Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 101 (Jesus intercedes for his apostles)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
ခရစ်တော်ရဲ့ ကိုယ်စား တောင်းပန် ဆုတောင်းခြင်း။ (ယောဟန် ၁၇း ၁- ၂၆)

3. တပည့်တော် တမန်တော်တွေ အတွက် သခင်ယေရှု ဆုတောင်းပေးတယ်။ (ယောဟန် ၁၇း ၆- ၁၉)


JOHN 17:6
၆ “ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသော သူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ် တရားကို သူတို့သည် စောင့်ကြပါ၏။”

ရွေးနှုတ်ခြင်းကို ပြီးစီးအောင် ဆောင်ရွက်ဖို့ ခမည်းတော် ခွန်အားပေးတယ်လို့ သခင်ယေရှု ရိပ်မိပြီး၊ ဝိညာဉ် သားသမီးတွေ အများကြီး မွေးခြင်းအားဖြင့် ခမည်းတော် ဘုန်းတော် ထင်ရှားမယ်လို့ သိတယ်။ ဒီလောကထဲက ရွေးကောက်ထားတဲ့ တပည့်တော်တွေ အကြောင်းဘက်ကို ရောက်သွားပြီး ဘုရားနဲ့ သူတို့ကို စည်းလုံးသွားစေတယ်။ ဘုရားသခင်ရဲ့ နာမတော်ကို ခမည်းတော် အဖေလို့ တပည့်တော်တွေကို ပြောပြတယ်။ ဒီလို ပြောခြင်းအားဖြင့် သူတို့ဟာ ဘုရားသားသမီးတွေ ဖြစ်ပြီး လောကထဲက ရွေးကောက် ခံရသူတွေ ဖြစ်တယ်။ ဒီအချက်ဟာ အသင်းတော်ရဲ့ လျှို့ဝှက်ချက် ဖြစ်ပြီး ယုံကြည်သူတွေဟာ မပျက်စီးဘဲ ဘုရားအသက်ကို သယ်ဆောင်သူတွေ ဖြစ်လာတယ်။ ဘုရားသခင် ဖွားမြင်သူတွေဟာ ကိုယ့်ကိုကိုယ် မပိုင်၊ ဘုရား ပိုင်သူတွေ ဖြစ်တယ်။ ဘုရား မွေးထားသူတွေ ဖြစ်လာတယ်။ ယုံကြည်သူတွေကို အသွေးနဲ့ ရွေးဝယ်ခဲ့တဲ့ သားတော်မှာ အပ်ထားတယ်။ ခရစ်တော်ကို ယုံကြည်ရင် ခရစ်တော် ပိုင်တဲ့သူ ဖြစ်လာတယ်။ ဘုရားက အဖေဖြစ်ပြီး ယုံကြည်သူက သူ့သားသမီး ဖြစ်လာတာဟာ ဧဝံဂေလိ တရားကို ယုံကြည်လို့ ဖြစ်တယ်။ နှုတ်ကပတ်တော်ကို စောင့်ထိန်းလို့ ဖြစ်တယ်။ ဒီနှုတ်ကပတ် တရားဟာ မဟောင်းနွမ်း ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ ဘုရား ပြောတဲ့စကား အစွမ်းထက်တဲ့ စာသားတွေ ဖြစ်တယ်။ ခမည်းတော်ရဲ့ စကားကို စိတ်နှလုံးထဲမှာ စောင့်ထိန်းသူဟာ ဘုရားတန်ခိုးနဲ့ အသက်ရှင်လာတယ်။

ယောဟန် ၁၇း ၇-၈
၇ “အကျွန်ုပ်အား ပေးတော်မူသမျှ တို့သည် ကိုယ်တော်မှ ဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။ ၈ အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသော အရာတို့ကို သူတို့အား အကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့် အကျွန်ုပ်သည် အထံတော်မှ ကြွလာသည်ကို အတပ် သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။”

သခင်ယေရှု ပြောတဲ့ ဘုရားစကားဟာ ပျက်စီးနေတဲ့ အသက်တာတွေကို ပြောင်းလဲ ကယ်တင်နိုင်တယ်။ သခင်ယေရှုက နှုတ်ကပတ် တရားစကားနဲ့ ဟောပြောတယ်။ အလုပ် လုပ်တယ်။ သူ့ရဲ့တန်ခိုးနဲ့ ကောင်းကြီး ရှိသမျှဟာ နှုတ်ကပတ်တော် တရားစကားက လာတယ်။ သားတော်က ကိုယ်ပိုင် အသိတရားလို့ မဆိုဘူး။ ဒါပေမယ့် သူ့ရဲ့ အစွမ်း၊ တန်ခိုး၊ ပညာနဲ့ ချစ်ခြင်းမေတ္တာဟာ ဘုရားသခင်ထံက လာတယ်လို့ ဆိုတယ်။

ခရစ်တော် ပိုင်တဲ့ တန်ဖိုးအရှိဆုံး အရာက ဘုရားသခင်ရဲ့ စကားတော်တွေ ဖြစ်တယ်။ ဒီစကားတွေဟာ ခမည်းတော် ထံက သက်ရောက်ပြီး သားတော်ဟာ လူ့ဇာတိခံတဲ့ ဘုရား နှုတ်ကပတ်တော် ဖြစ်တယ်။ နှုတ်ကပတ်တော်ဟာ ယုံကြည်သူတွေရဲ့တန်ခိုး ဖြစ်တယ်။ နှုတ်ကပတ်တော်ရဲ့ တန်ခိုးကို ခံစားရပြီး ဥာဏ် အလင်းကို ရကြတယ်။ ဘုရားသခင်ရဲ့ နိမိတ် လက္ခဏာနဲ့ နှုတ်ကပတ်တော် တွေကို ဝမ်းမြောက်စွာနဲ့ ခံယူကြရတယ်။ ဧဝံဂေလိ တရားစကားဟာ ခမည်းတော် သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ကို ပိုင်းခြား နားလည်စေတယ်။

အခု ဆုတောင်းချက်မှာ သခင်ယေရှုက တပည့်တော်တွေဟာ သူ့စကားကို နားလည်သွားပြီ လို့ဆိုတယ်။ သူတို့ စိတ်နှလုံးထဲမှာ ယုံကြည်ခြင်း မျိုးစေ့ ကျသွားလို့ ဖြစ်တယ်။ စကားတော်ကို ချက်ချင်း မဟုတ်သော်လည်း ဝမ်းမြောက်စွာ ခံယူကြတယ်။ ဒါကြောင့် ဝိညာဉ်တော်ကို သွန်းလောင်းတယ်။ စကားတော်ဟာ ကြီးထွားလာပြီး ဘုရားသခင်ရဲ့ အချိန်တန်တဲ့ အခါ အသီး သီးလာတယ်။ ဒါတွေ ဖြစ်လာမယ်လို့ သခင်ယေရှုက ကြိုတင် ပရောဖက်ပြုတယ်။

သခင်ယေရှုရဲ့ စကားတွေဟာ တပည့်တော်တွေရဲ့ အထဲမှာ အသိတရားနဲ့ အတူ ယုံကြည်ခြင်း ဖြစ်လာစေတယ်။ အဲဒီ ယုံကြည်ခြင်းက ဘာလဲ။ ခမည်းတော်ထံမှ လာတဲ့ သားတော်ကို ပိုင်ဆိုင်ခြင်း၊ ထာဝရအချိန် ကာလကို တွေ့မြင်ရခြင်း၊ ဘုရား ဇာတိကို လူ့ဇာတိ အဖြစ် မြင်ရခြင်း၊ မုန်းသူများကိုပင် ချစ်နိုင်ခြင်း၊ အားနည်းခြင်း များထဲမှ ပင်လျှင် တန်ခိုးကို တွေ့ရခြင်း ကားတိုင်မှာ ဘုရားနဲ့ ကွဲကွာရသော်လည်း ဘုရားဖြစ်ကြောင်း မြင်နေရခြင်းနဲ့ သေခြင်းကို အောင်မြင်၍ အသက်ရှင်ခြင်း ဖြစ်တယ်။ ဝိညာဉ်တော်က ယုံကြည်သူတွေကို ရွေးနှုတ် ကယ်တင်ရှင်ထံ အပ်နှံထားတယ်။ ကယ်တင်ရှင်ရဲ့ ကိုယ်အင်္ဂါတွေ ဖြစ်လာတယ်။ ခရစ်တော် အကြောင်း စဉ်းစားရုံသာ မဟုတ်တော့ဘဲ ဝိညာဉ် သဘောအရ ခရစ်တော်ရဲ့ ကိုယ်ထဲမှာ ပါဝင်ခွင့် ရသွားတယ်။ ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ခြင်းကြောင့် ခရစ်တော် ဘုရား ဖြစ်ကြောင်းကို သိမြင်လာတယ်။

ခရစ်တော်ရဲ့ အသက်ကြောင့် တပည့်တော်တွေဟာ “ဝိညာဉ်တော် မွေးတဲ့သူဟာ ဝိညာဉ် ဖြစ်၏” လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားလည်လာတယ်။ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားဟာ တပည့်တော်တွေကို တန်ခိုး ရစေတယ်။ ဝိညာဉ်တော်က သခင်ယေရှုရဲ့ စကားများ အားဖြင့် လုပ်ဆောင်ပေးတယ်။

ဆုတောင်း ခမည်းတော်ရဲ့ တန်ခိုးနဲ့ ပြည့်စုံသော စကားအတွက် ကျေးဇူးတင်ပါ၏။ ယုံကြည်ခြင်းနဲ့ ဥာဏ်ကို ပေးခဲ့ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အစွမ်းတန်ခိုး ဖြစ်ပါ၏။ ကိုယ်တော့်ကို ချစ်၍ ကိုယ်တော့် ဘုန်းကို ထင်ရှားပါမည်။

မေးခွန်း ၁၀၅

  1. သခင်ယေရှု အားဖြင့် ခမည်းတော်၏ နာမတော်ကို ဖေါ်ပြခြင်းရဲ့ ထူးခြားချက်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:59 AM | powered by PmWiki (pmwiki-2.3.3)