Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 050 (Disparate views on Jesus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

b) လူအများနဲ့ လွှတ်တော်ကြားမှာ သခင်ယေရှုအကြောင်း အမျိုးမျိုးထင်မြင်ယူဆချက်များ (ယောဟန် ၇း ၁၄- ၆၃)


ယောဟန် ၇း ၂၁- ၂၄
၂၁ ယေရှုကလည်း ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။ ၂၂ မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှအစစွာ ခံရသည်ဟုမဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည်အရေဖျားလှီးခြင်းကိုပေးကြ၏။ ၂၃ မောရှေ၏တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။ ၂၄ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့ဟု မိန့်တော်မူ၏။

သခင်ယေရှုက ယုဒလူတွေကို တိုက်ရိုက်မဖြေဘူး။ နတ်ဆိုးစွဲတယ်လို့ပြောတဲ့စကားကို မချေဘူး။ သူ့ကို သေဒဏ်ပေးဖို့ စုဝေးတဲ့လူတွေဟာ မတရားဖူးလို့တော့ ထောက်ပြတယ်။ ဥပုသ်နေ့မှာ ဗက်ဇဲဒမြို့က ခြေမစွမ်းသူကို အနာရောဂါငြိမ်းတဲ့အတွက် သူ့အပေါ်စီရင်ချက်ဟာ မတရားဘူးလို့ဆိုတယ်။ အဲဒီနေ့က မသန်စွမ်းသူကို အိပ်ယာသယ်ပြီး အိမ်ပြန်ခိုင်းခဲ့တယ်။ ဒါက သိပ်အံ့ဩစရာကောင်းတယ်။ ဒီနိမိတ်လက္ခဏာကြောင့် သူ့ကို ပြစ်တင်စီရင်ကြတာ ဖြစ်တယ်။

ပညတ်တရားကျွမ်းကျင်သူတွေပင်လျှင် ပညတ်တရားကိုတကယ်မစောင့်ကြဘူးလို့ သခင်ယေရှု ထောက်ပြတယ်။ ဒီပညတ်က ရှေ့နောက် ဆင်ခြင်စရာရှိနေတယ်။ အရေဖျားလှီးခြင်းဟာ ဘုရားနဲ့ပဋိညာဉ်ပြုတဲ့ အမှတ်သက်သေဖြစ်တယ်။ ဥပုသ်နေ့ကတော့ ဘုရားနဲ့အနားယူတဲ့ မိတ်ဆွေဖွဲ့တဲ့နေ့ဖြစ်တယ်။ လူတွေက သားငယ်တွေကို မွေးဖွားပြီး ရှစ်ရက်မြောက်တဲ့နေ့မှာ အရေဖျားလှီးတယ်။ ဒါပေမယ့် အဲဒီနေ့ဟာ ဥပုသ်နေ့လည်း ဖြစ်နေနိုင်တယ်။ အရေဖျားမလှီးပဲ နေမလား။ လှီးရင် အလုပ်လုပ်ရာ မကျဘူးလား။ အနာရောဂါဆိုတာ အပြစ်ရဲ့အကျိုးဆက် ဖြစ်တယ်။ ပျောက်ကင်းစေတာက စိတ်ဝိညာဉ်ကိုယ်ခန္ဓာအတွက် ကယ်တင်ခြင်းဖြစ်တယ်။ ဒါကြောင့် ဥပုသ်နေ့မှာအရေဖျားလှီးတဲ့ အဖြစ်အပျက်ထက် ဘာမှပိုပြီးတော့ အမှားအယွင်း မရှိဘူး။ ကယ်တင်ခြင်းရဲ့ တန်ခိုးနဲ့ ချစ်ခြင်းမေတ္တာကို ခွဲခြားနားလည်ဖို့ ထောက်ပြပေမယ့် အချည်းနှီးဖြစ်သွားတယ်။ သူတို့နားက မကြားဘူး။ စိတ်သဘောက မာကြောတယ်။ ဖြောင့်ဖြောင့်မှန်မှန် ဆုံးဖြတ်ဖို့၊ ကောင်းကောင်းမွန်မွန် သဘောထားဖို့ သူတို့ မတတ်နိုင်ဘူး။

ယောဟန် ၇း ၂၅- ၂၇
၂၅ “ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။ ၂၆ ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။ ၂၇ သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်က ဖြစ်တော်မူသည်ကို အဘယ်သူမျှ မသိရဟုဆိုကြ၏။”

ယေရုရှလင်မြို့သားတွေက ဗိမာန်တော်ကို ရောက်လာတယ်။ လူပရိတ်သတ်အလယ်မှာ သခင်ယေရှုကို တွေ့တော့ စိတ်ဆိုးကြတယ်။ သူတို့ရဲ့ဖမ်းမိန့်ကို ဂရုမစိုက်ပဲ ဆက်သွားနေလို့ ဖြစ်တယ်။ ဒီသတင်းကို လူတိုင်း သိနေတယ်။

ယေရုရှလင်မြို့သားတွေက ဒီဖြစ်ရပ်အပေါ် လွှတ်တော်ရဲ့ကိုင်တွယ်ပုံကို လှောင်ပြောင်ကြတယ်။ ရောမအစိုးရက ယုဒလူမျိုးအကြီးအကဲတွေရဲ့လက်မှ သေဒဏ်ပေးပိုင်ခွင့်ကို ရုပ်သိမ်းပြီးဖြစ်တယ်။ လူတွေက ပြောနေတယ်။ “ဖမ်းမိန့်ထုတ်ထားသူက မြို့ထဲမှာလျှောက်သွားနေတယ်။ ဗိမာန်တော်မှာ မကြောက်မ့ရွံ တရားဟောနေတယ်။ အာဏာပိုင်တွေလည်း ဘာမှမတတ်နိုင်ဘူး။ ယဇ်ပရောဟိတ်တွေလည်း သူ့ကို ပြန်မချေတတ်ဘူး။”

တချို့ကလည်း မင်းမသိလို့ပါကွာ၊ အကြီးအကဲတချို့က သူ့ကိုမေရှိယအဖြစ် ယုံကြည်နေလို့ ဖြစ်မယ်။ သခင်ယေရှုကို ဖမ်းဖို့အချိန် နှောင့်နှေးနေလို့ တွက်ဆကြတာဖြစ်တယ်။ လူတွေကြားထဲမှာ ထင်မြင်ချက်အမျိုးမျိုး ကွဲလာတယ်။ တတိယထင်မြင်ချက်ကတာ့ မေရှိယကြွလာရင် သူက အံ့ဩထူးဆန်းစွာ ကြွလာမယ်။ သာမန်လူလို မဟုတ်ဘူး။ ဒီလူကတော့ တောင်ပ်ါရွာကလေးက သာမန်လက်သမားသာ ဖြစ်တယ်။ မေရှိယအစစ်က ကောင်းကင်ကနေ ဆင်းသက်လာမယ်။ လူတွေကြားထဲ လျှောက်သွားမနေဘူး။

ယောဟန် ၇း ၂၈- ၃၀
၂၈ “ယေရှုကလည်း သင်တို့သည် ငါ့ကိုသိကြ၏။ ငါ အဘယ်ကဖြစ်သည်ကိုလည်းသိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျာက်လာသည်မဟုတ်။ ငါ့ကိုစလွှတ်တော်မူသာသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။ ၂၉ ငါမူကားသိ၏။ အကြာင်းမူကား ထိုသူ၏အထံတ်ာမှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင် ၃၀ ကိုယ်တ်ာကို ဖမ်းဆီးခြင်းအခွင့်ကိုရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြာင့် အဘယ်သူမျှ မဖမ်းမဆီးကြ။”

ဝေဖန်သံတွေကို သခင်ယေရှု ကြားတယ်။ “မင်းတို့ ငါ့ကိုသိသလား။ ဘယ်ကလာတယ်ထင်လဲ။ မင်းတို့အထင်နဲ့ မင်းတို့တော့ဟုတ်နေတယ်။ ဒါပေမယ့် ငါ့ကိုမသိဘူး။ ငါ့စကားကို နားထောင်။ ငါ့စိတ်သဘောကို လေ့လာ။ ငါဘယ်သူလဲ ဘယ်ကလာလဲသိလာလိမ့်မယ်။”

သခင်ယေရှုက သူ့သဘောနဲ့သူ လာတာမဟုတ်ဘူး။ ဘုရားက စေလွှတ်တယ်။ ခမည်းတော်ဘုရားက စေလွှတ်တယ်။ ခမည်းတော်ဘုရားရဲ့သဘော ဂုဏ်တော်ရှိတယ်။ “မင်းတို့ ဘုရားသခင်ကို မသိပါဘူး။ ဗိမာန်တော်ထဲမှာ ဘုရားသခင်နေတယ်လို့ မင်းတို့ထင်နေတယ်။ ယဇ်ပုရောဟိတ်တွေလည်း အကန်းပဲ။ ဘုရားကို မမြင်ဘူး။ ဘုရားအသံမကြားဘူး။ မင်းတို့ကို မင်းတို့ လှည့်စားနေတာ။”

ငါကတော့ ဘုရားသခင်ကိုသိတယ်လို့ဆိုတယ်။ ဧဝံဂေလိရဲ့အနှစ်သာရကတာ့ ဒါပဲ။ သခင်ယေရှုက ဘုရားသခင်ကို သိတယ်။ ဘုရားသခင်ရဲ့နာမတော်နဲ့ မေတ္တာတော်ကို ကြေညာတယ်။ နာဇရက်မြို့သားယေရှုဟာ ဘုရားသခင်နဲ့အတူ မိတ်သဟာယဖွဲ့ပြီး အပြစ်ကင်းမဲ့စွာ အသက်ရှင်ခဲ့တယ်။ လူသာမန်တွေကတော့ ကိုယ်အပြစ်ကြောင့် ဘုရားနဲ့ကွဲကွာနေရတယ်။ နားထောင်နေတဲ့လူတချို့က စကားတော်ရဲ့ အရေးကြီးပုံကို နားလည်တယ်။ သခင်ယေရှုက သူတို့ကို မှန်ကန်စွာ ပြစ်တင်နေတာကိုသိတယ်။ ဒါကြောင့် ဗိမာန်တော်ကို အပြစ်တင်နေပြီ။ ဘုရားကို မယုံမကြည်အောင်လုပ်တယ်လို့ အော်ဟစ်စွပ်စွဲလာတယ်။ သူတို့စိတ်ဆိုးလာပြီး သခင်ယေရှုကို ဖမ်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘုရားသခင်သားတော်နားကို ဘယ်သူမှမကပ်ရဲဘူး။ ကောင်းကင်တမန်တွေက ကွယ်ကာထားတယ်။ ဒီလောကမှာနေမယ့် နောက်ဆုံးအချိန် မရောက်သေးတဲ့အတွက် ဘာမှလုပ်မရဘူး။ ခမည်းတော်ဘုရားက လူသားတွေကို ရွေးနှုတ်ကယ်တင်ဖို့ ခရစ်တော်ကို ခန့်ထားတဲ့ အချိန်ကာလက သတ်မှတ်ပြီးသားဖြစ်တယ်။ ဒီအချိန်ကို လူကနောက်ပြန်ရွေှ့ဖို့ (သို့) စောဖို့မလုပ်နိုင်ဘူး။

ဆုတောင်း သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ဘုရားဖြစ်သောကြောင့် ကိုးကွယ်ပါမည်။ ခမည်းတော်ကို ထင်ရှားစေခဲ့ပါပြီ။ ကိုယ်တော့ကိုချစ်လျက် အမှုတော်ဆောင်ပါမည်။ ကိုယ်တော်ကြောင့်သာ ဘုရားသားသမီး ဖြစ်ရပါ၏။ ကိုယ်တော့နာမတော်ကို ချီးမြှောက်ပါ၏။ သံသယရှိနေသူများကြားမှာ ခမည်းတ်ာဘုရားကို ထင်ရှားစေပါ။ သတိမဲ့မနေပဲ ကိုယ်တော့ထံသို့ လှည့်ပြန်ကြပါလိမ့်မည်။

မေးခွန်း ၅၄

  1. ဘုရားသခင်ကို စစ်မှန်စွာသိတဲ့ သခင်ယေရှုဟာ ဘာကြောင့်အဓိကကျတဲ့သူ ဖြစ်နေသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:47 AM | powered by PmWiki (pmwiki-2.3.3)