Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- Tracts -- Tract 10 (Do not be afraid, for I have redeemed you, I have called you by name; you are Mine!)
This page in: -- Armenian -- Baoule? -- BURMESE -- Chinese -- Dagbani? -- Dioula? -- English -- French? -- German -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean? -- Lingala? -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai? -- Turkish? -- Twi? -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 10 -- မစိုးရိမ်နဲ့၊ သင့်ကို ငါရွေးနှုတ်ပြီး ငါ့နာမဖြင့် ချည်ပြီ၊ သင့်ကိုငါ ပိုင်၏ (ဟေရှာယ ၄၃း၁)


လူတိုင်းသည် ပြဿနာတွေနဲ့ အန္တရာယ်တွေ သူ့အပေါ် ရောက်မှာကို စိုးရိမ်ကြောက်ရွံ့ ကြသည်။ တစ်ဦးတစ်ယောက်သည် အနားမှာ မတော်တဆ တစ်ခုခုအရေးကြုံတဲ့အခါ ထိတ်လန့်ကြသည်။ တစ်ချို့သည် သွေးထွက်သံယိုစစ်ပွဲများနှင့် အန္တရာယ်ရှိတဲ့ရောဂါအကြောင်းများကို ကြားနာမြင်တွေ့သောအခါ စိတ်နှလုံးထဲ၌ တုန်လှုပ်နေသည်။ ဒါပေမယ့် အသက်ရှင်တော်မူသော ဘုရားသခင်က ကြောက်ရွံ့စိုးရိမ်ခြင်း မရှိနဲ့လို့ ခွန်အားပေးကာ သူသည်သင့်ကို တိုက်ခိုက်နိုင်သော သူတစ်ပါးထက် တန်ခိုးကြီးပါတယ်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်တော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားထောင်ရမှဖြစ်တယ်။

ဘုရားသခင်သည် ညစ်ညူးသော နတ်ဆိုးများအား ကြောက်ရွံ့မှုကို တားမြစ်သည်။ နတ်ဆိုးကို ကြောက်တဲ့လုပ်ရပ်မျိုးတွေကိုမလုပ်ဖို့ မပူဇော်ဖို့ရန် ဘုရားသခင်အလိုရှိသည်။ ဘာကြောင့်လဲဆိုတော့ ဘုရား သခင်သည် ထိုနတ်ဆိုးများထက် သာ၍ တန်ခိုးကြီးကာ သူ့သားသမီးများကို ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။

ဘုရားသခင်သည် ကျွန်တော်တို့ကိုချစ်သောကြောင့် အနာဂတ်ကြောက်ရွံ့ခြင်းကနေ လွတ်ပေးချင် ပါသည်။ ကမ္ဘာ့စစ်ဘေးအန္တရာယ်အမျိုးမျိုးဖြစ်သော်လည်း မကြောက်ဖို့ရန် ဘုရားသခင်မိန့်မှာထားပါတယ်။ ဘုရားသခင်မှတစ်ပါး ကျွန်တော်တို့အဘို့ အဘယ်သူမျှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေ။ သူသည် ကျွန်တော်တို့ ပြဿနာထက် သာ၍ ကြီးမားပါတယ်။ ကိုယ်တော်ကို အပြည့်အဝ ကိုးစားရမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်သည် အလုပ်လက်မဲ့နေခြင်းမှ၊ ငတ်မွတ်ခေါင်းပါးမှုမှ စိတ်ကျရောဂါမှ ကျော်လွှားဖို့ရန် အလိုရှိ ပါတယ်။ သူသည်အမြဲတမ်း ကူညီမစဖို့ရန် အဆင်သင့်နေတာဖြစ်တယ်။ ထို့ကြောင့် သင့်ရဲ့ လုပ်ငန်းတွေမှာ ဘုရားကိုယုံကြည်ခြင်းဖြင့် သင့်အလုပ်အကိုင်အတွက် လုံ့လဝီရိယနဲ့ လုပ်ဆောင်ပါ။ ဘုရားသခင်ရဲ့ ကောင်း ကြီးမင်္ဂလာကို မြင်တွေ့နိုင်မှာဖြစ်တယ်။ ကိုယ်တော်ကို မျှော်ကြည့်ပါ။ သင့်အန္တရာယ်များအလယ်၌ သူ့ရဲ့ လမ်းညွန်မှုနှင့် နှစ်သိမ့်ခြင်းကို ခံရမှာဖြစ်တယ်။

ဘုရားသခင်သည် ရန်သူများလက်မှ သင့်ကိုမနာလိုသူများထဲမှ၊ ကိုယ့်ကို အန္တရာယ်ပေးနိုင်မယ့် လူတွေ လက်မှ ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။ ကိုယ်တော့် ရှေ့တော်သို့ တိုးဝင်ရင် သူ့အလိုတော်အတိုင်း အသက်ရှင်ကြည့်ပါ။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို မြင်တွေ့ပါလိမ့်မည်။ ကျွန်တော်တို့ လိုအပ် ချိန်တိုင်းမှာ သူသည် ကျွန်တော်တို့၏ တန်ခိုးတော်နဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားမှတစ်ပါး အခြားသောနေရာသို့ လှည့်မထွက်ပါနဲ့။

ဘုရာသခင်သည် သေခြင်းကို ရင်ဆိုင်ဖို့ တုန်လှုပ်သော စိတ်ထား၊ ပြစ်ဒဏ်ကနေ ကြောက်ရွံ့ တုန်လှုပ်ဖို့ ငရဲမီးအိုင်ကို ကြောက်ရွံ့ဖို့ရန် အလိုမရှိဘူး၊ သူသည် အဲဒီကြောက်ရွံ့ဖွယ်ကောင်းသော အရာများမှ ကာကွယ်နိုင်သောသူနှင့် ကယ်တင်ရှင်သောသူဖြစ်ပါတယ်။ ဘုရာသခင်သည် အသက်၏စမ်းရေတွင်းဖြစ်သည်။ သူသည် အသက်ဖြစ်တယ်။

ကိုယ်တော့်ထံသို့ ချဉ်းကပ်လာပါ။ သင်သည် ဘဝနှင့်သေမင်း၏အလယ်၌ ငြိမ်းချမ်းမှုကို ရရှိပါမည်။ ဘုရားသခင်သည် ယုံကြည်ရုံဖြင့် အပြစ်ရှိသမျှအားလုံး လွတ်ခြင်းကို ရရှိမှာဖြစ်တယ်။ ကျွန်တော်တို့ မကောင်း သောအကျင့်မှ ကိုယ်တော်မှတပါး သန့်ရှင်းပေးနိုင်သူမရှိပါ။ တရားစီရင်သောနေ့တွင် သူ့ဒေါသ အမျက်အား ဖြင့် သင့်ကို ဖျက်ဆီးဖို့ သူသည် ဆန္ဒမရှိပါ။ မိမိရဲ့ကောင်းမှုကုသိုလ်အကျင့်အားဖြင့် ကိုယ့်ကိုကိုယ် ကယ်တင် နိုင်မည်ကို မစဉ်းစားပါနဲ့။ ဘုရားသခင်ကိုယ်တော်တိုင် ကျွန်တော်တို့ကို ချစ်တော်မူပြီး ကျွန်တော်တို့ အဘို့ ထာဝရအောင်မြင်မှုတံခါး ဖွင့်လှစ်ထားသောသူပါ။ ထာဝရမေတ္တာနဲ့ ပြည့်ဝတော်မူသော ဘုရားသခင် သည် မိမိတို့ မစင်ကြယ်သောနှလုံးသား၊ မိမိတို့ မာနထောင်လွှားခြင်းတို့မှ ကယ်တင်မစဖို့ရန် ကာကွယ် စောင့်ရှောက်ဖို့ရန် အဆင်သင့်ပါပဲ။ ကျွန်တော်တို့သည် သွေးဆောင်ခြင်းတို့ ကြုံတွေ့သောအခါ စိတ်နှလုံးခိုင်ခံ့ စေဖို့ မုသားစကားများ ကျော်လွှားစေဖို့ ကူညီမစမှာဖြစ်တယ်။ သူသည် သန့်ရှင်းသောကြောင့် ကျွန်တော်တို့ အသက်တာသည်လည်း ဝိညာဉ်တော်အားဖြင့် သန့်ရှင်းပေးမှာဖြစ်တယ်။

ဘဝမှာ ဘယ်လိုအခြေအနေတွေကြုံတွေ့ပါစေ ဘုရားသခင်ကတော့ မစိုးရိမ်ဖို့နဲ့ ငြိမ်သက်စွာနေဖို့ အလိုရှိပါတယ်။ ကျမ်းစာထဲမှာ (၃၆၅)ကြိမ် “မစိုးရိမ်နဲ့”လို့ ခဏခဏဖော်ပြပါတယ်။ ဘုရားသခင်၏ အလိုတော် အတိုင်း အသက်ရှင်ကြည့်ပါ။ သူ့ရဲ့တန်ခိုးတော်အားဖြင့် ကြုံတွေ့နေတဲ့ စိုးရိမ်ပူပန်မှုမှ ကျော်လွှားခြင်းကုငိ မြင်တွေ့နိုင်မှာဖြစ်တယ်။ သင့်ရဲ့မိဘများ မလုပ်ပေးနိုင်တဲ့၊ မရှင်းပေးနိုင်တဲ့ သင့်ရဲ့ ရည်ရွယ်ချက်များကို သူသည် ပြည့်စုံစေမှာ ဖြစ်တယ်။ ဘုရားသခင်ထံတော်ပါးမှာ သင့်ရဲ့ကြောက်တတ်သော စိတ်ကို အပ်နှံထား လိုက်တာနဲ့ သင့်ရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်နေစရာမလိုအောင် သူမစမှာဖြစ်တယ်။ ဘုရားသခင်က ဘာကြောင့် ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ခြင်းကို ပေးချင်လဲဆိုတော့ အောက်ပါအတိုင်း လေ့လာနိုင်မှာဖြစ်တယ်။

သင့်ကို ငါရွေးတော်မူ၏။ ။ ယာကုပ်၏ သားသမီးသည် အဲဂုတ္တုပြည်၌ ကျွန်ခံကာ ဖာရောမင်းဘုရင်၏ မထီမဲ့မြင်ပြုခြင်း သူ့ရဲ့အသုံးချခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ထိုသူတို့သည် ဘုရားသခင် ကာကွယ် စောင့်ရှောက်မှုကို ယုံကြည်စိတ်ချကြသည်။ ထို့ကြောင့် ဘုရားသခင်သည် မိသားစုတိုင်း၏ အိမ်၌ သိုးသူငယ် တော်၏ အသွေးတော်နဲ့ အမှတ်အသားလုပ်ရန် မိန့်မှာခဲ့တယ်။ ထိုအသွေးအမှတ်အသားမရှိတဲ့ အိမ်သည် ဘုရားသခင်မှ သားဦးကို သတ်ဖြတ်မှာဖြစ်တယ်။ ဒါပေမယ့် အသွေးတော်နဲ့ အမှတ်အသားရှိသော တံခါးသည် ဘုရားသခင်၏ ကာကွယ်ခြင်းကို ရရှိမှာ ဖြစ်တယ်။ ယာကုပ်ရဲ့ မျိုးနွယ်စုသည် ဘုရားသခင်၏ အမိန့်ကို နာခံ သောကြောင့် စိတ်ချစွာ နေကြသည်။ ဒီကနေ ဘုရားသခင်က သိုးသူငယ်တော်၏ အသွေးအားဖြင့် မိမိတို့ ကျွန်အဖြစ်ကနေသူတို့ကို လွတ်မြောက်ခြင်းပေးကာ ဂတိတော်ပြည်မှာ လွတ်လပ်စွာ နေထိုင်ဖို့ ပို့ဆောင်ပေးခဲ့ သည်။

အာဗြဟံသည် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းဖို့ မီးရှို့ရာယဖ်အတွက် မိမိ၏သားကို ယဇ်ကောင် အဖြစ် ပူဇော်ရန် လုပ်ဆောင်သောအခါ ဘုရားသခင်၏ ရွေးနှုတ်ခြင်းမှ လျှို့ဝှက်ချက်ကို ရရှိသော သူဖြစ်တယ်။ အာဗြဟံသည် မိမိ၏သားနဲ့ ယဖ်ပူဇော်ဖို့ လုပ်နေချိန်တွင် ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦး သတ်ဖြတ်ရာမှ တားဆီးကာ အခြားသော သိုးကောင် ယဇ်ပူဇော်ဖို့ရန် ပြင်ဆင်ပေးတယ်။ ဘုရားသခင်သည် သူ့ရဲ့ကရုဏာ အားဖြင့် သူ့ရဲ့သားသမီးများ ရွေးနှုတ်ကာ ကယ်တင်သောအရှင်ဖြစ်ပါသည်။

ယနေ့ ဘုရားသခင်၏ ဂတိတော်စကားသည် “သင့်ကို ငါရွေးနှုတ်တော်မူပြီ” ဟုဖြစ်ပါတယ်။ သင့်ကိုငါ ရွေးနှုတ်တော်မူပြီဆိုသောစကားသည် ပြီးစီးခဲ့ပြီးဖြစ်သော အတိတ်ကတည်းက ပေးထားခဲ့သော ဂတိတော် စကားဖြစ်ပါတယ်။ ဒါဟာ သင်သည် ကယ်တင်ခြင်းသို့ ရောက်ပြီး တစ်ဖန်ပြုစရာမလိုကြောင်းကို ဖော်ပြတာ ဖြစ်တယ်။ ဘုရားသခင်သည် သူရွေးနှုတ်ခဲ့ပြီဆိုတာကို သင့်အသက်တာအားဖြင့် အကောင်အထည် မြင်တွေ့ ချင်ပါတယ်။ သင့်ထိုဂတိတော်အတိုင်း အသက်ရှင်ရန် ဘာကိုမှ စိုးရိမ်ကြောက်တော့မှာမဟုတ်ဘဲ အနာဂတ် အတွက် မျှော်လင့်ချက်တွေ ရရှိလာမှာဖြစ်တယ်။ ဘုရားသခင်သည် စာတန်၏လှည့်စားခြင်းမှ၎င်း၊ သင့်အပြစ် တရားတန်ခိုးမှ တရားစီရင်တော်မူခြင်း ရွေးနှုတ်ကယ်တင်မှာဖြစ်တယ်။ သင့်ရဲ့ ရွေးနှုတ်ခြင်းကို တရားဝင်အသိ အမှတ်ပြုပါ။ ဒီရွေးနှုတ်ကယ်တင်ခြင်းသည် မိမိအလိုတိုင်း အစာရှောင်နိုင်လို့၊ ဆုတောင်းနိုင်လို့၊ ယဇ်ပူဇော် နိုင်လို့၊ ဘုရားအတွက် အစေခံနိုင်လို့ မဟုတ်ပါဘူး။ ထာဝရဘုရားသည် သင့်အဘို့ ကြိးစွာသော ရွေးနှုတ်မှု ပြီးစီးခဲ့ပြီ။ သူ့ရဲ့ရွေးနှုတ်ကယ်ငတ်မှုသည် အခမဲ့ဖြစ်ပါသည်။ ထို့ကြောင့် မကြောက်ပါနဲ့၊ မစိုးရိမ်ပါနဲ့။ ဒီအခွင့်ထူး ကျေးဇူးပြုခြင်းကို ဝမ်းသာစွာနဲ့ လက်ခံပါ။ သင့်ကိုရွေးနှုတ်သောသူကို ယုံကြည်ပါ။ သင့်ရဲ့ရွေးနှုတ် ကယ်တင်ခြင်းကိုုယုံကြည်ပါက သင့်ရဲ့ယုံကြည်ခြင်းနဲ့အညီ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

အခြေအနေသည် မည်ကဲ့သို့ပင်ဖြစ်ပါစေ သနားတော်မူတတ်သော ဘုရားသခင်သည် သင်၏အဆင် မပြေမှုမှ၎င်း သေမင်း၏လက်နက်ကနေ သင့်ကို လွတ်မြောက်စေဖို့အလိုရှိပါတယ်။ ခရစ်တော်၏ အသွေးတော် အားဖြင့် သင့်ကို ရွေးနှုတ်ကယ်တင်တာဖြစ်တယ်။ ခရစ်တော်ယေရှုသည် ဘုရားသခင်၏ သိုးသူငယ်ဖြစ်ကာ သင်၏အပြစ်များအတွက် လက်ဝါးကပ်တိုင်မှာ သင့်ကိုယ်စား ပြစ်ဒဏ်ခံရတာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင် သည် ကျွန်တော်တို့ကို တရားမစီရင်ဘဲနဲ့ အပြစ်လွတ်ခြင်းကိုပေးမှာဖြစ်ပါတယ်။

သင်၏နာမည်ဖြင့် သင့်ကိုငါခေါ်တော်မူပြီ။ ဘုရားသခင်သည် သင့်ကို အမှန်တကယ် ရွေးနှုတ်တော်မူ ကြောင်းကို ဘယ်တော့မှ မမေ့ပါနဲ့။ ဘုရားသခင်သည် သေခြင်းမှ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းမှ၊ အပြစ်တရား၏လက်မှ လွတ်မြောက်ခြင်းလမ်းကို ပြင်ဆင်ပေးတော်မူ၏။ ဘုရားသခင်သည် ရွေးနှုတ်ကယ်တင် ပေးရုံသာမက သင့်ကို နာမည်နဲ့ခေါ်သော ဘုရားလည်းဖြစ်တယ်။ ကြောက်စရာကောင်းသော တရားသူကြီး ကဲ့သို့ သင့်ကိုခေါ်တာမဟုတ်ဘူး။ ကြင်နာစွာနဲ့ သင့်ထံသို့ဦးတည်ကာ ခေါ်နေသောဘုရားဖြစ်ပါတယ်။

ဘုရားသခင်သည် ကျွန်တော်၊ မ တို့ နာမည်ကိုသိတယ်။ သင့်ကို သင်သိတာတာထက် ဘုရားသခင် သည်ပို၍သိပါတယ်။ သင့်ရဲ့လျှို့ဝှက်ချက်များကို သူသိတယ်။ အထံတော်မှ ဖွင့်လှစ်ထားတယ်။ သူသည် သင်ဖြစ်သည်အတိုင်းကို ချစ်တာဖြစ်ပါတယ်။

ဘယ်လောက်အံ့သြစရာကောင်းသလဲ၊ ကြီးမြတ်သော ဘုရားသခင်သည် သင်၏နာမည်ဖြင့် သင့်ကိုခေါ်တယ်။ အရေးမပါသောသူဖြစ်သော်လည်း သူ့အတွက် သင်သည် အရေးကြီးသောပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်။ သူသည် သင့်ကိုသိကာ ဂရုစိုက်သောသူလည်းဖြစ်တယ်။ သူသည် သင့်ကို လက်ဆောင်တွေ ပေးသနားခြင်းနှင့် ကျွန်ခံရာသင့်ရဲ့ အတွင်းစိတ်ချည်နှောင်မှုမှ လွတ်မြောက်ခြင်းကို ပေးချင်တယ်။ သားသမီး များသည် အပြင်ဆော့ကစားနေချိန် မိဘများက ခေါ်တဲ့အခါ သူ့ရဲ့မိဘအသံဆိုတာသူတို့သိတယ်။ သူတို့ အရေးကြုံလာတဲ့အခါ မိဘက သူတို့ဘေးမှရှိတယ်။ ထိုနည်းတူ သင်တစ်ယောက်ထဲ ဖြစ်ဖြစ် ဘယ်မှာပဲရှိရှိ ဘုရားသခင်သည် သင့်ကိုလိုက်ရှာကာ နာမည်နဲ့သင့်ကိုခေါ်နေပါတယ်။ သင်မတတ်နိုင်တာကို ကူညီပေးဖို့ ဖြစ်တယ်။ သူသည် သင့်ကိုနာမည်နဲ့ခေါ်နေတာကို ဘယ်တော့မှ မေ့လျှော့မနေပါနဲ့။

ယေရှုသည် လောကမှာ အသက်ရှင်စဉ်ခါမှာ သူရောက်လာပြီး သုံးရက်ကွယ်လွန်သွားခဲ့သော သူ၏ မိတ်ဆွေ လာဇရုသင်္ချိုင်းသို့သွား၏။ ယေရှုသည် သူနဲ့ပါလာတဲ့လူများကို သင်္ချိုင်းအုပ်ထားသောကျောက်များကို ရွေ့ဖို့ပြောတယ်။ ဒါပေမယ့် လူတွေက မလုပ်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ လာဇရုသည် သေတာ သုံးရက်လောက်ရှိပြီဖြစ်တယ်။ ကျောက်များကို ရွေ့ပြီးတဲ့နောက် ယေရှုသည် ကျယ်သောအသံနဲ့ “လာဇရု ထွက်၍လာလော့” ဟု ခေါ်တဲ့အခါ သေလွန်သောသူသည် မိမိပတ်ထားသော အဝတ်နဲ့ ထွက်လာ၏။ ယေရှုရဲ့အသံတော်သည် သေပြီးသားလူတောင်ရှင်ပြန်ထမြောက်စေပါတယ် (ယောဟန် ၁၁း၃၄-၄၄)။ သခင်ယေရှုမှာ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိပါတယ်။

ခရစ်တော်ယေရှုသည် ဘုရားသခင်နဲ့အတူ ယနေ့အတူ တည်ရှိနေတာဖြစ်တယ်။ မိမိရဲ့အသံကို ကြားဖို့ရန် တစ်ယောက်စီတိုင်းကို နာမည်နဲ့ခေါ်သော ဘုရားဖြစ်ပါတယ်။ ဒီကနေ့လည်း သူသည်သင့်ရဲ့ နာမည်နဲ့ ခေါ်နေပါတယ်။ သင့်ရဲ့မာနထောင်လွှားခြင်းမှ စွန့်ခွာကာ အသက်ရှင်နိုင်ဖို့ အပြစ်၏အခ သေခြင်းမှ ရှင်ပြန်ထမြောက်စေပါတယ်။ ဒီကနေ့ သူ့ရဲ့ခေါ်ဆိုသံကို ကျေးဇူးတင်ခြင်းနဲ့ ပြန်ထူးပါ။

ဂရိစကားလုံး အသင်းတော် “ecclesia” ဟာ အထူးအဓိပါယ်ရှိခဲပါတယ်။ အသင်းတော်ဆိုတာသည် ရွေးနှုတ်ခံရသော တာဝန်ရှိသူတွေကို ဆိုလိုတာဖြစ်သည်။ ဆိုလိုတာက အသင်းတော်သည် ဘုရားသခင် ခေါ်ခံရသော ရွေးနှုတ်သူတွေဖြစ်တယ်။ မကောင်းသောအကြံအစည်များနဲ့ အပြစ်များကို စွန့်ခွာဖို့ သေခြင်း တရားနှင့် သခင်၏ဝိညာဉ်တော်အားဖြင့် မာရ်နတ်ကို ကျော်လွှားဖို့၊ ဒီကမ္ဘာမြေ၏သွေးဆောင်ခြင်းမှ လွတ် မြောက်ဖို့ရန် အခြားသူများအတွက် တာဝန်ယူပေးပြီး ဆုတောင်း ကူညီမစဖို့ရန် အသင်းတော်ကို ဘုရားသခင် ခေါ်ပြီး ရွေးနှုတ်ခြင်းဖြစ်ပါသည်။

မိမိကိုယ်ကို စစ်ကြောကြည့်ပါ။ မိမိအသက်တာသည် အခြားသူများအတွက် တာဝန်ယူပေးတတ်သော ရွေးနှုတ်သူဖြစ်ပြီလား သို့မဟုတ် မိမိအသက်တာသည် အပြစ်နဲ့သွေးဆောင်မှုကို မကျော်လွှားနိုင်သေးသော ပုဂ္ဂိုလ်ဖြစ်နေတာလား? ဘုရားသခင်ရဲ့အစေကိုခံရန် သူကမိမိရဲ့နာမည်နဲ့ခေါ်တော်မူသည်ကို မှတ်သားထာပါ။ ကိုယ်တော့်အတွက် သင့်ရဲ့အဖြေသည် ဘာဖြစ်မလဲ?

သင့်ကိုငါပိုင်၏။ “သင့်ကိုငါပိုင်၏” ဟု သန့်ရှင်းသောဘုရားသခင်၏ အသိအမှတ်ပေးခြင်းဖြစ်ပါတယ်။ သင့်ကို ဒီအတိုင်း ဖန်ဆင်းထားပြီး ပစ်မထားဘူး၊ သင့်ရဲ့အပြစ်ကနေ ကယ်နှုတ်ကာ ကယ်တင်ခြင်း ဆုကျေးဇူး ကိုပေးတယ်၊ ဖြောင့်မတ်ခြင်းကိုပေးတယ်၊ သင်ဖြစ်သည်အတိုင်းကို လက်ခံတယ်။ ဒီအာမခံချက်က သင်သည် အခြားသောသူတွေထက် တော်လို့တတ်လို့၊ ချမ်းသာလို့မဟုတ်ပါဘူး၊ ဘုရားသခင်ရဲ့ ရွေးနှုတ်ခြင်းကို ယုံကြည် သောကြောင့်သာဖြစ်ပါတယ်။ ဘုရားသခင်က “သင်သည် သူ့အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ အဖိုးတန်ဖြစ် ကြောင်းကို ရှင်းပြပါတယ်။ သင်သည်မိမိအသက်တာကို ပိုင်တာမဟုတ်ဘူး၊ ဘုရားသခင်ကပဲ ပိုင်တာဖြစ်တယ်။ ဘုရားသခင်ရှေ့မှာ ထူးခြားစွာ တန်ဖိုးရှိတယ်။ ဘုရားသခင် ငါသည်သင့်ကို မစွန့် သင်နှင့် အတူပါရှိမယ်ဆိုပြီး ကတိပေးပါတယ်။ သင်သည်ငါ၏မိသားစုဝင် ဖြစ်တယ်။ ငါသည် သင်၏ အာမခံချက်ဖြစ်၏။ ငါသည် သင်တို့ အဘို့ တာဝန်ဆောင်ရွက်ပြီး သင်၏နာမည်ကိုဘယ်တော့မှ မေ့လျော့မည်မဟုတ်ပါ။ အဘယ်သူ မျှ ငါ့လက်မှ လုနိုင်မည်မဟုတ် သင့်ဘဝမှာ ဘာတွေ ကြုံတွေ့နေပါစေ ဘယ်တော့မှ သင့်ကိုငါ မေ့လျော့ခြင်းမရှိပါ။ ကပ် ကမ္ဘာမြေကြီးဆုံးသည်တိုင်အောင် ငါသည်သင်တို့နှင့် အတူပါရှိမည်။ သင်တို့ကို ခေါ်ခြင်းကား ငါ့အဘို့ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းဖြစ်လာဖို့ ဖြစ်ပါသည်။ တစ်ခါက အလုပ်ကိုခက်ခက်ခဲခဲနှင့် လုပ်ကာ သူရသမျှအားလုံးကို စုစည်းထားတဲ့ လုလင်တစ်ဦး ရှိတယ်။ နောက်ဆုံးမှာတော့ သူစုထားတဲ့ မော်တော်ယာဉ် ကိုဝယ်နိုင်ခဲ့တယ်။ ယခုသူသည် သွားချင်သောနေရာတိုင်းမှာ မော်တော်ယာဉ်နဲပ အလွယ်တကူပြဿနာမရှိနဲ့ သွားနိုင်သည်။ သူသည် သူ့ကားကို ဆေးကြောကာ ဂရုလည်းစိုက်သည်။ ညမှာ သူခိုးတွေ မခိုးယူအောင် သူသည် လုံခြုံတဲ့နေရာမှာ ထား၏။ ဒီလိုပဲ ဒီလုလင်တစ်ဦးသည် သူ့လုပ်အားမှစုထားတဲ့ ကားကိုကောင်းမွန်စွာ ဂရုစိုက် ထိန်းသိမ်းပြီး ပျော်ရွင်ကျေနပ်နေသလို ဘယ်လောက်ထိတောင် သူရွေးနှုတ်ကယ်တင်သော ယုံကြည် သူများကို ဘုရားသခင်က ပို၍ ပြုစုစောင့်ရှောက်နေမလဲ?

စိတ်နှလုံးသားထဲမှာ ဘုရားသခင် ခေါ်သံကိုကြားကာ သူ့ရဲ့ချစ်ခြင်း မေတ္တာကို လက်ခံသောသူတိုင်း သည် ခရစ်တော်မှရသော ဝိညာဉ်ဆုကျေးဇူးတွေကို ရကာအသစ်သော အသက်တာကို ရရှိမှာဖြစ်တယ်။ ကြောက်စရာကောင်းသော ဒီကမ္ဘာမြေကြီးမှာ ထိုသန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် လမ်းညွန်ကာ မစမှာ ဖြစ်တယ်။ သူရွေးနှုတ်တဲ့ ယုံကြည်သူတွေအပေါ်မှာ သူ့ရဲ့ချစ်ခြင်းမေတ္တာစီးဆင်းတယ်။ သူ့ရဲ့သား၊ သမီး အဖြစ် မိမိကိုယ်ကို ဆက်ကပ်ထားပြီလား? သို့မဟုတ် သူ့ရဲ့ကယ်တင်ခြင်းနှင့်ဝေးရာကို စွန့်ခွာသွားနေ တာလား?

မိမိရဲ့ ရွေးနှုတ်ခြင်းက ဘာလဲဆိုတာကော နားလည်ပါသလား? သင့်ရဲ့ ရွေးနှုတ်ခြင်းကို သာ၍ သိရှိ လိုပါသလား ချစ်သောမိတ်ဆွေ? မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကိုကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ် ပါတယ်။ မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန် ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:36 AM | powered by PmWiki (pmwiki-2.3.3)