Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 067 (Jesus is the Good Shepherd)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
3. ကောင်းတဲ့သိုးထိန်းဖြစ်တဲ့သခင်ယေရှု (ယောဟန် ၁၀း ၁- ၃၉)

d) ခမည်းတော်နဲ့ သားတော် တလုံးတဝတည်းဖြစ်မှုမှ ရရှိသောလုံခြုံစိတ်ချမှု။ (ယောဟန် ၁၀း ၂၂- ၃၀)


ယောဟန် ၁၀း ၂၂- ၂၆
၂၂ “ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊ ၂၃ ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန်ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၂၄ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကိုယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။ ၂၅ ယေရှုကလည်း ငါပြောပြီ။ သင်တို့သည်မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ၂၆ သို့သော်လည်း သင်တို့သည်မယုံကြ။ အဘယ်ကြောင့် မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည့်အတိုင်း။”

သင်္ကနိပွဲဆိုတဲ့ ဆက်ကပ်ရာနေ့ဟာ BC 515 မှာ ဗာဗုလုန်ပြည် ကျွန်ခံရာမှ ထွက်လာပြီး ဗိမာန်တော်ကို ပြန်တည်ဆောက်ကြတဲ့အတွက် ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း အထိမ်းအမှတ်ပွဲ ဖြစ်တယ်။ ဗိမာန်တော်ကို တည်ဆောက်သူတွေက BC 615 မှာ Maccabees တွေ ဖြစ်တယ်။ ပွဲနေ့ဟာ December အစောပိုင်းကာလ ချမ်းအေးတဲ့အချိန် မိုးကျတဲ့အချိန်မှာ ကျင်းပတယ်။ ယေရုရှလင်မြို့က မီတာ ၇၅၀ ကျယ်ဝန်းတယ်။

ဒီပွဲမှာ သခင်ယေရှုက အနှောင့်အယှက်ခံရပြီး ဗိမာန်တော်ကို ထပ်လာတယ်။ ရှောလမုန် ကမ်းနားပြင်မှာ ပရိတ်သတ်ကို တရားဟောတယ်။ ဒီရှေ့ဘက်တစောင်းဟာ တမန်တော် ၃း ၁၁ နဲ့ ၅း ၁၂ မှာ ဖေါ်ပြထားတဲ့တစောင်း ဖြစ်တယ်။ ဒီအချိန်မှာ ယုဒလူမျိုးတွေဟာ သခင်ယေရှုကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်။ သခင်ယေရှုက သူ့ကိုယ်သူ မေရှိယလို့ ကြေညာဖို့ တောင်းဆိုတယ်။ သခင်ယေရှု သူ့ကိုယ်သူပြောတာက လူတွေမျှော်လင့်နေတဲ့ မေရှိယ ဆိုတာထက် ပိုပြီးတော့ ကျယ်ပြောနေတာ တွေ့ရတယ်။ မေးခွန်းတွေထုတ်ရင်းနဲ့ စကားမှားကွက်ကို ရှာနေတယ်။ ဒါပေမယ့် တချို့က သခင်ယေရှုဟာ မေရှိယ အစစ် ဖြစ်တယ်။ သူ့ရဲ့ အခွင့်အာဏာ၊ လုပ်ဆောင်မှုတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေက မေရှိယဖြစ်ကြာင်း သက်သေပြနေတယ် လို့ ဆိုတယ်။

ဒါကြောင့် တတိုင်းပြည်လုံး ခရစ်ယာန်ခေါင်းဆောင်အဖြစ်နဲ့ ကြေညာစေချင်စိတ် ရှိတယ်။ အဲဒီနောက် အခုပွဲနေ့ဟာ Maccabees တွေရဲ့ အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့ ဖြစ်လာခဲ့တယ်။ သူတို့ မျှော်လင့်တာက တိုင်းပြည်ရဲ့ ရှင်ဘုရင်၊ လူထုကို လက်နက်တပ်ဆင်ဖို့ ဖြစ်တယ်။ သခင်ယေရှုရဲ့နောက်ကို စစ်တိုက်ဖို့ လိုက်ပါလာတယ်။ တပါးအမျိုး အုပ်စိုးနေတာကိုလည်း ကြိုးစားဖို့ အသင့်ရှိနေတယ်။ ဒါပေမယ့် သခင်ယေရှုမှာ တခြားအကြံအစည်ရှိတယ်။ နှိမ့်ချခြင်း ချစ်ခြင်းနဲ့ စိတ်နှလုံးပြောင်းလဲစေခြင်း ဖြစ်တယ်။ သူဟာ မေရှိယလို့ ယုဒလူတွေကို မပြောဘူး။ ရှမာရိအမျိုးသမီးကိုသာ ပြောခဲ့တယ်။

မျက်စိကန်းတဲ့သူရှေ့မှာတော့ သူ့ရဲ့ဘုရားဘုန်းတန်ခိုးကြောင့် ဖြစ်တယ်လို့ ဝန်ခံတယ်။ ဂျူးတွေက သခင်ယေရှုကို ဝိညာဉ်ရေးမှာ ရွေးနှုတ်ကယ်တင်သူ၊ သနားကြင်နာတတ်သူအဖြစ်ထက် နိုင်ငံရေးသမားအဖြစ်သာ လိုချင်တယ်။ လူတွေက နိုင်ငံရေးအာဏာ၊ လွတ်လပ်ရေးနဲ့ ဂုဏ်အသရေတွေကို မျှော်လင့်နေတယ်။ သခင်ယေရှုက ကိုယ်အလိုကို ငြင်းဖို့၊ နောင်တရဖို့၊ အသစ်မွေးဖွါးဖို့ ကြွလာတယ်။ သူ့ရဲ့ကြီးမြတ်မှုကို ပြောပြပေမယ့် ဒါကို ဦးစားမပေးဘူး။ သခင်ယေရှုမလုပ်ချင်တဲ့အရာကို လူတွေက လုပ်စေချင်နေတယ်။ သဘောထားချင်း မတူဘူး။ သူတို့စိတ်ထဲမှာ ယုံကြည်ခြင်းမရှိဘူး။ သခင်ယေရှုအတွက် သူတို့ စိတ်နှလုံးကို ဖွင့်မထားဘူး။ နိမိတ်လက္ခဏာက ခမည်းတော်ရဲ့ နာမတော်၌ ပြုခဲ့တယ်။ နာမတော်ကြောင့် အောင်မြင်တယ်။

ခမည်းတော်နဲ့ သားတော်ရဲ့ တော်စပ်မှုကို ဂျူးတွေသိရတဲ့အခါ သူတို့နိုင်ငံရဲ့ အုတ်မြစ်အဖြစ်နဲ့ မကြားလိုဘူး။ သူတို့က ကြမ်းတမ်းတယ်။ ငွေမက်တယ်။ ကြီးမြတ်ချင်တယ်။ ဒီနေ့ထိပါပဲ။

ယောဟန် ၁၀း ၂၇- ၂၈
၂၇ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ၂၈ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ။”

သခင်ယေရှုက ဘုရားသခင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ သိုးသူငယ် ဖြစ်တယ်။ တပည့်တော်တွေကို သိုးတွေ သိုးလေးတွေလို့ ခေါ်တယ်။ သိုးရဲ့အရည်အချင်းကတော့ နားထောင်တယ်။ ဝိညာဉ်တော်က စိတ်နှလုံးကို ဖွင့်ပြတဲ့အခါ သခင်ယေရှုရဲ့ အသံကို ကြားတယ်။ သိုးထိန်းထံ လာတယ်။ စိတ်ဝင်စားမှုရှိခြင်းဟာ တပည့်တော်ဖြစ်ဖို့ ပထမဦးဆုံး အရည်အသွေးဖြစ်တယ်။

စကားကို ဂရုတစိုက် နားထောင်သူတိုင်းကို ခရစ်တော် သိတယ်။ ချစ်တယ်၊ သူတို့ရဲ့ လျှို့ဝှက်ချက်ကို မြင်တယ်။ ပုံသွင်းပြုပြင်တယ်။ စစ်မှန်တဲ့ခရစ်ယာန်ဆိုတာ အလေးအနက်မထား ရည်ရွယ်ချက်မဲ့သူမျိုး မဟုတ်ဘူး။ ကောင်းကင်မှာ သူတို့နာမည်ကို ရေးထားပြီးပြီ။ သူတို့ကို ဘုရားက သိတယ်။ ယုံကြည်သူတိုင်းဟာ ဘုရားဖန်ဆင်းတဲ့ နိမိတ်လက္ခဏာ ဖြစ်တယ်။ သခင်ယေရှုက ကောင်းသောသိုးထိန်း ဖြစ်တယ်။ သိုးတွေက သူ့အသံကို နားလည်တယ်။ ခေါင်းဆောင်နောက်ကို ဝမ်းမြောက်စွာ လိုက်တယ်။ သိုးထိန်းနောက်ကို လိုက်ချင်တဲ့ ဆန္ဒ တခုတည်းပဲ ရှိပြီး၊ တခြားအရာတွေ သူတို့မှာ မလိုဘူး။ တခြားအတွေး မရှိဘူး။ နူးညံ့သိမ်မွေ့တဲ့ သိုးတွေဖြစ်တယ်။

ခရစ်တော်ကြောင့် စိတ်နှလုံးထဲမှာ ဒီပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ဘုရားရဲ့မေတ္တာကို ခံစားရတယ်။ သေခြင်းနဲ့ အပြစ်တရားကို အောင်မြင်တဲ့တန်ခိုး ရတယ်။ အသက်မသေတော့ဘဲ ထာဝရအသက်ရှင်မယ်။ ခရစ်တော်ရဲ့ လက်ဆောင်ဖြစ်တဲ့ ထာဝရအသက်ကို ရတယ်။ အပြစ်စီရင်ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းမှ လွတ်မြောက်ပြီး သေခြင်းမှ အသက်ရှင်ခြင်းသို့ လွတ်မြောက်တယ်။ ခရစ်တော်ရဲ့ အသွေးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်တယ်။ ခရစ်တော်ရဲ့အသွေးတော်နဲ့ ရွေးဝယ်တဲ့ သိုးတိုင်းဟာ ပျက်စီးခြင်းမရောက်ဘူး။ လူတွေကိုကယ်ဖို့ ကောင်းကင်စည်းစိမ်ကို စွန့်ခဲ့ရတယ်။ အသက်စွန့်ရတယ်။ ကယ်ဖို့အတွက် ပေးဆပ်ရမယ့် အဖိုးအခ အားလုံးကို ပေးတယ်။ ဒါကြောင့် ဘုရားလက်တော်ကို ယုံကြည်စိတ်ချဖို့ လိုတယ်။ ဘုရားတန်ခိုးတော်ကို ယုံကြည်သင့်တယ်။ လောကအပြစ်ထဲမှာ ကျင်လည်သည်ဖြစ်စေ၊ ဘုရားသားသမီးအဖြစ်နဲ့ လွတ်မြောက်လာသည်ဖြစ်စေ ဝိညာဉ်တော်ကျိန်းဝပ်ခြင်းကို ခံစားရတယ်။ ကိုယ်အစွမ်းအစထက် ဘုရားကွယ်ကာမှုက ကြီးမားတယ်။ ကိုယ့်အသိ ဥာဏ်ထက် အနှိုင်းအဆကြီးမားလွန်းတဲ့ ဘုရားရဲ့ကွယ်ကာမှုကို ခံစားရတယ်။ အောင်မြင်သောအရှင်ဘေးမှာ ရပ်ခွင့်ရတယ်။

ယောဟန် ၁၀း ၂၉- ၃၀
၂၉ “ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူနိုင်ရာ။ ၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။”

တချို့ယုံကြည်သူတွေက အဲဒီလူငယ်လေးကို သခင်ယေရှုက သေခြင်း၊ စာတန်နဲ့ ဘုရားအမျက်တော်မှ လွတ်မြောက်စေတာကို သံသယရှိကြတယ်။ ဒါကလည်း ရှင်းပြရခက်တဲ့ အကြောင်းအရာမျိုး ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုက ခမည်းတော်ဘုရားနဲ့ အနန္တတန်ခိုးတော်အကြောင်းကို ဆက်ပြောရတယ်။ သခင်ယေရှုရဲ့ တပည့်တော်တွေကို တယောက်ချင်းစီ ရွေးထားတယ်။ ဘုရားအသံ ဘုရားအလိုတော်မပါဘဲ၊ နောက်တော် လိုက်လို့မရဘူး။

သားတော်နဲ့ ယုံကြည်သူတွေကို ချိတ်ဆက်ပေးသူဟာ ခမည်းတော် ဘုရားသခင် ဖြစ်တယ်။ ကြီးမြတ်ပြီး တန်ခိုးအနန္တနဲ့ ပြည့်စုံတယ်။ သခင်ယေရှုဟာ သူ့ကို လူတွေနှစ်သက်ဖို့ထက် ခမည်းတော်ဘုရားရဲ့ အလိုကို ဝန်ခံဖို့ ဦးစားပေးတယ်။

ကိုယ့်အလိုကို ငြင်းပယ်လို့ ဘုရားဇာတိ အပြည့်ရှိတယ်။ တချို့က ခရစ်တော်ဟာ ခမည်းတော်ရဲ့ လက်အောက်ခံ လို့ ဆိုတယ်။ ဒါပေမယ့် ဝိညာဉ်တော်ရဲ့သတ်မှတ်ချက်က နှိမ့်ချသူဟာ ချီးမြှောက်ခြင်းကို ခံရတယ်လို့ ဆိုတယ်။ သခင်ယေရှုက ဘုန်းအသရေအားလုံး ခမည်းတော်ကိုပေးတဲ့အတွက် ခမည်းတော်နဲ့ ငါဟာ တဦးတည်းရှိတယ်လို့ ဆိုခွင့်ရှိသူ ဖြစ်တယ်။ ဒီအချက်က ဘုရားထံကို လာတယ်ဆိုတဲ့ အဆိုကို ငြင်းပယ်လိုက်တယ်။ ဘုရားသုံးပါးကို ကိုးကွယ်တာမဟုတ်ဘူး။ ဘုရားတဆူတည်းကိုပဲ ကိုးကွယ်တယ်။ ခရစ်တော်နဲ့ ခမည်းတော်ရဲ့ တလုံးတဝဖြစ်ခြင်းကို ငြင်းပယ်သူတွေဟာ နှိမ့်ချနိုင်မှ ကြီးမြတ်တယ်ဆိုတဲ့ အချက်ကိုမသိဘဲ မာနတက်နေသူတွေ ဖြစ်တယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ ကောင်းသောသိုးထိန်းဖြစ်ပါတယ်။ သိုးတွေအတွက် အသက်စွန့်ခဲ့တယ်။ အသက်ကိုပေးပြီး နောင်မသေဖို့ ကျေးဇူးပြုခဲ့တယ်။ သေခြင်းစာတန်နဲ့ ဘုရားအမျက်တော်က လွတ်မြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့လက်ထဲက ဘယ်သူမှ မနှုတ်ယူနိုင်ပါ။ နှိမ့်ချတတ်ဖို့ သွန်သင်တော်မူပါ။ ကိုယ်အလိုကို ငြင်းလျက် အားနည်းခြင်းထဲမှ ကိုယ်တော့်တန်ခိုးတော်ကို ထင်ရှားစေပါ။

မေးခွန်း ၇၂

  1. ခရစ်တော်က သိုးတော်စုကို ဘယ်လိုဦးဆောင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)