Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 014 (Testimonies of the Baptist to Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

2. ခရစ်တော်အကြောင်း နှစ်ခြင်းဆရာရဲ့ နောက်ထပ် စိတ်လှုပ်ရှားဖွယ် သက်သေခံချက်များ (ယော ၁း ၂၉ -၃၄)


ယောဟန် ၁း ၂၉ - ၃၀
၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့။ ၃၀ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။’

စေလွှတ်ခံရသူတွေ ယေရုရှလင်ကို ပြန်ရောက်တော့ နှစ်ခြင်းဆရာကို ဆက်ပြီး ကဲ့ရဲ့ကြတယ်။ နှစ်ခြင်းဆရာ ထင်တာက ခရစ်တော်က သူ့လူမျိုးကို သန့်ရှင်းမယ်။ စပါးကို ဇကောနဲ့ ပြာခတ်မယ်။ စိတ်ဆိုးနေပြီ၊ မကြိုက်တဲ့ အပင်ကို ပုဆိန်နဲ့ ခုတ်လှဲမယ်။ ဒါကြောင့် ခရစ်တော် ကြွလာတာဟာ အမျက်တော်နေ့ ရောက်တာပဲ။ မေရှိယ ကြွလာပြီဆိုတော့ သူ့တပည့်တွေက အပြစ်တွေအတွက် စိတ်သက်သာ သွားတယ်။ သူတို့ထင်တာက အသိမပေးဘဲ တရားစီရင်ခြင်း မုန်တိုင်းလို လာမယ်လို့ ထင်ခဲ့ကြတယ်။

ခရစ်တော်က အသက် ၃၀ အရွယ်။ နှစ်ခြင်းဆရာကို နှစ်ခြင်းပေးပါလို့ အေးအေးဆေးဆေး တောင်းဆိုတယ်။ ဒီနှိမ့်ချခြင်းက နှစ်ခြင်းဆရာဖက်ကို ဘက်ပြန်တယ်။ သူ့အပြစ်ကို ခွင့်လွှတ်ပြီး သခင်ယေရှုကသာ နှစ်ခြင်း ပေးရမယ်လို့ တောင်းဆိုတယ်။ သခင်ယေရှုက တရားပြည့်စုံစေဖို့ ပေးပါလို့ ဆက်တောင်းဆိုတယ်။

ဒီနေရာမှာ နှစ်ခြင်းဆရာ နားလည်သွားတာက ဘုရားသခင်ဟာ လူတွေကို ဖျက်ဆီးဖို့ လာတာ မဟုတ်ဘူး။ အပြစ်ကို ကိုယ်စား ဆောင်သွားဖို့ လာတယ်။ လူ့ဇာတိခံယူတော့ နှစ်ခြင်း ခံယူတယ်။ အမျက်တော် ထင်ရှားဖို့ မဟုတ်၊ ခွင့်လွှတ်ဖို့ ပြန်ပြေလည်ဖို့ ကြွလာတယ်။ ပဋိညာဉ်တရားဟောင်းရဲ့ ခေတ်ကာလအဆုံးမှာ ရှိနေတဲ့ နှစ်ခြင်းဆရာဟာ ပဋိညာဉ်တရားသစ်ဖြစ်တဲ့ ဘုရားမေတ္တာကို ခံစားမိတယ်။ သူ့အတွေးအခေါ်တွေလည်း ပြောင်းလဲသွားတယ်။

နောက်တနေ့ ခရစ်တော် ကြွလာတဲ့အခါ နှစ်ခြင်းဆရာက “ကြည့်ဟေ့။ နားလည်ကြ။ အဲဒီပုဂ္ဂိုလ်ပဲ။” လို့ ဆိုတယ်။ မိုးချုန်းသံတွေ၊ ကောင်းကင်တမန်တပ်တွေ မပါဘူး။ နှုတ်ကပတ်တော်ပဲ ပါတယ်။ ဒီလူငယ်ဟာ သခင်ဘုရား ကိုယ်တိုင်ပဲ။ လူတွေ မြော်လင့်နေတဲ့သူပဲ။ လောကီသားတွေရဲ့ မြော်လင့်ရာ ဖြစ်တယ်။ နိုင်ငံရေး၊ စစ်ရေး အတွေးတွေနဲ့ မေရှိယကို မြော်လင့်တာမျိုး လူတွေကို နှစ်ခြင်းဆရာက မဖြစ်စေချင်တော့ဘူး။ မြော်လင့်ထားတဲ့ အားကြီးပြီး အောင်နိုင်တဲ့ ယုဒအမျိုး ခြင်္သေ့ မဟုတ်ဘဲ၊ နူးညံ့သိမ်မွေ့တဲ့ ဘုရားသခင်ရဲ့ သိုးသူငယ် ဖြစ်တယ်။

နှစ်ခြင်းဆရာက ဝိညာဉ်တော်နဲ့ ပြည့်ပြီး “ဒီသခင်ယေရှုဟာ ဒီလောကရဲ့ အပြစ်ကို ဆောင်သွားတယ်။ ရှေးယဇ်ပူဇော်တာကို ပုံဆောင်တဲ့ ဘုရားသခင်ရဲ့ သိုးသူငယ် ဖြစ်တယ်။ လူသားအားလုံးအတွက် ကိုယ်စား ဖြစ်တယ်။ သူ့မေတ္တာက တန်ခိုးပါတယ်။ အစွမ်းထက်တယ်။ အပြစ်ကို ဆောင်သွားရပေမယ့် သန့်ရှင်းသောသူ ဖြစ်ဆဲပဲ။” အပြစ်မရှိပေမယ့် အပြစ်သား ဖြစ်ရတယ်။ ခရစ်တော်ကြောင့် ဘုရားရဲ့ ဖြောင့်မတ်ခြင်း ရဖို့ ဖြစ်တယ်။ နှစ်ခြင်းဆရာရဲ့ သက်သေခံချက်ဟာ ခရစ်ဝင်ကျမ်းရဲ့ အထွတ်အထိပ်၊ ကျမ်းစာတအုပ်လုံးရဲ့ အနှစ် ဖြစ်တယ်။ ခရစ်တော်ဘုန်းဆိုတာ လူတွေ ကိုယ်စား ဝေဒနာ ခံပေးခြင်း ဆိုတာ သူ သတိပြုမိသွားတယ်။ ခရစ်တော်က တလောကလုံးကို ကယ်တယ်။ အားလုံးအတွက် ဖြစ်တယ်။ လူမျိုးတိုင်းအတွက် ဖြစ်တယ်။ ဖြူ၊ ဝါ၊ နီ၊ မဲ မခွဲခြားဘူး။ ပညာတတ်၊ ပညာမဲ့။ ဆင်းရဲ၊ ချမ်းသာ။ လူငယ်၊ လူကြီး။ အရင်အပြစ်၊ အခုအပြစ်၊ နောင်အပြစ် အားလုံးအတွက် ပါတယ်။ အပြစ်အခကို သေခြင်းနဲ့ တခါတည်း အကြွေးဆပ်တယ်။ အကြွေးကြေတယ်။

ကြွလာကတည်းက လူဆိုးတွေရဲ့ ဒဏ်ကို ခံရပေမယ့် ဆိုးတဲ့သူကို မပယ်၊ မာနတက်သူကို မငြင်း၊ ဆက်ချစ်နေခဲ့တယ်။ သူတို့ရဲ့ ချည်နှောင်ခြင်းကို သိတယ်။ အသေခံပေးဖို့ အသင့်ရှိခဲ့တယ်။

နှစ်ခြင်းဆရာက ဘုရားသခင်ရဲ့ သိုးသူငယ်ဟာ ဘုရားအမျက်တော်ကို ရွေ့စေပြီလို့ ဆိုတယ်။ ကိုယ်စားအသေခံမယ့် ယဇ်ကောင် သိုးသူငယ် ဖြစ်တယ်။ လူအများအတွက် လူတယောက်က ဘယ်လို အသေခံပေးမလဲ လို့ တချို့က တွေးကြမယ်။ နှစ်ခြင်းဆရာက ရှင်းပြတယ်။ ဒါပေမယ့် ကားတိုင်အကြောင်း မသိကြသေးဘူး။ ဘုရားသခင်ရဲ့ အကြံအစည်ဟာ ခရစ်တော်အားဖြင့် ထူးဆန်းစွာ ပြည့်စုံလာလိမ့်မယ်။

သခင်ယေရှုက ကယ်တင်လိမ့်မယ်။ သူက ဘုရားဖြစ်တယ်။ ငါထက် ကြီးမြတ်တယ်။ ငါမရှိမှီ ရှိနှင့်သူ ဖြစ်တယ် လို့ ယောဟန် ထပ်ပြောပြတယ်။ ခရစ်တော်ရဲ့ ဘုန်းတော်က ကြီးမြတ်တယ်။ ဒါပေမယ့် ကားတိုင်ပေါ်မှ သူ့မေတ္တာက ဘုန်းတော်ရဲ့ အနှစ်သာရ ဖြစ်တယ်။ ရှင်ယောဟန်ကလည်း ဝန်ခံတယ်။ “ကားတိုင်ပေါ်မှာ ဝေဒနာခံလျက်၊ ငါတို့ကို ကယ်လွှတ်ဖို့ရန် ပြတော်မူသော မေတ္တာတော်နှင့်ဆိုင်သော သူ၏ဘုန်းတော်ကို မြင်ရကြပြီ။”

ဆုတောင်း ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်၊ သနားတော်မူပါ။ လူ့ဇာတိခံသော ဘုရားသားတော် အပြစ်ခွင့်လွှတ်တော်မူပါ။ အပြစ်အတွက် မရှက်မကြောက် အသေခံပေးလျက်၊ ကားတိုင်မှာ ပြည့်စုံစေပါ၏။ တရားသူကြီးလို ကြွမလာဘဲ သိုးသူငယ်လို ကြွလာပါ၏။ လူတို့အပြစ်များကို ယူဆောင်သွားသောကြောင့် ယုံကြည်ပါ၏။ ကိုယ်တော် ရွေးနှုတ်ကယ်တင်ကြောင်း သူတပါးအား ပြောပြဖို့ ညဏ်ပညာ ပေးတော်မူပါ။

မေးခွန်း ၁၈

  1. ဘုရားသခင်၏ သိုးသူငယ် ဆိုတာ ဘာလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:26 AM | powered by PmWiki (pmwiki-2.3.3)