Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 084 (The new commandment)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
B - သခင်ယေရှုရဲ့ ညစာစားပွဲအပြီး ဖြစ်ရပ်များ။ (ယောဟန် ၁၃း ၁- ၃ဂ)

3. အသင်းတော်အတွက် အသစ်သောပညတ် (ယောဟန် ၁၃း ၃၃- ၃၅)


ယောဟန် ၁၃း ၃၃
၃၃ “ချစ်သားတို့ ငါသည် သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခု သင်တို့အား ငါပြော၏။”

ဝိညာဉ်တော်အားဖြင့် ဘုန်းတော်ထင်ရှားပြီးတဲ့အခါ သခင်ယေရှုက ယုံကြည်ခြင်းတရားရဲ့ အခြေခံနဲ့ သဘောတရားတွေကို လမ်းပြသွန်သင်ပေးတယ်။ ကိုယ်ခန္ဓာအားဖြင့်သာ အတူရှိရုံမျှမက ကောင်းကင်မှာလည်း စိုးစံနေတယ်။ ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ဟာ ဒီကမ္ဘာလောကကြီးရဲ့ အရေးကြီးဆုံးအချက် ဖြစ်တယ်။ အသက်ရှင်သောသူကို မသိရင် သို့မဟုတ် မယုံကြည်ရင် မျက်စိကန်းသလို ဖြစ်တယ်။ လမ်းလွဲနေတယ်။ ကယ်တင်ရှင်ကို မြင်တဲ့သူကတော့ အသက်ရှင်ပြီး ထာဝရအသက်ရတယ်။

သခင်ယေရှုက တပည့်တော်တွေ လိုက်မလာနိုင်တဲ့နေရာကို သွားမယ်လို့ ပြောတယ်။ ဒါက လွှတ်တော်မှာ အစစ်ဆေးခံရခြင်း သင်္ချိုင်းတံခါးပွင့်ခြင်းတွေကို ပြောတာမဟုတ်ဘဲနဲ့ ကောင်းကင်တက်ကြွခြင်းကို ဆိုလိုတယ်။ ခမည်းတော်က သင့်ရန်သူတို့ကို သင့်ခြေအောက်မှာ မချမချင်း ငါ့လက်ျာဘက်မှာထိုင်လော့ လို့ဆိုတယ်။ သခင်ယေရှုက တပည့်တော်တွေကြားထဲက ပျောက်ကွယ်မသွားဘဲ အသက်မသေမီ ရှင်ပြန်မထမြောက်မီ ကောင်းကင်မတက်မီမှာပင် ကိုယ့်အလိုအလျောက် မဝင်နိုင်တဲ့ ကောင်းကင်တက်ကြွခြင်း အကြောင်းကို ပြောတယ်။ ဒီအကြောင်းကို ဂျူးတွေကိုလည်း ကြိုပြောပြီးသားဖြစ်ပေမယ့် သူတို့ နားမလည်ဘူး။ အခုလို သစ္စာဖောက်ခံရတဲ့ အချိန်နာရီမှာ တပည့်တော်တွေရော နားလည်ကြရဲ့လား။ အကြီးအကျယ် လမ်းလွဲမသွားဖို့ လမ်းပျောက် မသွားဖို့အတွက် ခမည်းတော်နဲ့ သားတော်ကို ဝတ်ပြုခြင်းအားဖြင့် သူတို့ကို ခိုင်ခံ့စေတယ်။ ခရစ်တော်ရဲ့ သစ္စာတရားပေါ်မှာ သူတို့စိတ်ချရဲ့လား။ စွန့်မပစ်ဘူးဆိုတာ ယုံကြရဲ့လား။ သူတို့ရဲ့ဘဝလည်း ဘယ်တော့မှ ဆုံးရှုံး ပျက်စီးမသွားဘူးဆိုတာ သိကြရဲ့လား။

ယောဟန် ၁၃း ၃၄- ၃၅
၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ ၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။”

သခင်ယေရှုက ဝိညာဉ်တော်မသွန်းလောင်းသေးတဲ့အတွက် တပည့်တော်တွေဟာ အပြည့်အဝနားလည်မှာ မဟုတ်ဘူးဆိုတာ သိတယ်။ အားမကိုးတတ် ချစ်ခြင်းမေတ္တာကို မဝေစားတတ်သေးတဲ့အချိန် ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာမှာတည်တဲ့သူဟာ သားတော်မှာ တည်နေတယ်။ သုံးပါးတဆူ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ သုံးပါးတဆူဘုရားသခင်ဟာ တလုံးတဝတည်းဖြစ်ပြီး သုံးပါးတဆူဘုရားရဲ့ ချစ်ခြင်းမေတ္တာဟာ လူ့ဇာတိကို ခံယူလာတယ်။ ဘုရားရဲ့ သန့်ရှင်းခြင်းဟာလည်း တပည့်တော်တွေထဲမှာ ရောက်လာတယ်။

ဒါကြောင့် သခင်ယေရှုက ရင့်ကျက်တဲ့ ချစ်ခြင်းနဲ့ အချင်းချင်းချစ်တတ်ဖို့ နှိုးဆော်တယ်။ ဓမ္မဟောင်းကျမ်းလို ပိတ်ပင် တားမြစ်ချက်တွေချည်း ပြောနေတာမဟုတ်တော့ဘူး။ ပညတ်ချက်တခုနဲ့ပဲ တခြားပညတ် အားလုံးအတွက် လုံလောက်သွားတယ်။ ချစ်ခြင်းမေတ္တာဟာ ပညတ်တရား ပြည့်စုံရာ ဖြစ်တယ်။ မောရှေက လူတွေ မလုပ်ရဘူးဆိုတဲ့ negative rules ပညတ်တွေ ပေးတယ်။ ခရစ်တော်က သူ့လိုလုပ်ပါဆိုတဲ့ positive action လုပ်ရမယ်ဆိုတဲ့ ပညတ်ကို ပေးတယ်။ ချစ်ခြင်းမေတ္တာဟာ အသင်းတော်ရဲ့အသက် ဖြစ်တယ်။ အသင်းတော်က ချစ်ခြင်းမေတ္တာ မပြရင် အသင်းတော်ဆိုတာ မရှိတော့ဘူး။

ချစ်ခြင်းမေတ္တာဟာ လျှို့ဝှက်ချက်လည်း ဖြစ်တယ်။ ထိန်းသူမရှိ ကွဲလွင့်နေတဲ့သိုးတွေကို ခရစ်တော်က သနားတယ်။ ပျောက်သောသိုးကို သနားတယ်။ တပည့်တော်တွေကို သည်းခံတယ်။ ကြင်နာတယ်။ ခရစ်တော်ရဲ့ နိုင်ငံတော်က မေတ္တာနိုင်ငံ။ ချစ်ခြင်းမေတ္တာမှာ တည်တဲ့သူဟာ ခရစ်တော်ရဲ့ ကျေးဇူးတရားမှာ ရှိတယ်။ ခရစ်တော်ကို မုန်းတဲ့သူက စာတန်နိုင်ငံသား ဖြစ်တယ်။ ချစ်ခြင်းမေတ္တာက ကြင်နာတယ်။ ကိုယ့်အကျိုးမရှာဘူး။ သည်းခံတယ်။ အရာရာ ကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။ တမန်တော်တွေဟာ ဩဝါဒစာတွေထဲမှာ ဒီအကြောင်းကို အကြိမ်များစွာရေးထားတယ်။ ဘုရားချစ်ခြင်းဟာ စုံလင်စွာနဲ့ တည်ရှိနေတယ်။

အသင်းတော်အတွက် ချစ်ခြင်းမေတ္တာ အကျိုးမှတပါး တခြားသော ပုံသက်သေပြစရာမရှိဘူး။ အမှုတော်ထဲမှာ ပါဝင်ဖို့ သွန်သင်မယ်ဆိုရင် တပည့်တော် ဖြစ်လာမယ်။ တကယ်ချစ်တတ်ဖို့ ခရစ်တော်က လမ်းပြသွန်သင်မယ်။ ခရစ်တော် ခွင့်လွှတ်သလို တကယ် အသက်ရှင်ရင် တခြားသူတွေကို ဝမ်းမြောက်စွာ ခွင့်လွှတ်ပေးလာနိုင်မယ်။ အသင်းတော်မှာ ကြီးမြတ်မှုအတွက် နေရာလုတာမျိုးမရှိရင် အားလုံးဝမ်းသာပြီး ခရစ်တော်ရဲ့ ဝိညာဉ်သဘောနဲ့ စည်းလုံးလာမယ်။ နေရတဲ့ ပတ်ဝန်းကျင်ဟာ ကောင်းကင်ဘုံလို ဖြစ်လာမယ်။ အသင်းတော်တွေလည်း သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝလာမယ်။

မေးခွန်း ၈၈

  1. ခရစ်ယာန်တွေရဲ့ထူးခြားတဲ့ တခုတည်းသော သင်္ကေတဟာ ဘာကြောင့် ချစ်ခြင်းမေတ္တာ ဖြစ်နေရတာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)