Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 012 (The Sanhedrin questions the Baptist)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

1. ဂျူးလူမျိုး အကြီးအကဲတွေက လူလွှတ်ပြီး နှစ်ခြင်းဆရာ ယောဟန်ကို မေးတယ်။ (ယောဟန် ၁း ၁၉- ၂၈)


ယောဟန် ၁း ၂၂ - ၂၄
၂၂ သင်သည် အဘယ်သူနည်း။ ငါတို့ကို စေလွှတ်သောသူတို့ အား ပြန်လျှောက်စရာ ရှိစေခြင်းငှါ၊ သင်သည် ကိုယ်ကို အဘယ်သို့ ဆိုသနည်းဟု မေးပြန်ကြ၏။ ၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက် ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သော သူ၏အသံ ဖြစ်သည်ဟု ဆို၏။ ၂၄ အစေခံသောသူတို့ကား၊ ဖါရိရှဲ ဖြစ်ကြသတည်း။

စေလွှတ်လိုက်တဲ့သူတွေ မေးတဲ့ မေးခွန်းတွေက နှစ်ခြင်းဆရာကို မြှားတွေလို ပစ်ခတ်လာတယ်။ ဒီမေးခွန်းတွေက မေရှိယ တကယ်ကြွမလာခင် သူတို့ရောစပ်ချင်နေတဲ့ အယူအလွဲတွေနဲ့ ပါတ်သက်နေတယ်။ ဒါပေမယ့် နှစ်ခြင်းဆရာက သူဟာ မေရှိယ မဟုတ်၊ ဧလိယ မဟုတ်၊ မောရှေဟောထားတဲ့ ပရောဖက် တပါးလည်း မဟုတ်လို့ ငြင်းပြီးချိန်မှာတော့ သူ့ဂုဏ်လည်း သိပ်မရှိ၊ သူတို့အမြင်မှာ အန္တရာယ်ရှိတဲ့သူ ဖြစ်လာတယ်။ မေးခွန်းတွေ ဆက်မေးနေတယ်။ ဘယ်သူလဲ။ ဘယ်သူက ဟောခိုင်းသလဲ။ အခြေအနေကို အပြည့်အဝ မသိဘဲ ဆန်ဟီဒရင် လွှတ်တော်ကို မပြန်ချင်ကြဘူး။

မေးခွန်းတွေက (ဟေရှာယ ၄၀း ၃) နဲ့တော့ သိပ်မဆိုင်လှဘူး။ ဒါပေမယ့် ဝိညာဉ်တော်က နှစ်ခြင်းဆရာကို ဒီကျမ်းချက် ထောက်ပြနေတယ်။ သူဟာ သခင်ဘုရား ကြွလာရာလမ်းကို ပြင်ဆင်ရတဲ့ တော၌ ဟစ်ကြော်သောသူ လို့ ဆိုတယ်။ ဒီလိုကျမ်းချက် ထောက်မပြနိုင်ရင် ကိုယ့်အခွင့်နဲ့ကိုယ်၊ ကိုယ့်သဘောနဲ့ကိုယ် ဟောပြောတယ်လို့ စွပ်စွဲကြမယ်။ ဘုရားကို ပြစ်မှားပြီ လို့ အပြစ်တင်ကြတော့မယ်။ ဒါကြောင့် နှစ်ခြင်းဆရာ ယောဟန်က သူ့ကိုယ်သူ အနိမ့်ဆုံးအနေနဲ့ သူဘာမှ မဟုတ်ဘူး၊ တော၌ ဟစ်ကြော်သောသူသာ ဖြစ်တယ်လို့ ဆိုတယ်။

တကယ်တော့ လူသားအားလုံးဟာ လောကတောထဲမှာ နေထိုင်ကြတာပါ။ အရှုပ်အထွေး၊ ကမောက်ကမတွေ ကြားမှာ နေရတယ်။ ဒါပေမယ့် ဘုရားက ဒုက္ခကမ္ဘာမှာ ပစ်မထားဘူး။ ကယ်သူမဲ့လည်း မစွန့်ပစ်ဘူး။ လူကို လာကယ်ခဲ့ပါတယ်။ ကောင်းကင်မှ မြေကြီးကို ကြွလာတယ်ဆိုတာ အလွန်ကြီးမားတဲ့ ကျေးဇူးတော်ပါ။ ဒဏ်ပေးထိုက်ပေမယ့် ဒဏ်မပေးဘဲ ပျောက်တဲ့သူကို လိုက်ရှာတယ်။ လူ့အထင်ထက် သူ့မေတ္တာက ပိုကြီးမြတ်တယ်။ ဘုရားရဲ့ ကြီးမားတဲ့ ကယ်တင်ခြင်းက လောကတောကို ပြုပြင်ပြီး စိန်းလန်းတဲ့ ဥယျာဉ်ကြီး ဖြစ်စေပါလိမ့်မယ်။

ဝိညာဉ်တော်အားဖြင့် နှစ်ခြင်းဆရာက ခရစ်တော် ကြွလာနေပြီ ဆိုတာ သိနေတယ်။ ဒါကြောင့် လူတွေ လာကြ၊ ကြိုဆိုဖို့ ပြင်ဆင်ကြလို့ နိုးဆော်တယ်။ ခရစ်တော်အတွက် လမ်းပြင်မယ့် စိတ်ထက်သန်မှုဟာ တော်၌ အော်ဟစ်သူ ဖြစ်လာတယ်။ သူ့ကိုယ်သူ ပရောဖက်၊ စေလွှတ်ခံရသူ လို့ မပြောဘူး။ အော်ဟစ်တဲ့သူ လို့ ပြောတယ်။ ဒါပေမယ့် အဲဒီအသံဟာ လူတွေ အပြစ်ထဲမှာ သာယာမနေဖို့၊ အိပ်ပျော်မနေဖို့ ဘုရားနှိုးခိုင်းတဲ့ အသံပါ။

ဘာတွေ အော်ဟစ်ခဲ့သလဲ? သူ့တရားက - ထကြ၊ နိုင်ငံတော် တည်လုနီးပြီ။ အသက်တာ ပြင်ဆင်ကြ။ ဘုရားက သန့်ရှင်းတယ်။ တရားစီရင်လိမ့်မယ်။ လိမ်တာ၊ ညာတာ၊ ခိုးတာ၊ ဆိုးညစ်သမျှ ဘုရားက မီးနဲ့ အပြစ်ပေးမယ်။ အပြစ်ကို မမြင်ယောင်ဆောင်မှာ မဟုတ်ဘူး။ မကောင်းမှု မှန်သမျှ ပေါ်လာလိမ့်မယ်။ ကောင်းတယ်လို့ ထင်ရပေမယ့် လူတိုင်းဟာ အပြစ်တင်စရာတွေ ရှိနေလို့ လူဆိုးထက် သာမယ်တော့ မထင်နဲ့။

နှစ်ခြင်းဆရာက ပြင်ပြင်းထန်ထန် ဟောလို့ လူတွေ ကိုယ့်ကိုကိုယ် စစ်ဆေးလာကြတယ်။ ကိုယ့်အမှားတွေ မြင်၊ မာနတွေ လျော့ကျလာတယ်။ ကဲ - ကိုယ်ကိုကိုယ် ကောင်းတယ် မထင်နဲ့။ ရိုးရိုးသားသား အပြစ်ဝန်ခံပါ။ နဲနဲပါးပါး လှည့်စားခဲ့ရင်လည်း ပြန်ပေးလိုက်ပါ။ မာနမတက်နဲ့။ ဘုရားသခင်အတွက် အသက်ရှင်ပါ။ မကွေ့ကောက်နဲ့။ ဖြောင့်မတ်ပါ။ အပြစ်ရှိသူဟာ ပြပ်ဝပ်ဖို့ လိုတယ်။

စေလွှတ်ခံရသူတွေဟာ အများအားဖြင့် ဖါရိရှဲတွေ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ ပညတ်တရားကို မြတ်နိုးတယ်၊ လူကောင်းတွေ၊ ဖြောင့်မတ်တယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်လို့ ပြောရင်း ကိုယ့်ကိုကိုယ် လိမ်ညာနေသူတွေဟာ နှစ်ခြင်းဆရာရဲ့ သတ္တိကြောင့် စိတ်ဆိုးသွားကြတယ်။ သူတော်ကောင်း ဟန်ဆောင်ပေမယ့် ကောက်ကျစ်တယ်။ မြွေဆိုးတွင်းလို အဆိပ်အတောက်နဲ့ ပြည့်နေတာကို မျက်လုံးပုံရိပ်မှာ ထင်ရှားနေတယ်။ သူတို့မျက်နှာတွေ ခက်ထန်ပေမယ့် ယောဟန်က အပြစ်ပြောတာ မလျှော့ဘူး။ အားလုံး လှည့်ပြန်လာပြီး၊ ကြွလာခြင်းကို ကြိုဆိုရမယ်လို့ သတိပေးတယ်။

ဆုတောင်း အပြစ်ရှိသမျှကို ကိုယ်တော် သိပါတယ်။ မြင်သာသော အပြစ်၊ ဖွက်ထားသော အပြစ် ရှိသမျှအတွက် ရှက်မိပါ၏။ ဆိုးသမျှကို ဝန်ခံပါ၏။ ခွင့်လွှတ်မူပါ။ အထံတော်မှ မနှင်ထုတ်ပါနှင့်။ သူတပါးကို လှည့်စားမိရာ၊ နာကြင်စေရာမှ လှည့်ပြန်စေပါ။ မာနကို ချိုးဖျက်၍ အပြစ်များကို ဆေးကြောတော်မူပါ။ သနားကြင်နာတတ်သော အဘဘုရား။

မေးခွန်း ၁၆

  1. လမ်းခရီးတော်ကို ပြင်ဖို့ နှစ်ခြင်းဆရာက ဘယ်လို ဖိတ်ခေါ်သလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:26 AM | powered by PmWiki (pmwiki-2.3.3)