Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 027 (The Baptist testifies to Jesus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း

3. နှစ်ခြင်းဆရာက သခင်ယေရှုကို သတို့သား အဖြစ် သက်သေခံတယ်။ (ယောဟန် ၃း ၂၂ - ၃၆)


နှိမ့်ချစွာ သက်သေခံရင်း၊ ယုံကြည်သူတိုးပွါးတာကို ဝမ်းသာစကား ပြောပြီးနောက်မှာ ခရစ်တော်ကြီးမြတ်ကြောင်း ပြောတယ်။ ဒါဟာ သူ့ရဲ့ အကောင်းဆုံး တရားဒေသနာပဲ။ သူပြောတာက ……

ယောဟန် ၃း ၃၁
၃၁ အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှလာသောသူသည် မြေကြီးနှင့်စပ်ဆိုင်၍ မြေကြီးအရာကို ပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသောသူသည် အလုံးစုံတို့၏ အထွဋ် ဖြစ်တော်မူ၏။

လူက မြေကြီးသားပဲ။ တဖန် ပြန်မွေးဖို့ လိုတယ်။ သခင်ယေရှု တပါးတည်းသာ ကောင်းကင်က ကြွလာပြီး လူ့ဇာတိခံယူကာ ရွေးနှုတ်ကယ်တင်တယ်။ နာဇရက်မြို့သား သခင်ယေရှုဟာ ပရောဖက်၊ အတွေးအခေါ် ပညာရှင်၊ ခေါင်းဆောင် ရှိသမျှထက် မြေကြီးထက် ကောင်းကင်မြင့်သလို မြင့်တယ်။ လူတွေ တီထွင်သမျှကလည်း ဘုရားဖန်ဆင်းသမျှအပေါ်မှာ အခြေတည်ရင်း ယိုင်နဲ့နဲ့ ဖြစ်နေတယ်။ လူသားက အသက်နဲ့ အလင်းဖြစ်တယ်။ လူတွေရဲ့ အဓိကပင်မ အရင်းအမြစ် ဖြစ်တယ်။ သူနဲ့ နှိုင်းယှဉ်စရာ တခြားသူ မရှိဘူး။ ခေတ်ကာလ မတိုင်မှီကတည်းက ခမည်းတော် ဖြစ်ပွါးစေသူ ဖြစ်တယ်။ အားလုံးထက် ကျော်လွန် ပြည့်စုံသူ ဖြစ်တယ်။

ယောဟန် ၃း ၃၂ - ၃၅
၃၂ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှ မခံမယူ။ ၃၃ သက်သေခံချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။ ၃၄ ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။ ၃၅ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ။

သခင်ယေရှုဟာ ကောင်းကင်တရားရဲ့ မျက်မြင်သက်သေ ဖြစ်တယ်။ ခမည်းတော်ကို မြင်ခဲ့၊ ကြားခဲ့တယ်။ ခမည်းတော်ရဲ့ စိတ်ထားနဲ့ အကြံအစည်တော်ကို သိတယ်။ ခမည်းတော်ရဲ့ ရင်ခွင်တော်မှလာတဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ သူ့ရဲ့ ဗျာဒိတ်စကားဟာ စုံလင်တယ်။ ပရောဖက်တွေရဲ့ ဗျာဒိတ်က မစုံလင်ဘူး။ သခင်ယေရှုရဲ့ ဗျာဒိတ်က နောက်ဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်တယ်။ အသက်ပေးတဲ့တိုင်အောင် သစ္စာရှိတဲ့ သက်သေခံ ဖြစ်တယ်။ ခမည်းတော်ရဲ့ဘုန်းကို ထင်ရှားစေပြီး သားတော် ဖြစ်ကြောင်း ကြေငြာတယ်။ ဝမ်းနည်းစရာက လူတွေ လက်မခံဘူး။ ဘုရားက အနားရောက်လာပေမယ့် မလိုချင်ဘူး။ အသက်တာလည်း မပြောင်းလဲချင်ဘူး။ သားတော်ကိုရော၊ ခမည်းတော်ကိုပါ ငြင်းပယ်လိုက်ကြတယ်။

လူတိုင်း ဘုရားသခင်ကို မမုန်းတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းစရာပါ။ သားတော်ထဲမှာ ဘုရားသခင်ကို မြင်ပြီး၊ ယဇ်ပူဇော်တာကို လက်ခံတဲ့သူတွေလည်း ရှိပါတယ်။ ဘုရားဗျာဒိတ်နဲ့ ရွေးနှုတ်ခြင်းကို လက်ခံရင် ဘုရားကို ဘုန်းထင်ရှားစေတယ်။ ဘုရားက မလိမ်သလို၊ သားတော်က သမ္မာတရား ဖြစ်တယ်။ ခမည်းတော်က သူ့စိတ်ထားကို စာအုပ်တအုပ်မှာ ရေးပြတာမျိုး မဟုတ်ဘဲ၊ သားတော်၌ ထင်ရှားတယ်။ သမ္မာတရားရဲ့ ဝိညာဉ်ကို လက်ခံရင် အသစ်ပြုပြင်ရာ ရောက်တယ်။ ခရစ်တော်က တရားစကား ပြောဖို့သာ ခေါ်တာမဟုတ်ဘဲ၊ အသက်ရှင်ပြဖို့လည်း ခေါ်တယ်။ ဧဝံဂေလိတရားက လူကို အလှဆင်သွားတယ်။

သခင်ယေရှုက စိတ်ကူးယဉ်တွေ၊ မရေမရာတွေ၊ ဖြစ်ချင်တာတွေကို မပြောဘူး။ သူ့စကားက အစွမ်း၊ တန်ခိုးပါတယ်။ ရှင်းတယ်။ ဘုရားသခင်က သားတော်အားဖြင့် စကားပြောတယ်။ ဝိညာဉ်တော်က အတိုင်းအဆ မရှိရတယ်။ ခမည်းတော်က သူ့ကို ပညာ၊ အာဏာ အပြည့်အဝ ပေးတယ်။

ခမည်းတော်က သားတော်ကို ချစ်လို့ အရာရာကို အပ်နှင်းတယ်။ ဘုရားမေတ္တာဟာ လက်ဆောင် ဖြစ်တယ်။ သားတော်က ခမည်းတော်ဘုန်းကို ထင်ရှားစေတယ်။ ဘယ်သူပိုကြီးမြတ်သလဲလို့ မေးစရာမလိုဘူး။ ဒါက စာတန်ထံက လာတဲ့ စကားဖြစ်တယ်။ သုံးပါးလုံးဟာ တပါးကို တပါး ချီးမြှောက်တယ်။ ဘုန်းထင်ရှားစေတယ်။ ဒါကို လက်မခံရင် ဘုရားကို လက်မခံတာပဲ။ ခမည်းတော်အနေနဲ့ သားတော်က အာဏာလုမှာ မကြောက်ရဘူး။ သားတော်က နူးညံ့သိမ်မွေ့၊ နာခံ၊ ဝန်ခံတယ်။ “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ အခွင့်ရှိသမျှကို ငါခံရပြီ။” ဆိုတဲ့အတိုင်း အားလုံးကို စိုးစံရတယ်။

ယော ၃း ၃၆
၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား၊ အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်။

ရှင်ယောဟန်က ကယ်တင်ခြင်းအကြောင်း ပြောတယ်။ သားတော်ကို အားကိုးရင် ထာဝရအသက် ရတယ်။ ဒါက ဧဝံဂေလိတရား အလင်းပဲ။ ဒီချစ်ခြင်းကို ခံစားရသူဟာ ဘုရားမေတ္တာကို ကားတိုင်မှာ တွေ့ရတယ်။ အပြစ်တွေ ဖယ်ရှင်းပေးတဲ့ သိုးသငယ်တော်ကို အားကိုးတယ်။ ခရစ်တော်ကြောင့် ထာဝရမေတ္တာတော်ရဲ့ လက်တွေ့ သနားခြင်းကို ခံစားရတယ်။ အသက်စွန့်တဲ့ သားတော်ကို ယုံခြင်းက အသက်ရစေတယ်။ ထာဝရအသက်က သေပြီးမှ ရမှာ မဟုတ်ဘူး။ အခုရတယ်။ ဝိညာဉ်တော်က သားတော်အားဖြင့် ယုံကြည်သူရဲ့အထဲမှာ ကျိန်းဝပ်တယ်။ ခရစ်တော်ရဲ့စကားကို ပယ်၊ ဘုရားသားအဖြစ်နဲ့ ကားတိုင်ကို ငြင်းပယ်သူဟာ ဝိညာဉ်တော်ကို စိတ်နာစေတယ်။ သူ့စိတ်မှာ နေရာ မပေးဘူး။ ခရစ်တော်နဲ့ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဝိညာဉ်သေနေတယ်။ သားတော်ဘုရားနဲ့ လက်ဝါးကားတိုင်ကို ဆန့်ကျင်တဲ့ တရားမှန်သမျှဟာ သမ္မာတရားကို ဆန့်ကျင်တယ်။ မေတ္တာတော်ကို ပစ်ပယ်ရင် အမျက်တော်ကို ရွေးချယ်တယ်။

ရှင်ယောဟန်စကားကို ရှင်ပေါလုက ထောက်ခံတယ်။ ဘုရားမဲ့နေခြင်းနဲပ ညစ်ညူးသမျှ အပေါ်မှာ ဘုရားသခင် အမျက်တော် တည်နေတယ်။ လူတိုင်း အပြစ်ပြုပြီး၊ အပြစ်က တရားကို ဆန့်ကျင်နေတယ်။ ဘုရားအမျက်က လူတွေအပေါ် ကျရောက်ခဲ့ပြီ။ တောအရပ်မှာ မြွေကို မြှောက်ထားသလို၊ ကားတိုင်မှာ ဘုရားအမျက်တော် ကျခဲ့ပြီ။ ကယ်တင်ရာ ကျေးဇူးတရားလမ်းကို ဖွင့်ပေးလိုက်ပါပြီ။ ကားတိုင်ပေါ်က ကျေးဇူးကို ငြင်းပယ်သူက တရားစီရင်ခံရတယ်။ သူ့ဆီမှာ စာတန်နေရာ ရသွားတယ်။ ခရစ်တော်မပါရင် ပျက်စီးခြင်းပဲ။ တခြားသူတွေ သားတော်ကို ယုံကြည်ဖို့ ဆုတောင်းကြပါစို့။ ဘုရားအသက်ကို ရရှိလာဖို့ စိတ်ရှည်စွာ ပြောပြ သက်သေခံကြပါစို့။

ဆုတောင်း မေတ္တာတော်နဲ့ သမ္မာတရားအတွက် ကျေးဇူးတင်ပါ၏။ ယုံကြည်ခြင်း၌ တည်လျက် ခမည်းတော် ဘုန်းကို ထင်ရှားစေပါ။ နာခံတတ်စေပါ။ ခမည်းတော်နှင့် သားတော်တည် တလုံးတဝတည်း ဖြစ်ကြောင်း သိပါ၏။ ငြင်းပယ်သူများအား သနားတော်မူပါ။ နှုတ်ကပတ်တော်ကို ကြားရစေပါ။ ကိုယ်တော့်အကြောင်း၊ အမှုတော်အကြောင်း ပြောပြရာမှာ မ,စ တော်မူပါ။

မေးခွန်း ၃၁

  1. ထာဝရအသက်ကို ဘယ်လိုရသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:29 AM | powered by PmWiki (pmwiki-2.3.3)