Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":

Home -- Burmese -- John - 092 (Abiding in the Father's fellowship appears in mutual love)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

2. ခရစ်တော်နဲ့မိတ်သဟာယဖွဲ့ခြင်းမှာ တည်နေရင် မေတ္တာတရားမှာ ရင့်ကျက်လာတယ်။ (ယောဟန် ၁၅း ၉- ၁၇)


ယောဟန် ၁၅း ၉
၉ “ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။”

ခမည်းတော်က သားတော်ကို ချစ်တယ်။ ချစ်လို့ ယော်ဒန်မြစ်မှာ နှစ်ခြင်းခံချိန်မှာ ကောင်းကင် ဖွင့်လှစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်က ချိုးငှက်အသွင်နဲ့ ဆင်းသက်လာပြီး ကောင်းကင်ကအသံကို ကြားရတယ်။ "ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။" သုံးပါးတဆူဘုရားသခင်က ဒီလို ကြေညာခြင်းဟာ သခင်ယေရှု နှစ်ခြင်းခံပြီး ဘုရားသခင်ရဲ့ သိုးသူငယ်အဖြစ် ယဇ်ပူဇော်ရာလမ်း စတင်လိုက်တယ်။ သားတော်က ခမည်းတော်ရဲ့ အလိုကို ဆောင်တယ်။ လူတွေကို ရွေးနှုတ်ဖို့အတွက် သူ့အလိုဆန္ဒအတိုင်း မလိုက်ဘူး။ ဒီချစ်ခြင်းမေတ္တာဟာ ခမည်းတော်နဲ့ သားတော်မှာ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ ဆိုးညစ်တဲ့ လောကီသားတွေအတွက် ခမည်းတော်နဲ့ သားတော်ရဲ့ချစ်ခြင်းမေတ္တာဟာ ပေါင်းစည်းပြီး ကြီးမားတဲ့ ရွေးနှုတ် ကယ်တင်မှုအတွက် ပြင်ဆင်ကြတယ်။

သခင်ယေရှုက ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာ အတိုင်းအတာအတိုင်း လူတွေကိုချစ်တယ်။ သူက ခမည်းတော် စကားနားထောင်ပေမယ့် လူတွေက နားမထောင်ဘူး။ လူတွေကလည်း ထာဝရကာလ မတိုင်ခင် ကတည်းက ရှိကြသေးတာမဟုတ်။ သားတော်က အပြစ်သားတွေကို ရွေးကောက်ပြီး အပြစ်ဆေးကြောပေးတယ်။ ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းပေးပြီး သန့်ရှင်းစေတယ်။ ဘုရားလက်တော်ထဲမှာ အရုပ်ကလေးတွေလို မဟုတ်ဘဲ ဘုရားအလိုတော်နဲ့အညီ အသက်ရှင်ခိုင်းတယ်။ တနေ့တာလုံး ဘုရားသခင်က ကြည့်မြင်ပြီး ဂရုစိုက်နေတယ်။ ခရစ်တော်က ဆုတောင်းပေးပြီး ကျမ်းစာအားဖြင့် ဘုရားချစ်ခြင်းမေတ္တာကို ရေးသား ဖေါ်ပြထားတယ်။ ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်ခြင်းရှိဖို့လည်း နှိုးဆော်တယ်။ လောကမှာရှိတဲ့ မိခင်ဖခင်တွေရဲ့ မေတ္တာတွေကို ပေါင်းလိုက်ပြီး လူ့ရဲ့မသန့်ရှင်း မစင်ကြယ်မှုတွေကို မေတ္တာသန့်စင်အောင် လုပ်ရင်လည်း ဘယ်တော့မှ မရွေ့လျော့တဲ့ မေတ္တာနဲ့ နှိုင်းယှဉ်လိုက်ပါက လူ့ချစ်ခြင်းမေတ္တာဟာ သေးသေးကလေးသာဖြစ်နေမှာပါ။

ယောဟန် ၁၅း ၁၀
၁၀ “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။”

ငါ့မေတ္တာမှ မခွါကြနဲ့လို့ သခင်ယေရှု သတိပေးတယ်။ ငါ သင်တို့ကိုချစ်တယ်။ သင်တို့ ငါ့ပြန်ချစ်တဲ့ အရိပ်အယောင်ကို ရှာနေတယ်။ ဆုတောင်းရင် ဘယ်လို တောင်းသလဲ ကောင်းကင်နဲ့ telephone ဆက်သလို ဖြစ်ရဲ့လား။ ကောင်းတဲ့အရာ နှစ်သက်ဖွယ်ရာ ကြင်နာတဲ့အရာ သန့်ရှင်းတဲ့အရာတွေကို လုပ်ရမယ်။ ငါ့မေတ္တာ၌ တည်ရမယ် သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းတာတွေလုပ်ဖို့ အားပေးမယ်။ ဘုရားသခင်က အမြဲတမ်း ကောင်းမြတ်တယ်။

ဘုရားသခင်ချစ်သလို ပြန်မချစ်နိုင်တာဟာ အပြစ်တော့မဟုတ်ဘူး။ ခရစ်တော်က ဘုရားရဲ့ သနားဂရုဏာကို ပိုမိုမြှင့်တင်ပေးချင်တယ်။ ငါနဲ့ ငါ့ခမည်းတော်က သနားတတ်သလို သနားတတ်ကြပါလို့ မိန့်တော်မူတယ်။ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ရမယ်၊ မှန်ပါတယ်၊ လူ့အတွေးနဲ့ဆိုရင် ဒါဟာ မဖြစ်နိုင်သလိုပါပဲ။ ဒါပေမယ့် ခရစ်တော် လုပ်ချင်တဲ့အရာကို မသိလို့ ဒီလိုထင်ရတာပါ။ ခရစ်တော်က သူ့ဝိညာဉ်ကို သင့်အထဲမှာ သွန်းလောင်းပေးတယ်။ သူချစ်သလို ချစ်တတ်လာစေတယ်။ ရှင်ပေါလုက ငါ့ကိုခွန်အားနှင့် ပြည့်စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ငါတတ်စွမ်းနိုင်၏ လို့ ဆိုတယ်။ ခရစ်တော်က ဘုရားသခင်၏ အလိုတော်နဲ့ကွာပြီး ဘယ်တော့မှမလုပ်ဖူးလို့ သက်သေခံတယ်။ သူဟာ ဘုရားသခင်ရဲ့မေတ္တာတော်မှာ အမြဲတမ်းတည်တယ်။ ခရစ်တော်က ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းကို လူ့အထဲမှာ ထည့်ပေးတယ်။ ဝိညာဉ်တော်အားဖြင့် ဆုတောင်းစေတယ်။ ချစ်သောစိတ်နဲ့ အမှုဆောင်စေတယ်။

ယောဟန် ၁၅း ၁၁
၁၁ “သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါလည်းကောင်း သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်းကောင်း ဤစကားကို သင်တို့အား ငါဟောပြော၏။”

ဆာငတ်တဲ့စိတ်က သိတယ်။ ဒါဟာ ဘုရားနဲ့ ဝေးကွာလို့ ဆိုတာ သိတယ်။ ဘုရားချစ်ခြင်းမေတ္တာမှာ တည်နေတဲ့ ခရစ်တော်က ဝမ်းမြောက်ခြင်းတွေ ကောင်းကြီးတွေနဲ့ ပြည့်နေတယ်။ အတွင်းလူက သီချင်းဆိုတယ် အမြဲ ချီးမွမ်းနေတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့အတူ အထဲမှာ ချစ်ခြင်းမေတ္တာပြည့်လျှံလာစေတယ်။ ဘုရားသခင်ဟာ ဝမ်းမြောက်ပျော်ရွှင်နေတဲ့ ဘုရားသခင်ဖြစ်တယ်။

ချစ်ခြင်းမေတ္တာနဲ့အတူ နောက်မှာ ဝမ်းမြောက်ခြင်း တွဲပါလာနေတယ်။ ဒါဟာ ဝိညာဉ်တော်ရဲ့ အသီးထဲမှာ ဒုတိယအသီးဖြစ်တယ်။ အပြစ်လုပ်ရင် ဝမ်းမြောက်ခြင်း မခံစားရတော့ဘူး။ ကယ်တင်ခြင်းနဲ့ စပ်ဆိုင်တဲ့ ဝမ်းမြောက်ခြင်းကို ခရစ်တော်က ဆက်လက်ခံစားရစေချင်တယ်။ ဒါမှ တခြားသူလည်းဝေမျှပြီး အပျော်ကူးစက်နိုင်တယ်။ ဝမ်းမြောက်နေတဲ့သူဟာ သူ့ရဲ့ ဝမ်းမြောက်ခြင်းကို သူ့ဘာသာသူထိန်းတာမဟုတ်ပဲ တခြားသူတွေလည်း ဘုရားခွင့်လွှတ်ခြင်းခံစားရအောင် ကယ်တင်ခြင်တဲ့စိတ်စေတနာရှိတယ်။ ဘုရားရဲ့ပျော်ရွှင်မှု ဝမ်းမြောက်မှုကို သူတို့လည်းခံစားရစေချင်သူဖြစ်တယ်။ ယုံကြည်သူရဲ့ဝမ်းမြောက်ခြင်းဟာ လူတွေ ကယ်တင်ခြင်းရတဲ့အခါမှာ ပိုဝမ်းသာလာတယ်။ တမန်တော်ရှင်ပေါလုပြောသလိုပဲ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါ ဘုရားသခင် အလိုတော်ရှိ၏။ ဧဝံဂေလိဟာ ပြဿနာတွေ ဒုက္ခတွေကြားထဲမှာ ဝမ်းမြောက်ခြင်း စမ်းချောင်းလေးလို ဖြစ်ပါတယ်။

ယောဟန် ၁၅း ၁၂- ၁၃
၁၂- “ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့သည် အချင်းချင်း ချစ်ကြလော့။ ၁၃ ကိုယ်အဆွေတို့ အဖို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သော မေတ္တာသည် အဘယ်သူ၌မျှ မရှိ။”

သခင်ယေရှုက လူတွေကို ချစ်တယ်။ နာမည်တွေ သိတယ်။ အကျင့်စရိုက်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အတိတ်ကို သိတယ်။ လူ့ရဲ့ဖြစ်ပျက်ခဲ့တဲ့ ဒုက္ခနဲ့ ပြဿနာတွေကိုလည်း ခံစားပေးနိုင်တယ်။ သခင်ယေရှုက လူကို ကယ်တင်ချင်တယ်။ သူ့မှာ အနာဂတ်အတွက် အစီအစဉ်တွေ ရှိတယ်။ ဆုတောင်းရင် အဖြေပေးချင်စိတ် အမြဲရှိတယ်။ အပြစ်ကို ခွင့်လွှတ်တယ်။ သမ္မာတရားနဲ့ သန့်ရှင်းခြင်းအနားကို ဆွဲခေါ်လိုတယ်။

သခင်ယေရှုက သူချစ်သလို အချင်းချင်း တယောက်နဲ့ တယောက် ချစ်စေချင်တယ်။ ဆွေမျိုးတွေ မိတ်ဆွေတွေကို ပိုဂရုစိုက်ပြီး သူတို့ရဲ့ အခြအနေနဲ့ ခံစားချက်တွေကို ခံစား နားလည်ပေးစေချင်တယ်။ သူတို့ရဲ့ စိတ်ရင်းနဲ့ သူတို့ရဲ့ အရည်အသွေးတွေကို နားလည်ဖို့ လိုတယ်။ သူတို့ပြဿနာတွေကို ဖြေရှင်းပေးရင်း သူတို့ကို ကူညီမစတတ်ရမယ်။ သူတို့ကို အချိန်ပေးရမယ်။ သူတို့မှားတာရှိရင် ခွင့်လွှတ်ပေးပြီး သည်းခံရမယ်။ သူတို့အပြစ်တွေကို ထုတ်ဖေါ်ပြောပြတာမျိုး မလုပ်ရဘူး။

သခင်ယေရှုက သူ့အသက်တာမှာ ချစ်ခြင်းမေတ္တာရဲ့ အမြင့်ဆုံးကို ပုံဖေါ်ပြတယ်။ တရားဟောရုံ ကူညီရုံမျှသာမက အပြစ်သားတွေအတွက် အသက်ပေးပြီး ပူဇော်တယ်။ လူသားတွေအတွက် အသက်ရှင်ပေးရုံသာမက လူသားတွေ ကိုယ်စားအသေခံပေးတယ်။ လက်ဝါးကပ်တိုင်ဟာ ချစ်ခြင်းမေတ္တာရဲ့ သရဖူဖြစ်ပြီး ဘုရားမေတ္တာကို ပြောပြနေတယ်။ ကယ်တင်ခြင်းသတင်းတရားကို ဝေငှပြီး အချိန်နဲ့ လူတွေကို အသုံးပြုတတ်စေချင်တယ်။ တခြားသူတွေကို ဧဝံဂေလိတရားဝေငှရင်း ခရစ်တော်ပြတဲ့ ချစ်ခြင်းမေတ္တာ ပြစေလိုတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုအစွမ်းအစတွေကို ပေးလှူတတ်ဖို့ ဘုရားအလိုတော်ရှိတယ်။ သူ့အပေါ်မှာ မကောင်းတဲ့သူတွေအတွက် ဆုတောင်းပေးရင်း မိတ်ဆွေလိုပဲ ဂရုစိုက်တယ်။ ရန်သူအတွက် ဆုတောင်းပေးတယ်။ အိုအဖ သူတို့ပြုသောအမှုကို သူတို့မသိသောကြောင့် ခွင့်လွှတ်တော်မူပါ။ ဘုရားသားသမီးတွေကို ညီအကိုလို့ ခေါ်ရုံမျှမက ငါချစ်သောသူတို့ လို့လည်း ခေါ်တယ်။ ခရစ်တော်ရဲ့ မေတ္တာကို မထိုက်တန်တဲ့ သူတွေအတွက်လည်း အဖိုးအခပေးပြီး အသေခံတယ်။

ယောဟန် ၁၅း ၁၄- ၁၅
၁၄ “သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ ၁၅ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား ကိုယ်သခင် ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေ ဟူ၍ ငါခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံ၌ ကြားသမျှသော အရာတို့ကို သင်တို့အား ငါပြသ၏။”

ဘုရားသခင်က သင့်ကို ငါချစ်သောသူလို့ ခေါ်တယ်။ သူ့သားသမီးတိုင်းကို ခေါ်တယ်။ တခါတရံ တယောက်တည်း အထီးကျန်နေမယ်။ စကားပြောဖေါ် မရှိဘူး။ သင့်အတွက် အသေခံပေးတဲ့ ခရစ်တော်ကိုကြည့်ပါ။ သူဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်။ ကူညီမစဖို့ အမြဲအသင့်ရှိတယ်။ သင့်အတွေးတွေကို သိတယ်။ သင့်တုံ့ပြန်ချက်ကို စောင့်စားနေတယ်။ ခရစ်တော်ရဲ့ မိတ်ဆွေဖြစ်ခြင်းမှာ တည်နေခြင်းဟာ ခရစ်တော်ချစ်သလို ချစ်တတ်ဖို့ပါ။ ခရစ်တော် ချစ်သလို ချစ်ကြမယ်ဆိုရင် အထီးကျန်စရာ မရှိတော့ဘူး။ သူ့ရဲ့ မိတ်ဆွေဖွဲ့ခြင်းဟာ အချင်းချင်းကို ချစ်တတ်လာစေတယ်။ ငါချစ်သောသူတို့ လို့ ခေါ်ထားတယ်။ ခရစ်တော် ဖန်ဆင်းထားသူတွေ ဖြစ်တဲ့အတွက် ခရစ်တော်နဲ့ဆိုင်တယ်။ ခရစ်တော်ရဲ့ ကျွန်ဆိုလည်း မမှားဘူး။ ကျွန်ခံရာ ထမ်းပိုးကို ချိုးပဲ့ပြီး လွှတ်ပေးခဲ့တယ်။ ဘုရားရဲ့ အလုပ်ကိုလည်း သိမြင်လာစေတယ်။ ဘာမှမသိပဲ ပစ်ထားတာမျိုး မဟုတ်။ ခမည်းတော်ရဲ့နာမ လက်ဝါးကပ်တိုင်တန်ခိုးနဲ့ ဝိညာဉ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သင်ပေးတယ်။ သုံးပါးတဆူ ဘုရားရဲ့ နက်နဲရာတွေကို ဖေါ်ပြရင်းနဲ့ ထာဝရကာလရဲ့ ဖွက်ထားတဲ့တရားတွေကို ထုတ်ပြတယ်။ ခမည်းတော်က သားတော်လက်ထဲမှာ ဒီအရာတွေကိုထားပြီး လူတွေကို သွန်သင်စေတယ်။ ဘုရားအမှုတော်ထဲမှာပါဝင်ခွင့်ပေးပြီး ဘုရားချစ်ခြင်း တန်ခိုး ဂုဏ်တော်တို့ကို ထိတွေ့ ဆက်ဆံခွင့်ရစေတယ်။ သားဖြစ်ခွင့်ကိုပင်လျှင် ချုပ်ကိုင်မထား။ ဘုရားသားသမီးဖြစ်လာဖို့ ဆွဲခေါ်လာတယ်။

ယောဟန် ၁၅း ၁၆- ၁၇
၁၆ “သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ ၁၇ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။။”

သခင်ယေရှုနဲ့ သက်ဆိုင်မှုဟာ ကိုယ့်အလိုဆန္ဒအပေါ်မှာ အခြေမခံဘူး။ အတွေ့အကြုံနဲ့ မဆိုင်ဘူး။ ခရစ်တော်ရဲ့မေတ္တာရွေးကောက်ခြင်းနဲ့ ခေါ်တော်မူခြင်းအပေါ်မှာသာ ဆိုင်တယ်။ အပြစ်တရားရဲ့ကျွန်ဖြစ်နေစဉ်မှာ စာတန် ထိန်းချုပ်မှုအောက် သေခြင်းနိုင်ငံထဲမှာ ရှိတယ်။ အဲဒီထောင်ထဲက ရုန်းထွက်လို့ မရဘူး။ ဒါပေမယ့် ခရစ်တော်က ထာဝရကာလထဲက သင့်ကိုရွေးကောက်ပြီး သူ့ရဲ့ အဖိုးထိုက်တဲ့အသွေးနဲ့ လွှတ်ပေးခဲ့တယ်။ သင့်ကို မိတ်ဆွေဖြစ်စေတယ် သားအဖြစ်နဲ့ မွေးစားတယ်။ သူ့ရဲ့ရွေးကောက်ခြင်းဟာ ကျေးဇူးတော် သက်သက်ကြောင့် ဖြစ်တယ်။ ကိုယ်က ဒါကိုလက်ခံမလား၊ ငြင်းပယ်မလား။ သခင်ယေရှုက လူသားအားလုံးရဲ့ အပြစ်ကို ဖြေရှင်းပေးဖို့ ကားတိုင်ပေါ်မှာ အသေခံပေးတယ်။ သူ့စကားကို နားထောင်သူအတွက်သာ မဟုတ်၊ အပြစ်ရဲ့နွံမှာ နစ်နေသူ အားလုံးအတွက်လည်း ပါတယ်။ ဘုရားသားသမီးတွေ ခံစားရတဲ့ လွှတ်ခြင်းအခွင့်ကို မသိသေးသူတွေ ရှိတယ်။ ခရစ်တော်က အပြစ်ထဲကနေ လွတ်မြောက်ဖို့ ခေါ်တယ်။ ဘုရားနဲ့ မိတ်သဟာယ ဖွဲ့စေတယ်။ ချစ်တတ်ဖို့ ကြိုးစားပါ။ ဘုရားက လွတ်မြောက်စေတာဟာ ရည်ရွယ်ချက်ရှိတယ်။ ဘုရားအမှုတော်မှာ ပါဝင်ဖို့ဖြစ်တယ်။ ကျွန်ဟာ ဘုရားအလုပ်နဲ့တော့ မဆိုင်ဘူး။ သခင်ယေရှုက ချစ်တဲ့အတွက် အစေခံကျွန်လို ဆင်းလာတယ်။ ဒါဟာ ပုံသက်သေဖြစ်တယ်။ သူ့အလိုကို မလိုက်ဘဲ သူချစ်တဲ့ သူတွေအတွက်သာ အသက်ရှင်တယ်။

သိုးတွေကို သိုးထိန်းက ဂရုစိုက်သလို မိတ်ဆွေတွေကို သခင်ယေရှုက ဂရုစိုက်ခဲ့တယ်။ လူ့အစွမ်းအစဟာ အကန့်အသတ် ရှိတဲ့အတွက် လူဟာ အပြစ်တရားထဲမှ ရုန်းထွက်ဖို့မလွယ်ဘူး။ သခင်ယေရှုက သူ့နာမ၌ ဆုတောင်းဖို့ နှိုးဆော်တယ်။ သခင်ယေရှုမှာဆုတောင်းတဲ့အခါ လွတ်လမ်းကို ပေးမယ် ကိုယ့်ရဲ့ အသက်တာနဲ့ ဝိညာဉ်ရေးကို တည်ဆောက်ပေးမယ်။ ကိုယ်ခန္ဓာ စိတ် ဝိညာဉ်အတွက် လိုအပ်သမျှလည်း ဖြည့်စွမ်းမယ်။ သခင်ဘုရားဟာ သူ့ရဲ့ကောင်းမြတ်တဲ့ စိတ်သဘောအတိုင်း ဆုတောင်းချက်တွေကို အဖြေပေးမယ်။ အဖြေ ရဖို့အတွက် လျှို့ဝှက်ချက်ကတော့ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ တခြားသူတွေအတွက် ချစ်တဲ့သဘောနဲ့ ဆုတောင်းပေးရင် သခင်ယေရှုက သင့်ရဲ့လတ်တလော အပြစ်တွေကိုဖေါ်ပြပြီး အသုံးဝင်သော အသက်တာကို ပို့ဆောင်ပေးမယ်။ စစ်မှန်စွာ ဆုတောင်းတတ်လာပြီး နှိမ့်ချတဲ့အသက်တာ ကျိုးပဲ့တဲ့ အသက်တာ ဖြစ်စေမယ်။ မိတ်ဆွေတွေ ကယ်တင်ခြင်းရဖို့ သူတို့အသက်တာ သန့်ရှင်းဖို့ ဆုတောင်းရင် ဘုရားသခင် အဖြေပေးမယ်။ ဆုတောင်းရာမှာ ဇွဲရှိရမယ်။ အကျိုးမဲ့မဖြစ်ဘဲ အကျိုးရှိမယ်လို့ ဂတိပေးတယ်။ ကိုယ့်ဆုတောင်းချက် သက်သေခံချက်ကြောင့် ယုံကြည်သူတွေဟာ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်ပြီး ထာဝရ အသက်ရှင် ရလိမ့်မယ်။ ယုံကြည်ခြင်းအပြင် ဆုတောင်းခြင်းနဲ့ သက်သေခံခြင်းဟာ မိတ်ဆွတွေအတွက် စိတ်ပါလက်ပါ စေတနာ သန့်သန့်နဲ့ လုပ်ရမယ်။ သူတို့အပေါ်မှာ သည်းခံပါ။ သူတို့ရဲ့ အားနည်းတဲ့ အပြုအမူတွေကို ခွင့်လွှတ်ပါ။ ဘုရားသခင်က သင့်အပေါ်မှာ နူးညံ့သိမ်မွေ့သလို သူတို့အပေါ်မှာလည်း နူးညံ့သိမ်မွေ့ပါ။ ဘုရားသခင်ရဲ့ ရောင်ခြည်တွေကို လောကီသားတွေ မြင်ခွင့်ရပါစေ။ အမှုတော်ထဲမှာ ဆက်ကပ်ရာမှာ နားထောင်ရာ တုံ့ပြန်ရာမှာ ကိုယ့်ကိုကိုယ်သင်ယူပါ။ ချစ်ခြင်းမေတ္တာဟာ သင့်မှာ ဖြာထွက်ပါစေ။

ဆုတောင်း အပြစ်ချည်နှောင်ခြင်းထဲမှ လွှတ်ပေးပြီး သူချစ်သောသူများဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ချစ်သောသူများကိုလည်း ချစ်ဖို့ သွန်သင်ပေးတော်မူပါ။ ကိုယ်တော့် ခြေရင်းမှာ ပြတ်ဝပ်ကိုးကွယ်ပါ၏။ နားထောင်တတ်စေပါ။ အသီးများသီး၍ ကိုယ်တော့်ချစ်ခြင်းမှာ တိုးပွါးစေပါ။

မေးခွန်း ၉၆

  1. အပြစ်တရားရဲ့ ကျွန်တွေကို သခင်ယေရှုက သူချစ်သောသူများအဖြစ် ဘယ်လို ဖြစ်လာစေသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:57 AM | powered by PmWiki (pmwiki-2.3.3)