Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 022 (People lean towards Jesus; Need for a new birth)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
2. သခင်ယေရှု နိကောဒင်နဲ့ စကားပြောခြင်း။ (ယော ၂း ၂၃ - ၃း ၂၁)

a) လူတွေ သခင်ယေရှုထံ လာကြတယ်။ (ယော ၂း ၂၃ - ၂၅)


ယော ၂း ၂၃ - ၂၅
၂၃ ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၂၄ သို့သော်လည်း ယေရှုသည် ထိုသူတို့၌ ကိုယ်ကို အပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ ၂၅ လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူကိုမျှ အလိုတော်မရှိ။

ပသခါပွဲနေ့မှာ ဝတ်ပြုကိုးကွယ်ရာ အရပ်ဖြစ်တဲ့ ယေရုရှလင်မြို့ကို လူတွေ ရောက်လာကြတယ်။ အီဂျစ်ပြည်က ထွက်မလာခင် ဘုရားအမျက်တော်အောက်မှ ဘိုးဘေးတွေကို ကွယ်ကာခဲ့တဲ့ သိုးသငယ်တော် အကြောင်းကို စဉ်းစားရင်း ယဇ်ပူဇော်ရာ အသားကို ဝေမျှကြတယ်။

သခင်ယေရှုက ဘုရားသိုးသငယ်အဖြစ်နဲ့ ယေရုရှလင်ကို ကြွလာ၊ နိမိတ်လက္ခဏာပြ၊ မေတ္တာပြ၊ တန်ခိုးတော် ပြခဲ့တယ်။ လူတွေ သတိထားမိလာပြီး၊ လူတိုင်း ပါးစပ်ဖျားမှာ သခင်ယေရှုနာမည် ရေပန်းစားလာတယ်။ “သူက ပရောဖက်လား? ရှေ့ပြေးလာမယ့် ဧလိယလား? တခြားပရောဖက် တပါးပါးလား? မေရှိယလား?” တီးတိုး မေးကြတယ်။ လူအများ ရောက်လာပြီး၊ ဘုရားသားတော်အဖြစ် ယုံကြည်ကြတယ်။

သူတို့စိတ်နှလုံးကို သိနေတော့ သူတို့ကို တပည့်တော်အဖြစ် ရွေးတော်မမူဘူး။ ဘုရားမှန်း မသိကြသေးဘူး။ လောကီ အတွေးနဲ့ ကြည့်နေတာ ဖြစ်တယ်။ သူတို့စိတ်ထဲမှာ ရောမအစိုးရလက်က လွတ်ချင်တယ်။ အလုပ်အကိုင်ကောင်း ရချင်တယ်။ အနာဂတ်လည်း သာယာချင်တယ်။ သခင်ယေရှုက သူတို့အားလုံးကို သိတယ်။ သူတို့စိတ်ကို မြင်နေတယ်။ ဘုရားကို ရှာတာ မဟုတ်ဘူး။ သူတို့သာ ဘုရားကိုရှာရင် နောင်တရပြီး၊ ယော်ဒန်မြစ်မှာ နှစ်ခြင်းခံမှာပဲ။

ခရစ်တော်က စိတ်ထားတွေကို သိနေ၊ မြင်နေတယ်။ ဆုတောင်းသံကို ကြားသလို၊ အပြစ်ကိုလည်း မြင်နေတယ်။ အတွေးတွေကို မြင်သလို၊ အတွေးတွေရဲ့ အကြောင်းရင်းတွေကိုလည်း သိနေတယ်။ ဖြောင့်မတ်စွာ အသက်ရှင်ချင်တယ်၊ ပိုင်းခြားနားလည်ချင်တယ် ဆိုတာလည်း သိတယ်။ မာနတွေ ဘယ်တော့ ခဝါချမလဲ? အတ္တတွေ ဘယ်တော့ ဖယ်မလဲ? ဝိညာဉ်တော် ဘယ်တော့ ပြည့်ဝမလဲ?


b) အသစ်မွေးဖွါးဖို့ လိုအပ်ချက် ။ (ယော ၃း ၁- ၁၃)


ယော ၃း ၁ - ၃
၁ ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင် အမည်ရှိသော ဖါရိရှဲတယောက်သည်၊ ၂ ညအခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊ ၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။

လာတဲ့လူအုပ်ထဲက တယောက်က နိကောဒင်။ သူက ဘုရားတရားကိုင်းရှိုင်းပြီး၊ ဆန်ဟဲဒရင် လွှတ်တော်ဝင် ၇၀ ဦးထဲမှာ ထင်ရှားတဲ့သူ။ ခရစ်တော်ပြတဲ့ ဘုရားတန်ခိုးကို သူရိပ်မိတယ်။ ဂျူးလွှတ်တော်နဲ့ အခုပရောဖက် အသစ်ကြားမှာ ပြေလည်စေချင်တဲ့ ဆန္ဒရှိပုံရတယ်။ တချိန်ထဲမှာ ယဇ်ပရောဟိတ်မင်းနဲ့ လူထုကိုလည်း ကြောက်ရပုံရတယ်။ သခင်ယေရှုကိုလည်း သေသေချာချာ မသိသေးတော့ ညအချိန်မှာ လာပြီး ပူးပေါင်း ကြည့်ပုံရတယ်။

“ဆရာ” လို့ ခေါ်ပုံအရ၊ အများအမြင်အတိုင်း သခင်ယေရှုဟာ နောက်လိုက်နောက်ပါတွေနဲ့ ကျမ်းစာသင်တဲ့ ဆရာလို့ ပြောချင်ပုံရတယ်။ နိမိတ်လက္ခဏာတွေ မြင်ပြီး၊ ဘုရားစေလွှတ်သူလို့ လက်ခံတယ်။ “ဘုရားအတူရှိတယ်၊ ဘုရား ပေါ်ထွန်းစေတယ်လို့ ယုံကြည်ပါတယ်။ မေရှိယ သခင်လား?” လို့ ဝန်ခံတယ်။ ဒါက အပွင့်လင်းဆုံး ဝန်ခံတာပဲ။

သခင်ယေရှုက ဖြေပေမယ့် သူပြောတဲ့ အလယ်အလတ် စကားအတိုင်းတော့ မဟုတ်ဘူး။ နိကောဒင်ရဲ့ စိတ်ထား၊ သူ့အပြစ်နဲ့ သူ့ဆာငတ်မှုကို သိတယ်။ သူ့ဝိညာဉ် အလင်းမရတာကို အရင်ပြောမှ သူ့ကို ကယ်နိုင်မယ်။ ဘုရားတရား ကိုင်းရှိုင်းပေမယ့် ဘုရားကို တကယ်မသိသေးဘူး။ နိကောဒင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ “ဘယ်သူမှ ကိုယ့်အလိုအလျောက် ကြိုးစားပြီး ဘုရားကို မသိနိုင်ဘူး။ ဝိညာဉ်တော်မှ မွေးဖွါးဖို့ လိုတယ်။”

ဒီစကားက အတွေးအခေါ် သက်သက်မျှ ဖြစ်နေတဲ့ ခံယူချက်တွေ၊ ကျမ်းစာလေ့လာနေတာတွေကို ခရစ်တော် ထောက်ပြတဲ့ အချက်ပါ။ ဘုရားအကြောင်းကို အတွေးအခေါ်လို သင်ယူရုံနဲ့ မရဘူး။ အသစ်မွေးမှ ရတယ်။ ရေဒီယိုက T.V လို မဟုတ်ဘူး။ ကြိုက်တဲ့ လိုင်းကို ရှာနိုင်တယ်။ အရုပ်တော့ မရနိုင်ဘူး။ အရုပ်မြင်ဖို့ဆိုရင် ရေဒီယိုနဲ့ လုံးဝမတူတဲ့ စက်နဲ့မှ ရမယ်။ ဇာတိလူလည်း ဒီလိုပဲ။ ဘုရားတရား ကိုင်းရှိုင်းမယ်။ ကြိုးစား လုပ်ဆောင်မယ်။ ဒါပေမယ့် ဒီအသိ၊ ဒီခံစားချက်နဲ့ ဘုရားကို မတွေ့ဘူး။ လုံးဝမတူတဲ့ စနစ်၊ အသစ်မွေးခြင်းနဲ့ သတ္တဝါအသစ်မှ ရမယ်။

ယောဟန် ၃း ၄ - ၅
၎ နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ၅ ယေရှုကလည်း ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။

ဘုရားသခင်အကြောင်း နိကောဒင် မသိတဲ့အချက်ကို သခင်ယေရှုက ဖြေပေးတယ်။ နိကောဒင်က ဒုတိယမွေးခြင်းကို မကြားဖူးဘူး။ အသက်ကြီးမှ အမေ့ဗိုက်ထဲ ပြန်ဝင်ရမလား လို့ စိတ်ရှုပ်သွားတယ်။ လူ့အတွေ့အကြုံက အမြင်တိမ်တယ်။ ဝိညာဉ်တော်က မွေးဖွါးပေးမယ် ဆိုတာ နားမလည်ဘူး။ သခင်ယေရှုက နိကောဒင်ကို ချစ်ပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း သူမသိတာ ဝန်ခံလိုက်ရတဲ့နောက် သခင်ယေရှုဟာ သမ္မာတရား ဖြစ်တယ် ဆိုတာ ပြောပြတယ်။ ဒုတိယ တခါ မမွေးရင် ကောင်းကင် မဝင်ရပါဘူး။

ဒုတိယမွေးခြင်း ဆိုတာ ဘာလဲ? လူ့အဖေအားဖြင့် မဟုတ်။ ကုယ့်ဟာကိုယ်လည်း မွေးလို့ မရ။ ဘုရားက အသက်ပေးတာ ဖြစ်တယ်။ ကျေးဇူးတောင့် ဝိညာဉ် မွေဒရတယ်။ အသက်တာ ပြောင်းလဲလို့ မဟုတ်ဘူး။ လူမှု့ စည်းကမ်းတွေ လိုက်နာနိုင်လို့ မဟုတ်ဘူး။ လူက အပြစ်ထဲမှာ မွေးလာတယ်။ ပိုကောင်းဖို့ မြော်လင့်စရာ မရှိဘူး။ ဝိညာဉ်မွေးတယ်ဆိုတာ ဘုရားအသက်က လူ့အထဲ ဝင်လာတာ ဖြစ်တယ်။

ဘယ်လိုမွေးရသလဲ? ရေနဲ့ ဝိညာဉ်တော် အားဖြင့် ဖြစ်တယ်။ ရေဆိုတာ နှစ်ခြင်းဆရာရဲ့ နှစ်ခြင်းနဲ့ မင်္ဂလာပွဲက ဆေးကြောခြင်း ဖြစ်တယ်။ ဓမ္မဟောင်းခေတ်လူတွေ သိကြတယ်။ အပြစ်ဆေးကြောဖို့ ရေက ပုံဆောင်ပေးတယ်။ “နှစ်ခြင်းဆရာဆီ သွားပြီး ဘာလို့ အပြစ်ဝန်မခံ၊ နှစ်ခြင်း မယူကြသလဲ?” လို့ ဆိုတယ်။ တခြားတနေရာမှာတော့ ငါ့နောက်သို့ လိုက်သောသူမည်သည်ကား၊ ကိုယ်အလိုကို ငြင်း၍၊ ကားတိုင်ထမ်းလျက် ငါ့နောက်သို့ လိုက်ရမည်။

ကိုယ့်အပြစ်တွေကို ဝန်ခံရမယ်။ ကိုယ်က ပျက်စီး၊ ဆုံးရှုံးနေသူ။ နောင်တနဲ့ ရေနှစ်ခြင်းခံရုံသာ မဟုတ်ဘူး။ ဝိညာဉ်တော်၌ နှစ်ခြင်းခံရတယ်။ အသစ်သော အသက်တာ ဖြစ်လာတယ်။ ကားတိုင်နောက်ပိုင်းမှာ သိလာရတာက အပြစ်ဆိုတာ အသွေးတော်ကြောင့်သာ လွတ်တယ်။ နောင်တရသူကို ဝိညာဉ်တော်က ဆေးကြောပေးတယ်။ ဝိညာဉ်တော် အလုပ်လုပ်တဲ့အခါ ထာဝရအသက် ရလာတယ်။ ဆုကျေးဇူးတွေ၊ အသီးအပွင့်တွေနဲ့ ခရစ်တော်လမ်းပြမှုကြောင့် အသက်တာ ကောင်းလာတယ်။ ချက်ချင်းကြီး ကောင်းတာတော့ မဟုတ်ဘူး။ အချိန်တော့ ယူရပါတယ်။ အသစ်မွေးလာတဲ့အခါ၊ ယုံကြည်သူ စစ်မှန်တဲ့အခါ ဘုရားသခင်က အဖ ဖြစ်တယ်။ ခရစ်တော်ကြောင့် ထာဝရအသက်ရတယ်။

သခင်ယေရှု အဓိကဟောတာက ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်းပဲ။ နိုင်ငံတော်ဆိုတာက ဘာလဲ? နိုင်ငံရေး မဟုတ်ဘူး။ စီးပွါးရေး မဟုတ်ဘူး။ အသစ်မွေးဖွါးပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ မိသဟာယ ဖွဲ့ခြင်းပါ။ သန့်ရှင်းသော ဝိညာဉ်တော် ဝင်ရောက်လာပြီး၊ ဘုရားသခင်ကို အသိအမှတ်ပြုလာ စကားနားထောင်တတ်လာတာပါပဲ။

ဆုတောင်း ကျေးဇူးတော်ကြောင့် အသစ်မွေးဖွါးပေးလို့ ကျေးဇူးတင်ပါတယ်၊ သခင်ယေရှု။ ဝိညာဉ်မျက်စိကို ပွင့်စေပါပြီ။ မေတ္တာတော်၌ တည်စေမူပါ။ ရှာသောသူတိုင်းလည်း အပြစ်ကို မြင်လာပြီး၊ ဝန်ခံလျက် ဝိညာဉ်တော်က အသစ်မွေးစေတော်မူပါ။ အသွေးတော်ကြောင့်သာ မိသဟာယ ဖွဲ့နိုင်ရပါ၏။

မေးခွန်း ၂၆

  1. နိကောဒင်ရဲ့ ဘုရားတရားနဲ့ သခင်ယေရှုရဲ့ အဓိက တရားက ဘာကွာပါသလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:28 AM | powered by PmWiki (pmwiki-2.3.3)