Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 013 (The Sanhedrin questions the Baptist)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

1. ဂျူးလူမျိုး အကြီးအကဲတွေက လူလွှတ်ပြီး နှစ်ခြင်းဆရာ ယောဟန်ကို မေးတယ်။ (ယောဟန် ၁း ၁၉- ၂၈)


ယောဟန် ၁း ၂၅ - ၂၈
၂၅ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက် မဟုတ်သည်မှန်လျှင် အဘယ့်ကြောင့် နှစ်ခြင်းကို ပေးသနည်းဟု မေးကြပြန်၏။ ၂၆ ယောဟန်ကလည်း၊ ငါသည် ရေ၌ နှစ်ခြင်းကို ပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောသူ တယောက်ရှိ၏။ ၂၇ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ ကြီးမြတ်၏။ ထိုသူ၏ ခြေနင်းတော် ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်ဟု ပြန်ပြော၏။ ယောဟန်သည် နှစ်ခြင်းကိုပေးရာ အရပ်၊ ယော်ဒန်မြစ်တဖက် ဗေသနိရွာ၌ ဤအမှုအရာ ဖြစ်သတည်း။

ဂျူးတွေက ဓမ္မဟောင်း တိုရားကျမ်းအရ စင်ကြယ်စေခြင်း၊ ဆေးကြောခြင်း၊ နှစ်ခြင်းတို့ကို သိထားပြီးသား ဖြစ်တယ်။ ဆေးကြောခြင်းက ကိုယ်ကျင့်တရား အညစ်အကြေးကို ဆေးဖို့ ဖြစ်တယ်။ နှစ်ခြင်းကတော့ မသန့်ရှင်းလို့ သတ်မှတ်ခံရတဲ့ တပါးအမျိုးသားတွေအတွက် ဆေးကြောခြင်း တမျိုးဖြစ်တယ်။ နှစ်ခြင်းဟာ နှိမ့်ချခြင်းနဲ့ ဘုရားသားသမီးတွေနဲ့ ပူးပေါင်းခြင်း ဖြစ်တယ်။

ဒါကြောင့် ယေရုရှလင်က လာသူတွေ ဇဝေဇဝါ ဖြစ်ရတယ်။ “ဘာလို့ ယုံကြည်သူတွေ နောင်တရခိုင်းနေပါလိမ့်။ အရေဖျားလှီးပြီးသား၊ ပဋိညာဉ်တရားနဲ့ ဆိုင်ပြီးသားပဲ။ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ ငါတို့က ဘုရားအမျက်တော် အောက်မှာ ရှိနေသလား? မသန့်ရှင်းဘူးလို့ ဆိုလိုသလား?”

ယောဟန်ရဲ့နှစ်ခြင်းက ဘာသာရေးကိုင်းရှိုင်းသူတွေအတွက် ထိမိ၍ လဲစရာ ဖြစ်နေတယ်။ လူတွေ အုပ်စု နှစ်စု ကွဲသွားတယ်။ တစုက နောင်တရ၊ နှစ်ခြင်းခံပြီး စင်ကြယ်စေတဲ့သူ။ သူတို့က ခရစ်တော် ကြိုဆိုတယ်။ အသင့်ပဲ။ ဒုတိယအုပ်စုက နောင်တနဲ့ နှစ်ခြင်း မလိုဘူး။ ခရစ်တော်နဲ့ ထိုက်တန်ပြီးသား။ ခရစ်တော် ကြွလာတာက နိုင်ငံရေးအတွက်ပဲ။

ခရစ်ဝင်ကျမ်းရေးတဲ့ ရှင်ယောဟန် ကိုယ်တိုင်လည်း ဒီပွဲမှာ ရှိခဲ့ပုံရတယ်။ မေးတဲ့မေးခွန်းတွေကြောင့် စိတ်လှုပ်ရှားသွားတယ်။ ခရစ်တော် မဟုတ်၊ ဧလိယ မဟုတ်၊ ဂတိတော်ရှိတဲ့ ပရောဖက် မဟုတ်ဆိုတာကို အားရသွားကြတယ်။ ဒါဆို နှစ်ခြင်းဆရာက ဘာမှမဟုတ်ဘူးပေါ့။ အခြေအနေကို သိတဲ့ နှစ်ခြင်းဆရာက သိမ်သိမ်ငယ်ငယ်ပဲ အပြုံးနဲ့ ပြောတယ်။ “မင်းတို့ ပြောတာ မှန်တယ်။ ငါက ဘာမှ အရေးမပါပါဘူး။ ငါက ရေနဲ့ပဲ နှစ်ခြင်းပေးတယ်။ ဘာတန်ခိုးမှ မပါဘူး။ ငါလုပ်တာက ကြွလာမယ့်သူကို ညွှန်ပြတဲ့ ပုံဆောင်ခြင်းပါပဲ။”

ဒီနောက် ကုလားအုတ် သားရေကို ဝတ်ဆင်ထားတဲ့ နှစ်ခြင်းဆရာဟာ မတ်တပ်ရပ်ပြီး အကြီးအကဲတွေနဲ့ ပရိတ်သတ်ကို အသံကျယ်ကျယ်နဲ့ တရားဟောတယ်။ “မင်းတို့ အကန်းတွေ။ ဒီလောက်ထူးခြားတဲ့ အဖြစ်ပျက် မင်းတို့အလယ်မှာ ဖြစ်ပျက်နေတာ နားမလည်ဘူး။ ဘာမှမဟုတ်တဲ့ ငါ့ကို လာမေးနေတယ်။ ကဲ - ကြည့် ခရစ်တော် ကြွလာပြီ။ ခရစ်တော်က မင်းတို့လူအုပ်ထဲမှာ အခု ရောက်နေပြီ။ ငါက နှစ်ခြင်းဆရာ။ ဘာမှမဟုတ်ဘူး။ အဖြည့်ခံ တယောက်ပါ။ ခရစ်တော် ကြွလာတဲ့အကြောင်း ဝိညာဉ်တော် သွန်င်သလို ဟောပြောရတဲ့သူ။ သူက အခု ရောက်နေပြီ။ ဒီနေ့ဟာ ကယ်တင်ရာ နေ့ရက်ပဲ။ အချိန်မလွန်ခင် မြန်မြန် နောင်တရကြ။”

ဒီစကားကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ သူတို့က ခရစ်တော်ကို ကြိုဆိုချင်နေတဲ့သူတွေ။ ဒါပေမယ့် ခရစ်တော်က ရောက်နေပြီတဲ့။ မသိလိုက်၊ မမြင်လိုက်ကြဘူး။ တယောက်နဲ့တယောက် ကြည့်ရင်း ဇဝေဇဝါတွေ ဖြစ်ကုန်တယ်။

ဒီအခါမှာ နှစ်ခြင်းဆရာက ခရစ်တော်အကြောင်း ထင်ရှားတဲ့ သက်သေခံ စကားကို ပြောလာတယ်။ အငယ် ၁၅ မှာ “ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီ ရှိနှင့်သည်။” ဒီစကားက ခရစ်တော်ရဲ့ ထာဝရတည်ရှိမှုကို ပြတယ်။ တချိန်တည်းမှာ အခု လူတွေထဲမှာ ရှိနေပြီ။ ခရစ်တော်က အပြင်ပန်းအားဖြင့် သာမန်လူလိုပဲ။ သတိမထားမိကြဘူး။ ထူးခြားတဲ့ ဝတ်ရုံ၊ တောက်ပတဲ့ မျက်ဝန်းတွေနဲ့ မဟုတ်ဘူး။ တခြားသူတွေလိုပါပဲ။ ဘာမှမကွာဘူး။ အတွင်းသဘာဝကတော့ ကျန်သူအားလုံးနဲ့ လုံးလုံး ခြားနားပါတယ်။ ခေတ်ကာလတွေ မဖြစ်မှီရှိနေတဲ့ ကောင်းကင်က ဘုရားဟာ လူတွေကြားမှာ ရိုးရိုးလေး ရပ်နေတယ်။

နှစ်ခြင်းဆရာက သူဟာ ခရစ်တော်ရဲ့ ကျွန်တောင် မဖြစ်သင့်ပါဘူးတဲ့။ အဲဒီခေတ် ထုံးစံက ဧည့်သည် လာရင် ကျွန်တယောက်က ခြေထောက်ကို ရေနဲ့ ဆေးပေးရတယ်။ လူတွေကြားထဲ ခရစ်တော် ရောက်လာတာမြင်တော့ သူက ခရစ်တော်ရဲ့ ခြေကို ဆေးဖို့၊ စီးတဲ့ဖိနပ်ရဲ့ သိုင်းကြိုးကိုတောင် မဖြေထိုက်ဘူးလို့ ထင်တယ်။

ဒီစကားကြောင့် လူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ “ဘယ်သူများပါလိမ့်လို့ တယောက်နဲ့ တယောက် မေးကြတယ်။ ဘုရားက ဘယ်လို လူသာမန်လို လာမလဲ? နှစ်ခြင်းဆရာကြီးက ဘာလို ဖိနပ်ကြိုး မဖြေထိုက်ဘူး ပြောရတာလဲ?” ယေရုရှလင်က လာသူတွေ မဲ့ရွဲ့သွားကြတယ်။ ဒီနှစ်ခြင်းဆရာ လူလိမ်က လှည့်စားနေတာ လို့ ပြောလာကြတယ်။ ဒါနဲ့ ထွက်သွားကြတယ်။ နှစ်ခြင်းဆရာရဲ့ တပည့်တချို့လည်း ပါသွားပုံရတယ်။ သူတို့က ခရစ်တော်က တောအရပ်မှာ တိတ်တဆိတ် မဟုတ်ဘူး။ တောက်တောက်ပပနဲ့ ခန်းခန်းနားနား ယေရုရှလင်မြို့ကို လာမယ်။ အခုလိုဆို လွဲကုန်မှာပေါ့လို့ တွေးကြတယ်။

နေရာက ယော်ဒန်မြစ် အရှေ့ဖက်ကမ်းမှာ ဖြစ်တယ်။ ဆန်ဟီဒရင် လွှတ်တော်က မပိုင်တဲ့ ဟေရုဒ် အန်တိပရဲ့ နယ်ထဲမှာ ဖြစ်တယ်။ နှစ်ခြင်းဆရာကို ဖမ်းခွင့်မရှိလို့ ယေရုရှလင်ကို မပို့နိုင် ဖြစ်ရတယ်။

ဆုတောင်း ကြွလာတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှု။ အနီးနားကို ချဉ်းကပ်လာတဲ့ ကိုယ်တော်ကို ကျေးဇူးတင် ကိုးကွယ်ပါ၏။ နှစ်ခြင်းဆရာမှ လွဲ၍ ဘယ်သူမှ သတိမထားမိလောက်အောင် ကိုယ်တော် နှိမ့်ချခဲ့ပါ၏။ ကိုယ်တော်သည် နှိမ့်ချ၊ နူးညံ့သော သဘောရှိပါ၏။ ကိုယ်တော်ကဲ့သို့ နှိမ့်ချလျက် ဝိညာဉ်တော် လမ်းပြမှုကို ခံယူ လိုက်လျှောက်နိုင်အောင် သွန်သင်တော်မူပါ။

မေးခွန်း ၁၇

  1. ဂျူးလူမျိုး အကြီးအကဲတွေရှေ့မှာ သခင်ယေရှုအကြောင်း နှစ်ခြင်းဆရာရဲ့ အမြင့်ဆုံး သက်သေခံချက်က ဘာလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:26 AM | powered by PmWiki (pmwiki-2.3.3)