Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 073 (The raising of Lazarus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)

c) လာဇရုကို အသက်ပြန်ရှင်စေခြင်း။ (ယောဟန် ၁၁း ၃၄- ၄၄)


ယောဟန် ၁၁း ၃၄- ၃၅
၃၄ “အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင် သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။ ၃၅ ယေရှုသည် မျက်ရည်ကျတော်မူ၏။”

သခင်ယေရှုက ပြန်မဖြေဘူး။ ဝမ်းနည်းကြေကွဲနေတဲ့သူနဲ့ ပြောနေလို့လည်း အကျိုးမထူးဘူး။ စကားထက် အလုပ်က ပိုထိရောက်မယ့် အချိန်ဖြစ်တယ်။ မြှုပ်နှံထားတဲ့ နေရာကို မေးတယ်။ လာကြည့်ပါလို့ သူတို့ ဆိုတယ်။ ဒီစကား အသုံးအနှုန်းက သခင်ယေရှုက တပည့်တော်တွေကို ခေါ်တဲ့အချိန်မှာ သုံးခဲ့ဖူးတဲ့ စကားလည်း ဖြစ်တယ်။ သူ့ဘဝ အနေအထိုင်ကို လာကြည့်လို့ ပြောတယ်။ အခုတော့ လူတွေက လာဇရုသေတဲ့နေရာကို လာကြည့်ဖို့ ပြောတယ်။ သူတို့နားမလည်၊ သတိမထား၊ မယုံကြည်နိုင်တာတွေအတွက် သခင်ယေရှု ငိုရတယ်။ အကောင်းဆုံး တပည့်တော်တွေပင်လျှင် ယုံကြည်ခြင်း မပြနိုင်ခဲ့ဘူး။ ကိုယ်ခန္ဓာက အားနည်းတယ်။ စိတ်ဝိညာဉ်က ယုံကြည်ခြင်း ကင်းတယ်။ အဲဒီအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို မသွန်းလောင်းသေးဘူး။ ဝိညာဉ်တွေ သေနေဆဲဖြစ်တယ်။ မှားနေတဲ့ ဒီအဖြစ်ဆိုးကို ဘုရားသားတော်က ငိုကြွေးရုံသာ တတ်နိုင်တဲ့အချိန် ဖြစ်တယ်။

သခင်ယေရှုဟာ လူသာမန်တယောက်လို ဝမ်းသာတဲ့အချိန် ရှိတယ်။ ငိုကြွေးချိန်လည်း ရှိတယ်။ သူ စိတ်ကြေကွဲနေတယ်။ သေခြင်းနဲ့ ပတ်သက်ပြီး တပည့်တော်တွေ ယုံကြည်ခြင်းအားနည်းတာ ဘုရားသခင်ကို ချစ်တဲ့စိတ် ကင်းမဲ့တာ တွေ့ရတယ်။ ဒီနေ့အသင်းတော်နဲ့ ယုံကြည်သူတွေရဲ့ အပြစ်နဲ့ ဝိညာဉ်သေခြင်းကို သခင်ယေရှု ကြည့်မြင်ရင် ယနေ့တိုင် ငိုကြွေးနေဦးမှာ ဖြစ်တယ်။

ယောဟန် ၁၁း ၃၆- ၃၈
၃၆ “ယုဒလူတို့က ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။ ၃၇ အချို့တို့က မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည် လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်သလောဟု ဆိုကြ၏။ ၃၈ တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည်မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။”

သခင်ယေရှုမျက်ရည်ကျတာကို ဂျူးတွေ မြင်တဲ့အခါ လာဇရုကို သိပ်ချစ်ပါလားလို့ ဆိုကြတယ်။ ချစ်ခြင်း မေတ္တာဆိုတာ အတွေးအခေါ် ဥာဏ်ပညာနဲ့ မပတ်သက်ဘဲ စိတ်ဝိညာဉ်ခံစားခြင်းနဲ့သာ ဆိုင်တယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ သေခြင်းတရားအပေါ်မှာ လူတွေ နားလည်ခြင်းထက် သာတယ်။ သင်္ချိုင်းဂူကို ပိတ်ထားတယ်။ မိတ်ဆွေတယောက်ရဲ့ သေခြင်းအတွက် ဝမ်းနည်းရပေမယ့် သခင်ယေရှုရဲ့စိတ်နှလုံးဟာ ပိတ်ထားတဲ့ ကျောက်တုံးကို ဖြတ်ကျော်ပြီး လူသေအလောင်းက သူ့စကားနားထောင်အောင် ပြင်ဆင်နိုင်တယ်။

ကြည့်နေသူတချို့က ဝေဖန်တယ်။ သခင်ယေရှုဟာ အခွင့်အာဏာရှိမရှိ ပြောလာကြတယ်။ ဒါက သခင်ယေရှုကို စိတ်ဆိုးစေတယ်။ ယုံကြည်ခြင်း ချစ်ခြင်းမရှိတာဟာ ဘုရားသခင်ရဲ့ အမျက်တော်ကို ဖိတ်ခေါ်ရာ ရောက်တယ်။ ဒုက္ခဆင်းရဲခြင်းထဲကနေ ကယ်နှုတ်ဖို့ သခင်ယေရှုက အလိုတော်ရှိတယ်။ လူ့သဘောသဘာဝနဲ့ မကြည့်ပဲ ဘုရားတန်ခိုးတော်ကို ယုံကြည်စိတ်ချဖို့ ဘုရားသခင်ကို ချစ်တတ်ဖို့လိုတယ်။ အပြစ်ထဲမှာ သေနေတဲ့ လူတွေ ပြန်ရှင်လာဖို့လည်း အလိုရှိတယ်။ ကိုယ့်ရဲ့မယုံကြည်မှုကြောင့် သခင်ယေရှု စိတ်အနှောင့်အယှက် ဖြစ်စေသလား။ သို့မဟုတ် ဘုရားသခင်ကိုချစ်တဲ့စိတ်ကြောင့် ကိုယ်တော်ရှင် ဝမ်းမြောက်နေမလား။

ဆုတောင်း သခင်ယေရှုဘုရား မချစ်တတ် အားမကိုးတတ်တဲ့အချိန်များရှိတဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ယုံကြည်ခြင်း အားနည်းခြင်းအတွက် ခွင့်လွှတ်တော်မူပါ။ ကိုယ့်ကိုကိုယ် စိတ်ဝင်စားနေတဲ့အတွက်လည်း ခွင့်လွှတ်တော်မူပါ။ ကိုယ်တော့ဘုန်းတော် ထင်ရှားစွာဖြင့် ဆက်ကပ်အသက်ရှင်နိုင်ဖို့ မြှော်လင့်ခြင်းကို သွင်းပေးတော်မူပါ။

မေးခွန်း ၇၇

  1. သခင်ယေရှု ဘာကြောင့် ဝမ်းနည်းပြီးစိတ်ကြေကွဲရသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)