Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 064 (The Jews interrogate the healed man)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
2. မွေးကတည်းက မျက်စိကန်းခဲ့သူကို ပြန်မြင်စေခြင်း။ (ယောဟန် ၉း ၁- ၄၁)

b) ယုဒလူတွေက မျက်စိပြန်မြင်လာသူကို စုံစမ်းမေးမြန်းလာတယ်။ (ယောဟန် ၉း ၁၃- ၃၄)


ယောဟန် ၉း ၂၄- ၂၅
၂၄ “ထိုကြောင့် မျက်စိကန်းဖူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကိုချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟု ဆိုကြလျှင် ၂၅ လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။”

ဖါရိရှဲတွေက သခင်ယေရှုကို ပြစ်ဒဏ်ပေးနိုင်ဖို့ အားနည်းချက်ကို ကြိုးစားရှာနေတယ်။ မျက်စိပြန်မြင် သွားတဲ့ လူကိုခေါ်ပြီး သခင်ယေရှုကို ဆန့်ကျင်စကား ပြောခိုင်းတယ်။ ခြိမ်းခြောက်တယ်။ သခင်ယေရှုဟာ လူဆိုးဖြစ်မယ်လို့ ဆိုတဲ့ ပညတ်တရားကျွမ်းကျင်သူတွေကိုလည်း ခေါ်ထားကြတယ်။ သူတို့ သက်သေပြဖို့ လိုနေတယ်။ ဒါကြောင့် သခင်ယေရှုကို ပြစ်တင်ဖို့ ဒီလူရဲ့စကားသံ ကြားချင်နေတယ်။ နာဇရက်မြို့သားရဲ့ အစွမ်းကြောင့် မဟုတ်ဘူးလို့ ဝန်ခံစေချင်တယ်။ ဒါပေမယ့် ဒီလူက သူ လူဆိုးဟုတ်၊ မဟုတ် ကျွန်တော်မသိဘူး။ ဘုရားသခင်ပဲသိမယ်။ ကျွန်တော် သိတာက အရင်က ကျွန်တော်မျက်စိကန်းတယ်။ အခုပြန်မြင်ပြီလို့ ဆိုတယ်။ ဒီအချက်က ငြင်းမရတဲ့ အချက် ဖြစ်တယ်။ ဘုရားတန်ခိုးအစွမ်းအစ ဘုရားရဲ့ခွင့်လွှတ်ခြင်းကျေးဇူးတော်နဲ့ ပြတဲ့ နိမိတ်လက္ခဏာ ဖြစ်တယ်။ ဒါကြောင့် ဒီလူငယ်ရဲ့သက်သေခံချက်ဟာ ထောင်နဲ့ချီတဲ့ယုံကြည်သူတွေကို အတည်ပြုပေးလိုက်သလို ဖြစ်တယ်။ ကောင်းကင်၊ ငရဲနဲ့ဆိုင်တဲ့ နက်နဲရာတွေကို သူတို့မသိကောင်း မသိနိုင်ပေမယ့် အသစ်တဖန်မွေးဖွားခြင်းကိုတော့ လက်ခံကြတယ်။ အခုလူငယ်ပြောတာက အရင်က ကျွန်တော်ကန်းတယ်။ အခုပြန်မြင်ပြီလို့ ဆိုတယ်။

ယောဟန် ၉း ၂၆- ၂၇
၂၆ “တဖန် ထိုသူတို့က သူသည် သင်၌ အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ။ သင်တို့နားမကြားကြ။ ၂၇ အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့်ဖြစ်ချင်သလောဟု ဆို၏။”

ဒီလူငယ် ဖြေတဲ့စကားမှာ ဖါရိရှဲတွေရှာတဲ့ အပြစ်မျိုး မတွေ့ရဘူး။ ခဏခဏမေးတော့ စိတ်တိုလာတယ်။ တခါပြောပြီးပြီ နားမလည်ဘူးလား။ နောက်ထပ်ကြားချင်တာက သူ့တပည့်ဖြစ်ချင်လို့လားလို့ ဆိုတယ်။

ယောဟန် ၉း ၂၈- ၃၄
၂၈ “ထိုသူတို့ကလည်း သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်ဖြစ်ကြ၏။ ၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်ကဖြစ်သည်ကို မသိဟု ကဲ့ရဲ့၍ ပြောဆိုကြလျှင်၊ ၃၀ သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။ ၃၁ ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကိုလိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကိုနားထောင်တော်မူ၏။ ၃၂ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ ၃၃ ထိုသူသည် ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်ဟုပြောဆို၏။ ၃၄ ထိုသူတို့ကလည်း၊ သင်သည်မွေးစကပင် တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင်၊ ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။”

လူငယ်က ကျမ်းတတ်ဆရာတွေကို ကဲ့ရဲ့ပြီးတဲ့နောက်မှာ ဒီလှည့်စားတဲ့သူရဲ့တပည့်က ငါတို့မဟုတ်ဘူး မင်းပဲ။ ငါတို့က မောရှေနောက်ကိုလိုက်တယ်။ မောရှေက ဘုရားသခင်ရဲ့လူဖြစ်တယ်လို့ ပြန်လည်ပြစ်တင်တယ်။ သခင်ယေရှုက ဒီစကားကို ပြောပြီးသားဖြစ်တယ်။ မောရှေကိုနားလည်ရင် သူ့စကားကိုလည်း နားလည်နိုင်မယ်။ ဒါပေမယ့် မောရှေရဲ့စကားကို လက်တလုံးကြား လူလည်လုပ်ကြတဲ့အခါ ကိုယ့်ကိုကိုယ် ဖြောင့်မတ်ဟန် ဆောင်လာတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို နားမလည်၊ မရိပ်မိကြဘူး။

မျက်စိပြန်မြင်တဲ့သူက မွေးကတည်းက မျက်စိကန်းတဲ့သူကို ပြန်မြင်စေသူဟာ ဖန်ဆင်းတဲ့ တန်ခိုးရှိတယ်။ တန်ခိုးကြီးတယ်၊ အစွမ်းကြီးတယ်။ နူးညံ့သိမ်မွေ့သူဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့ကို အပြစ်မတင်ဘူး။ ပိုက်ဆံ မတောင်းဘူး။ ချစ်ချင်းမေတ္တာနဲ့ ကူညီတယ်။ ကျေးဇူးစကားတောင်ဆိုအောင် မစောင့်ဘူး။ ဒါကြောင့် ကျွန်တော့မှာ သူ့ကို ဘာမှအပြစ်တင်စရာမရှိဘူးလို့ ဖြေတယ်။ အဲဒီလူငယ်ဝန်ခံတာက ဓမ္မဟောင်း တရားကို နားလည်တဲ့သူတိုင်း သိပါတယ်။ မာနကြီးတဲ့လူရဲ့ဆုတောင်းကို ဘုရားသခင် နားမထောင်ဘူး။ လူမှာအပြစ်ရှိရင် ဘုရားကောင်းချီး ခံစားရဖို့ မလွယ်ဘူး။ သန့်ရှင်းတဲ့ဘုရားသခင်ရဲ့ရှေ့မှာ အပြစ်ကိုဝန်ချ၊ ယုံကြည်စွာနဲ့ ကျေးဇူးတော်ချီးမွမ်းမှ ဘုရားသခင်က သူနဲ့စကားပြောမယ်လို့ဆိုတယ်။

“ခင်ဗျားတို့ ကျွန်တော့ကို မျက်စိမြင်အောင် မလုပ်နိုင်ဘူး။ ဘယ်သူမှလည်း မလုပ်နိုင်ဘူး။ သခင်ယေရှုပဲ လုပ်နိုင်တယ်။ ကျွန်တော့ကို မျက်စိမြင်အောင်လုပ်ခြင်းအားဖြင့် အပြစ်ကင်းသူဖြစ်ကြောင်း သက်သေပြနေတယ်။ ဘုရားက သူ့အထဲမှာရှိတယ်။” သခင်ယေရှုဟာ အပြစ်ကင်းပြီး ဘုရားဖြစ်တယ်ဆိုတာကို အပြန်အလှန် မေးခွန်းတွေ ကြားမှာ နားလည်နိုင်၊ မြင်သာနိုင်တယ်။

ကိုယ့်ကိုကိုယ် ဖြောင့်မတ်တယ်လို့ ထင်နေတဲ့ ဒီလူအုပ်က “မင်းထက်ဆိုးယုတ်တဲ့ သူမရှိဘူး။ မင်းမိဘတွေလည်းဒီလိုပဲ။ မျက်စိကန်းပြီးတော့ ချို့ယွင်းချက်နဲ့မွေးလာတယ်” လို့ မာန်မဲကြတယ်။ ဒီဘာသာရေးသမားတွေက သူတို့ဟာ အခုလူငယ်ထက် ပို ကန်းနေတာကို မသိဘူး။ သခင်ယေရှုကတော့ ဒီလူငယ်ဟာ ခရစ်တော်ရဲ့အကြောင်းကို ပြန်ပြောတဲ့သူတယောက်ဖြစ်လာစေခဲ့ပြီ။ ဒါပေမဲ့ ခရစ်တော်အကြောင်း သက်သေခံချက်ကို သူတို့လက်မခံဘူး။ ဗိမာန်တော်က နှင်ထုတ်ဖို့ ကြိုးစားတယ်။ သခင်ယေရှုရဲ့တပည့်လို့ ပြောလိုက်ခြင်းအားဖြင့် လွှတ်တော်ထဲမှာ ပထမဦးဆုံးအကြိမ် စွပ်စွဲတယ်။ မျက်စိပြန်မြင်တဲ့ နေ့မှာပဲ သူ့လူမျိုးက ငြင်းပယ်ပြီးတော့ ခရစ်တော်ကို လက်မခံကြပါ။

မေးခွန်း ၆၈

  1. လူငယ်က သူ့ကို စစ်မေးတဲ့အကြောင်းအရာတွေပေါ်မှာ ဘယ်လိုနားလည်လဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:52 AM | powered by PmWiki (pmwiki-2.3.3)