Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 102 (Jesus intercedes for his apostles)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
ခရစ်တော်ရဲ့ ကိုယ်စား တောင်းပန် ဆုတောင်းခြင်း။ (ယောဟန် ၁၇း ၁- ၂၆)

3. တပည့်တော် တမန်တော်တွေ အတွက် သခင်ယေရှု ဆုတောင်းပေးတယ်။ (ယောဟန် ၁၇း ၆- ၁၉)


ယောဟန် ၁၇း ၉- ၁၀
၉ “သူတို့ အဖို့အလိုငှါ အကျွန်ုပ် ဆုတောင်းပါ၏။ လောကီသားတို့ အဖို့ အလိုငှါ ဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသော သူတို့သည် ကိုယ်တော်၏ လူဖြစ်သောကြောင့် ထိုသူတို့ အဖို့ အလိုငှါ ဆုတောင်းပါ၏။ ၁၀ အကျွန်ုပ်နှင့် စပ်ဆိုင်သော အရာ ရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သော အရာ ရှိသမျှတို့သည်လည်း အကျွန်ုပ်နှင့် စပ်ဆိုင်၍ ထိုအရာတို့ အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။”

အခု သခင်ယေရှုရဲ့ ဆုတောင်းက ဘုရားသခင်ကို ယုံကြည်တဲ့ သူတိုင်း ထာဝရကာလ တလျှောက်လုံး သားတော်နဲ့ မိတ်ဖွဲ့သူတိုင်း အတွက် ဖြစ်တယ်။ ဝိညာဉ်တော်ကို ငြင်းပယ်ပြီး ကိုယ့်အတွက် အပြစ်ကို စီရင်ခြင်းကို ရွေးယူတဲ့ လောကီသားတွေ အတွက် အခု နှုတ်ဆက် ဆုတောင်းမှာ မပါဘူး။ သခင်ယေရှုက သူ့ရဲ့မေတ္တာကို အသင်းတော်နဲ့ ဘုရားသခင် ရွေးကောက်ထားသူတွေ အတွက်သာ ချိတ်ဆက်ထားတယ်။ အသင်းတော်ဆိုတာ ဘုရားသခင် ရွေးကောက်ထားတဲ့ ယုံကြည်သူ အစုအဝေးနဲ့သာ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် တကမ္ဘာလုံး ပါဝင်တယ်ဆိုတာ ခရစ်ယာန်မှာ မရှိဘူး။ ဒါကြောင့် အသင်းတော် ဆိုတာ ထူးခြားတယ် ရွေးကောက်ထားတယ် သန့်ရှင်းစင်ကြယ် ထားတယ်။ အသင်းတော် ဆိုတာ ခရစ်တော်ရဲ့ သေခြင်းအားဖြင့် ပထမဦးဆုံး ရရှိလာတဲ့ အသီးအပွင့် ဖြစ်တယ်။

သခင်ယေရှုက သူ့အတွက် ဘာမှ မရယူ ခမည်းတော်က ယုံကြည်သူတွေကို ပိုင်ဆိုင်တယ် လို့သာ သက်သေခံတယ်။ ခမည်းတော်ကလည်း ယုံကြည်သူတွေကို သားတော်ထံ အပ်နှင်းတယ်။ သားတော်က နှိမ့်ချတယ်။ ဆုတောင်းရာမှာ ခမည်းတော်ရဲ့ အလိုကို ဝန်ခံတယ်။

အသင်းတော်တွေဟာ အားနဲတယ်လို့ လူတွေ ဝေဖန်တတ်ကြပေမယ့် ခရစ်တော်က သူ့ကို ယုံကြည်တဲ့ သူတွေ အတွက်ကြောင့် သူ ဘုန်းတော် ထင်ရှားတယ်လို့ ဆိုတယ်။ ဒါကို ပိုပြီး သက်သေပြသေးတယ်။ သားတော်က ကားတိုင်ရဲ့ အလင်းကို ယုံကြည်သူထဲမှာ ကြည့်မြင်တယ်။ သားတော် အားဖြင့် ယုံကြည်သူထဲမှာ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းတယ်။ ဝိညာဉ်တော် သွန်းလောင်းခြင်းဟာ ကားတိုင်ရဲ့ ထိရောက်တဲ့ သက်သေ ဖြစ်တယ်။ ခရစ်တော်က အချည်းနှီး အသေခံတာ မဟုတ်ဘဲ ဝိညာဉ်တော်က ယုံကြည်သူရဲ့ အသက်တာမှာ အသီးများစွာ သီးစေတယ်။ ဒါကြောင့် အသစ် မွေးခြင်းဟာ ခရစ်တော်ရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။

ယောဟန် ၁၇း ၁၁
၁၁ “ယခုမှ စ၍ အကျွန်ုပ်သည် ဤလောက၌ မရှိပါ။ ဤသူတို့မူကား ဤလောက၌ ရှိရစ်ရကြ ပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော် မူသောအဘ ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည် အကြောင်း သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေတော် မူပါ။”

ခရစ်တော်က ခမည်းတော်ထံ ပြန်မယ်။ သစ္စာဖေါက်တဲ့ သူဟာ စစ်သားတွေနဲ့ အတူ ကိုယ်တော်ကို လာဖမ်းကြ ပေမယ့်လည်း ဒီဖြစ်ရပ်ဟာ ဖြစ်ကို ဖြစ်ရမယ်။ သခင်ယေရှုဟာ သေခြင်းကို ကျော်ပြီး ကြည့်တယ်။ ဘုရားရဲ့ ဘုန်းတော်ကို မြင်တယ်။ သူဟာ ဒီလောကမှာ ရှိနေစဉ်မှာပင် ငါဟာ ဒီလောကမှာ ဆက်မရှိတော့ဘူး လို့ ပရောဖက် ပြုတယ်။

သခင်ယေရှုက ဒီလောကကြီးဟာ အရှိန်နဲ့ ရေတွေ ပြေးစီးဆင်း နေတဲ့ မြစ်ကြီး တမြစ်လို မြင်တယ်။ စမ်းချောင်းတွေ လူတွေရဲ့ လှိုင်းလုံးတွေကို ကျော်ဖြတ်ပြီး စီးဆင်းနေတယ်။ မကောင်းတာ တွေကို ဆန့်ကျင်ဖို့ တပည့်တော်တွေ တန်ခိုးတွေ့မှာ မဟုတ်ဘူးလို့ သိတော်မူတယ်။ ဒါကြောင့် ခမည်းတော်ရဲ့ နာမတော်၌ ယုံကြည်သူတွေကို စောင့်ထိန်းဖို့ တောင်းဆိုတယ်။

သန့်ရှင်းတော်မူသောအဖလို့ ထူးထူး ခြားခြား စကားလုံးကို ဆိုတယ်။ လောကရဲ့ မကောင်းမှု ဒုစရိုက်တွေ ကြားထဲမှာ သားတော်က ခမည်းတော်ရဲ့ သန့်ရှင်းခြင်း၊ အပြစ် ကင်းမဲ့ခြင်း၊ ညစ်စွန်းခြင်း မရှိခြင်း၊ အမှားအယွင်း မရှိခြင်း တွေကို သက်သေခံတယ်။ ခမည်းတော် ဘုရားသခင်ဟာ စင်ကြယ်တယ် သန့်ရှင်းတယ်။ သူ့ရဲ့ သန့်ရှင်းခြင်းဟာ သူ့ ဘုန်းတော်နဲ့ ရစ်ပတ်တဲ့ ချစ်ခြင်း မေတ္တာရဲ့ ဝတ်လုံ ဖြစ်တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ နာမတော်ဟာ ယုံကြည်သူတွေ အတွက် စုံစမ်း နှောက်ယှက်ခြင်း လှိုင်းတံပိုး တွေထဲက ခိုလှုံရာ ဖြစ်တယ်။ ခရစ်တော်၌ အသက်ရှင် သူဟာ ခမည်းတော်၌ အသက်ရှင်တယ်။ ခမည်းတော်၌ တည်ရင် သားတော်၌ တည်တယ်။ ခမည်းတော်ဟာ ဖခင်ဖြစ်တဲ့ အတွက် သားသမီးတွေကို ကွယ်ကာမယ် မစမယ် စောင့်ထိန်းနိုင်မယ်။ ခမည်းတော်ရဲ့ လက်တော်ထဲက ယုံကြည်သူကို စာတန်က ဆွဲမနှုတ်နိုင်ဘူး။

သူတို့ဟာ အမုန်း အာဃာတနဲ့ ရန်လိုမှုတွေ မရှိရင် ဘုရားသခင် ကွယ်ကာ စောင့်ရှောက်မှာ သေချာတယ်။ ချစ်ခြင်း မေတ္တာနဲ့ အမြဲ ခွင့်လွှတ်တတ်ဖို့ လိုတယ်။ ဒီမေတ္တာဟာ လူ့အထဲက လာတာ မဟုတ်ပဲ သူတို့ အထဲမှာ တည်တဲ့ သန့်ရှင်းသော ဝိညာဉ်တော် ကြောင့်သာ ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုး ချစ်ခြင်း မေတ္တာကို ရတယ်။ “ယုံကြည်သူတွေကို စောင့်ထိန်းပေးပါ။ ခမည်းတော်ဟာ သားတော်နဲ့ တလုံး တဝတည်း ဖြစ်သလို သူတို့နဲ့ တလုံး တဝတည်း ဖြစ်စေပါ” လို့ ခရစ်တော်က တောင်းဆိုတယ်။ ဒီစကားဟာ အယူအဆ သို့မဟုတ် theory မျှသာ မဟုတ်ဘဲ သားတော် နောက်ဆုံး တောင်းဆိုချက်ကို ခမည်းတော်က အဖြေပေးစကား ဖြစ်တယ်။ ယုံကြည်ခြင်းဟာ နောက်ဆုံး ထူးဆန်းရာ၊ ယုတ္တိ မရှိရာ မဟုတ်ဘူး။ သခင်ယေရှု နောက်ဆုံး ဆုတောင်းခြင်းနဲ့ ဆင်းရဲခံခြင်းရဲ့ အသီးအပွင့် မျှသာ ဖြစ်တယ်။

ယောဟန် ၁၇း ၁၂- ၁၃
၁၂ “အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့် တကွ ရှိစဉ်ကာလ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော် မူသော သူတို့ကို အကျွန်ုပ် စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏ သား တယောက်မှ တပါး အဘယ်သူမျှ ပျက်စီးခြင်းသို့ မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည် အကြောင်းကား ကျမ်းစာ ပြည့်စုံမည် အကြောင်းတည်း။ ၁၃ ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရမည် ဖြစ်၍ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည် အကြောင်း ဤစကားကို ဤလောက၌ အကျွန်ုပ် ပြောပါ၏။”

ယုံကြည် သူတွေဟာ အားနည်းပေမယ့် စာတန်ရဲ့ ထောင်ချောက်ထဲက လွတ်ဖို့ အတွက် သခင်ယေရှုက သည်းခံခြင်း နဲ့ ဥာဏ်ပညာ အားဖြင့် စောင့်ထိန်းပေးတယ်။ “ပေတရုကို စာတန်က သင့်ကိုဆွဲချချင်တယ်။ သင့် ယုံကြည်ခြင်း မပျက်စေဖို့ ငါ ဆုတောင်းတယ်” လို့ ပြောတယ်။ ဒီလိုနည်းနဲ့ ယုံကြည်ခြင်း ဆက်လက် ရှင်သန် ရတယ်။ အကြောင်းက သခင်ယေရှု ဆုတောင်းပေး လို့ ဖြစ်တယ်။ ကယ်တင်ခြင်း ဟာ ကျေးဇူးတော် သက်သက် ကြောင့်သာ ရတယ်။ ယုံကြည် သူတွေကို စောင့်ထိန်းဖို့ အစွမ်းဟာ သခင်ယေရှုရဲ့ ဆက်ကပ် အပ်နှံ မှုကြောင့်သာ ဖြစ်တယ်။ ယုဒရှကာရုတ် ကတော့ ပျက်စီးခြင်းရဲ့ သား ဖြစ်တယ်။ ကောင်းကင်ဘုံရှင် ခမည်းတော်က ဘုရားသား ဖြစ်ရမယ်လို့ အတင်း မလုပ်ခိုင်းဘူး။ လူရဲ့ စိတ်ကို သိတယ်။ ဘာတွေ ကြိုဖြစ်မယ် သိတယ်။ ဒါကြောင့် ယုဒရဲ့ သစ္စာဖောက် ခြင်းဟာ ကျမ်းစာထဲမှာ အနှစ် ၁၀၀၀ခန့် ကြိုပြီး မှတ်တမ်း တင်ထားတယ်။ ဒါပေမယ့် ခရစ်တော်ကို ငြင်းဆန် ရခြင်းရဲ့ အပြစ်ကတော့ ယုဒနဲ့သာ ဆိုင်တယ်။ ဘုရားသခင်ဟာ အာဏာရှင် မဟုတ်ဘူး။ ပညာရှိတဲ့ ဖခင် သူ့ရဲ့ မေတ္တာကလည်း လူသားတွေ အပေါ်မှာ လွတ်လပ်စွာ ပေးတဲ့ လက်ဆောင် ဖြစ်တယ်။ အဖေဆိုတာ ရင့်ကျက်လာတဲ့ သားသမီးတွေကို တာဝန် ယူတတ်ရင် လွတ်လပ်မှု ပေးလေ့ ရှိတယ်။

ခမည်းတော် ဘုရားဟာ အမှောင်ထဲမှာ အလင်း လမ်းကြောင်း အဖြစ် အလင်း ပေးနေတာ သခင်ယေရှု မြင်တယ်။ စာတန် ဖြစ်စေ၊ အပြစ်တရား ဖြစ်စေ၊ သေခြင်း ဖြစ်စေ သခင်ယေရှုကို တားလို့ မရဘူး။ သားတော်က သန့်ရှင်းတယ် ဒါကြောင့် ဝမ်းမြောက်နေသူ ဖြစ်တယ်။ အပြစ်တရားက သူ့ကို မဖျက်ဆီးနိုင်ဘူး။ ကြောက်ရွံ့ခြင်း ကလည်း သူ့ရဲ့ ဆုတောင်းချက်ကို မဖျက်နိုင်ဘူး။ သားတော်က လွတ်လပ်တယ် ခမည်းတော်က ကွယ်ကာ စောင့်ရှောက်တယ်။ ဘုရားသခင်ဟာ ဝမ်းမြောက်ခြင်းရဲ့ ဘုရား ပျော်ရွှင်ခြင်းရဲ့ ဘုရား ဖြစ်တယ်။ တပည့်တော် တွေရဲ့ ရင်ထဲမှာ ဝမ်းမြောက်ခြင်းတွေ ရဖို့ သခင်ယေရှု ဆုတောင်း ပေးတယ်။ တပည့်တော် တွေကို ဝမ်းနည်း နေလိုစိတ် မရှိဘဲ ပျော်ရွှင် ကြည်နူး ဝမ်းမြောက်တာပဲ မြင်ချင်တယ်။ လောကရဲ့ အမှောင်နဲ့ စိတ်ပျက်စရာ အမှောင်ထဲမှာ အသက်ရှင် ရပေမယ့် ကောင်းကင်ရဲ့ ဝမ်းမြောက်ခြင်း တွေကို ရနိုင်တယ်။ ခွင့်လွှတ် ခံရလို့ ဝမ်းမြောက်တယ်။ ဘုရား မိသားစုထဲမှာ ပါရလို့ ကျေးဇူးတင်တယ်။ ဒါတွေဟာ ခရစ်တော် ကိုယ်စား ဆုတောင်းပေးတဲ့ အသီး အပွင့်တွေ ဖြစ်တယ်။

ဆုတောင်း ကိုယ်စား ဆုတောင်းပေးလို့ ကျေးဇူးတင် ပါတယ်။ ဆုတောင်း ပေးတဲ့ အတွက် ယုံကြည်ခြင်းမှာ ဆက်လက် တည်နေနိုင်တယ်။ စိတ်တော်နဲ့တွေ့ဖို့ ကိုယ်တော့်ကို ဝတ်ပြု ကိုးကွယ်ကြတယ်။ ဝိညာဉ်အသက်နဲ့ ကြွယ်ဝခြင်းကို ပေးသနားပြီး ထာဝရ ကောင်းကြီးများလည်း ခံစားရတယ်။ ကိုယ်တော် ဆုတောင်းပေးလို့ ကျေးဇူးတင်တယ်။ ကိုယ်တော့ ဆုတောင်း အားဖြင့် အသက်ရှင်ခွင့် ရတယ်။

မေးခွန်း ၁၀၆

  1. ခမည်းတော် နာမ၌ ကွယ်ကာ စောင့်မခြင်းရဲ့ ထူးမြတ်မှုကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:00 AM | powered by PmWiki (pmwiki-2.3.3)