Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 114 (Burial of Jesus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
A - အဖမ်းခံရချိန်မှ သင်္ဂြိုဟ်ချိန်အထိ (ယောဟန် ၁၈း ၁- ၁၉း ၄၂)
4. ကားတိုင်နဲ့ သခင်ယေရှုရဲ့ သေခြင်း (ယောဟန် ၁၉း ၁၆- ၄၂)

f) သခင်ယေရှုကို သင်္ဂြိုဟ်ခြင်း (ယောဟန် ၁၉း ၃၈- ၄၂)


ယောဟန် ၁၉း ၃၈
၃၈ “ထိုနောက်မှ အရိမဿဲမြို့သား ယောသပ်သည် ယုဒလူတို့ကို ကြောက်၍ မထင်မရှား တပည့်တော်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ ဝင်၍ ယေရှု၏ အလောင်းတော်ကို ယူသွားမည် အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်း အခွင့်ပေးလျှင် ထိုသူသည် သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။”

လွှတ်တော်အဖွဲ့ဝင် ၇၀ လုံးက သခင်ယေရှုကို သေဒဏ်ပေးဖို့ သဘောတူခဲ့တာတော့ မဟုတ်ဘူး။ နှစ်ယောက်လောက်က ကန့်ကွက်ခဲ့ရင် ဒီသေဒဏ်အမိန့် အတည် မဖြစ်ဘူးလို့ မကြာသေးခင်က တွေ့ရှိခဲ့တဲ့ ရှေးဟောင်း သုတေသန အချက်အလက်တွေက ဖေါ်ပြနေတယ်။ ဒါပေမယ့် အားလုံးက သေဒဏ်ပေးခဲ့ရင် လူတွေဟာ မနာလိုစိတ်နဲ့ ပြစ်တင်စွပ်စွဲတာ ဖြစ်တယ်။ ဒီ လွှတ်တော်ဟာလည်း တရား မျှတမှု မရှိတဲ့ လွှတ်တော် ဖြစ်မယ်။ ဒီအချက်ပေါ်မှာ စစ်ကြောကြားနာမှုကို ခဏ ခဏလုပ်ပြီး သက်သေတွေရဖို့ ကြိုးစားခဲ့တယ်။ သခင်ယေရှု ခေတ်မှာ ဒီသဘောအရ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် နှစ်ယောက်လောက် ဆန့်ကျင်ခဲ့ပုံရတယ်လို့ ဆိုနိုင်တယ်။ တယောက်က အရိမဿဲမြို့သား ယောသပ် ဖြစ်တယ်။ သူဟာ လျှို့ဝှက် တပည့်တော် ဖြစ်တယ်။ (မဿဲ ၂၇း ၅၇ နဲ့ မာကု ၄၅း၁၃) သူက လွှတ်တော်မှာ ရာထူးမပြုတ်ချင်ဘူး။ တိုင်းပြည်မှာရထားတဲ့ ဩဇာလည်း မပျောက်ချင်ဘူး။ သူ့မှာ ရင့်ကျက်တဲ့ ပညာနဲ့ အတွေး အခေါ်ရှိတယ်။ ယောသပ်ဟာ ကယာဖရဲ့ မတရားမှု အတွက် စိတ်ဆိုးခဲ့တယ်။ လွှတ်တော်မှာ နေရာယူတာက လှည့်ကွက်တွေ ပါနေတယ်။ ယောသပ်ဟာ သခင်ယေရှုနဲ့ အပေါင်းအဖေါ်လည်း ဖြစ်တဲ့ အတွက် သူ့ကို ပယ်ထားတာ သိတယ်။ ဒါကြောင့် သူ့ရဲ့စကားတွေနဲ့ သက်သေခံချက်တွေက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ နောက်ကျသလို ဖြစ်သွားတယ်။ ဒီနောက်မှာ သခင်ယေရှုကို သေဒဏ် စီရင်လိုက်ကြတယ်။ သေဒဏ်ပေးပြီး နောက်မှာ ယောသပ်ဟာ ပိလတ်မင်းထံ သွားတယ်။ ဒီလို သွားခွင့်လည်း ရှိတယ်။ ပိလတ်မင်းက သူ တောင်းတဲ့ အရာကို အခွင့်ပေးလိုက်ပြီး သခင်ယေရှုရဲ့ အလောင်းတော်ကို ဖြုတ်သင်္ဂြိုဟ်ခွင့် ရသွားတယ်။ ဒါကြောင့် ပိလတ်မင်းဟာ ဂျူးတွေအပေါ်မှာ တကြိမ်မက လက်စားချေခွင့် ရသွားတယ်။ ဂျူးတွေကတော့ ရာဇဝတ်သား တွေကို ဟေနုန် ချိုင့်ဝှမ်းမှာ ဆွဲချပြီး ခွေးတွေ ကိုက်စားအောင် ပစ်ထားခဲ့တတ်ကြသူတွေ ဖြစ်တယ်။ ဘုရားသခင်က သားတော်ကို ဒီလို အဖြစ်ဆိုးကနေ ကွယ်ကာခဲ့တယ်။ သားတော်က အပြစ်အတွက် ပူဇော်ပေးရမှာ ဖြစ်တဲ့အတွက် ကားတိုင်ပေါ်မှာသာ အသေခံခဲ့ရတယ်။ ခမည်းတော် ဘုရားသခင်က သခင်ယေရှုကို ကောင်းမွန်တဲ့ သင်္ချိုင်းတခုမှာ သင်္ဂြိုဟ်ဖို့ ယောသပ်ကို လုပ်ဆောင်ခိုင်းတယ်။

ယောဟန် ၁၉း ၃၉- ၄၂
၃၉ “အထက်က ညအခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း အခွက် သုံးဆယ်မျှလောက် အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ၄၀ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံ ရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ ၄၁ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ် ရှိ၏။ ၄၂ ယုဒလူတို့၏ အဖိတ်နေ့ ဖြစ်သောကြောင့် အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော် ကိုထားကြ၏။”

ရုတ်တရက် နိကောဒင်ဟာ ကားတိုင်အနီးမှာ ရပ်လာတယ်။ သူဟာ လွှတ်တော်မှာ ကန့်ကွက်မဲ ပေးတဲ့ ဒုတိယလူ ဖြစ်တယ်။ လွှတ်တော်က ချမှတ်မယ့် ပြစ်ဒဏ်ကို ဖျက်ဖို့ အစောပိုင်းမှာ ကြိုးစားခဲ့တယ်။ အချက်အလက် တွေကို သေသေချာချာ ရှာဖို့ တောင်းဆို ခဲ့တယ်။ ( ၇း ၅၁) ဒီသက်သေခံဟာ သခင်ယေရှုထံ ရောက်လာတယ်။ ၃၂ ကီလို လောက်ရှိတဲ့ တန်ဖိုးကြီးတဲ့ ဆီမွှေးကို ယူလာတယ်။ အလောင်းကို ပတ်ရစ်ဖို့ ပိတ်စတွေ ယူလာတယ်။ ယောသပ်ကို အလောင်းသယ်ရာမှာ ကူညီပြီး အလောင်းကို ဂုဏ်အသရေ ရှိရှိ ဆီမွှေးနဲ့ ပြန်ပြီး သင်္ဂြိုဟ်ကြတယ်။ သောကြာနေ့ ညနေ ၆ နာရီ မတိုင်ခင်မှာ ပြီးစီးဖို့ လိုတဲ့ အတွက် သင်္ဂြိုဟ်ခြင်းအမှုကို အပြေးအလွှား အလျင်အမြန် လုပ်ဆောင်ကြတယ်။ သောကြာနေ့ ညနေ ၆ နာရီမှာ ဥပုသ်နေ့ စတယ်။ ဘာအလုပ်မှ မလုပ်ရတော့ဘူး။ သူတို့ အတွက် အချိန်က အရမ်းနဲပါးနေတယ်။ ခမည်းတော် ဘုရားက သားတော်ရဲ့အလောင်းကို သင်္ဂြိုဟ်ဖို့ ဂုဏ်ပြုဖို့ ဒီလူ နှစ်ယောက်ကို ဦးဆောင် ခိုင်းစေတယ်။ ဒါဟာ ဟေရှာယ ၅၃း ၃ မှာပါတဲ့ ဂတိတော် ပြည့်စုံတာ ဖြစ်တယ်။ သခင်ယေရှုကို ဂုဏ အသရေရှိ သူဌေးရဲ့သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ရမယ်လို့ ပြောထားတဲ့အချက် ဖြစ်တယ်။ ဒီလို သင်္ချိုင်း ဂူမျိုးကို ကျောက်ဆိုင်ကျောက်သားထဲကနေ ထွင်းထု ထားဖို့ ဆိုတာ အလွန်ကုန်ကျစရိတ်များတဲ့ ကိစ္စ ဖြစ်တယ်။ ဒါကြောင့် ယောသပ် အတွက် သခင်ယေရှုကို ဒီ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ခြင်းထက် ပိုကြီးမြတ်တဲ့ အလုပ်မရှိဘူး ဆိုတာ သူ နားလည်ထားတယ်။ ဒါကြောင့် သင်္ချိုင်းဂူကို ပေးလှူလိုက် ပြီးတော့ အခေါင်း မလိုတဲ့ အတွက် သခင်ယေရှုရဲ့ အလောင်းကို ကျောက်ကုတင်အခင်းပေါ်မှာ တင်ထား ကြတယ်။ သင်္ဂြိုဟ်တဲ့ ပိတ်စတွေနဲ့ ရစ်ပတ်ပြီး နိကောဒင် ပြင်ဆင်ခဲ့တဲ့ အမွှေးအကြိုင် ဆီမွှေးတွေနဲ့ လိမ်းကျံ ကြတယ်။

သခင်ယေရှုဟာ သေဆုံးသွားပါပြီ။ သူ့ရဲ့ လောကအသက်တာလဲ အသက် သုံးဆယ်အရွယ် ငယ်ငယ် ရွယ်ရွယ်နဲ့ အဆုံးသတ် သွားပါပြီ။ သူဟာ အသေခံဖို့ ကြွလာရခြင်း မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ကိုယ့်အဆွေတို့ အဖို့ အသက်ကို စွန့်တဲ့ ချစ်ခြင်း မေတ္တာထက် ကြီးတဲ့အရာ မရှိတော့ပါဘူး။

ဆုတောင်း ကိုယ်စား အသေခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ကို ယုံကြည်သူအားလုံးနဲ့ အတူ ချစ်ပါတယ်။ ကိုယ်တော့် ချစ်ခြင်းမေတ္တာက ဘုရားသခင်ရဲ့ အမျက်တော်မှ ကယ်တင်ပေးတယ်။ သုံးပါးတဆူ ဘုရားသခင်နဲ့ အတူ မိတ်ဆွေ ဖွဲ့စေတယ်။ ကားတိုင်မှာ အသေခံပေးတဲ့ ကိုယ်တော့်ကို ကျေးဇူးချီးမွမ်းတဲ့အနေနဲ့ အသက်တာကို ဆက်ကပ်ပါတယ်။ လက်ခံတော်မူပါ။

မေးခွန်း ၁၁၈

  1. သခင်ယေရှုကို သင်္ဂြိုဟ်ခြင်းက ဘာကို သွန်သင် ပေးသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:01 AM | powered by PmWiki (pmwiki-2.3.3)