Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":

Home -- Burmese -- John - 058 (Sin is bondage)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

e) အပြစ်ကချည်နှောင်တယ်။ (ယောဟန် ၈း ၃၀- ၃၆)


ယောဟန် ၈း ၃၀- ၃၂
၃၀ “ထိုအခါ ယေရှုက သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ ၃၂ သမ္မာတရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။”

ခရစ်တော်က နှိမ့်ချတယ်။ ဒါပေမယ့် နားလည်သူတွေကို ဆက်လက်သက်သေခံပေးတယ်။ ဘုရားသခင်ထံမှ ကြွလာသူအဖြစ် ယုံကြည်လာစေတယ်။ ယုံကြည်လာအခါ လက်ခံပေးတယ်။ တရားစကားကို ယုံကြည်ရုံမျှသာ မဟုတ်၊ စဉ်းစားဆင်ခြင်ဖို့၊ သူဟာ စပျစ်နွယ်ပင်ဖြစ်ပြီး သူ၌တည်နေဖို့၊ ဝိညာဉ်တ်ာက စိတ်နှလုံးထဲ စီးဆင်းလာပြီး အတွေး စင်ကြယ်ဖို့၊ ဘုရားအလုပ်ကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းတယ်။ ခရစ်တော်ရဲ့စကားကို လိုက်နာသူက သမ္မာတရားကို သိလာတယ်။ သမ္မာတရားက အတွေးသက်သက်မဟုတ်ဘူး။ လက်တွေ့လုပ်ရတယ်။

သမ္မာတရားက စင်ကြယ်ပြီး ပညာပါတယ်။ နောက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မေတ္တာကို သိလာတယ်။ ခရစ်တော်ထံ ရောက်တဲ့အခါ သုံးပါးတဆူရဲ့ သဘာဝကို သိရှိလာတယ်။ ဘုရားက အသက်တာကို ပြုပြင်လာတယ်။ တခြားသူတွေကို ချစ်တတ်လာတယ်။ မချစ်တတ်တဲ့သူဟာ ဘုရားကို မသိဘူး။ ခရစ်တော်ကို သိရင်၊ ဘုရားသခင်ရဲ့စကားတွေကို ဆင်ခြင်ရင် အတ္တနည်းလာတယ်။ နောက်ပြီး နောင်တအကြောင်း ပြောရုံ၊ လုပ်သင့်တာတွေ လုပ်ရုံနဲ့ အပြစ်တရားရဲ့ကျွန်ဘဝက မလွတ်ဘူး။ ဘုရားမေတ္တာကို သိမှ လွတ်တယ်။ ဘုရားရဲ့ခွင့်လွှတ်ခြင်းကို ခံစားရ၊ ဝိညာဉ်တော် အသက်တာမှာ သက်ရောက်တာ သိရမှ လွတ်တယ်။ ဘုရားကို ချစ်ခြင်းဟာ ချည်နှောင်ရာ ကြိုးတွေကို ဖြတ်ပစ်စေတယ်။ အတ္တစိတ်ကို လျော့ပါးစေတယ်။

ယောဟန် ၈း ၃၃- ၃၆
၃၃ ယုဒလူတို့ကလည်း ငါတို့သည် အာဗြံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှကျွန်မခံကြ။ လွှတ်လိမ့်မည် ဟူ၍ သင်သည် အဘယ်သို့ ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ ၃၄ ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်၏။ ၃၅ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ ၃၆ ထိုကြောင့်သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။”

ယုဒလူတွေ စိတ်ရှုပ်သွားတယ်။ သူတို့ဘိုးဘေးတွက အီဂျစ်ပြည်မှာ ဖါရောဘုရင်လက်အောက် နှစ်ပါင်း ၄၀၀ ကျွန်ခံရတယ်။ ဘုရားသခင်တန်ခိုးတော်ကြောင့် လွတ်လာတယ်။ ကျွန်ခံရာမှ ခေါ်ထုတ်ခဲ့တယ်။ (ထွက်မြောက် ၂၀း၂) ဒါကြောင့်သခင်ယေရှုက သူတို့မလွတ်သေးဘူးလို့ပြောတဲ့အခါ နားလည်ရခက်သွားတယ်။ ဒီလူတွေရဲ့မာနကို သခင်ယေရှုက ဆွဲချနေတယ်။ သူတို့ဟာ အပြစ်တရားရဲ့ကျွန်၊ စာတန်ချည်နှောင်ခြင်းခံရတဲ့ကျွန် ဖြစ်တယ်လို့ ထောက်ပြတယ်။ ချည်နှောင်ခံရတဲ့သေခြင်းကြိုးတွေကို နားမလည်ရင် လူဟာ ကယ်တင်ခြင်းရောက်ဖို့ မလွယ်ဘူး။ အပြစ်တရားရဲ့စိုးမိုးမှုအောက်မှ လွတ်မြောက်ချင်သူဟာ ဘုရားသခင်ကယ်ဖို့ တောင်းဆိုရတယ်။ သခင်ယေရှုကို လူတွေ ဘာလို့မရှာလဲဆိုတော့ ကယ်တင်ခြင်းမလိုဘူးလို့ ထင်နေလို့ ဖြစ်တယ်။

သခင်ယေရှုက ဒုစရိုက်ကိုပြုသောသူသည် ဒုစရိုက်၏ကျွန်ဖြစ်၏လို့ ဆိုတယ်။ လူငယ်ဘဝမှာ လိမ်တယ်၊ ညာတယ်၊ မကောင်းမှုမှာ ကျင်လည်တတ်တယ်။ အပြစ် ယဉ်ပါးလာတယ်။ အပြစ်ထဲမှာကျင်လည်ပြီး မကောင်းတဲ့ လမ်းကို လျှောက်ချင်တယ်။ အပြစ်လုပ်မိရင်း ထပ်ထပ်လုပ်ဖြစ်သွားတယ်။ သူတို့အတွင်းစိတ်က မကောင်းမှုတွေကို ထောက်ပြနေပေမယ့် အချိန်ကြလာတော့ အပြစ်ရဲ့ကျေးကျွန် ဖြစ်သွားတယ်။ အပြစ် ကျူးလွန်ဖို့ တိုက်တွန်း ခံရသူတွေ ဖြစ်သွားတယ်။ မကောင်းတဲ့အရာ နားထောင်ရင်းနဲ့ သူတို့ရဲ့အချိန်နာရီဟာ မကောင်းတဲ့ နေ့ရက်ကာလ ဖြစ်လာတယ်။ ဆိုးလာတယ်။ ဘုရားတရားဆိုလည်း ဟန်ဆောင်ချင်လာတယ်။ ခရစ်တော်မပါရင် ကိုယ်တပ်မက်မှုရဲ့ အစေခံကျွန်တွ ဖြစ်တယ်။ အဲဒီလူတွေဟာ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်သလို စာတန်လက်မှာ ကစားစရာ အရုပ် ဖြစ်နေတယ်။

ဘုရားသားတော်က ဆက်ပြောတယ်။ “ငါ မင်းတို့နဲ့ရှိနေချိန်မှာ မင်းတို့ ချည်နှောင် ခံနေနေတာ သိတယ်။ မင်းတို့ကို ငါလွှတ်ပေးနိုင်တယ်။ အပြစ်တွေ ဆေးကြောပေးနိုင်တယ်။ လူတွေကို ပြုပြင်ပြောင်းလဲဖို့ လာတာ မဟုတ်ဘူး။ မင်းတို့ကို စည်းမျဉ်းစည်းကမ်းတွေ ချပေးဖို့မဟုတ်ဖူး။ အပြစ်ရဲ့တန်ခိုးကနေလွတ်မြောက်စေဖို့၊ သေခြင်းတန်ခိုးမှ လွတ်မြာက်စေဖို့၊ စာတန်လက်ထဲမှလွတ်မြောက်စေဖို့ လာတယ်။ မင်းတို့ကို အသစ်ဖန်ဆင်းမယ်။ အသက်ပြန်ရှင်စေမယ်။ ဘုရားသခင့်တန်ခိုးတော်နဲ့ အပြစ်ကိုချေဖျက်မယ်။ စာတန်ကလည်း တဖက်က အမျိုးမျိုး ကြိုးစားမှာ သေချာတယ်။ ခလုတ်တိုက်မယ်။ လဲကျမယ်။ ဒါပေမဲ့ ကျွန် မဟုတ်တော့ဘူး။ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်သွားတယ်။

ထာဝရကာလအတွက် ရွေးနှုတ်လိုက်ပြီ။ အသွေးတော်နဲ့ အဖိုးအခပေးထားတယ်။ အပြစ်တရားရဲ့ ဈေးကွက်မှ ဝယ်ယူလိုက်ပြီ။ ဘုရားသခင်အတွက် တန်ဖိုးရှိတဲ့သူတွေ ဖြစ်ပြီ။ ဘုရားက သားသမီးတွေကို လွှတ်ခြင်းအခွင့် ပေးတယ်။ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ပြီး အမှုတော်ထဲမှာ ချီးမွမ်းလျက်ပါဝင်ပါ။ အပြစ်တရားရဲ့ ထောင်ထဲက လူတွေကို ငါ ကယ်နှုတ်တယ်။ ငါ့အသံကို ကြားသူတိုင်းဟာ လွတ်မြောက်လာတယ်။”

ဆုတောင်း: သခင်ယေရှုဘုရား ကိုယ်တော့ကို ချီးမွမ်းကိုးကွယ်ပါ၏။ ကိုယ်တော်သည် အနန္ဒတန်ခိုးနှင့် ပြည့်စုံပါ၏။ ကားတိုင်အားဖြင့် စာတန်၏အချည်နှောင်ကို ပယ်ဖျက်ပါ၏။ အပြစ်များကို ခွင့်လွှတ်ပေးပါ၏။ ကျွန်ဘဝမှလည်း သန့်ရှင်းစင်ကြယ်စေပါ၏။ ကိုယ်တော့အတွက် ဝမ်းမြာက်စွာ လွတ်လပ်စွာ အမှုတော် ဆောင်စေပါ၏။

မေးခွန်း ၆၈

  1. စစ်မှန်စွာ ဘယ်လိုလွတ်မြောက်နိုင်သလဲ။

QUIZ - 3

ချစ်သော ဓမ္မမိတ်ဆွေ
ဒီ မေးခွန်း(၂၄)ထဲမှ မှန်ကန်သော အဖြေ (၂၀) ခု ကို ဖြေပေးပါ။ ဒီအချက်အရာများနဲ့ ပက်သက် တာတွေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

  1. လူ ၅ ထောင်ကို ကျွေးခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ။
  2. လူတွေတင်တဲ့ ဘုရင်အရာကို ဘာကြောင့် ငြင်းတော်မူခဲ့သလဲ။
  3. မုန့်ကိုမဟုတ်ဘဲ ယုံကြည်ခြင်းကို တောင့်တလာစေဖို့ သခင်ယေရှု ဘယ်လိုလမ်းပြပေးသလဲ။
  4. အသက်မုန့်ဆိုတာ ဘာလဲ။
  5. ကြားနာသူတွေရဲ့ ပြစ်တင်ညည်းတွားမှုတွေကို ဘယ်လို တုန့်ပြန်တော်မူသလဲ။
  6. သူ့အသားကို စား၊ အသွေးကို သောက်ရမယ်လို့ သခင်ယေရှု ဘာကြောင့် ပြောသလဲ။
  7. ခရစ်တော်ရဲ့ ကိုယ်ခန္ဓာထဲကို အသက်ပေးတဲ့ ဝိညာဉ်တော်က ဘယ်လို ပူးပေါင်းသလဲ။
  8. ပေတရုရဲ့ သက်သေခံချက်မှာ ပါဝင်နေတဲ့အချက်တွေကို ပြောပြပါ။
  9. လောကီသားတွေ သခင်ယေရှုကို ဘာကြောင့်မုန်းသလဲ။
  10. ဘုရားသခင်ထံမှလာတဲ့ တရားစကားရဲ့သက်သေက ဘယ်အရာတွေလဲ။
  11. ဘုရားသခင်ကို စစ်မှန်စွာသိတဲ့ သခင်ယေရှုဟာ ဘာကြောင့်အဓိကကျတဲ့သူ ဖြစ်နေသလဲ။
  12. သခင်ယေရှုက ဘာကြောင့် သူ့ရဲ့ရှေ့ရးကို ကြိုဟောခဲ့သလဲ။
  13. သခင်ယေရှုက ရေငတ်သောသူသည် ငါ့ထံကိုလာပါစေ။ အသက်ရေကို ယူပါစေလို့ ဘာကြောင့်ပြောခွင့်ရှိရတာလဲ။
  14. ယဇ်ပရောဟိတ်နဲ့ ဖါရိရှဲတွေက ဘာကြောင့် သာမန်လူတွေကိုပစ်ပယ်ချင်တာလဲ။
  15. အပြစ်တင်စွပ်စွဲသူတွေ ဘာလို့ သခင်ယေရှုထံမှ ထွက်ခွါသွားကြတာလဲ။
  16. ဒီလောကရဲ့အလင်းအဖြစ် ခရစ်တော်ကိုယ်တိုင် သက်သေခံခြင်းဟာ ကောင်းကင်ဘုံရှင် ခမည်းတော် ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ဘယ်လို ပတ်သက်နေသလဲ။
  17. ငါဟာ ထိုသူဖြစ်တယ်လို့ မိန့်တော်မူတဲ့သူကို ယုံကြည်ခြင်းက ဘယ်လို အဓိပ္ပါယ်ရှိသလဲ။
  18. သုံးပါးတဆူဘုရားအကြောင်း သခင်ယေရှု ဘယ်လိုပြောပြခဲ့သလဲ။
  19. စစ်မှန်စွာ ဘယ်လိုလွတ်မြောက်နိုင်သလဲ။

မိတ်ဆွေ ရဲ့နာမည်နဲ့လိပ်စာအပြည့်အစုံကိုဒီအမေးအဖြေ စာရွက်ထဲမှာပဲ ဖြည့်ပေးပါ။ ဒီအောက်ပါ လိပ်စာအတိုင်းပို့ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:48 AM | powered by PmWiki (pmwiki-2.3.3)