Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 031 (Jesus leads his disciples to see the ready harvest; Evangelism in Samaria)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
4. ရှမာရိပြည်သို သခင်ယေရှု ကြွတော်မူခြင်း။ (ယော ၄း ၁ - ၄၂)

b) သခင်ယေရှုက တပည့်တော်တွေကို စပါးခင်း ဝင်းမှည့်နေကြောင်း ပြတယ်။ (ယော ၄း ၂၇ - ၃၈)


ယောဟန် ၄း ၃၁ - ၃၈
၃၁ မရောက်မှီတွင် တပည့်တော်တို့က အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါ]ု တောင်းပန်ကြလျှင်၊ ၃၂ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသတည်းဟု မိန့်တော်မူ၏။ ၃၃ ထို့ကြောင့် တပည့်တော်တို့က တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေးမြန်းကြလျှင်၊ ၃၄ ယေရှုက ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးဒစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။ ၃၅ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းပလို့ငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မြော်၍ ကြည့်ကြလော့။ ၃၆ စပါးရိတ်သောသူသည် အခကို ခံရ၍ ထာဝရအသက်ရှင်ခြင်း အလို့ငှါ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ ၃၇ တဦးကား ပျိုးကြဲ၏။ တဦးကား စပါးရိတ်၏ ဟူသော စကားသည် ဤအရာ၌ အမှန်ကျသတည်း။ ၃၈ သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လယ်လုပ်ကြ၍ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။”

မှားယွင်းတဲ့ အမျိုးသမီးရဲ့ ဝိညာဉ်ကို ကယ်တင်ပြီး ထာဝရအသက် ရစေတဲ့အခါ၊ တပည့်တော်တွေနဲ့ လုပ်နေကျ အလုပ်တွေ ဆက်လုပ်ပါတယ်။ တပည့်တော်တွေကတော့ လောကီအတွေးပဲပေါ့။ အမျိုးသမီးအတွက် ဝမ်းမသာကြဘူး။ အစားအသောက်က အရေးကြီးတာ မှန်ပေမယ့် မုန့်နဲ့ရေထက် အရေးကြီးတဲ့ အစာတွေ အများကြီး ရှိတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။ နောက်တော်လိုက်တာကလွဲရင် အမျိုးသမီးထက် သိပ်မသာကြဘူး။ ကောင်းကင်က မွေးမှ နိုင်ငံတော် ဝင်ရမှာကိုး။

သခင်ယေရှုက လောကီအစာနဲ့ ကောင်းကင်အစာကို ရှင်းပြတယ်။ ခမည်းတော်ရဲ့ အလိုဆောင်ခြင်း၊ အပြစ်သားကို ပြန်လက်ခံခြင်းတွေကို သခင်ယေရှု နှစ်သက်တယ်။

သခင်ယေရှုက ဘုရားသခင်ရဲ့ တမန်တော် ဖြစ်တယ်။ လွတ်လပ်မှုရှိတဲ့ သားတော်ပါ။ ဒါပေမယ့် နာခံမှု ရှိတယ်။ ဘုရားသခင်က ချစ်ခြင်းမေတ္တာ ဖြစ်လို့ အလိုတော်ကို ဝမ်းမြောက်စွာ ဆောင်တယ်။ ချစ်တတ်တဲ့သူက ဘုရားနဲ့ ရှိတဲ့သူပဲ။ နာခံတယ်ဆိုတာက တဆင့်နိမ့်တဲ့ သဘော မဟုတ်ဘူး။ မေတ္တာရဲ့ သဘော ဖြစ်တယ်။ ကယ်တာက ခမည်းတော်ရဲ့ အလုပ်။ သားတော်က ပါဝင်ဆောင်ရွက်ရတယ်။ ခမည်းတော်က သားတော်ကို ဘုန်းအသရေ အားလုံး အပ်နှင်းပေမယ့် သားတော်က ခမည်းတော်ကို ဘုန်းထင်ရှားစေတယ်။ သားတော်ကို ကြီးမြတ်တဲ့အရာပေးပြီး လက်ယာဖက်မျာ ထိုင်စေတယ်။ ကောင်းကင်နဲ့ မြေကြီးပေါ်မှာ အခွင့်အာဏာ ရှိသမျှကို အပ်နှင်းတယ်။

ရေတွင်းမှာ အမျိုးသမီးကို ကယ်ဖို့ ဘုရား အလိုတော် ရှိတယ်။ ဂျူးတွေကိုသာမက တလောကလုံးကို ကယ်ဖို့ ဖြစ်တယ်။ အားလုံး အပြစ်ထဲမှာ ရောက်နေပြီး ဘုရားကို ဆာငတ်နေတယ်။ ဒီအမျိုးသမီး ဆာငတ်မှုက ရင့်မှည့်နေပြီ။ အပြစ်လွတ်ချင်နေပြီ။ ခွင့်လွတ်ခြင်းကို ခံယူဖို့ ဂျူးတွေထက် ပိုအသင့် ဖြစ်နေပြီ။ တလောကလုံးကလည်း သခင်ယေရှုရှေ့မှာ ဝင်းမှည့်နေတဲ့ လယ်ကွင်းလို ဖြစ်နေတယ်။

လောကကို လယ်ကွင်းနဲ့ ပုံဆောင်ပြတာကို တပည့်တော်တွေက မမြင်တတ်သေးဘူး။ ရှမာရိဒေသကို ရောက်ချိန်ဟာ ဆောင်းတွင်းဆိုတော့ ရိတ်သိမ်းဖို့က လနဲ့ချီပြီး လိုသေးတယ်။ “နက်နဲတဲ့အရာတွေကို ကြည့်ကြစမ်း။ လူ့စိတ်နှလုံး အတွင်းထဲမှာ မေးခွန်းတွေ ရှိမယ်။ ကြွယ်ဝတဲ့ အသက်တာ လိုချင်မယ်။ ဘုရားကို ရှာမယ်။ အခုအချိန်ဟာ ရိတ်သိမ်းချိန်ပဲ။ ကယ်တင်ခြင်းတရားကို မေတ္တာနဲ့ ပညာနဲ့ ဟောရင် ကယ်တင်ရှင်ကို လက်ခံမယ့်သူတွေ အများကြီးပဲ။” လို့ သခင်ယေရှု ပြောနေပုံပါပဲ။

နောက်တမျိုးကတော့ - လူတွေက အမိုက်အမဲတွေ၊ လူညံ့တွေ၊ အကန်းတွေ လို့လည်း မြင်နိုင်တယ်။ ဒါက တပည့်တော်တွေရဲ့ အတွေးပေါ့။ အပြစ်မြင်တတ်တာပေါ့။ သခင်ယေရှုကတော့ စိတ်နှလုံးကို ကြည့်တယ်။ အမျိုးသမီးကို အပြစ်မတင်ဘဲ ကြင်နာတတ်တယ်။ စကားပြောရဖို့လည်း ဝန်မလေးဘူး။ ဝိညာဉ်စကား နားမလည်ပေမယ့် ပြောပေးတယ်။ ရှင်းပြပေးတယ်။ ရှင်းပြရင်းနဲ့ ဝတ်ပြုကိုးကွယ်ပုံနဲ့ မေရှိယ အကြောင်း နားလည်စေတယ်။ ဧဝံဂေလိ လုပ်တတ်စေတယ်။ တကယ့် အပြောင်းအလဲပဲ။ အမျိုးသမီးက ဘာသာရေး ကိုင်းရှိုင်းတဲ့ နိကောဒင်ထက် ပိုအလုပ်လုပ်နိုင်တယ်။ အမှုတော်ဆောင်တိုင်းမှာ အပြစ်သားအပေါ် သခင်ယေရှု ကြည့်တဲ့အကြည့်မျိုး ရှိဖို့ လိုတယ်။ ဆာငတ်စိတ်ကို မြင်တတ်ရမယ်။ အမြင်မလှတာကို မကြည့်နဲ့။ မပြောင်းလဲတာကိုလည်း မမြင်နဲ့။ ဘုရားက ချစ်တယ်။ ခေါ်တယ်။ နဲနဲချင်း ကျေးဇူးတော်ကို နားလည်လာမယ်။ ဘုရားကို သိလိုသူတွေ ရှိနေလျက်နဲ့ မပြောဘဲ တိတ်တိတ် မနေပါနဲ့။

ခရစ်တော်ထံလာရင် ထာဝရအသက်ရတယ်။ ဝမ်းမြောက်တယ်။ အပြစ်သား နောင်တရလို့ ကောင်းကင်မှာ ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။ ဘုရားက ဆေးကြောပေးတယ်။ နားလည်စေတယ်။ ဘုရားအလိုတော်ဆောင်ချင်သူက သူတပါးကို နှိမ့်ချစွာ ပြောပြတယ်။ ကိုယ်တိုင် ဝမ်းမြောက်တယ်။ “ငါ့ကို စေလွှတ်သောသူ၏ အလိုကိုဆောင်ခြင်း၊ အမှုကို ပြီးစီးစေခြင်းဟာ ငါ့စားစရာ ဖြစ်တယ်။” လို့ သခင်ယေရှု ပြောတယ်။။ “သင်တို့ကို ငါစေလွှတ်၏။” ဆိုပြီး အဆုံးသတ်တယ်။ နှစ်ခြင်းဆရာက နောင်တလယ်ကို ထွန်ပြီးပြီ။ ပြင်ပြီးသား လယ်မှာ သခင်ယေရှုက မျိုးစေ့ကြဲတယ်။

ဒီနေ့မှာတော့ ကားတိုင်ပေါ်မှာ အသေခံတဲ့ အကျိုးတွေကို ရိတ်ရပြီ။ ရိတ်သိမ်းဖို့ ကိုယ့်ကို ခေါ်ရင်၊ လယ်ကွင်းက ကိုယ့်လယ် မဟုတ်ဘူး။ သခင်ဘုရားရဲ့ လယ် ဖြစ်တယ်။ တန်ခိုးတော်အားဖြင့် ဝိညာဉ်အသီးတွေ သီးစေတယ်။ အစေခံကျွန်က ဘာမှ မရပါဘူး။ ဒါပေမယ့် ပါဝင်ခွင့်ပေးတာပါ။ တခါတရံ စိုက်ရတယ်။ တခါတရံ ရိတ်သိမ်းရတယ်။ ကိုယ်က ကနဦး စလုပ်တဲ့သူ မဟုတ်ကြောင်း သတိရသင့်ပါတယ်။

တချို့က မျက်ရည်ကျပြီး လုပ်ဆောင်ခဲ့ပြီ။ သူတို့ဆုတောင်းသံကို ကောင်းကင်က မှတ်ထားတယ်။ ကိုယ်က သူများတွေထက် ပိုတော်တယ်၊ ပိုကောင်းတယ်လို့ မထင်ပါနဲ့။ ကိုယ်လည်း ခွင့်လွှတ်ခံရလို့ အသက်ရှင်နေတာပါ။ အမှုတော်မှာ နာခံတတ်ပါစေ။ ရိတ်သိမ်းချိန်မှာ ကျေးဇူးတော် ချီးမွမ်းရင်း လုပ်ဆောင်ပါ။ လုပ်ဖေါ်ဆောင်ဖက်တွေနဲ့ ဘုရားသခင်ကို ဘုန်းထင်ရှားစေပါ။ “နိုင်ငံတော် တည်ထောင်ပါစေသော။ တန်ခိုး၊ ဘုန်းအသရေနှင့် ကြီးမြတ်ခြင်းသည် ကိုယ်တော်၌ ကာလအစဉ်အဆက် ရှိပါစေသော။ အာမင်။”


c) ရှမာရိပြည်မှာ ဧဝံဂေလိ လုပ်ဆောင်ခြင်း။ (ယော ၄း ၃၉ - ၄၂)


'''ယော ၄း ၃၉ - ၄၂
၃၉ ရှမာရိ မိန်းမက၊ အကျွန်ုပ် ပြုဖူးသမျှသော အမှုအရာတို့ကို သူသည် ထုတ်ဖေါ်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူ အများတို့သည် ယေရှုကို ယုံကြည်ကြ၏။ ၄၀ ထို့ကြောင့် ရှမာရိလူတို့သည် အထံတော်သို့ရောက်လျင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ ၄၁ အခြားသောသူ အများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊ ၄၂ ထိုမိန်းမအား ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည် မဟုတ်။ စကားတော်ကို ကိုယ်တိုင် ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။ ”'''

အမျိုးသမီးရဲ့ စကားကြောင့် မြို့ထဲကလူတွေ ပြေးလာကြတယ်။ ဒါဟာ ဝင်းမှည့်နေတဲ့ စပါးခင်းကို မြင်ရတာပဲ။ ယုံကြည်ခြင်းနဲ့ ထဝရအသက်အကြောင်း ပြေပြပြီး အဲဒီမြို့မှာ နှစ်ရက်နေတယ်။ တပည့်တော်တွေလည်း လှည့်လည် ဟောပြောခွင့်ရတယ်။ ခရစ်တော်ကိုယ်တိုင်နဲ့ စကားတော်ကို မြို့သားတွေ မှတ်မှတ်ထင်ထင် ရှိကြတယ်။ ဘုရားသခင်ဟာ ခရစ်တော်အားဖြင့် ကြွလာပြီး လူတွေကို ကယ်တင်တယ် လို့ နားလည်ကြပြီ။ သူတို့ခေါ်တဲ့ နာမတော်က လောကီသားတို့ရဲ့ ကယ်တင်ရှင်ပါ။ လူတမျိုးတည်းရဲ့ ကယ်တင်ရှင် မဟုတ်ဘူး။ လူတိုင်းရဲ့အပြစ်ကို ယူဆောင်ပေးသူပါ။ မေတ္တာတော်က အဆုံးမရှိပါ။ ဒီနေ့တိုင်လည်း စာတန်လက်မှ အပြစ်ချည်နှောင်ခံရတဲ့ အပြစ်သားတွေကို ကယ်တင်ပေးနေဆဲပါ။ လောကီသားတွေကို တကယ် တရားစီရင်မယ့် သူပါ။ ရောမဘုရင် ဆီဇာကို လောကသားတွေရဲ့ ကယ်တင်ရှင်နဲ့ ကွယ်ကာသူ လို့ အမည်ပေးကြတယ်။ အခု ရှမာရိမြို့သားတွေကတော့ သခင်ယေရှုဟာ ဆီဇာထက် ကြီးမြတ်တယ်၊ လူတွေကို ထာဝရ ငြိမ်သက်ခြင်းကို ပေးတယ်လို့ နားလည်သွားတယ်။

ဆုတောင်း အပြစ်ရှိသော အမျိုးသမီးကို ကယ်တင်သောကြောင့် ကျေးဇူးတင်ပါ၏။ ဘုရားစကား နားထောင်ခြင်းက ကိုးကွယ်ခြင်းထက် ကောင်းပါ၏။ ဖင့်နွဲ မနေစေပါနှင့်။ လောကီသားတို့ ထာဝရအသက် ရဖို့ရာ အလျင်အမြန် ဟောပြောစေပါ။

QUESTION:

  1. ယေရှုခရစ်တော်အတွက်ကောက်လှိုင်းများရိတ်သိမ်းဖို့ရန်ဘယ်လိုအသုံးဝင်နိုင်မလဲ

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)