Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 019 (The first six disciples)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

3. ပထမဆုံး တပည့်တော် ၆ ယောက် (ယောဟန် ၁း ၃၅ - ၅၁)


ယောဟန် ၁း ၄၇ - ၅၁
၄၇ နာသနေလ လာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်း အပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ကို ကြည့်လော့ ဟု ထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။ ၄၈ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်း ဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကို မခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍ မိန့်တော်မူလျှင်၊ ၄၉ အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏။ ဣသရေလလူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ ဟု နာသနေလ လျှောက်လေ၏။ ၅၀ တဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟု ဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတ္တံ့။ ၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတ္တံ့။

နာသနေလဟာ သူ့အထဲကို သခင်ယေရှု သိမြင်တာတွေ့တော့ လန့်သွားတယ်။ သူက ဓမ္မဟောင်း စံနှုန်းအတိုင်း အသက်ရှင်တယ်။ နှစ်ခြင်းဆရာထံမှာ အပြစ်ဝန်ချပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကို မြော်လင့်နေသူ။ ဒါက ကိုယ်ဖြောင့်မတ်ခြင်းတော့ မဟုတ်ဘူး။ အပြစ်အတွက် စိတ်ကြေကွဲပြီး မေရှိယ ကြွလာဖို့ မြော်လင့်နေတယ်။

သင်္ဘောသဖန်းပင်အောက်မှာ သူ ဆုတောင်းနေတာကို သခင်ယေရှုက သိတယ်။ လူ့အထဲမှာ ဖြစ်ပျက်တာကို သိတာက ဘုရားတန်ခိုး ဖြစ်တယ်။

သခင်ယေရှုက သူ့ကို မငြင်းဘူး။ ခရစ်တော် ကြွလာခြင်းကို မြော်လင့်နေတဲ့ ဓမ္မဟောင်းအတိုင်း စံပြ ယုံကြည်သူ တယောက် ဖြစ်တယ်။ ခရစ်တော်ရဲ့ ချီးမွမ်းစကားက နာသနေလရဲ့ သံသယတွေကို ချေဖျက်လိုက်ပြီ။ ခရစ်တော်ထံ အသက်တာ အပ်နှံပြီး ထိုက်တန်တဲ့ နာမဖြစ်တဲ့ မေရှိယ လို့ ခေါ်လိုက်တယ်။ ဘုရားသခင်ရဲ့ သားတော်၊ ဣသရေလ ဘုရင် ဖြစ်တယ်။ ဒီလိုပြောရင် သေဒဏ်ကျနိုင်တယ်။ ကျမ်းတတ်တွေနဲ့ ဆန်ဟင်ဒရီ လွှတ်တော်က ဘုရားသခင်မှာ သားတော် ရှိတယ်လို့ လက်မခံကြဘူး။ ဘုရားကို ပြစ်မှားတယ်လို့ အပြစ်တင် နိုင်တယ်။ ဘုရင်လို့ ပြောရင် ဟေရုဒ်က ညှည်းဆဲမယ်၊ ရောမ အာဏာပိုင်တွေက ဖမ်းဆီး အပြစ်ပေးနိုင်တယ်။ သူက ယုံကြည်ချက်ကို ရိုးသားစွာ ဖွင့်ဟ လိုက်တာ ဖြစ်တယ်။ လူထက် ဘုရားကို ပိုရိုသေသူ ဖြစ်တယ်။ အဖိုးအခ ပေးဆပ်ရမှာ မကြည့်တော့ဘူး။

နာသနေလ လို ဘယ်တပည့်တော်မှ ခရစ်တော်ကို ဒီလိုနာမည်နဲ့ မခေါ်ဖူးဘူး။ ခရစ်တော်ကလည်း ဒီနာမတွေကို မငြင်းဆန်ဘူး။ ကောင်းကင်က ဖွင့်ပြလို့ ဒီလိုသိတာဖြစ်တယ်။ ခရစ်တော်ရဲ့ နံဘေးမှာ ကောင်းကင်တမန်တွေ ဆင်းလိုက်တက်လိုက် နေကြတာ မြင်ခဲ့ရတယ်။ ယာကုပ်မြင်မက်ခဲ့တဲ့ အိပ်မက်ဟာ ခရစ်တော်၌ ပြည့်စုံသွားတယ်။ ရှင်ပေါလုက “ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။” ခရစ်တော်ရဲ့ ဖွါးမြင်ချိန်မှသည် နှစ်ခြင်းခံချိန်တိုင် ကောင်းကင် ပွင့်လစ်နေတယ်။ အရင်ကဆို ဘုရားအမျက်တော်ကြောင့် ကောင်းကင်တမန်တွေက ကောင်းကင်တံခါးမှာ ဓါးနဲ့ စောင့်နေကြတယ်။ အခုတော့ ခရစ်တော်အားဖြင့် ကောင်းကင်တံခါး ပွင့်သွားပြီ။

ရှင်ယောဟန်က ဒီနေရာမှာ ပထမဆုံးအကြိမ်အဖြစ် “ငါ အမှန်အကန်ဆိုသည်ကား” ကို သုံးထားတယ်။ လူအထင်နဲ့ မခန့်မှန်းနိုင်အောင် ကျေးဇူးတော်ကာလ အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီ။ ယုံကြည်ခြင်းတရားရဲ့ အခြေခံဟာ ကျေးဇူးတော်ပဲ။ လူမှာ လိုအပ်နေတဲ့အရာပါ။ ဒီစကားကို သခင်ယေရှု ပြောတိုင်း ခဏရပ်ပြီး စဉ်းစားသင့်ပါတယ်။ ဒီစကားလာရင် နောက်က လူ့ဥာဏ်နဲ့ မမှီတဲ့ တရား ပါလာတတ်ပါတယ်။

ဒီလိုပြောပြီး နာသနေလရဲ့ စကားကို ထောက်ပေးလိုက်တယ်။ ခရစ်တော်နဲ့ တပည့်တော်တွေမှာ နှောက်ယှက် ညည်းဆဲခြင်းတွေ မလာစေဖို့ ဖြစ်တယ်။ ဘုရားသခင်ရဲ့ သားတော်၊ ဘုရင် စတဲ့ အသုံးအနှုန်းတွေ မသုံးဘဲ လူသား လို့ သုံးပါတယ်။ ဒီနာမည်က ကိုယ်တော် သုံးနေကျ နာမည် ဖြစ်တယ်။ လူအတွက် ဘုရားသားက လာအသေခံဖို့ လူ့ဇာတိခံယူခြင်းဟာ အကြီးမြတ်ဆုံး နိမိတ်လက္ခဏာ ဖြစ်တယ်။

တချိန်တည်းမှာ လူသား ဆိုတဲ့ အသုံးအနှုန်းက ဒံယေလ အနာဂတ္တိကျမ်းကို သတိရစေတယ်။ ဘုရားသခင်က လူသားအားဖြင့် တရားစီရင်မှာ ဖြစ်တယ်။ သခင်ယေရှုဟာ ဘုရင်၊ ဘုရားသားတော်မျှမက လောကီသားတွေကို တရားစီရင်မယ့်သူ ဆိုတာ နာသနေလ သိတယ်။ သခင်ယေရှုက အားငယ်နေတဲ့ ယုံကြည်ကူရဲ့ ယုံကြည်ခြင်းကို အမြင့်ဆုံးအဆင့် မြှင့်တင်ပေးလိုက်တယ်။ သခင်ယေရှုက တောနယ်က လူငယ် တယောက်မို့ သူအပေါ် ယုံကြည်ဖို့ ဆိုတာ သိပ်မလွယ်ဘူး။ ဒါပေမယ့် တပည့်တော်တွေဟာ ဖွက်ထားတဲ့ ကောင်းကင် ဘုန်းအသရေကို ယုံကြည်ခြင်းနဲ့ မြင်ခဲ့တယ်။

ဆုတောင်း တရားသူကြီးဖြစ်သော ကိုယ်တော်ကို ကိုးကွယ်ပါ၏။ အမျက်တော်ကို ခံထိုက်သော်လည်း ကျေးဇူးတော်ကြောင့် အပြစ်လွှတ်တော်မူပါ။ ကိုယ်တော်ကို ရှာသောသူတိုင်းအား ကောင်းကြီး ပေးမူပါ။ ချစ်တတ်၊ အားကိုးတတ်၊ မြော်လင့်တတ်လာစေပါ။

မေးခွန်း ၂၃

  1. “ဘုရားသားတော်” နဲ့ “လူသား” နာမည်များ ဘယ်လို ဆက်နွယ်နေသလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:27 AM | powered by PmWiki (pmwiki-2.3.3)