Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 126 (Miraculous catch of fishes)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
5. သခင် ယေရှုဟာ အိုင်နားမှာ ကိုယ် ထင်ရှားတယ်။ (ယောဟန် ၂၁း ၁- ၂၅)

a) ငါးများစွာ အံ့ဖွယ်ရာ ဖမ်းမိခြင်း (ယောဟန် ၂၁း ၁- ၁၄)


ယောဟန် ၂၁း ၁-၃
၁ “တဖန် ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာ ဟူမူကား ၂ ရှိမုန် ပေတရုနှင့် ဒိဒုမုဟု အမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သား နှစ်ယောက် အခြားသောတပည့်တော် နှစ်ယာက်တို့သည် အတူရှိကြ၏။ ၃ ရှိမုန် ပေတရုက ကျွန်ုပ်သည် ငါးဖမ်းသွားမည်ဟု ဆိုလျှင် ထိုသူတို့က အကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွား ကြ၏။ ချက်ချင်း လှေထဲသို့ဝင်၍ ထိုညတွင် တကောင်ကိုမျှ မရကြ။”

ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုဟာ တပည့်တော်တွေနဲ့အတူ ဂါလိလဲပြည်မှာ ဆုံတွေ့တယ်။ ဂါလိလဲပြည်ဟာ သူတို့ရဲ့နေရင်းပြည် ဖြစ်ပြီး တိဗေရိအိုင်နဲ့ တဆက်တည်း ဖြစ်တယ်။ ကောင်းမွန်တဲ့ သိုးထိန်းကြီး ဖြစ်တဲ့ ခရစ်တော်က သူတို့ကို ဦးဆောင်တယ်။ တွေ့ဆုံတယ်။ ချစ်လို့ မကြာခဏ ကိုယ်ထင်ပြတယ်။ ယေရုရှလင် မြို့မှာရှိစဉ် ကြောက်နေကြတဲ့အတွက် ကိုယ်ထင်ပြတယ်။ ပသခါ ပွဲအပြီး တနင်္ဂနွေ ညနေခင်းမှာ “ငြိမ်သက်ခြင်း ရှိပါစေ” လို့ နှုတ်ဆက်ပြီး လောကီသားတွေကို ဧဝံဂေလိ ဟောပြောဖို့ စေလွှတ်တယ်။ (မာကု ၁၆း ၇ မဿဲ ၂၈း ၁၀) ဒါကြောင့် တပည့်တော်တွေရဲ့ အဓိက တာဝန်ဟာ လူကိုဖမ်းဖို့ ဖြစ်တယ်။ သူတို့ နာခံရဲ့လား။ ရှင်ပြန်ထမြောက်တဲ့ နိမိတ် လက္ခဏာဟာ လောကီသားတွေကို ဧဝံဂေလိ လုပ်ဖို့ ဖင့်နွဲ စရာအကြောင်း ရှိနေ သလား။ ဝမ်းနည်းစရာကောင်းတာက မရှိဘူး။ သူတို့ရဲ့ မူလလုပ်ငန်းဖက်ကို ပြန်လှည့်ကြပြီး အုပ်စုတွေ ပြိုကွဲသွားတယ်။ တချို့က တယောက်တည်း၊ တချို့က အဖွဲ့လိုက်နဲ့ ပြန်လုပ်ကြတယ်။

တညနေမှာ ပေတရုက “ငါးဖမ်းသွားမယ်” လို့ မိတ်ဆွေတွေကို ပြောတယ်။ ငါးဖမ်းသွားမယ်။ လိုက်လိုက် မလိုက်လိုက် သူကသွားမဲ့ပုံ ဖြစ်တယ်။ မိတ်ဆွေတွေက ကမ်းခြေ ဘက်ကို လိုက်လာကြပြီး လှေတစီးကို လှော်ပြီး အိုင်လယ်ကို ထွက်ခဲ့ကြတယ်။ သူတို့အကြိမ် များစွာ ပိုက်ကွန်ချတယ်။ တညလုံး ပင်ပန်းပေမယ့် တကောင်မှ မရဘူး။ သူတို့က သခင်ယေရှုပြောတဲ့ “ငါ မပါလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဆိုတဲ့ စကားကို မေ့နေကြတယ်။

ယောဟန် ၂၁း ၄-၆
၎ “နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာ ရပ်တော် မူ၏။ သို့ရာတွင် ယေရှု ဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။ ၅ ယေရှုကလည်း ချစ်သားတို့ စားစရာ တစုံတခု ရှိသလော ဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။ ၆ တဖန် ယေရှုက လှေ လက်ယာဘက်၌ ပိုက်ကွန် ကိုပစ်ချလော့။ ထိုသို့ ပြုလျှင်ရလိမ့်မည်ဟု မိန့်တော်မူသည် အတိုင်း ထိုသူတို့သည် ပစ်ချ၍ များစွာသော ငါးတို့ကို အုပ်မိသောကြောင့် ပိုက်ကွန်ကို ဆွဲ၍ မရနိုင်။”

သခင်ယေရှုက တပည့်တော်တွေကို ပစ်မထားဘူး။ လမ်းလွဲ ပေမယ့် မစွန့်ပစ်ဘူး။ ကမ်းခြေမှာရပ်ပြီး သူတို့ ပြန်အလာကို စောင့်နေတယ်။ သူတို့ရဲ့ ပိုက်ကွန်ထဲကို ငါးတွေ ပစ်ပေးလိုက် လို့ရပေမယ့် သခင်ယေရှုရဲ့ အောင်မြင်မှုကြီးကို အခုထိ နားမလည်နိုင်သေးတဲ့ သင်ပေးစရာ ရှိနေတယ်။ သူတို့က နဂိုမူရင်း အလုပ်ကို လှည့်ပြန်ကြတယ်။ ပဋိညာဉ်တခုကို ပြုခဲ့သူတွေ ဖြစ်ပေမယ့် ပြသနာ အခက်အခဲတွေ ရှိတဲ့အခါ မစခြင်းကို မေ့လျော့ခဲ့ကြတယ်။ ကိုယ်တော် မရှိသလို ဝေးကွာနေသလို ပြုမူကြတယ်။ တပည့်တော်တွေကို တမန်တော်လို့ မခေါ်ပဲ ချစ်သားတို့ လူငယ်တို့လို့ ခေါ်တယ်။ သင်ပေးသမျှကို မေ့ပစ်လိုက် ကြတယ်။ လက်တွေ့ကျင့်သုံးခြင်း မရှိကြဘူး။ ဒီလို ဝမ်းနည်းစရာတွေ ရှိပေမယ့် သခင်ယေရှုဟာ အပြစ်မတင်ဘဲ နှိမ့်ချ စွာနဲ့ ချစ်သားတို့ စားစရာ ရှိသလား လို့ မေးတယ်။ ဘာမှမရတာကို ဝန်ခံကြဖို့ပါ။ ဘုရားနဲ့ အတူ မရှိသလို ဖြစ်တယ်။ သူတို့ဟာ သူတို့အမှားကို ချက်ခြင်း ဝန်ခံသွားကြတယ်။

မိုးလင်းလာတဲ့အခါ သခင်ယေရှု သူတို့ထံ ရောက်လာတယ်။ မြှော်လင့်ခြင်း အသစ်လည်း မနက်ခင်းမှာ ပါလာတယ်။ “မင်းတို့ မအောင်မြင်ပေမယ့် ဘာမှ မဖြစ်ပါဘူးကွာ” လို့ မပြောဘူး။ အောင်မြင်သည်အထိ ထပ် ကြိုးစားပါ လို့လဲ မပြောဘူး။ “ပိုက်ကွန်ကို လှေရဲ့ ညာဘက်မှာ ချလိုက်ပါ။ မင်းတို့ ငါး မိလိမ့်မယ်” လို့ အမိန့် ပေးတယ်။ ရေနက်ရာမဟုတ်ဘဲ ကမ်းနဲ့နီးတဲ့အတွက် ငါး ကြီးကြီး ရဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့ဟာ ပြောတဲ့အတိုင်း ညာဘက်မှာ ပိုက်ကွန်ကို ချလိုက်ကြတယ်။

သခင်ယေရှုက ရေထဲမှာ ငါးတွေ မြင်နေတယ်။ ဒီနေ့ခေတ်မှာလည်း ဘယ်သူ ဆာငတ်တောင့်တတယ် ဆိုတာ မြင်တယ်။ ဒါကြောင့် လိုတာကို ပေးနိုင်တယ်။ မင်း ပိုက်ကွန်ထဲမှာရှိတာ အကုန်လုံးဖမ်းလို့ မပြောဘူး။ ငါ ပြောတဲ့ နေရာမှာ ဧဝံဂေလိ ပိုက်ကွန်ကိုချပါ။ ငါ့ စကား အလုပ်လုပ်တာ တွေ့လိမ့်မယ်လို့ ပဲ ပြောပါတယ်။

တပည့်တော်တွေဟာ ထူးထူးဆန်းဆန်း ခိုင်းတာကို နားထောင်ကြတယ်။ ဒါပေမယ့် သခင်ယေရှုကို သာမန် လူတယောက်လို ထင်နေတုန်း ဖြစ်တယ်။ သခင်ယေရှုကလည်း သာမန် နှုတ်ဆက် ခြင်းနဲ့ နှုတ်ဆက် လို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီ နှုတ်ဆက်စကားဟာ တည်ငြိမ်မှုတော့ ရှိတယ်။ ဒါကြောင့် ပိုက်ကွန်ကို ရဲရဲချလိုက်တယ်။ ကြည့်။ ပိုက်ကွန်ဟာ ငါးတွေနဲ့ ပြည့်နေတယ်။ ဒါဟာ သခင်ဘုရားရဲ့ဝိညာဉ်ရေး သွန်သင်ချက်ပဲ ဖြစ်တယ်။ သူ စေခိုင်းတဲ့အတိုင်း လုပ်ရင် ငါးမိမယ်။ ကိုယ့်အလိုအတိုင်းဆို ပင်ပန်းရုံပဲ ရှိမယ်။ ငါးတွေများလွန်းတော့ သူတို့ မသယ်နိုင်လို့ သူတို့ကို စေတနာစိတ်နဲ့ ကူညီမယ့် မိတ်ဆွေတွေ လိုလာတယ်။

ဆုတောင်း စားဝတ်နေရေးအတွက်ပဲ စိုးရိမ်မိတဲ့ စိတ်ကို ခွင့်လွှတ်ပါ။ တခြားသူတွေကို ကိုယ်တော့်ထံ ပို့တတ်စေပါ။ လမ်းလွဲချိန်မှာ အနားသို့ ကြွလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြစ်ခွင့်လွှတ်ဖို့ လမ်းပြတော်မူ ပါတယ်။ ကိုယ်တော့် စကားကို နားထောင်ဖို့ သွန်သင်တော်မူပါ။ ကိုယ်တော့်ကို ရှာသောသူတို့အား ယူဆောင် တတ်စေပါ။ ဧဝံဂေလိ ပိုက်ကွန်ထဲသို့ ရောက်စေလျက် ကိုယ်တော်ပိုင်သောသူများ ဖြစ်စေတော်မူပါ။

မေးခွန်း ၁၃၀

  1. ငါး အများကြီး ဖမ်းမိခြင်းဟာ တပည့်တော်တို့အတွက် ရှက်စရာ ဘာကြောင့် ဖြစ်သွား ရသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:02 AM | powered by PmWiki (pmwiki-2.3.3)