Previous Lesson -- Next Lesson
a) ကားတိုင်မှာ အသတ်ခံရခြင်းနဲ့ သင်္ချိုင်းက ဝတ်လုံ (ယောဟန် ၁၉း ၁၆- ၂၂)
ယောဟန် ၁၉း ၁၆- ၁၈
၁၆ “ထိုအခါ ပိလတ် မင်းသည် ယေရှုကို လက်ဝါး ကပ်တိုင်မှာ ရိုက်ထား စေခြင်းငှါ ထိုသူတို့ လက်သို့ အပ်သဖြင့် သူတို့သည် ကိုယ်တော်ကို ယူ၍ ထုတ်သွား ကြ၏။ ၁၇ ကိုယ်တော်သည် မိမိ လက်ဝါး ကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံ အရပ် ဟူ၍ တွင်သော အရပ်သို့ ထွက်တော် မူ၏။ ထိုအရပ်ကား ဟေဗြဲ စကား အားဖြင့် ဂေါလဂေါသ အမည်ရှိ၏။ ၁၈ ထိုအရပ်၌ ကိုယ်တော်ကို အခြားသော သူ နှစ်ယောက်နှင့် တကွ လက်ဝါး ကပ်တိုင်မှာ ရိုက် ထားကြ၏။ ထိုသူ နှစ်ယောက် အလယ်မှာ ယေရှုသည် နေရာ ကျသတည်း။”
စစ်တပ် တတပ် ပါတယ်။ ဓါးပြ နှစ်ယောက်ကိုလည်း ကားတိုင်မှာ သတ်ကြမယ်။ ပိလတ်က သခင် ယေရှုကို တတိယမြောက် ရာဇဝတ်သားအနေနဲ့ ထည့်ပေးလိုက်တယ်။ စစ်သားတွေက လက်ဝါးကပ်တိုင် သုံးခုကို နေရာချပြီး သတ်ဖို့ ပြင်ဆင်တယ်။ ခရစ်တော်က ကားတိုင်ကို မငြင်းခဲ့ဘူး။ ကားတိုင်ကို ပစ်မချခဲ့ဘူး။ တရားခံ သုံးယောက်လုံး မြို့လမ်းတလျှောက် ဖြတ်လာပြီး မောဟိုက်လာကြတယ်။ အနောက်မြောက် တံခါးအထိ ရောက်လာတယ်။ အဲဒီနောက် ဂေါလ ဂေါသ လို့ ခေါ်တဲ့ တောင်ကုန်းကို ရောက်လာတယ်။ ဂေါလဂေါသ လို့ ခေါ်ရတာက မြို့ရိုး တံခါးထက် အလွန် မြင့်ပြီး ဦးခေါင်းခွံ ပုံစံ ရှိလို့ ဖြစ်နိုင်တယ်။ မြို့ပြင်မှာ သေဒဏ်ပေးခံရတာကို မြို့သူမြို့သားတွေ ထင်ရှားစွာ မြင်နိုင်တဲ့ နေရာဖြစ်တယ်။
ရှင်ယောဟန်က ကားတိုင်အကြောင်း သေချာရှင်းမပြဘူး။ ကြောက်စရာမြင်ကွင်းကို မှတ်တမ်းတင်ခြင်း မပြုဘူး။ လူတွေက ဘုရားမေတ္တာကို ငြင်းပယ်ပြီး ငရဲကို ပို ချစ်ကြတယ်။ ဝိညာဉ်တော် အားဖြင့် လူ့ဇာတိ ခံယူသူကို ရက်စက် ကြမ်းကြုတ်စွာ ခေါ်ထုတ်သွားတယ်။ ဒါပေမယ့် ခရစ်တော် ရဲ့အသေခံ ခြင်းဟာ သူတို့ အပြစ်ကို အပြီး အပိုင် ဖြေပေးဖို့ ဖြစ်တယ်။ ခရစ်တော်က ညင်သာစွာနဲ့ ကိုယ့်အလိုကို ငြင်းဆန်၊ သည်းခံပြီး လက်ဝါးကပ်တိုင်ကို ထမ်းခဲ့တယ်။ သခင်ယေရှုက ဓါးပြနှစ်ယောက်ရဲ့ ကြားမှာ နေရာကျတယ်။ သူတို့ နှစ်ယောက်က ဆဲရေး ပြစ်တင် ကြတယ်။ နောက်ဆုံးအချိန်မှာပင်လျှင် သနားတတ်တဲ့ စင်ကြယ်တဲ့ ဘုရားသခင်က သူ့ကိုယ်သူ အပြစ်သားတွေရဲ့ အပေါင်းအဖေါ် အဖြစ်နဲ့ နေပြသေးတယ်။
ဒီအပြစ်သားတွေအတွက်ပဲ ဘုရားသားတော် မွေးဖွား ခြင်းကိုခံရပြီး ဝေးလွင့်သူတွေဟာ ဘုရားသားအဖြစ် အပြစ်လွှတ်ခြင်းကို ခံရတယ်။ နှိမ့်ချခြင်းကို အကြီးအကျယ် ခံစားရပြီး လူမပြောနိုင်တဲ့ အခြေအနေထိ နိမ့်ကျခြင်းကို ခံရတယ်။ လူက ဘယ်လောက်ပဲ အပြစ်ရှိရှိ သခင်ယေရှုက ခွင့်လွှတ်နိုင်ပြီး အဲဒီ အပြစ်တွေကို သန့်စင်ဆေးကြော ပေးနိုင်တယ်။
ယောဟန် ၁၉း ၁၉- ၂၀
၁၉ “ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကို ရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက် ဟူမူကား ယုဒရှင်ဘုရင် နာဇရက်မြို့သား ယေရှုဟု ရေးထားသတည်း။ ၂၀ ယေရှုကို လက်ဝါး ကပ်တိုင်မှာ ရိုက်ထားသော အရပ်သည် မြို့နှင့် နီးသည် ဖြစ်၍ ထို လိပ်စာကို ဟေဗြဲ ဘာသာ ဟေလသ ဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒ လူများတို့သည် ဖတ်ကြ၏။”
စစ်သားတွေက သခင်ယေရှုကို လူဆိုး နှစ်ယောက်အလယ်မှာ ကားတိုင်ပေါ် တင်ရိုက်ကြတယ်။ ရှင်ဘုရင် ဆိုတဲ့ ဆိုင်းဘုတ်ကို လှောင်ပြောင်တဲ့ အနေနဲ့ ချိတ်ဆွဲကြတယ်။ ပိလတ်မင်းက သူ့စိတ်ရင်းမပါဘဲ သခင်ယေရှုကို သေဒဏ်ပေးဖို့ တွန်းအားပေးတဲ့ ဂျူးလွှတ်တော်ကို လှောင်ပြောင်ချင်နေတယ်။ ဒါကြောင့် ကားတိုင်ရဲ့ အထက်မှာ ဂျူးလူမျိုးတွေ စွပ်စွဲချက်ကို လိပ်စာ ဘွဲ့နာမအဖြစ် တပ်ခိုင်းတယ်။
ဒီဘွဲ့နာမကို သုံးပြီး ဘုရားသခင်က ဂျူးလူမျိုးတွေကို ဆုံးမမှာ ဖြစ်တယ်။ သခင်ယေရှုဟာ ဘုရင် တကယ် အစစ်အမှန် ဖြစ်တယ်။ တကယ်စစ်မှန်တဲ့သူက ဖြောင့်မတ်ခြင်း၊ ချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နဲ့ ကြွလာတယ်။ မြေကြီးပေါ်မှာ ကောင်းကင်နိုင်ငံကို တည်တယ်။ ဂျူးတွေက ငရဲကို ပိုကြိုက်တယ်။ ကောင်းကင်ရှင်ဘုရင်ကို လူ့ အသိုင်းအဝိုင်းအပြင်ကို ထုတ်ပြီး ငြင်းပယ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ လူမျိုးတကာရဲ့ ဘုရင် ဖြစ်လာတယ်။
ဒါပေမယ့် တခြားလူမျိုးတွေဟာ လက်ဝါးကပ်တိုင်မှာ အရိုက်ခံရတဲ့ ရှင်ဘုရင်ကို လက်ခံကြပြီလား။ ချစ်ခြင်း မေတ္တာရဲ့ အရှင်ကို ငြင်းပယ်ကြဦးမှာလား။
'''ယောဟန် ၁၉း ၂၁-၂၂
၂၁ “ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ် မင်းထံသို့ ဝင်၍ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒ ရှင်ဘုရင် ဖြစ်သည်ဟု သူ ဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊
၂၂ ပိလတ် မင်းက ငါ ရေးပြီးသော အရာကို ငါ ရေးပြီဟု ပြန်ဆို၏။”'''
ဂျူးလူမျိုးအကြီးတွေက ပိလတ်မင်းရဲ့ အရေးအသား လှောင်ပြောင်တာကို နားလည် ကြတယ်။ သူတို့က ရှင်ဘုရင်ကို ငြင်းပယ်ခဲ့ပြီ။ ဘာ အစွမ်းအစ မရှိတဲ့ ရှင်ဘုရင်ကို မြင်ခဲ့ပြီ။ ကားတိုင်မှာ တင်ရိုက်ခံရသူကို မုန်းခဲ့ကြပြီ။ ပိလတ်မင်းကတော့ သူရေးတာဟာ ဆီဇာဘုရင်ရဲ့ အလိုနဲ့ တထပ်တည်းကျမယ်လို့ ယုံကြည်စိတ်ချ နေတယ်။ ဒါကြောင့် သူရေးထားတာကို စာဖတ်တတ်တဲ့ လူ မြို့သူမြို့သား၊ ဧည့်သည်တွေ အားလုံးဖတ်နိုင်ဖို့ စကားသုံးမျိုးနဲ့ ရေးထားတယ်။ ရောမ အစိုးရကို ပုန်ကန်တဲ့ သူတိုင်းဟာ ဒီလို ကြုံရမယ် လို့ သဘောပေါက်စေတယ်။ AD ၇၀ ရောက်တဲ့ အခါ ဂျူးတွေဟာ ရောမအစိုးရကို ပုန်ကန်ကြတယ်။ ထောင်နဲ့ချီတဲ့ ဂျူးတွေဟာ ယေရုရှလင်ရဲ့ မြို့ရိုး တဝိုက်မှာ ကားတင်ပြီးတော့ အသတ်ခံခဲ့ကြရတယ်။
b) မဲခွဲပြီး အဝတ်တော်ကို ဝေယူရခြင်း။ (ယောဟန် ၁၉း ၂၃- ၂၄)
ယောဟန် ၁၉း ၂၃- ၂၄
၂၃ “စစ်သူရဲ တို့သည် ယေရှုကို လက်ဝါး ကပ်တိုင်၌ ရိုက်ထားပြီး မှ အဝတ်တော် တို့ကို လေးပိုင်း ပိုင်း၍ တယောက် တပိုင်းစီ ယူကြလေ၏။ အတွင်း အဝတ်တော်ကား မချုပ်ဘဲလျက် အထက်စွန်း မှသည် အောက်စွန်း တိုင်အောင် ရက်သော အင်္ကျီ ဖြစ်သောကြောင့်၊ ၂၄ ထိုသူတို့က အင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာလာသည်ကား သူတို့သည် အကျွန်ုပ် အဝတ်ကို အချင်းချင်း ဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံ ချကြပါ၏ ဟူသော အချက် စကားကို ပြည့်စုံစေ၍ စစ်သူရဲ တို့သည် ထိုသို့ပြုကြ၏။”
ခရစ်တော်ကို သတ်တဲ့ စစ်သား လေးယောက်က အဝတ်တော်ကို ခွဲဝေခွင့် ရကြတယ်။ ဒါပေမယ့် တပ်မှူးက ဒီလို နိမ့်ကျတဲ့ အလုပ်ထဲမှာ ဝင်မပါဘူး။ ဒါကြောင့် စစ်သား လေးယောက်က သခင်ယေရှုရဲ့ နောက်ဆုံး ပိုင်ဆိုင် မှုလေးကို ယူသွားကြတယ်။ ကားတင်သတ်ခံရတဲ့ ရာဇဝတ်သားတွေဟာ သာမန်အားဖြင့် အရှက်ခွဲခံရတဲ့ အနေနဲ့ အင်္ကျီကို ဆွဲဖြုတ်ခံရလေ့ရှိတယ်။ ဒီလို အရှက်ခွဲနှိမ့်ချ ခြင်းဟာ သခင်ယေရှုရဲ့ ကြီးမြတ်ခြင်းကို ပြနေတယ်။ သူဟာ ယဇ်ပုရောဟိတ်မင်း ဖြစ်တယ်။ လူသားတွေ အားလုံးအတွက် ယဇ်ပုရောဟိတ် မင်းလို အပြစ်ဖြေပေးသူ ဖြစ်တယ်။ ဒီအတွက် ဝေဒနာခံစားပြီး နှိပ်စက်ညှဉ်းပန်းခံရတယ်။ ဒီ့အရင် နှစ်ပေါင်း တထောင်လောက်ကတည်းက သန့်ရှင်းသော ဝိညာဉ်တော်က ကားတိုင်အကြောင်းကို ကြိုတင်ပရောဖက်ပြုခဲ့တယ်။ ဆာလံ ၂၂ မှာ “သူတို့သည် အကျွန်ုပ်၏ ဝတ်လုံကိုခွဲဝေ ယူကြပါ၏” လို့ ရေးထားတယ်။ ဒါက စစ်သားတွေလုပ်တဲ့ အလုပ်ကိုပြောတာ ဖြစ်တယ်။ ဝတ်လုံကို မဲချပြီး ဝေယူကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က ဟောပြောခဲ့တာ ဖြစ်တယ်။ ဝိညာဉ်တော်က ကားတိုင် အကြောင်းကိုလည်း ပြောပြပြီး ဘုရားသခင် အလိုတော်ကြောင့် သခင်ယေရှု ကားတိုင်မှာ အရိုက်ခံရတာ ဖြစ်တယ်လို့ ဖေါ်ပြ ထားတယ်။ သခင်ယေရှု ပြောစကား ရှိတယ်။ သင်တို့ ခေါင်းပေါ်မှ ဆံပင်တချောင်းပင်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော် အလိုမရှိလျှင် ဆံပင်တချောင်းမျှ မြေပေါ်သို့ မကျရလို့ ဆိုတယ်။ လက်ဝါးကပ်တိုင် မရှိဘူး၊ သမိုင်းမှာ မဖြစ်ခဲ့ဘူးလို့ ငြင်းပယ်သူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ငြင်းပယ်သူ ဖြစ်တယ်။ ဝိညာဉ်တော်က အနှစ် ၁၀၀၀ ကြိုပြီးတော့ ဟောပြောခဲ့တယ်။
စစ်သား တွေက မသိပဲ နားမလည်ပဲ လုပ်ခဲ့ကြတယ်။ ညှဉ်းပန်း နှိပ်စက်ခံရသူရဲ့ ကျန်ရှိနေတဲ့ အရာကို ယူနေကျ ဖြစ်တယ်။ သနားကြင်နာတတ်သူတွေ မဟုတ်ဘူး။ လောကီသား တွေကို ကယ်တင်မယ့်အရှင်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံပေးမယ်လို့ သူတို့ ဘယ်တော့မှ မရိပ်မိခဲ့ဘူး။ မိတ်ဆွေ သင်ဟာ ခရစ်တော်နဲ့အတူ ကားတိုင်မှာ ရိုက်ထားပြီလား။ ခရစ်တော်ရဲ့ သေခြင်းမှာ ပါဝင်ပြီလား။ ချမ်းသာဖို့ နာမည်ကြီးဖို့ အတွက်ပဲ အသက်ရှင်နေသလား။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားတဲ့ ခရစ်တော်ကို ချစ်သလား။ ကိုယ်တော် အသေခံခြင်း အားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်း ခြင်းကို လက်ခံရရှိပြီလား။ လက်ဝါးကားတိုင်ပေါ်က သခင် ယေရှုကို ငေးကြည့်ရုံ ငေးကြည့်သလား။ သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားသခင်နဲ့အတူ ယုံကြည်ခြင်း ချစ်ခြင်း နဲ့အတူ ပေါင်းစည်းစေတယ်။ သူ့ရဲ့ သေခြင်း ရှင်ပြန်ထမြောက်ခြင်းနဲ့ ဆက်ကပ်တဲ့ အသက်တာ ဘုန်းအသရေ ထဲမှာ ဝေမျှ ခံစားစေတယ်။
ဆုတောင်း ကားတိုင်ကို ထမ်းစေတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ကိုယ်တော့်ရဲ့ ချစ်ခြင်း၊ ကောင်းကြီးများ အတွက် ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ အပြစ်များကို ခွင့်လွှတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ ရှက်စရာ ကားတိုင်မှ အသေခံပြီး ကျွန်တော့ အပြစ်များကို ယူဆောင် သွားပြီး ဘုရားသခင်နဲ့ ရန်ငြိမ်းစေခဲ့တယ်။ ကိုယ်တော်ဟာ ရွေးနှုတ် ကယ်တင်ရှင် အပြစ်ဖြေပေးသူ ဖြစ်ပါတယ်။
မေးခွန်း ၁၁၅
- ကားတိုင်ပေါ်မှာ ရိုက်ထားတဲ့ ဘွဲ့နာမည်ရဲ့ အဓိပ္ပါယ်က ဘာလဲ။