Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 071 (Jesus across the Jordan)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)

a) သခင်ယေရှု ယော်ဒန်မြစ်ကို ကူးဖြတ်ခြင်း (ယောဟန် ၁၀း ၄၀ - ၁၁း ၁၆)


ယောဟန် ၁၁း ၁၁- ၁၆
၁၁ “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။ ၁၂ တပည့်တော်တို့ကလည်း၊ သခင် သူသည် အိပ်ပျော်လျှင် သက်သာရာရလိမ့်မည်ဟု လျှောက်ကြ၏။ ၁၃ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။ ၁၄ ထိုကြောင့် ယေရှုက လာဇရုသေပြီ။ သင်တို့သည်ယုံကြည်မည်အကြောင်း ၁၅ ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။ ၁၆ ဒိဒုမု အမည်ရှိသော သောမက အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။”

လာဇရုကို သခင်ယေရှုချစ်သောသူလို့ ပြောဆိုထားတယ်။ သခင်ယေရှုနဲ့ တပည့်တော်တွေဟာ လာဇရုအိမ်မှာ တည်းခိုလေ့ရှိတယ်။ ဒါကြောင့် တပည့်တော်တွေရဲ့ မိတ်ဆွေလည်း ဖြစ်တယ်။ သခင်ယေရှု ချစ်သောသူဖြစ်တဲ့ လာဇရုနဲ့ အာဗြဟံရဲ့အမည်နာမဖြစ်တဲ့ “ဘုရားသခင်ရဲ့မိတ်ဆွေ” ကို နှိုင်းယှဉ်ကြည့်သင့်တယ်။

သခင်ယေရှုက သေခြင်းဆိုတာ နောက်ဆုံးမဟုတ်သေးဘူးဆိုတာ ဖေါ်ပြခြင်းအတွက် အိပ်ပျော်တယ် ဆိုတဲ့ စကားကို သုံးတယ်။ ကိုယ်ခန္ဓာပျက်စီးပေမယ့် ဝိညာဉ်ရှိသေးတယ်။ ယုံကြည်ခြင်းအားဖြင့်၊ ဘုရားသခင်အားဖြင့် အနားယူခွင့်ရတယ်။ အခုဘဝမှာ စိတ်ကျေနပ်စွာ နားခိုခွင့်ရပြီး သခင်ဘုရားနှိုးတဲ့ ချိန်မှာ ပြန်ထရမယ်။ ထာဝရ အသက်ရှင်ရမှာ ဖြစ်တယ်။

သူ့ကို သွားနှိုးမယ်လို့ သခင်ယေရှုက အခိုင်အမာ ဆိုတယ်။ ဘုရားသခင် တခုခုလုပ်ပေးဖို့ မိသားစုကို စိတ်သက်သာရာရဖို့ ငါတို့ဆုတောင်းကြစို့ လို့ မပြောဘူး။ သခင်ယေရှုက လာဇရုသေတယ်ဆိုတဲ့ သတင်းစကား ရောက်လာချိန်မှာ နှစ်ရက်လောက် ခမည်းတော်နဲ့ စကားပြောနေတယ်။ လာဇရု ပြန်ရှင်မယ်လို့ စိတ်ချထားတယ်။ တပည့်တော်တွေရဲ့ယုံကြည်ခြင်းကို ခွန်အားပေးဖို့ ရန်သူတွေရှေ့မှာလည်း မေရှိယဖြစ်ကြောင်းပြရမယ်။ ဒီ့နောက် သူ့ကို သွားနှိုးကြစို့လို့ အမေက ငါ့သားကိုသွားနှိုးဦးမှပဲ ကျောင်းသွားချိန်နီးပြီလို့ ဆိုတဲ့ သဘောမျိုး ဖြစ်တယ်။ သခင်ယေရှုက ဒီနေရာမှာ ဖင့်နွှဲခြင်း လုံးဝမရှိဘူး။ သခင်ယေရှုက အသက်ဖြစ်သလို၊ သေခြင်းတရားကို အောင်မြင်သူလည်း ဖြစ်တယ်။ သခင်ယေရှုကို ယုံကြည်ခြင်းဟာ ကြောက်ရွံ့ခြင်းမှလွတ်မြောက်စေတယ်။ အသက်ရှင်ခြင်းလည်း သေချာစေတယ်။

တပည့်တော်တွေက သခင်ယေရှုရဲ့ အောင်မြင်ခြင်းကို မရိပ်မိဘူး။ သူတို့အထင်က လာဇရုအိပ်ပျော်တယ်။ ဒါကြောင့် သူတို့က ယုဒလူတွေလက်ထဲမှာပဲ သေမှာ ကြောက်နေကြတယ်။ သခင်ယေရှုက လာဇရုသေပြီလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ဒီသတင်းဟာ တပည့်တော်တွေကို စိတ်အနှောင့်အယှက်ဖြစ်သွားစေပေမယ့် သခင်ယေရှုကတော့ ဝမ်းမြောက်ကြလော့ လို့ ဆိုတယ်။ အဲဒီနောက် ဘုရားသခင်ရဲ့သားတော်က သေခြင်းတရားကို ရင်ဆိုင်လိုက်တယ်။ အောင်မြင်ခြင်းနဲ့ ထမြောက်ခြင်း ဖြစ်လာတယ်။ သေခြင်းဟာ ဝမ်းနည်းစရာသက်သက် မဟုတ်ဘဲ သခင်ယေရှုရဲ့နောက်လိုက်တွေအတွက် အသက်ရှင်နိုင်ကြောင်း သေချာမှုကိုပြပြီး ဝမ်းမြောက်စေတယ်။ သခင်ယေရှုကို ယုံကြည်သူတိုင်းဟာ အသက်ကိုရတယ်။

သခင်ယေရှုက လာဇရုသေချိန်မှာ အဲဒီအရပ်မှာမရှိတဲ့အတွက် သူ့ကိုလည်း အနာပျောက်အောင် မလုပ်ပေးရတဲ့အတွက် ဝမ်းသာတယ်။ လူတိုင်းရဲ့နောက်ဆုံးချိန်အတွက် နိမိတ်လက္ခဏာလည်း ဖြစ်တယ်။ သခင်ယေရှုကို ယုံကြည်သူတိုင်းဟာ အသက်ကို ရစေတယ်။ ဒါကြောင့် သူ့ထံ သွားစို့လို့ ပြောတယ်။ လူ့ဘဝမှာ ဝမ်းနည်းစရာ မျက်ရည်ကျစရာတွေရှိပေမယ့် သခင်ယေရှုကတော့ ထမြောက်ခြင်းအကြောင်းကို ပြောတယ်။ သခင်ယေရှုက သူ့ထံသွားစို့လို့ လာဇရုကို သင်္ချိုင်းထဲ မြှုပ်နှံထားချိန်မှာပင် ပြောခဲ့တယ်။ ဒါကြောင့် သခင်ယေရှု လာခြင်းဟာ လွတ်လပ်ခြင်း၊ အသက်နဲ့ အလင်းဖြစ်တယ်။ တမန်တော် သောမကတော့ သခင်ယေရှုကို ချစ်တယ်။ သတ္တိရှိတယ်။ သခင်ယေရှုပြောတဲ့ စကားကို နားမလည်ပေမယ့် အရဲစွန့်သွားဖို့ ဆုံးဖြတ်တယ်။ သောမက အပေါင်းအသင်းတွေဘက်ကို လှည့်ပြီး ငါတို့သခင်ယေရှုကို တယောက်တည်း ပစ်မထားဘူး။ သခင်ယေရှုကို ချစ်တယ်။ ဒါကြောင့် သေချင်သေပစေ။ သူနဲ့အတူ သွားမယ်၊ သူနဲ့အတူနေမယ်လို့ ပြောတယ်။ သောမဟာ နာက်ဆုံးအချိန်ထိ သူ့ရဲ့ သစ္စာတရားကို ပြနိုင်သူဖြစ်တယ်။

မေးခွန်း ၇၅

  1. လာဇရုကို သခင်ယေရှုက ဘာကြောင့် အောင်မြင်စွာ ပြန်ရှင်နိုင်ခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)