြစ်တယ်။

ခရစ်တော်က သူတယာက်တည်းမဟုတ်ဘူး။ ဘုရားဇာတိရှိတယ်။ ခမည်းတော်နဲ့ တလုံးတဝတည်း ဖြစ်တယ်။ ခမည်းတော်မပါဘဲ ဘာမှမလုပ်ဆောင်ဘူးလို့ ဆိုတယ်။ သူ့သဘာနဲ့သူလည်းမလုပ်ဖူး။ သူဟာ ဘုရားရဲ့ တမန်တော်လိုသာ နှိမ့်ချစွာ ဖေါ်ပြတယ်။ ဒီကျမ်းချက်တည်းမှာပဲ သူဟာ ခေတ်ကာလရဲ့သမိုင်းသခင် ဖြစ်တယ်လို့ လည်း ဖေါ်ပြတယ်။

ခမည်းတော်ဘုရားဆိုတာ နားလည်ရမလွယ်ပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ပွင့်လင်း မြင်သာစေတယ်။ ဒါပေမယ့် ရှင်ယောဟန်က အဓိပ္ပါယ်ကို မှတ်တမ်းတင်တဲ့အခါ တလုံးတဝတည်း သုံးပါးတဆူ ဖြစ်ကြောင်း ဖေါ်ပြတယ်။ ခမည်းတော်ဟာ ငါနဲ့ရှိတယ်၊ အခုပင်ရှိတယ်။ ငါနဲ့တစက်ကလေးမှ မခွဲခွါဖူး။ သားတော်ကလည်း ခမည်းတော်ကို မစွန့်ပစ်ဖူး။ မပုန်ကန်ဖူး။ ခမည်းတော်ရဲ့အလိုတော်ကို လိုက်နာတယ်။ ကောင်းကင်မှ ဆင်းပြီး လူအဖြစ် ခံယူတယ်။ ခမည်းတော်ရဲ့အလိုကိုဆောင်တယ် လို့ ဆိုတယ်။ ခမည်းတော် နှစ်သက်တဲ့ အရာကို အချိန်တိုင်းဆောင်ရွက်တယ်ဆိုတဲ့စကားဟာ သိပ်ကောင်းတဲ့စကားဖြစ်တယ်။ သခင်ယေရှု တပါးတည်းသာ ပြောနိုင်တဲ့ စကားမျိုးဖြစ်တယ်။ ခမည်းတော်နဲ့ အမြဲတမ်း တလုံးတဝတည်းဖြစ်တယ်။ ဝိညာဉ်တော် ပြည့်ဝနေတယ်လို့ဆိုတယ်။ သခင်ယေရှုက ပညတ်တရားကို ပြည့်စုံစေတယ်။ ဓမ္မသစ်ကျမ်းရဲ့တရားစကားကို စုံလင်စေတယ်။ သူတပါးတည်းသာ ပညတ်တရားကို စောင့်ထိန်းနိုင်တယ်။ ဒါပေမယ့် ယုဒလူတွက သူ့ဟာ ဘုရားကို ပစ်မှားပြီ။ တရားကို ဖေါက်ဖျက်ပြီ၊ လူတွေကို လမ်းလွဲစေပြီလို့ ဆိုတယ်။

ခရစ်တော်ရဲ့စကားထဲမှာ ဝိညာဉ်တော်ရဲ့အသံကို ကြားမိရဲ့လား။ ကြီးမြတ်မှုနဲ့ နှိမ့်ချမှု ဒွန်တွဲတာကို နားလည်ရဲ့လား။ လွတ်လပ်မှုနဲ့ ဝန်ခံမှု ရောယှက်နေတယ်။ ဒါကြောင့် သူဟာဘုရားကိုချစ်ပြီး မိတ်သဟာဖွဲ့ ဝန်ခံစေခြင်းနဲ့အတူ လွတ်လပ်မှုကိုလည်း တပြိုင်နက်တည်းပေးတယ်။ ဘုရားကျေးဇူးကြောင့်လွတ်လပ်လာပြီး ဘုရားနဲ့အတူ အလုပ်လုပ်လာတယ်။ ဘုရားက ကိုယ့်ကိုသွန်သင်တယ်။ ဘုရားမပါဘဲ အလုပ်မလုပ်တော့ဘူး။ ဘုရားသခင်ကို အမြဲတမ်းစိတ်ပျော်ရွှင်စေလိမ့်မယ်။

ဆုတောင်း သခင်ယေရှုဘုရား … ကိုယ့်အားနည်းချက်အတွက် ရှက်မိပါ၏။ အပြစ်များအတွက် ရှက်ပါ၏။ ခွင့်လွှတ်တော်မူပါ။ ဝိညာဉ်တော် လမ်းပြခြင်းအားဖြင့် အသက်တာ သန့်ရှင်းစေပါ။ စိတ်နှလုံးကိုဖွင့်ဟလျှက် ထာဝရချစ်ခြင်းမေတ္တာကို နားလည်ဖို့ လမ်းပြတော်မူပါ။

မေးခွန်း ၆၁

  1. သုံးပါးတဆူဘုရားအကြောင်း သခင်ယေရှု ဘယ်လိုပြောပြခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:48 AM | powered by PmWiki (pmwiki-2.3.3)