Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 082 (The traitor exposed and disconcerted)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
B - သခင်ယေရှုရဲ့ ညစာစားပွဲအပြီး ဖြစ်ရပ်များ။ (ယောဟန် ၁၃း ၁- ၃ဂ)

2. သစ္စာဖေါက်ကို ဖေါ်ထုတ်ပြခဲ့တယ်။ (ယောဟန် ၁၃း ၁၈- ၃၂)


ယောဟန် ၁၃း ၁၈- ၁၉
၁၈ “သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်၊ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့် ကျောက်သတည်း။ ၁၉ ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ မရောက်မီ ယခုပင် သင်တို့အား ငါပြောနှင့်ပြီ။”

ယုဒရှကာရုတ်ဟာ မပျော်ဘူး။ ချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သူတပါးကို ကူညီခြင်းမရှိဘူး။ ကြမ်းတမ်းခြင်တယ်။ အာဏာပြခြင်တယ်။ သစ္စာဖေါက်တယ်။ သခင်ယေရှုကိုပင် ပြန်ဆရာ လုပ်ချင်တယ်။ ခရစ်တော်ရဲ့လက်ထဲက အာဏာကို တပ်မက်နေတယ်။ သူ့စိတ်ထဲရှိတဲ့အတိုင်း ခရစ်တော်ကို ဒုက္ခရောက်စေချင်ပြီး သတ်ဖို့ကြံတယ်။ သူဟာ ချစ်ခြင်းမေတ္တာကို နားမလည်၊ သခင်ယေရှုနှိမ့်ချချိန်မှာ သူက မာနတက်နေတယ်။ ယုဒရှကာရုတ်ဟာ ကြမ်းတမ်းတယ်။ အာဏာလိုချင်တယ်။ သခင်ယေရှုကတော့ နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီသူဖြစ်တယ်။

သခင်ယေရှုဟာ အပ်နှံခြင်းကိုခံရချိန် မတိုင်မီမှာ ကြိုတင်ပြင်ဆင်ထားတယ်။ သူသိပြီးသားဖြစ်ကြောင်း ပြောပြတယ်။ တပါးအမျိုးသားတွေ လက်ထဲ အပ်နှံခံရမယ်။ သူဟာ သခင်ဖြစ်တယ်၊ အားနည်းချိန် ဒုက္ခရောက်ချိန် ကြုံနေပေမယ့် “ငါဟာ ငါဖြစ်တဲ့အတိုင်း ဖြစ်တယ်” လို့ ဆိုတယ်။ ဒါက ဘုရားသခင်ကိုယ်တော်တိုင် မီးလောင်နေတဲ့ ချုံပုတ်မှာ ပြောခဲ့တဲ့စကား ဖြစ်တယ်။ သူ့တပည့်တော်တွေရဲ့ ယုံကြည်ခြင်းကို ပိုပြီးစိတ်ချသေချာစေတယ်။ သူဟာ ဘုရားဖြစ်ကြောင်း သံသယမရှိဖို့ စုံစမ်းနှောင့်ယှက်ခြင်း မခံရဖို့ ပြောပြတယ်။

ယောဟန် ၁၃း ၂၀
၂၀ “ငါအမှန်အကန်ဆိုသည်ကား ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်မူ၏။”

သခင်ယေရှုက အဖမ်းခံရ၊ သေဘေးနဲ့ ကြုံရပေမယ့် တပည့်တော်တွေကို ကြောက်ရွံ့ခြင်းနဲ့ ကင်းစေချင်တယ်။ သူတို့ကိုစေလွှတ်ပြီး ကွယ်ကာစောင်မတယ်။ တပည့်တော်တွေကို စေလွှတ်တယ်။ သူတို့နဲ့အတူ သွားတယ်။ တပည့်တော်တွေက သူတို့သဘောနဲ့ သူတို့သွားတာမဟုတ်ဘဲ သခင်ဘုရားရဲ့ နာမတော်၌ သွားကြတယ်။ သူတို့ကို လက်ခံသူဟာ သုံးပါးတဆူဘုရားသခင်ကို လက်ခံတယ်။ သူတို့စကားကို ယုံကြည်သူဟာ ဘုရားသခင်ရဲ့သား ဖြစ်ခွင့်ရတယ်။ ဒီအမှုတော်ဟာ ခက်ခဲတဲ့အလုပ်တမျိုး ဖြစ်တယ်။ ကိုယ့်အလိုကို ငြင်းရတယ်။ ရန်သူကို ချစ်ရတယ်။ ဆင်းဆင်းရဲရဲ ခြိုးခြံချွေတာစွာ အသက်ရှင်ရတယ်။ ဒီ့အပြင် သူတို့ဟာ ဘုရားသခင် သူတို့ထံမှာ ကျိန်းဝပ်နေကြောင်း သိကြတယ်၊ သွားလေရာရာမှာ ကိုယ်တော်နဲ့အတူ ရှိနေတယ်။ အလုပ်လုပ်ရာမှာ ဝိညာဉ်တော်က သူတို့ကို လမ်းပြသွန်သင်တယ်၊ အလုပ်ကို ပြီးစီးအောင် လုပ်နိုင်ကြတယ်။

ဆုတောင်း သခင်ယေရှုဘုရား အစေခံကျွန်လိုမဖြစ်ရင် ကိုယ်တော်၌မတည်ကြောင်း နားလည်စေပါ။ ကိုယ်တော့်လို အသက်ရှင်စေပါ။ နှိမ့်ချစွာ ကူညီမစတတ်သူ ဖြစ်စေပါ။ စိတ်နှလုံးထဲမှာ မာရ်နတ်ကို နေရာ မပေးပါစေနှင့်။ ကူညီဖို့အကြောင်း ပြောရုံမဟုတ်၊ လက်တွေ့ ကိုယ်တော့်တန်ခိုး ပညာနဲ့ ကူညီမစတတ်သူဖြစ်စေပါ။

မေးခွန်း ၈၆

  1. ခရစ်တော်ရဲ့ပုံသက်သေမှ ဘာကို သင်ယူနိုင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:55 AM | powered by PmWiki (pmwiki-2.3.3)