Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 125 (Conclusion of John's gospel)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)

4. ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ နိဂုံး (ယောဟန် ၂၀း ၃၀- ၃၁)


ယောဟန် ၂၀း ၃၀- ၃၁
၃၀ “ဤကျမ်းစ ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာ အများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည် အကြောင်း၊ ထိုသို့ ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ဤမျှလောက် ရေးထားလျက်ရှိသတည်း။”

ယောဟန်ရေးသားတဲ့ နောက်ဆုံးအပိုင်း ရောက်လာပြီ။ လျှို့ဝှက်တဲ့စာရေးသူ ဖြစ်သလို ဧဝံဂေလိ ဆရာလည်း ဖြစ်တဲ့ ယောဟန်က မှောင်မိုက်ထဲမှာ ဘုရားသခင်ရဲ့ အလင်းထွန်းလင်းကြောင်း ပြောတယ်။ မှောင်မိုက်က မခံယူဘူး။ အလင်းကို ခံယူတဲ့သူတွေက ဘုရားသခင်ရဲ့သား ဖြစ်ခွင့်ရတယ်။ ယုံကြည်သူတွေ ဖြစ်တယ်။ သခင်ယေရှု ခရစ်နဲ့ မိတ်သဟာယ ဖွဲ့တဲ့ နက်ရှိုင်းတဲ့အရာတွေဘက်ကို ဆွဲခေါ် ရေးသားလာတယ်။ သခင်ယေရှု အသေခံခြင်းနဲ့ ရှင်ပြန်ခြင်းကို ပြောခြင်းဖြင့် သူ့ကိုယုံကြည်ဖို့ သူ့အားဖြင့် အသက်ရှင်ဖို့ ဖြစ်တယ်။ အချုပ်အနေနဲ့ တမန်တော်က သူ့ရဲ့ ခရစ်ဝင်ကျမ်းကို နားလည်ဖို့ သူရေးသားရတဲ့ အကြောင်းကို ရှင်းလင်းဖို့ အချက် ၄ ချက်ကို ပြတယ်။

သခင်ယေရှု ပြောသမျှ၊ လုပ်သမျှ အားလုံး သူမရေးဘူး။ ရေးစရာတွေ အများကြီးရှိတယ်။ နိမိတ် လက္ခဏာတွေ၊ သွန်သင်ချက်တွေထဲက တချို့ကိုသာ မှတ်တမ်းတင်တယ်။ သူ့ ရေးသားခြင်းဟာ ဝိညာဉ်တော်က ဗျာဒိတ် ရူပါရုံပေး လို့ သို့မဟုတ် စိတ်ဝိညာဉ် ဝင်စားနေလို့ မဟုတ်ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အဖြစ်အပျက်တွေ ရွေးချယ်ပြီး ဒီလောကရဲ့ အပြစ်ကိုယူဆောင်သွားတဲ့ ဘုရားသခင်ရဲ့ သိုးသူငယ်တော် အသက်ပေးခဲ့သူကိုသာ ချစ်တဲ့စိတ်နဲ့ ပုံဖေါ် ရေးသားတယ်။

နာဇရက်မြို့သား ယေရှုဟာ ခရစ်တော် ဖြစ်တယ် လို့ ရိုးရိုးရှင်းရှင်းလေး ရေးတယ်။ တချိန်တည်းမှာ ဘုရားသခင်ရဲ့ သားတော် ဂတိတော်နဲ့အညီ ကြွလာသူ ဖြစ်တယ်လို့ ဆိုတယ်။ ဒီ ဘွဲ့နာမနှစ်ခုအားဖြင့် ဓမ္မဟောင်း ကာလ ဂျူးလူမျိုးတွေရဲ့မြှော်လင့်ချက်တွေ ပြည့်စုံစေတယ်။ နောင်မှာ ဒါဝိဒ်ရဲ့ သားတော်ကို ကားတိုင်တင်သတ်တဲ့ လူမျိုးကို တရားစီရင်မှာ ဖြစ်တယ်။ လူသားဖြစ်တဲ့ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော် စစ်မှန်တဲ့ ခရစ်တော် ဖြစ်ကြောင်း အခိုင်အမာ ပြတယ်။ ခရစ်တော်ရဲ့သန့်ရှင်းခြင်းဟာ ကဲ့ရဲ့ပြစ်တင်စရာအကြောင်းမရှိ စိတ်ရင်းမှန်သူတိုင်း ဘာမှ ငြင်းပယ်စရာ မရှိသူ ဖြစ်တယ်။ သခင်ယေရှု အကြောင်းကို ဘုန်းတော်ထင်ရှားအောင် ရေးသားတယ်။ အတုမရှိတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြတယ်။ လူ့ဇာတိကို ခံတယ်။ လူတွေ ဘုရားသား ဖြစ်လာစေဖို့ ဖြစ်တယ်။

ယောဟန်က သွန်သင်ချက်တွေ ချမပြဘူး။ ဘုရားသခင်ရဲ့ သားတော်နဲ့ ရင်းနှီး စေတာ ဖြစ်တယ်။ သခင်ယေရှုက သားတော် ဖြစ်သလို ခမည်းတော်ကလည်း ယုံကြည်သူတိုင်းရဲ့ ဖခင် ဖြစ်လာတယ်။ ဖခင်က သား သမီးများစွာ မွေးဖွါးပြီး ထာဝရအသက် ရစေတယ်။ သခင်ယေရှု ခရစ်တော်ရဲ့ အသွေးတော်နဲ့ ဝိညာဉ်တော်ကြောင့် အသစ် မွေးဖွါးလာတယ်။ ဒါဟာ ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ ဒါကြောင့် ဝိညာဉ်မွေးဖွါး ပြီလား။ ဒါမှမဟုတ် အပြစ်ထဲမှာ သေနေသလား။ ခရစ်တော်ရဲ့ အသက်ဟာ သင့်အထဲမှာ ရှိသလား။ သန့်ရှင်းသော ဝိညာဉ်တော်ကို ငြင်းပယ်နေသလား။

ဒုတိယမွေးခြင်းဟာ သခင်ယေရှု ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရတယ်။ ယုံကြည်သူဟာ ဘုရားရဲ့ အသက်ကို ရတယ်။ အဲဒီလိုရတဲ့ အသက်ဟာ ထာဝရတည်တဲ့ အသက်ဖြစ်တယ်။ သခင်ယေရှု၌ တည်ရင် သူကလဲ သင်၌ တည်မယ်။ ဝိညာဉ်တော်နဲ့ သမ္မာတရားမှာ ကြီးထွားလာမယ်။ ဘုရားသခင်ရဲ့ အသက်နဲ့ အသီးအပွင့်တွေ ရလာမယ်။ ဘုရားသခင်ကို ချစ်ပြီး သူ၌တည်နေတဲ့အခါ တခြား သူများကိုပင် ဘုရားသခင်ရဲ့ မေတ္တာ ခံစားစေဖို့ ကူညီနိုင်တယ်။

ဆုတောင်း ရှင်ယာဟန်ခရစ်ဝင်ကျမ်း အတွက် ကျေးဇူးတင်ပါတယ်။ ဒီ ထူးခြားတဲ့စာအုပ်ကြောင့် ကိုယ်တော့် ရဲ့ ကြီးမြတ်ခြင်းနဲ့ သမ္မာတရားကို ခံယူရရှိပါတယ်။ ယုံကြည်စေပြီး ကျေးဇူးတော်အားဖြင့် အသစ်မွေးဖွါးစေလို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကိုယ်တော်ကို ပြတ်ဝပ်ကိုးကွယ်ပါတယ်။ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့နေစေပြီး ကိုယ်တော့ကို အမြဲ အားကိုးနေစေပါ။ ယုံကြည်ခြင်းအားဖြင့် ကြွယ်ဝသော အသက်တာကို ခံစားရစေပါ။

မေးခွန်း ၁၂၉

  1. ရှင်ယောဟန်က သူ့ ခရစ်ဝင်ကျမ်းရဲ့ နိဂုံးအနေနဲ့ ဘာတွေကို အဓိက ထားသွားသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:02 AM | powered by PmWiki (pmwiki-2.3.3)