Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 094 (The world hates Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

3. လောကီသားတွေက ခရစ်တော်နဲ့ တပည့်တော်တွေကိုမုန်းတယ်။ (ယောဟန် ၁၅း ၁၈- ၁၆း ၃)


ယောဟန် ၁၅း ၂၆- ၂၇
၂၆ “ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ ၂၇ သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူ ရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။”

လောကီသားတွေ မုန်းပြီး သားတော်ကို ကားတိုင်မှာသတ်တဲ့အတွက် သုံးပါးတဆူ ဘုရားသခင်ရဲ့ အဖြေက ဘာလဲ။ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ခြင်း ဖြစ်တယ်။ ဝိညာဉ်တော်သက်ရောက်လာခြင်းဟာ ဒီနေ့ခေတ်ရဲ့ အံ့ဩဖွယ်ရာ ဖြစ်တယ်။ ဝိညာဉ်တော် ကြွရောက်လာခြင်းဟာ လောကထဲကို ဘုရားသခင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ ခရစ်တော်နဲ့ ဝိညာဉ်တော်ကလည်း တလုံးတဝတည်း ဖြစ်တယ်။ တစိတ် တသဘောတည်း ဖြစ်တယ်။ လောကီသားတွေကို ရွေးနှုတ်ကယ်တင်ဖို့က သူ့အလိုတော် ဖြစ်တယ်။ ဝိညာဉ်တော်က လောကထဲက မကောင်းမှုတွေကို စီရင်တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းဘက်ကို တွန်းပို့တယ်။ မကောင်းမှုတွေကို မြင်တော်မူတယ်။ တပည့်တော်တွေကြားမှာ ဝိညာဉ်တော်ရှိနေတဲ့အတွက် နှိမ့်ချခြင်း၊ ကိုယ်အလို ငြင်းပယ်ခြင်းတွေ ဖြစ်ပေါ်လာတယ်။ လောကီသားတွေကတော့ မာနနဲ့ ဂုဏ်ပြိုင်ခြင်း၊ ကောက်ကျစ်ခြင်းတွေ ရှိတယ်။ သမ္မာတရားရဲ့ ဝိညာဉ် ဖြစ်တဲ့အတွက် မကောင်းမှုတွေနဲ့ လောကီဆန်ခြင်းတွေကို အခြေခံအားဖြင့် ပြစ်တင်လေ့ရှိတယ်။

တချိန်တည်းမှာပဲ တပည့်တော်တွေကို စိတ်သက်သာရာ ရစေတယ်။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကြောင်း၊ သူတို့ရဲ့ ကယ်တင်ခြင်းဟာ ပြည့်စုံကြောင်း စိတ်ချစေတယ်။ စိတ်သက်သာစေတဲ့ ဝိညာဉ်တော်ဘုရားဟာ သခင်ယေရှုအကြောင်းကို သက်သေခံလာစေတယ်။ သားတော်ရဲ့ မေတ္တာမှာ ခမည်းတော် ဘုရားကို မြင်လာစေတယ်။ သန့်ရှင်းသော ဝိညာဉ်တော်မပါဘဲ စစ်မှန်တဲ့ ယုံကြည်ခြင်းအကြောင်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ သခင်ယေရှုကို ကိုယ်အလိုအလျောက် အားကိုးနိုင်မှာမဟုတ်။ မိတ်ဆွေဖွဲ့နိုင်မှာ မဟုတ်ဘူး။ သခင်ယေရှု ထံပါး ဝိညာဉ်တော်က မပို့ဆောင်ရင် ချဉ်းကပ်လာနိုင်မှာ မဟုတ်ဘူး။ ဧဝံဂေလိတရားအားဖြင့် ဆွဲခေါ်ပြီး ဝိညာဉ်ဆုကျေးဇူးများ ပေးကာ သန့်ရှင်းစေတယ်။ ခရစ်ယာန်အားလုံးကို ခေါ်ဖိတ်ပြီး နားလည်စေတယ်။ ခရစ်တော်၌ သန့်ရှင်းသောသူများ ဖြစ်စေတယ်။ ယုံကြည်ခြင်းမှာ တည်စေတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဟာ သက်သခံချက်တွေကို ထိရောက်စေတယ်။ ကိုယ့်ရဲ့ဥာဏ်ပညာနဲ့ အတွေ့အကြုံပေါ်ကို အားကိုးပြီး ခရစ်တော်အကြောင်း မပြောပြပါနဲ့။ အသက်တာကို ဥာဏ်ပညာရဲ့အပေါ်မှာ လုံးလုံးအပ်နှံလိုက်ပါ။ ဝိညာဉ်တော် စကားကို နားထောင်ပါ သခင်ယေရှုကို ဘယ်လို ဘုန်းထင်ရှားစေရမလဲ သင်ယူပါ။ ဝိညာဉ်တော်ရဲ့ အသံကို နားထာင်တဲ့အခါ သက်သေခံခြင်း၊ စကားပြောခြင်းတွေမှာ ထိရောက်လာတယ်။

ခရစ်တော်က သူ့ရဲ့တမန်တော် ၁၁ ပါးကို သူ့အကြောင်း သက်သေခံစေတယ်။ သူတို့အတွက် ဒါက အခွင့်ထူးဖြစ်တယ်။ တပည့်တော်တွေဟာ သခင်ယေရှုရဲ့ မြေကြီးပေါ် အမှုတော်ဆောင်တဲ့အကြောင်းကို မျက်မြင်သက်သေ ဖြစ်ကြတယ်။ သူတို့မြင်ပြီးတာ ကြားဖူးတာ ထိတွေ့ဖူးတာကို သက်သေခံကြတယ်။ သူတို့စကားက မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားကို သက်သေခံကြတယ်။ ယုံကြည်ခြင်းတရားက သူတို့ရဲ့သက်သေခံခြင်းအပေါ်မှာ တည်နေတယ်။ သခင်ယေရှုက စာအုပ်တအုပ်မှ မရေးဘူး။ ဩဝါဒတစောင် မရေးဘူး။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သက်သေခံရင်း ကယ်တင်တဲ့တရားကိုပဲ ဟောပြောတယ်။ တပည့်တော်တွေရဲ့ ပြောစကားကလည်း သူတို့တွေရဲ့အပြုအမူပေါ်မှာ တည်နေတယ်။ သမ္မာတရားရဲ့ ဝိညာဉ်တော်က မလိမ်မညာဘူး။ အပြစ်အနာစွဲနေတဲ့ လောကီသားတွေကို တပည့်တော်တွေရဲ့နှုတ်အားဖြင့် ခရစ်တော်ရဲ့ မေတ္တာတန်ခိုးကို သက်သေပြကြတယ်။ သခင်ယေရှုကိုယ်တိုင်က တပည့်တော်တွေကို ပြောတယ် "သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော် သင်တို့အပေါ်သို့ သက်ရောက်သောအခါ သင်တို့သည်တန်ခိုးကိုခံရ၍ ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။"

ဆုတောင်း ဘုရားသခင်၏သားတော် ကိုယ်တော်ဟာ ခမည်းတော် ဝိညာဉ်တော်နဲ့ တလုံးတဝတည်း ဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ထားခဲ့ခြင်းမဟုတ်ဘဲ သက်သေခံဖို့ သမ္မာတရားရဲ့ ဝိညာဉ်တော်ကို စေလွှတ်ခဲ့တယ်။ ဝိညာဉ်တော် ကြွလာခြင်းအားဖြင့် သန့်ရှင်းစေပါ။ ကိုယ့်တော့်အတွက် သက်သေခံတဲ့အခါမှာ လူများ ယုံကြည်လာဖို့ သွန်သင်ပေးတော်မူပါ။

မေးခွန်း ၉၈

  1. ကားတိုင်မှာ အသေခံတဲ့ ခရစ်တော်အကြောင်း လောကီသားတွေကို ဘုရားသခင်က ဘယ်လို အတိအလင်း ပြောဆိုသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:57 AM | powered by PmWiki (pmwiki-2.3.3)