Previous Lesson -- Next Lesson
b) လူအများနဲ့ လွှတ်တော်ကြားမှာ သခင်ယေရှုအကြောင်း အမျိုးမျိုးထင်မြင်ယူဆချက်များ (ယောဟန် ၇း ၁၄- ၆၃)
ယောဟန် ၇း ၃၇-၃၈
၃၇ “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သော နေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်လာ့။ ၃၈ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။”
ပွဲနေ့ကာလအတွင်းမှာ သခင်ယေရှုက ဗိမာန်တ်ာမှာ လူပရိတ်သတ်ကို ဆက်တရားဟောတယ်။ လူတွေက ယဇ်ပုရောဟိတ်မင်းရေလာသွန်းလောင်းဖို့ စောင့်နေကြတယ်။ ယဇ်ပုရောဟိတ်တွေက ဝမ်းသာ ရွှင်လန်းစွာနဲ့ ရေသွန်းလာင်းဖို့ ရောက်လာကြတယ်။ ဒါက ကျေးဇူးတော်ချီးမွမ်းခြင်းယဇ် နောက်တနှစ်အတွက် ကောင်းကြီး လိုချင်တဲ့သင်္ကေတဖြစ်တယ်။ ဒီထုံးစံက ဟေရှာယရဲ့စကားကို အခြေခံလာတာဖြစ်တယ်။ “ကယ်တင်ခြင်း စမ်းရေတွင်းမှ ရေကို ဝမ်းမြောက်စွာသွန်းလောင်းကြလိမ့်မည်။”
ဆာငတ်တဲ့ စိတ်ဝိညာဉ်ဟာ ဓလေ့ထုံးစံတွေပဲ သိပြီးတော့ ကယ်တင်ခြင်းကိုနားမလည်ဘူး။ ဒါကြောင့် ဆာငတ်နေတဲ့ ပရိတ်သတ်ကို အော်ပြောလိုက်တယ်။ “ငါ့ထံသို့လာ၍ အသက်ရေကို အဖိုးမပေးပဲ ယူပါစေ” လို့ ဆိုတယ်။ “ဆာငတ်သူတိုင်း ငါ့ထံလာပါ။ ငါဟာ အသက်ရေထွက်ရာစမ်းဖြစ်တယ်” လို့ ဆိုတယ်။ ဘုရားပေးတဲ့ အသက်ကို မလိုချင်ရင် ကယ်တင်ရှင်ထံ လာမှာ မဟုတ်ဘူး။ သူ့အနားကို ရောက်လာသူတွေကို သခင်ယေရှုက ငါ့ကို ယုံကြည်သောသူဟာ အသက်ရေစီးရာစမ်းတွင်းဖြစ်မယ် လို့ ဆိုတယ်။ ကျမ်းစာက ယုံကြည်ခြင်းရှိဖို့ နှိုးဆော်တယ်။ သခင်ယေရှုထံကို လာရမယ်။ အသက်နဲ့ ဝမ်းမြောက်ခြင်း ရမယ်။ သခင်ယေရှုထံ လာတဲ့သူဟာ သူ့ဖလားကို သောက်ခွင့်ရပြီး ဝိညာဉ်တော်နဲ့ ပြည့်လာမယ်။ ဆာငတ်သူက စမ်းရေတွင်းဖြစ်လာတယ်။ ဆိုးညစ်သူက သစ္စာရှိတဲ့ အစေခံဖြစ်လာတယ်။
သခင်ယေရှုရဲ့ မစခြင်းကို လက်တွေ့ခံစားရပြီလား။ သူက အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်စေချင်တယ်။ စိတ်နှလုံးထဲမှာ အဆိုးညစ်တွေရှိမှာပါ။ သခင်ယေရှုက နှလုံးသားကိုဆေးကြာပေးနိုင်တယ်။ ကောင်းကြီးလျှံထွက်ရာ စမ်းတွင်းဖြစ်စေမယ်။
သခင်ယေရှုက စိတ်နှလုံးသာမက ကိုယ်ခန္ဓာကိုလည်း ဆေးကြောမယ်။ ဒါမှ ဘုရားသခင် နှစ်သက်ရာ အသက်ရှင်တဲ့ ယဇ်ဖြစ်မယ်။ ပျောက်ဆုံးဝိညာဉ်တွေအတွက် အမှုတော်ဆောင်နိုင်မယ်။ သခင်ယေရှုက သန့်ရှင်း စင်ကြယ် စေချင်တယ်။ ကိုယ့်အလိုအတိုင်း အသက်မရှင်ပဲ တခြားသူတွေ ကယ်တင်ခြင်းရဖို့ ခွန်အားအစွမ်း ပေးမယ်။ ကိုယ့်ကိုကိုယ် ဆက်ကပ်သူတိုင်းဟာ တခြားသူတွအတွက် ကောင်းကြီးမင်္ဂလာဖြစ်လာစေတယ်။
ယောဟန် ၇း ၃၉
၃၉ “ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။”
သခင်ယေရှုကိုယုံကြည်ရင် ဝိညာဉ်တော်ဆုကျေးဇူးကိုရတယ်။ လူတယောက်အပေါ်မှာ ဝိညာဉ်တော်ရဲ့ သက်ရောက်မှုက လူသစ်ဖြစ်စေတဲ့ အံ့ဖွယ်နိမိတ် ဖြစ်တယ်။ အခုခေတ်က ဝိညာဉ်တော်ခေတ် ဖြစ်တယ်။ ဝိညာဉ်တော်ဟာ ကောင်းကင်တမန် မဟုတ်ဘူး။ အရိပ်အယောင်မဟုတ်ဘူး။ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တယ်။ သန့်ရှင်းခြင်းနဲ့ ချစ်ခြင်းမေတ္တာ ပြည့်စုံတယ်။ ဝိညာဉ်တော်ဆိုတာ စင်ကြယ်စေတဲ့ မီးလိုပဲ တန်ခိုးပါတယ်။ တချိန်တည်းမှာ နူးညံ့သိမ်မွေ့တဲ့ အားပေးသူလည်း ဖြစ်တယ်။ ခရစ်ယာန် တယောက်ဟာ သန့်ရှင်းသောဝိညာဉ်ကျိန်းဝပ်တဲ့ ဗိမာန်ဖြစ်လာတယ်။
သခင်ခရစ်တော်ရဲ့ ခေတ်ကာလမှာ ဝိညာဉ်တော်ကို အများအပေါ် မသွန်းလောင်းသေးဘူး။ လူတွေရဲ့အပြစ်က ဘုရားနဲ့ဝေးကွာစေလို့ ဖြစ်တယ်။ အပြစ်တောင်တန်းတွေက ဝိညာဉ်တော်နဲ့ဝေးဖို့ ကာဆီးထားတယ်။ ခရစ်တော်က အပြစ်တွေအတွက် ကိုယ်စားအသေခံပြီး ကောင်းကင်တက်ခါ ဘုရားသခင်ရဲ့ လက်ျာတော်ဘက်မှာ ထိုင်ပြီးတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာနဲ့ဆိုင်တဲ့ ဝိညာဉ်တော်ကို စေလွှတ်ပြီး ယုံကြည်သူတိုင်းအပေါ်သွန်းလောင်းတယ်။ ဘုရားသခင်က နံဝိညာဉ်ဖြစ်တယ်။ တချိန်တည်းမှာ နေရာတိုင်းမှာ ရှိတယ်။ ခရစ်တော်ရဲ့အသွေးတော်နဲ့ ကိုယ့်အပြစ်ကိုခွင့်လွှတ်ခြင်းခံသူတိုင်း ခံစားရတယ်။ ဘုရားရဲ့ဝိညာဉ်ကို လက်ခံရပြီလား။ ခရစ်တော်ရဲ့တန်ခိုး သက်ရောက်လာပြီလား။ သခင်ယေရှုထံကို လာခဲ့ပါ။ သခင်ယေရှုက ငါ့ထံသို့လာတဲ့သူဟာ အလျင်း မငတ်မွတ်ရ။ ယုံကြည်သောသူဟာ နောက်တဖန် မဆာမွတ်ရလို့ ဆိုတယ်။ ကျမ်းစာအရ ယုံကြည်သူဟာ အသက်ရေစီးရာမြစ်တွေဖြစ်လာမယ်။
ယောဟန် ၇း ၄၀- ၄၄
၄၀ “စကားတော်ကိုကြားသော လူအများတို့က ဤသူသည် လာလတ္တံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။ ၄၁ အချို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည်ဟုဆိုကြ၏။ အချို့ကလည်း ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။ ၄၂ ခရစ်တော်သည် ဒါဝိဒ်အမျိုး ဒါဝိဒ်နေရာဌာန ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည်မဟုတ်လောဟု ဆိုကြ၏။ ၄၃ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှါ အလိုရှိကြ၏။ ၄၄ သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။”
နားထောင်နေတဲ့သူတချို့က သခင်ယေရှုရဲ့စကားတွေမှာ တန်ခိုးပါတာတွေ့ကြတယ်။ ပရောဖက်ဖြစ်မယ်လို့ ဝန်ခံကြတယ်။ ဘုရားသခင်ရဲ့ အလိုတော်၊ လူ့စိတ်နှလုံးသားရဲ့လျှို့ဝှက်ချက်တွေကို နားလည်သူလို့ သိကြတယ်။ ဓမ္မဟောင်းလူတွေကို မောရှေပေးထားတဲ့ဂတိအရ ကြွလာတဲ့ ပရောဖက် ဖြစ်တယ်။ ဘုရားသခင်ရဲ့လူတွေကို အောင်မြင်ခြင်းတခုမှ တခုတိုင်း ပို့ဆောင်မဲ့သူ ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် နာဇရက်မြို့သားဟာ ဂတိတော်နဲ့အညီ ကြွလာတဲ့ မေရှိယ အစစ်အမှန် ဖြစ်တယ်လို့ ရဲရဲဝံ့ဝံ့ ဝန်ခံကြတယ်။
ဒါပေမယ့် ကျမ်းတတ်ဆရာတို့ရဲ့အတွေးမှာတော့ မဟုတ်ဘူး။ နာဇရက်မြို့က ကြွမလာဘူး။ မေရှိယဟာ ဒါဝိဒ်ရဲ့မြို့ ဒါဝိဒ်ရဲ့အနွယ် ဖြစ်ရမယ်။ သူတို့ထောက်တဲ့ ကျမ်းချက်က မှန်တယ်။ ဒါပေမယ့် သခင်ယေရှုဟာ ဗက်လင်မှာ မွေးဖွားတာကို သူတို့မသိကြဘူး။ အကြောင်းရင်းတွေကတော့ ၁။ ဟေရုဒ်မင်းမျိုးက တခြားမင်းမျိုးကို မလိုချင်ဘူး။ ခွင့်မပြုဘူး။ အာဏာတည်မြဲဖို့အတွက် လူထောင်သောင်းချီပြီး သတ်ခဲ့ပြီ။ ၂။ သမိုင်း အထောက်အထားတွေနဲ့ ချီပြီးတော့ လူတွေပြောင်းလဲလာဖို့ သခင်ယေရှု အလိုမရှိဘူး။ ချစ်တဲ့စိတ်နဲ့သာ တည်ဆောက်ချင်သူ ဖြစ်တယ်။ ဒါကြောင့် မမြင်ရပဲနဲ့ ယုံကြည်ဖို့ သူလိုချင်တယ်။
ပရိတ်သတ်တွေကြားထဲမှာ အယူအဆတွေကွဲပြားလာတယ်။ တချို့က မေရှိယဖြစ်တယ်လို့ ဝန်ခံပြီး တချို့က ငြင်းပယ်တယ်။ ဗိမာန်တော်အရာထမ်းတွေက သခင်ယေရှုကို ဖမ်းဖို့ရည်ရွယ်တယ်။ ဒါပေမယ့် စကားသံကို ကြားတဲ့အခါ အနားကိုချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်လာတယ်။
ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ချစ်ခြင်းနဲ့ ပညတ်ခြင်းကိုကိုးကွယ်ပါတယ်။ ကိုယ်တော်ဟာ အသက်ရဲ့ အရင်းအမြစ် ဖြစ်တယ်။ ယုံကြည်ခြင်းအားဖြင့်သာ ကိုယ်တော်နဲ့ ပတ်သက်ခွင့်ရတယ်။ ကိုယ်တော့ ဝိညာဉ်တော်ကိုလည်း သွန်းလောင်းပေးတယ်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသားဖြစ်ရတယ်။ အသွေးတော်နဲ့ ဆေးကြောပေးပြီး ထာဝရအသက်ရှင်စေတယ်။
မေးခွန်း ၅၆
- သခင်ယေရှုက ရေငတ်သောသူသည် ငါ့ထံကိုလာပါစေ။ အသက်ရေကို ယူပါစေလို့ ဘာကြောင့်ပြောခွင့်ရှိရတာလဲ။