Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":

Home -- Burmese -- John - 026 (The Baptist testifies to Jesus)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း

3. နှစ်ခြင်းဆရာက သခင်ယေရှုကို သတို့သား အဖြစ် သက်သေခံတယ်။ (ယောဟန် ၃း ၂၂ - ၃၆)


ယောဟန် ၃း ၂၂ - ၃၀
၂၂ ထို့နောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ နှစ်ခြင်းကို ပေးလေ၏။ ၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုံအရပ်၌ ရေများသောကြောင့်၊ နှစ်ခြင်းကို ပေး၍နေသဖြင့်၊ လူများတို့သည်လာ၍ နှစ်ခြင်းကို ခံကြ၏။ ၂၄ ယောဟန်သည် ထောင်ထဲသို့မရောက်သေး။ ၂၅ ထိုအခါ ယောဟန်၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊ ၂၆ ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဖက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေ ပေးသောသူသည် နှစ်ခြင်းကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျင်၊ ၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျင် လူသည် အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။ ၂၈ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ ၂၉ မင်္ဂလာဆောင်သတို့သမီးကို ရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကို ကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကို ကြားသောအားဖြင့် ဝမ်းမြောက်ခြင်း ရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောင်ခြင်း ပြည့်စုံ၏။ ၃၀ ထိုသခင်သည် တိုးပွါးခြင်း ရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။

ပသခါပွဲအပြီးမှာ သခင်ယေရှုက ယေရုရှလင်မှ ထွက်လာပြီး နှစ်ခြင်းပေးစ ပြုတယ်။ တပည့်တော်တွေ သိတာက မမွေးဖွါးခင် ကြိုးပဲ့ကြေမွဖို့ လိုတယ်။ အပြစ်မဝန်ခံဘဲ ကယ်တင်ခြင်း မရဘူး။ အပြစ်ခွင့်လွှတ်ခြင်းအတွက် နှစ်ခြင်းခံတာဟာ ကြိုးပဲ့ကြေမွမှုကို ပုံဆောင်တယ်။ ဒါက ဘုရားရဲ့ ပဋိညာဉ်တရားသစ်ကို သူတောင့်တကြောင်း ပြတယ်။

နှစ်ခြင်းဆရာက ယောဒန်မြစ်ရဲ့ မြောက်ပိုင်းအဲနုံအရပ်ကို ရွေ့သွားတယ်။ လူတွေက ယောဟန်ထံ လာကြ၊ စိတ်နှလုံးဖွင့်ဟပြီး၊ ရေနှစ်ခြင်း ခံကြတယ်။ သခင်ယေရှုနဲ့ တွေ့ဖို့ ပြင်ကြတယ်။ ပသခါပွဲအပြီး သခင်ယေရှုက ဂါလိလဲကို တိုက်ရိုက်မပြန်ဘူး။ တခြားနေရာတွေမှာပဲ အပြစ်ဝန်ချသူတွေကို နှစ်ခြင်း ပေးတယ်။ ပိုသြဇာကြီးတော့ ယောဟန်ထက် လူပိုများလာတယ်။ နှစ်ဖွဲ့ခြားမှာ ငြူစူမှုလည်း ရှိလာတယ်။ ဘယ်သူက အပြစ် ဆေးကြောပေးနိုင်လဲ။ ဘယ်သူက ဘုရာသခင်နဲ့ ပိုနီးစပ်သလဲ ဆိုတာ မေးစရာ ဖြစ်လာတယ်။ သူတို့က လုံးလုံး စင်ကြယ်သွားချင်ကြတယ်။ သင့်ရဲ့ အပြုအမူတွေ ဘယ်လိုသန့်ရှင်း စင်ကြယ်သွားနိုင်သလဲ။ လုံးဝ စင်ကြယ်ချင်သလား။ ကိုယ့်အပြစ်တွေကို နောက်မှာ ပစ်ချခဲ့ပြီလား။

နှစ်ခြင်းဆရာက အဲဒီစုံစမ်းခြင်းကို လက်မခံဘူး။ သခင်ယေရှု အောင်မြင်တာကို သူမနာလို မဖြစ်ဘူး။ သူ့အလုပ်က အကန့်အသတ် ရှိတာကို နားလည်တယ်။ သူက နှိမ့်ချစွာ ဝန်ခံတယ်။ “လူဟာ ကိုယ်သဘောနဲ့ကိုယ် ဒီလိုအလုပ်မျိုး မလုပ်နိုင်ဘူး။ ဘုရားက တန်ခိုး၊ ကောင်းကြီးပေး အောင်မြင်စေမှ ဖြစ်နိုင်တယ်။” တဖက်မှာ လူက ကြွားမယ်၊ ကျမ်းစာ သိမယ်။ ဆုတောင်းမယ်။ အဟောအပြော ကောင်းမယ်။ ဝိညာဉ်ဆုကျေးဇူးကတော့ ဘုရားထံက လာတယ်။ ဘုရားအလိုတော် ရှိသမျှ ဆောင်ရင်လည်း ကိုယ်က မထိုက်တန်တဲ့ အစေခံကျွန်ပဲ။ နှစ်ခြင်းဆရာက နှိမ်ချပါသေးတယ်။ သူ့အစွမ်းထက် ပိုမပြောဘူး။ ဘုရားကိုပဲ ချီးမွမ်းတယ်။

သူဟာ မေရှိယ မဟုတ်ကြောင်း သူ့တပည့်တွေကို ထပ်သက်သေခံတယ်။ သူက ခရစ်တော်ကို အောင်မြင်စွာနဲ့ ယေရုရှလင်ကို ဝင်စေချင်မယ်။ ဒါပေမယ့် ဖြစ်မလာဘူး။ ယောဟန်လိုပဲ နှစ်ခြင်း ပေးနေတယ်။ နှစ်ခြင်းဆရာ စိတ်ရှုပ်သွားတယ်။ ဒါပေမယ့် နာခံမြဲ၊ နှိမ့်ချမြဲပါပဲ။ ခရစ်တော် ရှေ့တော်ပြေးသာ ဖြစ်ကြောင်း ဝန်ခံနေတယ်။ ဘုရား ကျေးဇူးပြုတဲ့အရာ၊ ဖေါ်ပြထားတဲ့အရာကို သစ္စာရှိနေတယ်။ သခင်ယေရှုက နောင်တရသူအတွက် သတို့သား လို့ သက်သေခံတယ်။ ဒီနေ့လည်း ဝိညာဉ်တော်က ဝိညာဏကိုယ်ကို ဖန်ဆင်းထားတယ်။ ရှင်ပေါလုက “ငါတို့သည် ခရစ်တော်၏ အင်္ဂါအသီးသီး ဖြစ်ကြ၏။ ဦးခေါင်းမူကား ခရစ်တော်တည်း။ ငါတို့သည် ခရစ်တော်၌ အင်္ဂါချင်း ဖြစ်ကြ၏” ခရစ်တော်က တရားသူကြီးလို မဟုတ်တော့ဘူး။ ကယ်တင်ရှင် သတို့သား ဖြစ်သွားပြီ။ မင်္ဂလာပွဲရဲ့ ပျော်ရွှင်မှုက ခရစ်တော်၌ မြောင့်လင့်ရာကို ပြနေတယ်။

ယုံကြည်သူတွေ များလာတယ်ကို နှစ်ခြင်းဆရာက အဝေးက ဝမ်းသာနေတယ်။ သခင်ယေရှုရဲ့ နောက်လိုက် မလုပ်ပေမယ့် သခင်ယေရှုဖက်က ရပ်တည်တယ်။ မိတ်ဆွေစစ်အဖြစ် ဝန်ခံတယ်။သူက တောထဲမှာ အထီးကျန် ရပ်တည်နေချိန်မှာ သခင်ယေရှုက မြို့ထဲဝင်ပြီး နိမိတ်လက္ခဏာတွေ ပြပြီး တရားဟောနေတယ်။ နိုင်ငံတော် တည်လု နီးလာတဲ့အတွက် နှစ်ခြင်းဆရာ ဝမ်းသာတယ်။ သတို့သားရဲ့ ရှေးပြေး ဟစ်ကြော်ရသူက သဘောကျနေတယ်။ ခရစ်တော်ရဲ့ အောင်မြင်မှုသတင်းဟာ သူ့အတွက် ကောင်းကင်က ဂီတပဲ။ ဒါကြောင့် ခရစ်တော်ရဲ့ နူးညံ့ခြင်းက ကြမ်းတမ်းတဲ့ နှစ်ခြင်းဆရာကို သူ့ရဲ့နောက်ဆုံးနေ့တွေမှာ ပျော့ပျောင်းသွားစေတယ်။ သူလည်း မင်္ဂလာပွဲမှာ ပါဝင်ရတာကို ဝမ်းသာတယ်။

ယောဟန်က သေရခါနီးပြီ။ နောက်လိုက်ထပ်များဖို့ မလိုတော့ဘူး။ ယုံကြည်သူတွေ များပါစေ။ သူကတော့ မှေးမှိန် ပျောက်ကွယ်သွားချင်ပြီ။ ကဲ၊ ကိုယ့်ကို ဦးဆောင်နေသူက ဘယ်သူလဲ။ တယောက်နဲ့တယောက် မတိုက်ခိုက်ကြပါနဲ့။ နေရာပေးကြပါ။ အထဲမှာ ခရစ်တော် အားကြီးဖို့ ကိုယ်ကိုကိုယ် နှိမ့်ချပါ။ နှစ်ခြင်းဆရာနဲ့အတူ …. “သခင်ယေရှုက တိုးပွါးလိမ့်မယ်။ ငါက ဆုတ်ယုတ်ရမယ်။” လို့ ပြောကြပါစို့။

မေးခွန်း ၃၀

  1. ခရစ်တော်က ဘာအတွက် သတို့သားလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:28 AM | powered by PmWiki (pmwiki-2.3.3)