Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 016 (The first six disciples)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

3. ပထမဆုံး တပည့်တော် ၆ ယောက် (ယောဟန် ၁း ၃၅ - ၅၁)


ယောဟန် ၁း ၃၅ - ၃၉
၃၅ ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍၊ ၃၆ သခင်ယေရှု ကြွတော်မူသည်ကို မြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟု ဆို၏။ ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကို ကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။ ၃၈ ယေရှုသည် လှည့်၍ ထိုသူတို့ လိုက်ကြသည်ကို မြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိအနက်ကား အရှင်ဘုရားဟု ဆိုလိုသတည်း။ ၃၉ ယေရှုကလည်း လာ၍ ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သွား၍ နေတော်မူရာ အရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီ အချိန်ဖြစ်၍ မိုးချုပ်သည်တိုင်အောင် အထံတော်၌ နေကြ၏။

ခရစ်တော်က လူ့ဇိာခံတဲ့ ဘုရားနှုတ်ကပတ်တော်၊ ဘုရားစင်စစ်၊ အသက်၊ အလင်းရဲ့အမြစ်။ ဒါက ခရစ်ဝင်ကျမ်းရေးတဲ့ ရှင်ယောဟန် ပြောချင်တဲ့ အဓိကအနှစ်။ အမှုတော်နဲ့ လုပ်ဆောင်ချက်တွေကို ပြောပြတယ်။ အားလုံးကို ဖန်ဆင်းသူ၊ ဆက်လက် စောင့်ရှောက်သူ။ ဘုရားက ကြင်နာသနားတတ်တယ် ဆိုတဲ့ အကြောင်းအရာ အသစ်ကို ပေးလာတယ်။ “ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ရှုလော့” လို့ ထပ်ဖေါ်ပြတယ်။ သခင်ယေရှုရဲ့ ဂုဏ်တော် အားလုံးကို ရည်ညွှန်းတဲ့ ဆောင်ပုဒ်လို ဖြစ်တယ်။ အငယ် ၁၄ မှာ ခရစ်တော်ရဲ့ အဓိကအကြောင်းနဲ့ မူလကို ပြောပြသလို၊ အငယ် ၂၉ နဲ့ ၃၃ မှာ ခရစ်တော်ရဲ့ အမှုတော်ဆိုင်ရာ ရည်ရွယ်ချက်ကို ဖေါ်ပြတယ်။

လူတွေ တရားစီရင်ခြင်းမှ လွတ်ဖို့၊ အပြစ်ကို ယူဆောင်ပေးတဲ့ ယဇ်ကောင်အဖြစ်နဲ့ အသေခံပေးဖို့ရာ ခရစ်တော်က လူဖြစ်လာရတယ်။ ဘုရားက ဒီယဇ်ကို အလိုရှိပြီး၊ ကောင်းကြီးမင်္ဂလာအဖြစ်နဲ့ လက်ခံကြဖို့ ဖြစ်တယ်။ ရှင်ပေါလုက “ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိလျက် အပြစ်များကို မှတ်တော်မမူဘဲ လောကီသားတို့နှင့် ရန်ငြိမ်းခြင်း အမှုကို ပြုတော်မူ၏။”

ဒီခေတ်မှာတော့ အပြစ်အတွက် ယဇ်ပူဇော်လေ့ မရှိတော့တဲ့အတွက် “ဘုရားသခင်၏ သိုးသငယ်” ဆိုတာကို နားလည်ရခက်လိမ့်မယ်။ ဓမ္မဟောင်းအရတော့ အသွေးသွန်းလောင်ခြင်း မရှိရင် အပြစ် ဖြေလွတ်ခြင်း မရှိပါ။ ကိုယ့်အပြစ်အတွက် ကိုယ်ကိုယ်တိုင် အသွေးမသွန်းရဘဲ သူ့သားတော်ကို စေလွှတ်တာဟာ ကျေးဇူးတော်ပါ။ ပုန်ကန်သူတွေအတွက် သန့်ရှင်းသူက သေပေးရတယ်။ အပြစ်ရှိသူတွေအတွက် ဘုရားသားက သေပေးရတယ်။ ဒါမှ ဘုရားရှေ့ အပြစ်လွတ်ခံရမယ်။ ရွေးနှုတ်ကယ်တင်တဲ့ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျေးဇူးတော် ချီးမွမ်းကြစို့။

တပည့်နှစ်ယောက် “ဘုရားသခင်၏ သိုးသငယ်” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ရုတ်တရက် နားမလည်ဘူး။ နှစ်ခြင်းဆရာ ပြောပြတော့ သခင်ယေရှုကို ပိုသိချင်လာတယ်။ လောကကို စီရင်မယ့်သူက လောကီသားအတွက် ယဇ်ပူဇော်ပေးသူ ဖြစ်နေတယ်။ ဒါကြောင့် ပိုစိတ်ဝင်စားရတယ်။ သခင်ယေရှုက နှစ်ခြင်းဆရာရဲ့ တပည့်တွေကို မယူဘူး။ နှစ်ခြင်းဆရာက ပို့တာပါ။ တပည့်တွေက ဆရာအသစ်ထံကို ရောက်လာကြတယ်။

သခင်ယေရှုက သူတို့လာရတဲ့ အကြောင်းရင်းနဲ့ သူတို့ တောင့်တတဲ့ အရာကို သိတယ်။ သခင်ယေရှုထံမှာ ချစ်ခြင်းနဲ့ ကျေးဇူးတရားကို တွေ့ရတယ်။ သခင်ယေရှု သူတို့ကို မေးတာက “ဘယ်အရာကို ရှာကြသလဲ။” သူတို့အပေါ်မှာ သြဝါဒတွေ အများကြီး ပုံမပေးဘူး။ စိတ်ထဲရှိတာ ပြောခွင့်ပေးတယ်။ ကဲ - ကိုယ်လည်း ဘာကို ရှာသလဲ? ဘဝမှာ ဘာဖြစ်ချင်သလဲ? သခင်ယေရှုကို အလိုရှိသလား? သိုးသငယ် နောက်လိုက်မှာလား? ကျောင်းသင်ခန်းစာတွေထက် အကြီးမြတ်ဆုံး သမ္မာတရားကို လေ့လာလိုက်ပါ။

တပည့်နှစ်ယောက်က လိုက်ပါခွင့် တောင်းတယ်။ သူတို့ရင်ထဲက တောင်းဆိုတဲ့အရာဟာ တားမတ်ကျမ်း လေ့လာနေသူတွေရဲ့ အမေးအဖြေတွေထက် ပိုလေးနက်တယ်။ “လာကြည့်ပါ” လို့ ဖြေတယ်။ “လာ လေ့လာပါ” လို့ မပြောဘူး။ မျက်စိကိုဖွင့် ကြည်လိုက်ရင် စစ်မှန်တာ၊ တန်ခိုးနဲ့ အလုပ်ကို တွေ့မယ်။ ဘုရားကို ရိပ်မိမယ်။ ခရစ်တော်နား ချဉ်းကပ်ရင် လောကကို အမြင်သစ်နဲ့ ကြည့်မြင်လာမယ်။ ဘုရားကို တွေ့မယ်။ သခင်ယေရှုကို တွေ့ရင် လူ့ဥာဏ်အသိတွေ ပြောင်းသွားမယ်။ အတွေးတွေ၊ မြော်လင့်ခြင်းတွေရဲ့ ဗဟိုဟာ ခရစ်တော် ဖြစ်လာမယ်။ ဒါကြောင့် လာကြည့်ဆိုတော့ နှစ်ယောက်က လာကြည့်တယ်။ သူတို့ ပြန်သက်သေခံတာက “ကျေးဇူးတော်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း ပြည့်လျက် ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းကို ငါတို့ မြင်ရကြပြီ။”

သူတို့နှစ်ယောက်က သခင်ယေရှုနဲ့ တနေ့တာ နေတယ်။ ကျေးဇူးတော်ခံစားရတဲ့ အချိန်နာရီလေး ပါပဲ။ ရှင်ယောဟန်က အဲဒီအချိန်နာရီတွေဟာ ကောင်းကြီးခံစားရတဲ့အချိန်တွေလို့ သက်သေခံတယ်။ သုံးနာရီအထိ ကြာတယ်။ ရှင်ယောဟန်က သခင်ယေရှုရဲ့ တရားကို ဝိညာဉ်တော် ဖွင့်ပြမှုနဲ့ ခံယူတယ်။ သူ့ယုံကြည်ခြင်းကို လက်ခံပြီး ဖြောင့်မတ်ခြင်း ပေးတယ်။ ကိုယ်တော်ဟာ မေရှိယ ဖြစ်တယ်။ သင့်စိတ်နှလုံးထဲမှာ ခရစ်တော်ရဲ့ အလင်း လင်းပြီလား? အချိန်ပြည့် နောက်တော် လိုက်ပြီလား?

ဆုတောင်း ဘုရားသခင်၏ သိုးသငယ်တော်အား ချီးမွမ်းပါ၏။ လောကီသားတို့ရဲ့ အပြစ်ကို ဆောင်သွား၍ ဘုရားနှင့် ပြန်လည်သင့်မြတ်စေပါ၏။ ငြင်းပယ်တော်မမူဘဲ နောက်တော်လိုက်စေပါ။ အပြစ်များကို ခွင့်လွှတ်၍ ကြီးမြတ်ခြင်းကို သိမြင်စေပါ။ ချစ်မြတ်နိုးစွာ အမှုတော်ဆောင်ကြပါလိမ့်မည်။

မေးခွန်း ၂၀

  1. တပည့်နှစ်ယောက် သခင်ယေရှုနောက် ဘာကြောင့် လိုက်သလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:27 AM | powered by PmWiki (pmwiki-2.3.3)