Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 018 (The first six disciples)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

3. ပထမဆုံး တပည့်တော် ၆ ယောက် (ယောဟန် ၁း ၃၅ - ၅၁)


ယောဟန် ၁း ၄၃ - ၄၆
၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကို တွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။ ၄၄ ဖိလိပ္ပုကား အနြေ္ဒနှင့် ပေတရုမွေးဖွါးရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။ ၄၅ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၄င်း၊ ပရောဖက်တို့သည် သူတို့ကျမ်ဒ၌၄င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သား ဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟု ဆို၏။ ၄၆ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစုံတခုမျှ ထွက်နိုင်သလောဟု မေးလျှင်၊ ဖိလိပ္ပုက လာ၍ ကြည့်ပါဟု ဆို၏။

ဒီအရင်ကျမ်းပိုဒ်တွေက ၄ ရက်အတွင်း ဖြစ်ပျက်ခဲ့တာ ဖြစ်တယ်။ ပထမနေ့မှာ ယေရုရှလင်က လူတွေ လာတယ်။ ဒုတိယနေ့မှာ နှစ်ခြင်းဆရာက ဘုရားသခင်ရဲ့ သိုးသငယ်လို့ ကြော်ငြာတယ်။ တတိယနေ့မှာ သခင်ယေရှု တပည့် ၄ ယောက် လက်ခံရရှိတယ်။ ၄ ရက်နေ့မှာ ဖိလိပ္ပုနဲ့ နာသနေလကို တပည့်တော် အဖြစ် ခေါ်တယ်။ သခင်ယေရှုကသာ ဖိလိပ္ပုကို ရှာတယ်။ ဖိလိပ္ပုက နှစ်ခြင်းဆရာ ယောဟန်ပြောတာ ကြားမယ်။ ဘုရားသခင်ရဲ့ သိုးသငယ် ဆိုတော့ အံ့အားသင့်မယ်။ သခင်ယေရှုကို သိချင်ပေမယ့် အနားမကပ်ရဲဘူး။ ဘုရားနဲ့ မထိုက်တန်သူလို ခံစားမိနေမယ်။ ဒါကြောင့် သခင်ယေရှုက သူ့ထံသွားရတယ်။ သံသယတွေ၊ ကြောက်စိတ်တွေ ဖယ်ရှားပေးလိုက်ပြီး နောက်တော်လိုက်စေတယ်။

သူဖန်ဆင်းတဲ့၊ ချစ်တဲ့၊ ရွေးနှုတ်ထားသူတွေကို သခင်ယေရှု ခေါ်ခွင့် ရှိတယ်။ လူက ရွေးတာ မဟုတ်ဘူး။ ဘုရားက အရင်ချစ်ပြီး ရှာတယ်၊ ရွေးတယ်၊ ခေါ်တယ်။ လူက ဘုရားမခေါ်ဘဲ မလိုက်ဘူး။ ခရစ်တော် အမိန့်မပေးဘဲ ဘယ်သူမှ အစေမခံဘူး။ ဘုရားမခေါ်ဘဲ အမှုတော်ဆောင်ရင် ကိုယ့်အတွက်လည်း မကောင်းဘူး။ သူတပါးကိုလည်း ထိခိုက်တယ်။ ခရစ်တော် စကားကို ကြားပြီး နားထောင်ရင် ခရစ်တော်ရဲ့ အကြင်နာ မေတ္တာမှာ ပျော်မွေ့နေမယ်။ အားလုံးကို သခင်ယေရှုက တာဝန်ယူပေးမယ်။

ဖိလိပ္ပုက မကြာခင် ဧဝံဂေလိ လုပ်တယ်။ နာသနေလကို သတင်းကောင်း ပြောတယ်။ ဒါက အသင်းတော် ပြောရတဲ့ စကားပဲ။ “ငါတို့ မေရှိယ ကယ်တင်ရှင်ကို တွေ့ပြီ။” ငါ လို့ တယောက်တည်း ပြောတာ မဟုတ်ဘဲ အသင်းတော်ထဲမှာ နှိမ့်ချစွာ ပါဝင်တယ်။

ခရစ်တော်က တပည့်တော်တွေကို အမှုတော်အကြောင်း သင်ပေးတယ်။ ယောသပ်က မွေးစားတဲ့ အဖေ။ ဗက်လင်မှာ ဖွါးမြင်ခြင်းခံတဲ့အကြောင်းကို ဒီနေရာမှာ ပြောတာ မတွေ့ရလို့ တပည့်တော်တွေ မသိသေးဘူး။

နာသနေလက ကျမ်းစာ သိတယ်။ မောရှေကျမ်းနဲ့ ပရောဖက်ကျမ်းတွေကို လေ့လာထားတယ်။ ခရစ်တော် ကြွလာမယ်၊ ဗက်လင်မြို့မှာ ဖွါးမြင်မယ်၊ ဘုရင်ဖြစ်မယ် ဆိုတာ သိတယ်။ ဓမ္မဟောင်းကျမ်းမှာ မပါတဲ့၊ ပရောဖက်တွေ ဘာမှမပြောတဲ့ နာဇရက်မြို့လေး ဆိုတော့ လက်ခံဖို့ ခက်နေတယ်။ ဒီမြို့လေးမှာ လူမျိုးရေးသမား၊ ဘာသာရေးသမားတွေ ရောမအစိုးရကို ပုန်ကန်နေသူတွေမှန်း နာသေနေလ သိတယ်။ ပုန်ကန်မှုကို အကြီးအကျယ် နှိမ်နှင်းခံရလို့ သွေးချောင်းစီးခဲ့ရတယ်။

ဒါတွေက ဖိလိပ္ပုအတွက် အရေးမကြီးဘူး။ သူက ဝမ်းသာနေတာ။ သူ့ပျော်နေပုံက နာသေနေလရဲ့ သံသယတွေကို ပျောက်သွားစေတယ်။ ငြင်းမနေနဲ့၊ လာကြည့်ကွာ လို့ ခေါ်တယ်။ ဒါက ဧဝံဂေလိ တရားရဲ့ ဆောင်ပုဒ်ပဲ။ သမ္မာတရားကို ကိုယ်တိုင်တွေ့လို့ လာကြည့်ကွာ လို့ခေါ်တယ်။ ငြင်းခုံဖို့ မလိုဘူး။ တန်ခိုးတော်နဲ့ မိတ်သဟာယရကို တွေ့ကြုံခံစားရဖို့ ဖြစ်တယ်။ သက်သေခံခြင်းဟာ အတွေးအခေါ်ပေါ်မှာ မူမတည်ဘဲ ပုဂ္ဂိုလ်တည်းဟူသော ခရစ်တော်မှာသာ တည်တယ်။

ဆုတောင်း သခင်ယေရှု ဘုရား - ဝမ်းမြောက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်နဲ့ မိသဟာယဖွဲ့လျက် သက်သေခံစေပါ။ ရှက်စိတ်၊ ကြောက်စိတ်၊ နှောင့်နှေးစိတ်များကို ခွင့်လွှတ်တော်မူပါ။ နာမတော်ကို ရဲဝံ့စွာ ကြော်ငြာပါစေ။

မေးခွန်း ၂၂

  1. ကနဦးတပည့်တော်များ နာမတော်ကို ဘယ်လိုကြော်ငြာသလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:27 AM | powered by PmWiki (pmwiki-2.3.3)