Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 003 (The word before incarnation)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
A - သခင်ယေရှုအားဖြင့် ဘုရားနှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း

1. လူ့ဇာတိမခံမှီ နှုတ်ကပတ်တော်ရဲ့ အလုပ်နဲ့ အနှစ်သာရ (ယောဟန် ၁း ၁ - ၅)


ယောဟန် ၁း ၂- ၎
ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ. ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာ တစုံတခုမျှ မရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။

ခရစ်တော်က သူ့အတွက် အသက်ရှင်နေတာ မဟုတ်။ ဘုရားသခင်အတွက်သာ အမြဲအသက်ရှင်တယ်။ ခမည်းတော်နဲ့ ခွမဲ နေဘူး။ ခမည်းတော်ထံကို အမြဲဦးတည်တယ်။ ခမည်းတော်နဲ့ အတူနေတယ်။ အမြဲရှိတယ်။ ဒီလို ခရစ်တော်က ခမည်းတော်ထံ ဦးတည်နေခြင်းဟာ ရှင်ယောဟန်အတွက် အရေးကြီးလို့ အစပိုင်းမှာ ခဏခဏ ထပ်ပြောတယ်။ ခရစ်တော်နဲ့ ခမည်းတော်ရဲ့ ဒီလိုတည်မြဲတဲ့စည်းလုံးမှုဟာ သုံးပါးတဆူရဲ့ လျှို့ဝှက်ချက် တခု ဖြစ်တယ်။ သီးခြားပုဂ္ဂိုလ်သုံးပါး ကင်းကွာနေတာမျိုး မဟုတ်ဘဲ၊ မေတ္တာနဲ့ ပြည့်နေတဲ့ တဆူတည်းသော ဘုရားကို ယုံပါတယ်။ ထာဝရဘုရားဟာ တကိုယ်တည်းနေတာ မဟုတ်ဘဲ၊ သားတော်နဲ့အတူ စုံလင်မျှတစွာ အမြဲနေတယ်။ ဝိညာဉ်တော်က ဘုရားမေတ္တာ သွန်းလောင်းပေးတာ မခံစားဖူးရင် ဒီတရားအနှစ်သာရကို မခံယူနိုင်ဘူး။ ဘုရားမေတ္တာက ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် တလုံးတဝတည်း ညီညွတ်စေတယ်။ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့အခါ တပါးတည်း တိတ်တဆိတ် ဖန်ဆင်းတာ မဟုတ်ဘူး။ နှုတ်ကပတ်တော်အားဖြင့် ဖြစ်စေတယ်။ ခရစ်တော်က နှုတ်ကပတ်တော် ဖြစ်တာကြောင့် ကမ္ဘာဟာ ခရစ်တော်ကြောင့် ဖြစ်လာတယ်။ ဒါက ခရစ်တော်ဟာ ကယ်တင်ရှင်၊ အပြစ်ဖြေပေးသူ၊ ရွေးနှုတ်သူသာမက ဖန်ဆင်းရှင်လည်း ဖြစ်တယ်လို့ ဆိုလိုတယ်။ ခရစ်တော်မပါဘဲ ဘာမှဖြစ်တည်မဖြစ်တည်တဲ့အတွက် သူဟာ အနန္တတန်ခိုးရှင် ဖြစ်တယ်။ သူမလုပ်ဘဲ ဘာမှ ဖြစ်မလာတဲ့အတွက် အားလုံးကို သူထိန်းချုပ်တယ်။ ခရစ်တော် ဘယ်သူဆိုတာ နားလည်လက်ခံဖို့ စိတ်နှလုံး ကျယ်ပြောလာပါစေ။ ခေတ်ပေါ်သိပ္ပံတွေ့ရှိချက်တွေ၊ အခြေခံ ဓါတ်မှုန်တွေ၊ ကြယ်တာရာတွေဟာ ဘာမှမဟုတ်ဘူး။ ခရစ်တော်ရဲ့ ဘုန်းတော်၊ တန်ခိုးတော်ကို အရိပ်အမြွက် ဖေါ်ပြနေတဲ့ အရာတွေသာ ဖြစ်တယ်။

ကိုယ့်ရဲ့အသံ၊ အကြောအချဉ်တွေ၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ နှလုံးခုန်သံတွေဟာ ခရစ်တော်ပေးတဲ့ လက်ဆောင်တွေသာ ဖြစ်တယ်။ ကျေးဇူးတင်စရာ မကောင်းဘူးလား?

ဘုရားသခင်၊ နှုတ်ကပတ်တော်၊ ဝိညာဉ်တော်ကလွလဲို့ အားလုံးဟာ ဖန်ဆင်းထားတာပါ။ ဘုရားက ထာဝရ တည်တယ်။ အသက်ရှင်တယ်။ သန့်ရှင်းတယ်။ ဘုရားသခင်လိုပဲ ခရစ်တော်က အသက်ရဲ့ပင်မ အရင်းအမြစ် ဖြစ်တယ်။ အပြစ်ဒုစရိုက်ရဲ့ သေခြင်းထဲမှ အသက်ရှင်စေတယ်။ ထာဝရအသက်မှာ တည်စေတယ်။ ခရစ်တော်ရဲ့ အသက်က သေခြင်းကို အောင်မြင်တယ်။ အသက်ရှင်ခြင်း တန်ခိုးနဲ့ သေခြင်းကို အောင်မြင်တယ်။ ခရစ်တော်ဟာ ဖန်ဆင်းရှင်သာမက အသက်ရဲ့ ပင်မလည်း ဖြစ်တယ်။ သန့်ရှင်းလို့ သေခြင်းနဲ့ ကင်းလွတ်တယ်။ ဘုရားသခင်နဲ့ သားတော်မှာ ဘာအပြစ်မှ မရှိ။ ဒါကြောင့် ထာဝရအသက်ရှင်တယ်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းမှာ ခရစ်တော်ရဲ့ အသက်အကြောင်းကို ခဏခဏ တွေ့ရတယ်။ ဒီအသက်ဟာ ခရစ်တော်ရဲ့တရားမှာ အခြေခံအချက် တချက် ဖြစ်တယ်။ နေရောင်ခြည်က ကမ္ဘာကြီးကို အသက်ရှင်စေတယ်။ ဒါပေမယ့် ခရစ်တော်အကြောင်း စဉ်းစားရင် ဒီအချက်က မမှန်တော့ဘူး။ ခရစ်တော်ရဲ့ အသက်ကသာ အလင်းနဲ့ မြော်လင့်ခြင်းကို ပေးတယ်။ ခရစ်ယာန်တရားက သေခြင်းနဲ့ တရားစီရင်ခြင်းကို ပြောတဲ့တရား မဟုတ်ဘူး။ အသက်၊ အလင်းနဲ့ မြော်လင့်ခြင်းကို ပြောတဲ့ တရားသာ ဖြစ်တယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက စိတ်ပျက်စရာတွေ အားလုံးကို လွင့်ပါးသွားစေတယ်။

သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်တဲ့အတွက် ဘုရားရဲ့အသက်ကို ဝေမျှခံစားရတယ်။ လောကီသားတွေက အပြစ်ကြောင့် မှောင်မိုက်နေတယ်။ ခရစ်တော်ကတော့ အလင်းမှာရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ ခရစ်တော်မှာ အမှောင် မရှိ။ မကောင်းမှု မရှိ။ ဒုစရိုက် မရှိ။ ဒါကြောင့်လည်း ခရစ်တော်က ဘုန်းအပြည့် ထင်ရှားတယ်။ အလင်းထက်မက ထွန်းလင်းတယ်။ ဒါပေမယ့် ရှင်ယောဟန်က ထွန်းလင်းတဲ့ ခရစ်တော်ရဲ့ အလင်းနဲ့ မစဘဲ၊ ခရစ်တော်ရဲ့ အသက်နဲ့ တန်ခိုးနဲ့ စတယ်။ ခရစ်တော်ရဲ့ သန့်ရှင်းခြင်းကို သိရင် ကိုယ့်အပြစ်ကို မြင်လာတယ်။ တရားစီရင်ခြင်းနဲ့ ပြစ်ဒဏ်ခံရမှာကို သိလာတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ အသက်က လူကို အသက်ရှင်စေတယ်။ ခရစ်တော်အကြောင်းကို ဆင်ခြင်ရင် စိတ်သက်သာရာ ရတယ်။ လန်းဆန်းလာတယ်။ သခင်ယေရှုက လူတွေရဲ့အလင်း ဖြစ်တယ်။ သူ့အတွက် သူလင်းတာမဟုတ်ဘူး။ သ့ဂူုဏ်သူမရှာဘူး။ လူတွေအတွက် လင်းရတယ်။ လူတွေက အလင်းရဲ့သားတွေ မဟုတ်၊ အမှောင်သားတွေပါ။ လူတွေ ဆိုးညစ်တယ်။ ဒါပေမယ့် အမှောင်ရိပ်ကို သိမြင်ပြီး၊ ခရစ်တော်ကို နှစ်သက်ဖို့ ခရစ်တော်က ဥာဏ်အလင်း ပေးတယ်။ ဧဝံဂေလိတရားကြောင့် သေခြင်းမှ ထမြောက်ကာ အသက်ရှင်ခြင်းသို့ ဝင်စားရတယ်။ ခရစ်တော်က သွေးဆောင်တယ်။ ခေါ်တယ်။ အလင်းတော်အားဖြင့် ဝမ်းနည်းစရာ အခြေအနေကို စွန့်ခွါစေတယ်။ လူက ခရစ်တော်ထံ ဆုံးဖြတ်ချက်နဲ့ ယုံကြည်မှုနဲ့ ချဉ်းကပ်တယ်။

''ဆုတောင်း သခင်ယေရှုဘုရား၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတဆူ ဖြစ်သောကြောင့် ကိုယ်တော်ကို ဦးညွတ်ပါ၏။ ကိုယ်တော်သည် ခမည်းတော်နှင့်အတူ ကမ္ဘာလောကကြီးကို ဖန်ဆင်းတော်မူပါ၏။ အသက်ကို ပေးပါ၏။ မိုက်မှားမိသမျှကို ခွင့်လွှတ်၍ ညဏ်အလင်းဖြင့် အပြစ်အမှောင်များကို စွန့ခ်ွါလျက် ထာဝရအသက် အလင်းသို့ ဝင်ခွင့်ပေးပါ၏။''

မေးခွန်း ၇

  1. ယောဟန်ခရစ်ဝင်ကျမ်း အစ၌တွေ့ရသော ခရစ်တော်၏ characteristics သဘာဝ ၆ မျိုးကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on March 28, 2019, at 05:32 AM | powered by PmWiki (pmwiki-2.3.3)