Previous Lesson -- Next Lesson
e) သခင်ယေရှုရဲ့ နံတော်ကို ထိုးနှက်ခြင်း (ယောဟန် ၁၉း ၃၁- ၃၉)
ယောဟန် ၁၉း ၃၁- ၃၇
၃၁ “ထိုနေ့သည် အဖိတ်နေ့ ဖြစ်၍ နက်ဖြန်နေ့လည်း ကြီးမြတ်သော ဥပုသ်နေ့ ဖြစ်သည်ကို ယုဒ လူတို့သည် ထောက်၍ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင် ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့် တောင်းကြ၏။ ၃၂ ထိုအခါ စစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူ နှစ်ယောက်တို့၏ ခြေကို ချိုးလေ၏။ ၃၃ ယေရှုထံသို့ ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင် ခြေကိုမချိုးဘဲ၊ ၃၄ စစ်သူရဲတယောက်သည် နံဘေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ချင်းထွက်လာ၏။ ၃၅ ထိုအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း သူပြောသော စကား မှန်သည်ကို သူသိ၏။ ၃၆ ထိုအကြောင်း အရာကား သူ၏ အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။ ၃၇ တဖန် ကျမ်းစာလာသည်ကား ထိုသူတို့သည် မိမိတို့ ထိုးဖောက်သော သူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။”
ပညတ် တရားအတိုင်း ဂျူးလူမျိုးတွေဟာ လူ့စိတ်ခံစားချက်တွေကို ရှောင်လွှဲဖို့ ကြိုးစားလေ့ရှိတယ်။ မောရှေပညတ်အရ အသတ်ခံရတဲ့ အလောင်းတွေကို ညအချိန်မှာ ဖယ်ရှားလေ့ ရှိတယ်။ ဒါကြာင့် ဂျူးတွေက အသတ်ခံရတဲ့ သုံးယောက်အလောင်းကို ဖယ်ရှားချင်တယ်။ သူတို့ရဲ့ ပွဲနေ့အရောက်မှာ အလောင်းတွေကို ဒီတိုင်း မမြင်စေချင်ဘူး။ သူတို့က နံရိုးတွေကို ချိုးပြီး မြန်မြန် သတ်လိုက်ဖို့ ပိလတ်မင်းကို အခွင့်တောင်းကြတယ်။ ကားတိုင်မှာ တင်သတ်ခံရသူတွေဟာ တခါတရံ သုံးရက်လောက် အသက်ရှင်ေ ကြတယ်။ ခြေတွေလက်တွေကို သံရိုက်ထား တာဟာ အကြီးအကျယ် သွေးထွက်စေတာ မဟုတ်တဲ့အတွက် စစ်သားတွေက အလောင်းတွေကို ချိုးဖဲ့ ရိုက်နှက်တာမျိုး အထပ်ထပ် လုပ်ကြတယ်။
စစ်သားတွေ သခင်ယေရှု အနား ရောက်လာတဲ့အခါ သူ သေပြီ ဆိုတာ မြင်ကြရတယ်။ သူ့ရဲ့ ကိုယ်ခန္ဓာဟာ ကြာပွတ်ဒဏ်ရာတွေနဲ့ အားနည်းခဲ့ပြီး သူ့ရဲ့ဝိညာဉ်ကတော့ လူသားတွေရဲ့ အပြစ်နဲ့ လေးလံနေခဲ့တယ်။ သခင်ယေရှုဟာ ဘုရားနဲ့လူ ပြေလည်ဖို့ အတွက် သူ့အလိုအလျောက် အသေခံခဲ့ခြင်း ဖြစ်တယ်။ ဘာသာရေး ကိစ္စမဟုတ်တဲ့အတွက် ဂျူးတွေဟာ သခင်ယေရှုကို အလွန် သေစေလိုတယ်။ စစ်သားတယောက်က လှံကို ယူပြီး သခင်ယေရှုရဲ့ အသဲနှလုံးနားကို လှံနဲ့ထိုးလိုက်တယ်။ သွေးနဲ့ရေ ထွက်လာတယ်။ ဒါက သောကြာညနေ ၆နာရီ မတိုင်ခင်မှာ သေခဲ့ပြီ ဆိုတဲ့ သက်သေ ဖြစ်တယ်။ ဒီဖြစ်ရပ်ဟာ ခရစ်ယာန်တွေအတွက် ဘုရားသခင်ရဲ့ အောင်မြင်မှု ၃ ခုကို ပြတယ်။
၁။ ဂျူးတွေဟာ သခင်ယေရှုရဲ့အရိုးကိုချိုးဖို့အတွက် စာတန်တိုက်တွန်းတာကို မအောင်မြင်ခဲ့ဘူး။ ခရစ်တော်ရဲ့အရိုးကို ချိုးခဲ့မယ်ဆိုရင် ဒါဟာ ဘုရားနှစ်သက်တဲ့ ယဇ်မဟုတ်ဘူးလို့ ငြင်းဆန်နိုင်တယ်။ ပသခါပွဲရဲ့ ထုံးစံအရ ယဇ်ကောင်သိုးသူငယ်ဟာ အရိုးချိုးခြင်း မရှိရဘူး။ (ထွက်မြောက် ၁၂း ၄၆) ဒါကြောင့် ဘုရားသခင်က သူ့ရဲ့သားတော်ကို အသက်သေစေသော်လည်းပဲ ဘုရားသခင်ရဲ့သိုးသူငယ်ကို အနိုင်အထက် လုပ်လို့မရဘူး။
၂။ သခင်ယေရှုရဲ့ နံတော်ကို စစ်သူရဲက လှံနဲ့ ထိုးခြင်းဟာ ကျမ်းစာထဲမှာ ဇာခရိ ၁၂း ၁၀ မှာ ကြိုပြောထားတဲ့ အချက် ဖြစ်တယ်။ ဇာခရိ ၁၁း ၁၃ မှာတော့ ပရောဖက်က ဓမ္မဟောင်းခေတ် လူတွေဟာ သူတို့ရဲ့ သိုးထိန်းကို ငွေအသပြာ ၃၀ ထက် တန်ဖိုး မထားဘူးလို့ ရေးထားတယ်။ ဒီလို တန်ကြေးနည်းသော်လည်းပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်က ဒါဝိဒ်ရဲ့အိမ်တော်အပေါ်မှာ သက်ရောက်ပြီး ယေရုရှလင်မြို့သားတွေရဲ့ မျက်စိရှေ့ လက်ဝါးကပ်တိုင်မှာ အသေခံရတဲ့ သူဟာ ခမည်းတော်ဘုရားသခင် အသိအမှတ် ပြုတဲ့သူဖြစ်ကြောင်း ရိပ်မိနိုင် စေတယ်။ ဒီလို မရိပ်မိရင် လူတွေဟာ ဘုရားကိုသော်လည်းကောင်း၊ ကယ်တင်ခြင်းကိုလည်းကောင်း သိလာမှာ မဟုတ်ဘူး။ လက်ဝါးကပ်တိုင်မှာ အသေခံရသူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ရရှိသူ ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် ထိုသူတို့သည် သူတို့ ထိုးဖေါက်သောသူကို တွေ့မြင်ရလိမ့်မည်လို့ ဆိုတယ်။
၃။ သစ္စာရှိတဲ့ အဲဒီတပည့်တော် ယောဟန်ဟာ လက်ဝါးကပ်တိုင်နားမှာ မျက်မြင်သက်သေအဖြစ် ဖြစ်ပျက်သမျှ ပြောသမျှကို သက်သေခံတယ်။ သူဟာ စစ်သားတွေရဲ့လက်က ထွက်မပြေးဘူး။ သခင်ဘုရားကိုလည်း သေသည့်တိုင်အောင် သူ စောင့်နေတယ်။ နံတော်ကို လှံနဲ့ ထိုးတာ မြင်ရတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို သက်သေခံတယ်။ သူ့ရဲ့သက်သေခံခြင်းကြောင့် သုံးပါးတဆူ ဘုရားသခင်ကို ယုံကြည်သွားပြီး ထာဝရအသက် ရနိုင်တယ်။
ဆုတောင်း ကိုယ်တော်ဟာ အပြစ်များကို အောင်နိုင်သူ၊ အပြစ်၊ စာတန်နဲ့ တရားစီရင်ခြင်းကို အောင်မြင်သူ ဖြစ်တယ်။ ကိုယ်တော်ဟာ အသက်ရှင်ပြီး ခမည်းတော်ဘုရားနှင့်အတူ စိုးစံသော ရှင်ဘုရင်လည်း ဖြစ်တယ်။
မေးခွန်း ၁၁၇:
- သခင်ယေရှုရဲ့ အရိုးကို မချိုးခြင်းအားဖြင့် ဘာကို သင်ယူလေ့လာနိုင်သလဲ။