Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- Tracts -- Tract 09 (You shall love the LORD your God with all your heart, with all your soul, and with all your strength)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani? -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean? -- Lingala? -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai? -- Turkish? -- Twi? -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 9 -- ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လေ (တရား ၆း၅, မဿဲ ၂၂း၃၇)


လူတွေက မျက်နှာပြင်မှ ချွေးထွက်လျက် စားပွဲပေါ်မှာထားရန် ရုန်းကန်လှုပ်ရှားရပါတယ်။ (ကမ္ဘာ ၃း၁၉) ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်သောစိတ်ကို ရှာကြ၏။ သို့သော်လည်း ဘုရားအကြောင်းကိုတော့ ဂရုမစိုက်ပါဘူး။ ဘုရားကိုသူတို့ရဲ့ အချိန်ဇယား၏ အစိတ်အပိုင်းတစ်ခုမှာမှ မရှိပါဘူး။

တစ်ချို့ကတော့ ဖန်ဆင်းရှင်ဘုရားကို ကြောက်ရွံ့ပါတယ်။ သူတို့ရဲ့မကောင်းတဲ့အကျင့်များအတွက် ဘုရားသခင်၏ အမျက်တော်နှင့် တရားစီရင်ဖို့ ထိတ်လန့်ကာ ကြောက်ကြပါတယ်။ သူတို့သည် အစာရှောင် ဆုတောင်း၊ ဘုရားဖူးသွား၊ ကိုယ်တော်ကျေနပ်ဖို့ လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ ကောင်းမှုကုသိုလ်လုပ်သော အကျင့်သည် ငရဲကနေ သူတို့ကို ကယ်တင်နိုင်ရန် မလုံလောက်ကြောင်းကို မသိမှတ်ကြဘူး။ နတ်ဆိုးတို့သည် လည်း ထာဝရဘုရားကို ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏(ယာကုပ် ၂း၁၉)။

အနည်းငယ်သော လူတွေကသာ သမ္မာတရားကို ရှာဖွေကြသည်။ ရှာသောသူမည်သည်ကား နှောင့် နှေးခြင်းမရှိဘဲ ဘုရားသခင်၏ မေတ္တာရောင်ခြည်စုပ်ယူခြင်းနှင့် ခရစ်တော်ထံ၌ ဝိညာဉ်ရေးရာစွမ်းအင် ထာဝရ အသီးကို သီးမည်ဖြစ်သည်။

မိတ်ဆွေသည် ဘယ်အမျိုးအစားမှာ ရှိပါသလဲ? တစ်ရက်မှာ ဘယ်နှမိနစ်သခင့်ကို အမှန်တကယ် အစေခံကာ အချိန်ပေးပါသလဲ? ထာဝရဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သတိရပါ။

“ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။ ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏” (၁ကော၁၃:၁-၂)။

ဓမ္မဟောင်းကျမ်းမှ အရေးပါဆုံးသော ပညတ်တော်ကား ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်ဖို့ဖြစ်ပါတယ်။ မိမိကိုယ်ကို ပြန်စစ်ကြည့်ပါ။ ဘုရားသခင်ကို တကယ်ချစ်ပြီလား? သူ့ကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်ပြီလား?

ဤပညတ်ပေါ် ဆင်ခြင်အောက်မေ့သောသူသည် ရိုးသားစွာနဲ့ ငါသည် စိတ်နှလုံးအကြွင်းမဲ့နှင့် မချစ် နိုင်ဘူး၊ ဉာဏ်ရှိသမျှနှင့်လည်း မချစ်နိုင်ဘူးလို့ မိမိကိုယ်ကို ကျိုးပဲ့ခြင်းနှင့် နိမ့်ချကာ ဝန်ခံမှာ ဖြစ်တယ်။ ငါ့စိတ် နှလုံးသည်၊ ငါ့မသိစိတ်တစ်ပိုင်းသည် ဘုရားသခင်ကို မေတ္တာနှင့်မချစ်နိုင်ဘူး။ ငါ့အထဲကနေတစ်ဦးတည်း ဖန်ဆင်းရှင်ကို မချစ်နိုင်ခဲ့ဘူး။ ငါသည် ဒီကမ္ဘာ၏ပျက်စီးရာအတွက်၊ ပျော်ရွင်မှုအတွက်ပဲ ခွန်အားစည်းစိမ် ဖြုန်းတီး ငါအချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။

ထာဝရဘုရားသည် နောင်တမျက်ရည်နဲ့ သူ့ထံသို့ လှည့်လာဖို့ရန် စောင့်ဆိုင်းနေပါတယ်။ အချိန် အကြာကြီးကို ကျွန်တော်တို့ရဲ့ ခဏတာပျော်ရွင်မှုအတွက် ဘုရားကိုမေ့ကာ မိမိကိုယ်ကျိုးအတွက် အတတ်နိုင် ဆုံး လှုပ်ရှားနေတာကြာလှပါပြီ။ ကောင်းကြီးမင်္ဂလာကို ပေးတော်မူသော ထာဝရဘုရားကို မချစ်နိုင်တာဟာ ကျွန်တော်တို့ရဲ့ မူရင်းအပြစ်ဖြစ်ပါတယ်။

ကျွန်ုပ်တို့သည် ထာဝရဘုရား၏ အမျက်တော်ကို လိုလားသလိုဖြစ်တယ်။ ကျွန်ု်ပ်တို့ အပြစ်ဒဏ် ထာဝရဘုရား ငါတို့ဘဝအသက်တာ၌ ပထမဦးဆုံးနဲ့ နောက်ဆုံးမဖြစ်လို့ သေခြင်းနှင့် ငရဲသာ ဖြစ်သင့်ပါတယ်။

ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ နောင်တရမထားဘူးဆိုရင် အမြဲလမ်းလွဲသွားပါလိမ့်မယ်။ ဖန်ဆင်းရှင် ကျွန်တော်တို့ကို နားလည်နိုင်တာကတော့ ကျွန်တော်တို့သည် အပြစ်သားများဖြစ်တယ်။ ဒီအဖြစ်မှန်၏ကြားမှ သူက ကျွန်ုပ်တို့ကို ချစ်တော်မူပြီး ယေရှုအားဖြင့် သူ့ချစ်ခြင်းမေတ္တာကိုပြကာ ကျွန်တော်တို့ကို စွန့်ပစ်မထား ပါဘူး။ ခရစ်တော်ယေရှုသည် ထာဝရဘုရား၏လက်တော်ရဲ့ဆုတောင်းချက်ပဌနာနှင့် သူ၏နောက်လိုက်များ ဆုံးမသွန်သင်ခဲ့ပါတယ်။

“ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော် ၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့”(မဿဲ ၆:၉-၁၃)။

ခရစ်တော်သည် ကောင်းကင်ဘုံမှာရှိသော ခမည်းတော်ဘုရားရဲ့ ဘုန်းတော်ကို ထင်ရှားစေခဲ့တယ်။ ခရစ်တော်သည် သူ့ဘုန်းတော်အတွက် မလုပ်ဘဲ “ ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” (ယောဟန် ၄း၃၄)။

ခရစ်တော်ယေရှုသည် ဘုရားသခင်အပေါ် သူ၏စစ်မှန်သော၊ စုံလင်သောချစ်ခြင်းမေတ္တာအကြောင်းကို သက်သေထွက်ဆိုခဲ့သည်။ ဘုရားသခင်အပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာသည် လူတွေအပေါ်မှာ သူထင်ရှား စေခဲ့တယ်။ သူသည် တစ်မြို့ပြီး တစ်မြို့ တစ်ရွာပြီးတရွာ ဝင်ထွက် ဝင်ထွက်ကာ ခမည်းတော် ဘုရား၏ ချစ်ခြင်း မေတ္တာကို အနာရောဂါ ငြိမ်းစေခြင်းဖြင့်၊ နတ်ဆိုးနှင်ထုတ်ပေးခြင်းဖြင့် သူ့ချစ်ခြင်းမေတ္တာကို ပြသခဲ့ပါတယ်။ ခရစ်တော်၏ အပြစ်ဖြေလွှတ်ပေးခြင်းဖြင့် ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏။ ဘုရားသခင်၏ တရားစီရင်ခြင်း ရှေ့တော်၌ ရပ်တည်ကာ ကျွန်တော်တို့သူ့ကို ယုံကြည်သောသူအပေါင်းတို့ကို ထာဝရအသက် ကိုပေးကာ ကယ်တင်သောအရှင်သခင်ယေရှုဖြစ်ပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ခရစ်တော် ယေရှုအားဖြင့် လူ့ဇာတိကိုခံယူခြင်းဖြစ်တယ်။ ကျွန်တော်တို့သည်လည်း မေတ္တာကရုဏာရှိဖို့ ဘုရားသခင်သည် မေတ္တာကရုဏာတော်ကို ပေးနေတာဖြစ်တယ်။

ဘုရားထံသို့ ဆုတောင်းခြင်းနဲ့ သူ့ရဲ့ကြီးမားသော ကရုဏာတော်ကို စောင့်ဆိုင်းသော ယုံကြည်သူတေ အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို သူပေးပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်လျှင်ဖြစ်တယ်။ “ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏ ”(ရောမ ၅း၅)။

ထာဝရဘုရားကို ကျွန်တော်တို့ စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်နိုင်ဖို့ရန်နှင့် ဝမ်မြောက်စွာနှင့် ခရစ်တော်အစေခံနိုင်ဖို့ရန် မစမယ့် ဝိညာဉ်တော်ဘုရားသခင်ကို စေလွတ်တာဖြစ်တယ်။ ဝိညာဉ်တော်အားဖြင့် ခရစ်တော်ကဲ့သို့ အသက်ရှင်ရန်နှင့် အခြားသူများအဘို့ အထံတော်ပါးမှ ဆုတောင်းဖို့ ကျွန်တော်တို့ကို ဝိညာဉ်တော်က လမ်းညွန်မစမှာ ဖြစ်တယ်။ ဘုရားသခင်သည် မဖြစ်နိုင်သော ပညတ်အကျင့်အတိုင်း လိုက်နာဖို့ မတိုက်တွန်းဘဲနဲ့ ကျွန်တော်တို့ကို လမ်းညွန်မှုနဲ့ သူ့ကို နှစ်သက်စေသော အခွင့်အာဏာကို ပေးတာဖြစ်တယ်။

ချစ်ခင်ရပါသော စာဖတ်သူ မိတ်ဆွေအပေါ်က ကျမ်းချက်တွေကို အလွတ်ရွတ်တတ်အောင် ကြိုးစား ကြည့်ပါ။ သင်သည် စိတ်နှလုံးအကြွင်းမဲ့နဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ ထာဝရဘုရားကို ချစ်တတ်ရန် တန်ခိုးတော်ကို ခံနိုင်မှာဖြစ်တယ်။


နှုတ်ကပတ်တော်ကို ပို၍သိရှိလိုပါသလား ချစ်သောမိတ်ဆွေ?

ကျွန်တော်တို့သည် မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကောင်းကို မိတ်ဆွေရဲ့ အိမ်နီးနားချင်းကိုလည်း ဖြန့်ဝေပေးပါ။ ဒီစာစောင်ကို ဖတ်ခြင်းအားဖြင့် မိတ်ဆွေတကယ်ပဲ ခွန်အားရရှိကာယေရှုနဲ့ ထိတွေ့သွားရင် အိမ်နီးနားချင်းကိုလည်း မျှဝေ ပေးပါ။ လိုအပ်သလောက် စာစောင်ကိုအခမဲ့နဲ့ ကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန်ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဒီစာစောင်ကိုဖတ်ခြင်းအားဖြင့် မိတ်ဆွေခွန်အားရရှိကာ ငြိမ်သက်ခြင်းကို ရရှိလျှင် အိမ်နီးနားချင်း ပတ်ဝန်းကျင် ကိုလည်း မျှဝေပေးပါ။ မိတ်ဆွေရဲ့ သက်သေခံချက် စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:34 AM | powered by PmWiki (pmwiki-2.3.3)