Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 002 (The word before incarnation)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
A - သခင်ယေရှုအားဖြင့် ဘုရားနှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း

1. လူ့ဇာတိမခံမှီ နှုတ်ကပတ်တော်ရဲ့ အလုပ်နဲ့ အနှစ်သာရ (ယောဟန် ၁း ၁ - ၅)


ယာဟန် ၁း ၁
“အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။”

လူက သူ့အတွေးနဲ့ စေတနာကို စကားနဲ့ ဖေါ်ပြတယ်။ လူဟာ သူ့စကားနဲ့ သူ့ဇာတိကို ပြတယ်။ သူ့စကားအားဖြင့် သူ့ရဲ့ သဘာဝနဲ့ စိတ်ရင်းကို သိနိုင်တယ်။

ဘုရားက သူ့နှုတ်ထွက်စကားနဲ့ ဘုရားသဘာဝကို ပြတယ်။ နှုတ်ထွက်စကားနဲ့ အာဏာတည်တယ်။ အစအဦးကတည်းက သူ့နှုတ်ထွက်စကားနဲ့ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။ “ဖြစ်စေ” ဆိုတာနဲ့ ဖြစ်ရတယ်။ ဒီနေ့အထိလည်း ဘုရားစကားက အစွမ်းထက်နေတယ်။ သင့်လက်ထဲက ရှင်ယောဟန်ခရစ်ဝင်ကျမ်းဟာ ဘုရားအစွမ်းတန်ခိုးနဲ့ ပြည့်နေတာကို သတိထားမိပါရဲ့လား။ ဒီကျမ်းဟာ ဟိုက်ဒရိုဂျင်ဗုံး ရှိသမျှထက် အားပိုပြင်းပြီး၊ ရင်ထဲက အဆိုးအညစ်တွေကို ချေဖျက်ကာ၊ အကောင်းတွေ တည်ဆောက်နိုင်တယ်။

“the word” “နှုတ်ကပတ်တော်” ဆိုတဲ့ ဂရိစကားမှာ အဓိပ္ပါယ် ၂ မျိုး ရှိတယ်။ ပထမက - ပါးစပ်ထဲက အသံထွက်လာစေတဲ့ လေ။ ဒုတိယက - အဖိုဖြစ်သော ဝိညာဉ်။ ဒီအဓိပ္ပါယ် ၂ မျိုးဟာ အာရဗစ်စကားမှာတော့ နောက်ကလိုက်တဲ့ ကြိယာအားဖြင့် အဖို၊ အမ ခွနဲိုင်ပါတယ်။ အင်္ဂလိပ်မှာတော့ နောက်ကလိုက်တဲ့ နာမ်စားနဲ့ ခွပဲါတယ်။ ဒါကြောင့် ရှင်ယောဟန်က “အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။” “ထိုနှုတ်ကပတ်တော်သည်” He လို့ သုံးတယ်။ ဒါက ခရစ်တော်ရဲ့ လျှို့ဝှက်ချက်တွေထဲက တခုပါ။ ခမည်းတော်ဘုရားရဲ့ နှုတ်တော်ထဲက လာတယ်။ ခမည်းတော်ရဲ့ အလိုတော်နဲ့ အကြံအစည်လည်း ဖြစ်တယ်။ ခရစ်တော်က ဘုရားနှုတ်ကပတ်တော်၊ ဘုရားထံမှ လာတဲ့ ဝိညာဉ်ဖြစ်တယ်။ ဒါက အပျိုကညာမှ မွေးဖွါးလို့သာ ဖြစ်နိုင်တယ်။ ခရစ်တော်ရဲ့အစက ဗက်လင်မြို့မှာ မွေးဖွါးခြင်း မဟုတ်သေးဘူး။ ကမ္ဘာမတည်ရှိမှီကတည်းက ခမည်းတော်ထံမှ လာပါတယ်။ ဒါကြောင့် ခရစ်တော်က ခမည်းတော်လိုပဲ၊ နှုတ်ကပတ်တော်လိုပဲ ထာဝရတည်တယ်။ မပြောင်းလဲဘူး။ ရှင်ယောဟန်က ခမည်းတော်နဲ့ ခရစ်တော်ရဲ့ အဓိက ဆက်နွယ်မှုကို ပြတယ်။ နှုတ်ကထွက်ပြီး၊ လေမှာ လွင့်ပျောက်သလို သီးခြား မဟုတ်ဘူး။ ခမည်းတော်နဲ့ နေတယ်။ အတူရှိတယ်။ “with God” “ဘုရားသခင်နဲ့ အတူရှိတယ်” ဆိုတဲ့ စကားဟာ ဂရိမှာ နှုတ်ကပတ်တော်ဟာ ဘုရားသခင်ထံ သွားနေတယ်။ ဘုရားသခင်အထဲမှာ ရောက်သွားတယ်လို့ ဆိုလိုတယ်။ ဒါကြောင့် ခရစ်တော်က ဘုရားသခင်ထံ အမြဲဦးတည်နေတယ်။ ဒီအချက်က ဝိညာဉ်တော် မွေးဖွါးသူတွေမှာလည်း ဒီလိုပဲ။ ဘုရားက မေတ္တာရဲ့ ပင်မအရင်းအမြစ် ဖြစ်နေလို့ပါပဲ။ ဒီမေတ္တာက သူ့ဟာသူ အသီးအခြား မနေဘူး။ မူလ နေရာကို ပြန်တယ်။ ပြန်ဝင်ရောက်တယ်။ တခြားအရာတွေလို ခရစ်တော်ကို ဘာမှ မရှိတဲ့အထဲက ဖန်ဆင်းထားတာ မဟုတ်ဘူး။ သားတော်ကိုယ်တိုင် ဖန်ဆင်းတဲ့ နှုတ်ကပတ်စကားတော် ဖြစ်နေတယ်။ အမိန့်တော် ပါလာတယ်။

ဒီကျမ်းပိုဒ်ရဲ့အဆုံးမှာ နှုတ်ကတ်တော်သည် ဘုရားသခင် ဖြစ်တော်မူတယ် ဆိုတဲ့ ထူးဆန်းတဲ့ စကားစုကို တွေ့ရတယ်။ ဒါကြောင့် ရှင်ယောဟန်က ပထမဆုံး ကျမ်းပိုဒ်တွေမှာပဲ ခရစ်တော်ဟာ ဘုရားသခင်ထံမှ လာတဲ့ ဘုရားဖြစ်တယ်။ အလင်းထဲကထွက်တဲ့ အလင်း။ ဖွါးမြင်ခြင်းခံတယ်။ ဖန်ဆင်းတာ မဟုတ်ဘူး။ ခမည်းတော်လိုပဲ ထာဝရ၊ တန်ခိုး၊ သန့်ရှင်း၊ ကရုဏာ တည်တယ်။ ခရစ်တော်ဟာ ဘုရားနှုတ်ကပတ်တော်လို့ ဝန်ခံသူတိုင်းက သူ့ဘုရားဇာတိကို ဝန်ခံကြမှာပါ။

''ဆုတောင်း ယရှုခရစ်တော်ဘုရား …. ကိုယ်တော်ဟာ ခမည်းတော်နဲ့အတူ ကာလအစဉ်အဆက် ရှိတော်မူခဲ့ပြီး၊ ခမည်းတော်ထံ အစဉ်အမြဲ ဥိးတည်နေလို့ ပြပ်ဝပ်ကိုးကွယ်ပါတယ်။ ကိုယ်တော်နဲ့ မကွာဖို့ မ,စ တော်မူပါ။ ကိုယ်တော်ထံ ဆက်ကပ်လျက်၊ မေတ္တာတော်၌ တည်စေတော်မူပါ။ ကျမ်းစကားကို နားလည်စေလို့ ကျေးဇူးတင်ပါတယ်။ စကားတော်ကို ယုံကြည်ခြင်းအားဖြင့် တန်ခိုးတော်ကို ခံစားရစေတော်မူပါ။''

မေးခွန်း ၆

  1. ရှင်ယောဟန် အခန်းကြီး ၁ ရဲ့ ပထမအပိုဒ်မှာ ခဏခဏ တွေ့ရတဲ့ စကားနဲ့ သူ့ရဲ့အဓိပ္ပါယ်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on March 28, 2019, at 05:32 AM | powered by PmWiki (pmwiki-2.3.3)