Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 118 (Jesus appears to Mary Magdalene)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
1. ပသခါပွဲနေ့ အာရုဏ် တက်ချိန်မှ ဖြစ်ရပ်များ ( Easter) (ယောဟန် ၂၀း ၁- ၁၀)

c) သခင် ယေရှုက မာဂဒလ မာရိကို ထင်ရှားခြင်း (ယောဟန် ၂၀း ၁၁- ၁၈)


ယောဟန် ၂၀း ၁၇- ၁၈
၁၇ “ယေရှုကလည်း ငါ့ကို မဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင် ထံတော်သို့ ငါ တက်ရမည်အကြောင်းအရာကို ကြားပြောလော့ ဟု မိန့်တော်မူသည်နှင့်အညီ၊ ၁၈ မာဂဒလ မာရိသည် သွား၍ မိမိသည် သခင်ကို တွေ့မြင်သည်ကိုလည်းကောင်း ထိုသို့ မိန့်တော်မူသည်ကို လည်းကောင်း တပည့်တော်တို့အား ကြားပြောလေ၏။”

သခင်ယေရှုကို ကြည်ညိုတဲ့စိတ်နဲ့ မာရိ ပြတ်ဝပ်သွားပြီး ခြေတော်ကို နမ်းဖို့ ကြိုးစားတယ်။ သခင်ဘုရားရဲ့ ခြေတော်ကို ဖက်ယမ်းရင်း ဘယ်တော့မှ ထွက်မသွားဖို့ ဆွဲကိုင်ထားချင်တယ်။ သခင်ယေရှုက သူ့ကို မထိနဲ့ဦး။ အကြောင်းက သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ ဝိညာဉ်သဘော ဖြစ်တယ်။ သူ့ကို အသံနဲ့စကားပြောပြီ။ ကိုယ်ထင်ပြပြီ။ သူ့ ယုံကြည်ခြင်းကို တိုးပွါးစေပြီ။ အရင်တုန်းက တပည့်တော်တွေကို ပြောတဲ့စကား နှုတ်ဆက်စကားတွေ အခု ရှင်းလင်း စေပြီ။ သူ့ကို မထိမဖက်သေးပဲ ဝိဥာဏကိုယ်ဖြစ်တဲ့ ကိုယ်တော်ကို ယုံကြည်ဖို့သာလိုတယ်။

သခင်ယေရှုက သူသေပြီးတဲ့အခါ ဒီကမ္ဘာပေါ်မှာ ဆက်ရှိနေမှာ မဟုတ်ဘူး။ ကိုယ်ထင်ပြပြီး ကောင်းကင်တက်ကြွသွားမယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဖခမည်းတော်ထံ ပြန်တက်ကြွဖို့ ဖြစ်တယ်။ ဘုရားသခင်ထံ ပြန်မယ့် ခရီးဟာ အခုကားတိုင်ကိစ္စပြီးတဲ့ နောက်ပိုင်းမှာ တံခါးပွင့်သွားပြီ။ သခင်ခရစ်တော်ဟာ ယဇ်ပုရောဟိတ် မင်းဖြစ်ပြီး အသွေးသွန်းလောင်းကာ ယဇ်ပူဇော်ပေးခဲ့တယ်။

သူက မာရိကို ငါ့ကို မဖက်နဲ့ဦး။ ငါက ဖြောင့်မတ်ခြင်း တရား အလုံးစုံကို ပြည့်စုံစေရမယ်။ ငါက သင့်အတွက် ဆုတောင်း ပေးမယ်။ ဝိညာဉ်တန်ခိုးနဲ့ သင့်ကို ပြည့်စေမယ် လို့ ဆိုတယ်။ မာရိကို တယောက်ထဲ ပစ်မထားဘူး။ အားလုံးအတွက် တပည့်တော်တွေထံ ပြန်ဖို့ သခင်ဘုရား အသက်ရှင်ကြောင်း၊ ကောင်းကင်တက်မယ့် အကြောင်းကို သတင်းစကား ပြန်ပြောစေတယ်။

မာရိ စကားအားဖြင့် တပည့်တော်တွေကို ကိုယ်တော်က စိတ်သက်သာရာ ရစေတယ်။ ငါ့ ညီအကို တို့လို့ ခေါ်တယ်။ ယုံကြည်သောအားဖြင့် ညီအကို မောင်နှမတွေ ဖြစ်လာတယ်။ ဒါဟာ ကားတိုင်အားဖြင့် ရှင်ပြန် ထမြောက်ခြင်းနဲ့ ထာဝရအသက်တို့ကြောင့် ဖြစ်တယ်။ ငါချစ်သော သူတို့လို့သာ ခေါ်တာ မဟုတ်ဘဲ ညီအကိုတို့လို့ ခေါ်လာတယ်။ ကယ်တင်ခြင်းဟာ ပြီးပြည့်စုံသွားတယ်။ ဘုရားသခင်ရဲ့ သားသမီးအဖြစ် မွေးစားလိုက်တယ်။ အသွေးတော်အားဖြင့် ဘုရားသားသမီး ဖြစ်ခွင့် စာချုပ် ချုပ်လိုက်ပြီ ဖြစ်တယ်။ မာရိက တပည့်တော်တွေကို ပြောရတဲ့ သတင်းစကားရဲ့ အဓိက အကြောင်းအရာက ဘာလဲ။

၁။ ကိုယ်တော် အသက်ရှင်တယ်။ ကိုယ်တော့်ကို သူ တွေ့ခဲ့ရတာဟာ သမိုင်းဝင်ဖြစ်ရပ် ဖြစ်တယ်။ ၂။ ခမည်းတော်ဟာ ငါတို့ရဲ့ ခမည်းတော် ဖြစ်တယ်။ ခမည်းတော်နဲ့ စုံလင်တဲ့ မိတ်သဟာယ ဖွဲ့ခြင်းကို သခင်ယေရှုက ပေးတယ်။

ဘုရားသခင်ဟာ အဝေးက အားကြီးပြီး တရားစီရင်တဲ့ ဘုရားလို့ မပြောပဲ၊ ချစ်တတ်ပြီးတော့ အနားမှာရှိတဲ့ အဖေ ဖြစ်တယ်။ ခရစ်တော်ရဲ့ ခမည်းတော် ဖြစ်ရုံသာမက ယုံကြည်သူရဲ့ အဖေလည်း ဖြစ်တယ်။ ခမည်းတော်ကို ငါ့ ဘုရားသခင် လို့လဲ ခေါ်တယ်။ တလောကလုံးဟာ ဘုရားသခင်နဲ့ ဝေးကွာနေပေမယ့် သားတော်ကတော့ ခမည်းတော်အပေါ်မှာ သစ္စာရှိနေတယ်။ အပြစ်ကြောင့် ဘုရားသခင်နဲ့ ရန်သူမဖြစ် တော့ဘဲ လက်ဝါးကပ်တိုင်ရဲ့ အဖိုးအခကြောင့် ခွင့်လွှတ်ခြင်းကို ခံရ၊ ချစ်ခြင်းကို ခံရလာတယ်။ ခမည်းတော်နဲ့ သားတော် တလုံးတဝတည်း ဖြစ်သလို ယုံကြည်သူတွေ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်းအားဖြင့် သုံးပါးတဆူ ဘုရားနဲ့တလုံး တဝတည်း ဖြစ်ခွင့်ရတယ်။ သေခြင်းက ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်ကို ပထမဦးဆုံး မြင်ခွင့်ရတဲ့ နှုတ်ဖျားကနေ ပြီးတော့ ဘုရားနဲ့ မိတ်သဟာယဖွဲ့ခြင်း ဂတိတော်ကို ကြားရတယ်။ အမျိုးသမီးက နာခံတယ်။ သခင်ယေရှုရဲ့ ခြေတော်ရင်းမှာ ဝမ်းမြောက်ခြင်းနဲ့ ဆက်နေတာမျိုးမဟုတ်ဘဲ မတ်တပ်ရပ် ပြေးထွက်လာပြီး တမန်တော်တွေ အပေါ်မှာ သတင်းစကားကို သက်သေခံတယ်။ ဒီသတင်းစကားဟာ ဝမ်းမြောက် ပျော်စရာ ကောင်းတဲ့ တံပိုး မှုတ်သံလို ဖြစ်ပြီး ဒီနေ့တိုင်အောင် ဝမ်းနည်းစရာ သတင်းစကားတွေကို ဝမ်းမြောက်ခြင်း ပေးနေတယ်။ ဘုရားက လက်ခံလို့ ဝမ်းမြောက်ခြင်း ခံစားရတာမျိုး သင်ရပြီလား။ မာရိရဲ့ သတင်းစကားဟာ ခရစ်တော် ရှင်ပြန်ထမြောက် ကြောင်း ပထမဦးဆုံး သင်ကြားရတဲ့ သတင်းစကားအဖြစ် သင်ယုံပြီလား။

ဆုတောင်း သေခြင်းက ရှင်ပြန် ထမြောက်တဲ့ သခင်ဟာ ယုံကြည်သူကို ညီအကိုလို့ ခေါ်တဲ့အတွက် ကျေးဇူး တင်ပါတယ်။ မထိုက်တန်သော်လည်း ကိုယ်တော်နဲ့ မိတ်သဟာယ ဖွဲ့ခွင့်ရတယ်။ အပြစ်များ ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ကို ရှာသောသူတိုင်း အားလုံး ဝမ်းမြောက်စေဖို့ ကျွန်ုပ်တို့ကို တမန်တော်များ ဖြစ်စေပါ။

မေးခွန်း ၁၂၂

  1. မာဂဒလ မာရိ အားဖြင့် ကြားရတဲ့ ခရစ်တော် ရဲ့ တရားစကားက ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:01 AM | powered by PmWiki (pmwiki-2.3.3)