Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- Tracts -- Tract 04 (Peace to You!)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani? -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean -- Lingala -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai -- Turkish -- Twi -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 4 -- ငြိမ်သက်ခြင်းသင်တို့၌ရှိစေသတည်း


ဒီကနေ့အချိန်အခါသည် စိတ်ညစ်စရာတွေ ပဋိပက္ခ၊ ပြဿနာများတဲ့ အချိန်အခါတွေ ဖြစ် ပါတယ်။ ဗုံးပေါက်ကွဲသံတွေ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ပဋိပက္ခတွေဖြစ်၊ နိုင်ငံရဲ့စီးပွားရေးတွေ ပျက်ပြား လာကာ ဆာလောင်မှုတွေ၊ ကြောက်ရွံ့ခြင်းတွေနဲ့ စိတ်အားငယ်မှုနဲ့ စိတ်ပျက်ခြင်း ပွားများ လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်ခြင်းနဲ့ စည်းလုံးညီညွတ်ဖို့ရန် များသောလူတွေမှာ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပါပြီ။ ယေရှုသည် အနာဂတ်အတွက် သတိပေးသောအချက်မှာ "သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံး သည် မဖြစ်သေး။" (မဿဲ ၂၄း၆)။ ဗျာဒိတ်ကျမ်းကို ဖတ်သောအခါ ငြိမ်သက်ခြင်းကို မြေကြီးမှ ရုတ် သိမ်းခြင်းကိုလည်း ဖတ်ရပါတယ် (ဗျာဒိတ် ၆း၄)။ နှစ်ပေါင်း ၂၇၀ဝကျော်ကတည်းက ပရောဖက်တွေ အားဖြင့် ဘုရားသခင်သည် "မတရားသောသူတို့၌ ချမ်းသာမှုမရှိဟု ထာဝရဘုရားမိန့်တော်မူခဲ့ပါတယ်" (ဟေရှာယ ၄၈း၂၂း ၅၇း၂၁)။

မတရားသောသူတို့တွေက ဘယ်သူတွေလဲ၊

တချို့သောလူတွေက သူတို့ရဲ့ စာရိတ္တ၊ အကျင့်ကောင်းမှုတွေကြောင့် သူတို့ထက် ကောင်းသော သူတွေမရှိဘူးလို့ ယူဆထင်မြင်တဲ့လူတွေလည်း ရှိပါတယ်။ သူတို့တွေရဲ့ ပတ်ဝန်းကျင်မှာ သူတို့ထက် ပညာတတ်မရှိ၊ သူတို့ထက်အောင်မြင်သောသူမရှိ။ တချို့သောသူတွေကလည်း သူတို့ရဲ့ ကောင်းမှု ကုသိုလ်လုပ်ခြင်းအားဖြင့် သူတို့လုပ်မှားခဲ့တဲ့ အပြစ်တွေမှ လွတ်လိမ့်မယ်လို့ ထင်မှတ်ကြပါတယ်။ ဒါက အကြီးကြီးကို ထင်မှားချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်ခြင်းကို ဘုရားသခင်နဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှမဟုတ်မှန်းကို သိသာစေပါတယ်။ ဘုရားသခင်နဲ့ နှိုင်းယှဉ်သော သူတွေက ကိုယ့်ရဲ့မာန်မာနတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကို ဘုရားရှေ့မှာ တွေ့မြင်နိုင်တယ်။ ကျွန်တော်တို့သည် ဘုရားနဲ့နှိုင်းယှဉ်ဖို့ ဘယ်သူဖြစ်နေလို့လဲ၊

အပြစ်ထဲမှာ နစ်နေတဲ့ လူသားတွေက ဘုရားသခင်ပေးတဲ့ ပညတ်တော်ကို နေ့ရက်စဉ်တိုင်းမှာ မလိုက်လျှောက်နိုင်ပါဘူး။ "မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ၏" (ကမ္ဘာ ၆း၅)။ ဒါဝိဒ် မင်းကြီးသည် ဘုရားသခင်ရှေ့တော် ငိုကြွေးလျက်ဆုတောင်းသည်မှာ "လူအပေါင်းတို့သည် လမ်းလွဲကြ ပြီ၊ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ" (ဆာလံ ၁၄း၃း ရောမ ၃း၁၀-၁၂)

ဒီကနေ့လူတွေမှာ အရှက်ကြောက်ရွံ့မှုမရှိတော့ဘူး။ လူတွေမြင်ကွင်းမှာ ဒုစရိုက်လုပ်ဖို့ရင်မလေး မရှက်တော့ဘူး။ မိမိတို့ အသက်ရှင်နေထိုင်တဲ့ ကမ္ဘာသည် သောဒုံနဲ့ ဂေါမောရကဲ့သို့ ဖြစ်နေပြီ။ ဒီအပြစ် ဒုစရိုက်တွေကို လက်ခံလာသော သူတို့ပေါ်မှာ ဘုရားသခင်ရဲ့ ဒေါသများကို ခံစားရမှာဖြစ်တယ်။ "ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏" (ယာကုပ် ၄း၆)။

ငြိမ်သက်ခြင်းသည် ထာဝရဘုရားထံတော်ပါးမှ

မိမိတို့ အပြစ်သားများအတွက် သူငယ်တော်ဖွားမြင်ဖို့ရန် ထာဝရဘုရားသည် ပရောဖက် ဟေရှာယထံမှ ကြိုပြောထားပါတယ်။ ထိုသူငယ်တော်သည် အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ ငြိမ်သက်ခြင်း အရှင် ဖြစ်ပါတယ်။ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာ စီရင်၍ အာဏာတော်တိုးတက်ခြင်းနဲ့ ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည် (ဟေရှာယ ၉း၆-၇)။ ဗက်လင်မှာ ထိုသူငယ်ဖွားမြင်ချိန်မှာ ကောင်းကင်တမန်များတို့သည် ဝမ်းမြောက်လျက် "ကောင်းကင်ဘုံ ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်မှာလည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း" ဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွတ်ဆိုကြပါတယ် (လုကာ ၂း၁၄)။

ဒီငြိမ်သက်ခြင်းသည် လူသားအားလုံးလက်ခံသော သူတွေအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီငြိမ် သက်ခြင်းကို လက်ခံလိုသောသူတွေဟာ နည်းပါးပါတယ်။ ထာဝရဘုရားထံတော်ပါးမှပေးသော ငြိမ် သက်ခြင်းသည် လူသားအားလုံး သူ့ကို လက်ခံယုံကြည်သောသူအတွက်ဖြစ်ပါတယ်။ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်သောအခါမှာ တပည့်တော်များ စိုးရိမ်ပူပန်ကြောက်ရွံ့ခြင်းနဲ့ ရှိနေတဲ့ အချိန် မှာ ယေရှုသည် သူတို့စုဝေးတဲ့ နေရာမှာ ရောက်လာကာ "သင်တို့အပေါ်၌ ငြိမ်သက်ခြင်းရှိစေ သတည်း" လို့ မိန့်တော်မူပါတယ် (ယောဟန် ၂၀း၁၉ယ၂၁ယ၂၆)။

ဒီနှုတ်ဆက်စကားအားဖြင့် ယေရှုသည် ထာဝရငြိမ်သက်ခြင်းကို ပေးသောအရှင်၊ လူသား အားလုံးအတွက် ငြိမ်သက်ခြင်းကို ထူထောင်ပေးသော အရှင်သခင်ဖြစ်ကြောင်းကို ပရောဖက်များထံမှ ဖော်ပြထားပါတယ်။ "သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူ ဖြစ်သည် ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏" (ဟေရှာယ ၅၃း၄-၆)။ ကျွန်တော်၊ မ တို့ ထာဝရငြိမ်သက်ခြင်းကို ရရှိဖို့ ခရစ်တော်သည် အသွေးတော်နဲ့ လက်ဝါးကားတိုင်မှာ အသေခံကာ ရွေးဝယ်ခဲ့တာဖြစ်ပါတယ်။

ထိုငြိမ်သက်ခြင်းကို ရရှိဖို့ ယေရှုသည် သင့်ကို အဓမ္မနဲ့ ရရှိဖို့ မတိုက်တွန်းပါဘူး။ ယေရှုသည် သင့်ကို ရွေးချယ်ဖို့ရန် ဆန္ဒပေးထားပါတယ်။ ယေရှုသည် အတင်းအဓမ္မပေးတာထက် မိမိသည် ချီးမွမ်း ရင်း ကျေးဇူးရှိသော နှလုံးသားနဲ့ လက်ခံဖို့ သူ့ရဲ့အလိုတော်ဖြစ်ပါတယ်။ လက်ခံယုံကြည်သော လူမျိုး အပေါင်းအတွက် အခမဲ့ပေးတဲ့ ငြိမ်သက်ခြင်းကရုဏာဖြစ်ပါတယ်။

ငြိမ်သက်ခြင်းကို ကြည်ဖြူစွာလက်ခံခြင်း

ယေရှုသည် သူ့တပည့်တော်တွေကို တိုက်တွန်းအားပေးသောအရာသည် "ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေး သည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်"ဟု တိုက်တွန်းမိန့်တော်မူ၏ (ယောဟန် ၁၄း၂၇)။

ငြိမ်သက်ခြင်းအရှင်သခင်သည် သူ့ရဲ့နှုတ်ထွက်စကားတော်ကို ယုံကြည်သောသူတိုင်း အတွက် သူ့မှာရှိတဲ့ ငြိမ်သက်ခြင်းကိုပေးခြင်းဖြစ်ပါတယ်။ ငြိမ်သက်ခြင်းကို ရရှိသောသူတိုင်းရဲ့ အသက်တာသည် ပြောင်းလဲကာ ငြိမ်သက်ခြင်း၏ သားနှင့်သမီးဖြစ်ခြင်းကို ရရှိမှာဖြစ်တယ်။ ရှင်ပေါလုသည် ရောမ ၅း၁မှာ ဖော်ပြထားပါတယ်။ "ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။" ထောင်ပေါင်းများစွာ သော လူမျိုးအပေါင်းတို့သည် ယေရှုကိုလက်ခံကာ ထိုငြိမ်သက်ခြင်းကို သူတို့ရဲ့ နှလုံးသားထဲမှာ ရရှိ ကြပါတယ်။ ဒီကနေ့မှာလည်း ဘုရားသခင်က သူ့ရဲ့ကတိတော်ဖြစ်တဲ့ ငြိမ်သက်ခြင်းကို လူမျိုး ဘာသာ မရွေး ရယူယုံကြည်သောလူတိုင်းအတွက် အသက်ကိုစွန့်ကာ အခမဲ့နဲ့ပေးနေပါတယ်။ မိတ်ဆွေ ရယူ ယုံကြည်လိုလျှင် ထိုအရှင်သခင်သည် သင့်ရဲ့နှလုံးသား တံခါးကိုခေါက်လျှက်နေတာကို လက်ခံဖိတ်ခေါ် ပါ။ ကတိတော်အတိုင်း ထိုငြိမ်သက်ခြင်းကို နှလုံးသားမှာ ရရှိမှာဖြစ်ပါတယ်။

ငြိမ်သက်ခြင်းအရှင်သည် မိမိမှာရှိတဲ့အပြစ်တွေကို ဆေးကြောကာ မကောင်းတဲ့ အရာတွေ သန့်ရှင်းစင်ကြယ်စေမှာဖြစ်ပါတယ်။ ယေရှုသည် အပြစ်တွေအတွက် သေခြင်းခံရခြင်းသည် မိမိရဲ့အပြစ် ရှိသမျှ အားလုံးသည် လွတ်မြောက်ခြင်းရရှိကြောင်းကို အာမခံထားပါတယ်။ ဝိညာဉ်တော် ဘုရားသည် မိမိရဲ့နှလုံးသားမှာ အသက်ရှင်ကာ ယေရှုအားဖြင့် ဘုရားရဲ့ သား၊သမီး ဖြစ်ခြင်းကိုခံရကာ ထာဝရ ငြိမ်သက်ခြင်းကို ပေး၍ စတင်တည်ထောင်ပေးမှာဖြစ်တယ်။

ငြိမ်းချမ်းရေးတမန်တို့သည် မင်္ဂလာရှိ၏။ မဆောင်ရွက်နိုင်တဲ့ ဝိညာဉ်တော် မိမိရဲ့ နှလုံသားမှာ ရှိတဲ့အခါ တတိမကိအားဖြင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့စေခြင်းစတဲ့ ဆုကျေးဇူးတွေကို တိုးပွားမစမှာ ဖြစ်ပါ တယ်။ (ဂလာတိ ၅း၂၂-၂၃)။ ကျွန်တော်၊ မ တို့နှလုံးသားသည်လည်း ထိုစိတ်နှလုံးများကို ရရှိဖို့ရန် လိုလားဆန္ဒရှိကြသည်မဟုတ်ဘူးလား၊

ငြိမ်သက်ခြင်းအရှင် ထာဝရဘုရားသည် ကြေမွနေသော နှလုံးသားများအား ငြိမ်သက်ခြင်းကို ပေးချင်ပါတယ်။ ထာဝရငြိမ်သက်ခြင်းကို ငြိမ်သက်ခြင်းအရှင်ဖြစ်တဲ့ ဘုရားသခင်ကပဲ ကျွန်တော်၊ မ တို့ ဆာငတ်တဲ့ ထိုငြိမ်သက်ခြင်းကို ပေးနိုင်မှာဖြစ်ပါတယ်။ ထိုဘုရားထံမှ အပြစ်ခွင့်လွတ်ခြင်းကို ရရှိသော သူတိုင်းသည်လည်း မိမိအပေါ်မှာ ပြစ်မှားသော သူတပါးရဲ့ အပြစ်ကိုလည်း ခွင့်လွတ်ပေးဖို့ရန် ဖြစ်ပါ တယ်။ ယေရှုသည် သူ့ရဲ့ငြိမ်သက်ခြင်းကို မိမိရဲ့အသက်တာတွက်ပဲ မဖြစ်စေချင်ဘူး။ မိမိရဲ့ မိသားစု၊ ကျောင်းတက်သော နေရာတွေ၊ အလုပ်ရုံတွေမှာ မိမိရဲ့ပတ်ဝန်းကျင်မှာ ပျံ့နှံ့ကူးစက်လိုသော ဘုရား ဖြစ်ပါတယ်။ ခရစ်တော်နဲ့ ငြိမ်သက်ခြင်းသည် မိမိအတွက်တာနဲ့ ပြီးသွားတာမဟုတ်ဘဲ မိမိမှာရှိတဲ့ ထို ငြိမ်သက်ခြင်းကို သူတပါးအတွက်လည်း မိမိအားဖြင့် ကောင်းကြီးမင်္ဂလာ ငြိမ်းချမ်းရေးတမန်ဖြစ်ဖို့ ဘုရားသခင်ရဲ့ဆန္ဒဖြစ်ပါတယ်။

မိမိရဲ့ နေ့ရက်တိုင်းမှာ ဘုရားသခင်အတွက် အစေခံလုပ်ဆောင်နေသရွေ့တော့ ရှင်ပေါလုက "ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့စိတ်နှလုံးတို့ကို စောင်မလိမ့်မည်" ဟု ဖော်ပြထားပါတယ် (ဖိလိပ္ပိ ၄း၇)။

မိတ်ဆွေ ထိုငြိမ်သက်ခြင်းအကြောင်းကို ပို၍သိရှိလိုပါသလား၊

ကျွန်တော်တို့သည် မိတ်ဆွေ လိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက် ပေးသွားမှာဖြစ်တယ်။ ဒီငြိမ်သက်ခြင်းကို လက်ခံလိုပါက မိတ်ဆွေအတွက် ဆုတောင်းခြင်းလမ်းညွန်နဲ့ စာစောင်များကို လက်ခံလိုပါက ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီငြိမ်သက်ခြင်းအကြောင်း ငြိမ်းချမ်းရေးတမန်ကဲ့သို့ မိမိရဲ့ပတ်ဝန်းကျင်မှာ သူတပါးအတွက် မင်္ဂလာရှိအောင် ပျံ့နှံ့စေပါ မိတ်ဆွေ။ ယေရှုရဲ့ နောက်ဆုံးသော မိန့်မှာစကားဟူမူကား "သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲ ဒုက္ခကို ခံကြရလိမ့်မည်၊ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကို အောင်ပြီဟု မိန့်တော်မူ၏" (ယောဟန် ၁၆း၃၃)။ ဒီစာစောင်ကိုဖတ်ခြင်းအားဖြင့် မိတ်ဆွေခွန်အားရရှိကာ ငြိမ်သက်ခြင်းကို ရရှိလျှင် အိမ်နီးနားချင်း ပတ်ဝန်းကျင်ကိုလည်း မျှဝေပေးပါ။ မိတ်ဆွေရဲ့ သက်သေခံချက် စာစောင်ကို ကျွန်တော် တို့ စောင့်မျှော်နေပါတယ်။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:27 AM | powered by PmWiki (pmwiki-2.3.3)