Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 074 (The raising of Lazarus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)

c) လာဇရုကို အသက်ပြန်ရှင်စေခြင်း။ (ယောဟန် ၁၁း ၃၄- ၄၄)


ယောဟန် ၁၁း ၃၈- ၄၀
၃၈ “တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။ ၃၉ ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင် ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။ ၄၀ ယေရှုကလည်း သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ငါပြောပြီမဟုတ်လောဟု မိန့်တော်မူ၏။”

ယေရုရှလင်အနီးနားမှ လူတွေက လူသေကို ထွင်းထားတဲ့ ကျောက်လှိုဏ်ဂူထဲ သင်္ဂြိုလ်ပြီး အဝကို ကျောက်တုံးအဝိုင်းကြီးနဲ့ ပိတ်လေ့ရှိတယ်။ သင်္ချိုင်းဂူကို ဖွင့်ချင်ရင် ကျောက်တုံးကို ဘယ်ညာရွှေ့ပြီး လှိမ့်ဖွင့်ရတယ်။ လာဇရုရဲ့အလောင်းကို ကျောက်လှိုဏ်ဂူထဲမှာ ထားတယ်။ သခင်ယေရှု ရောက်လာတယ်။ အလောင်းကို လူတွေ မြင်ရတယ်။ အပြစ်သားတွေဟာ သေခြင်းရဲ့လက်မှာ အပ်ထားခံရတယ်။ သို့သော် ဘုရားသခင်က လူတွေကို သေဖို့ အလိုမရှိဘဲ၊ နောင်တရ ပြောင်းလဲစေချင်တယ်။

သင်္ချိုင်းဂူကို ပိတ်ထားတဲ့ကျောက်တုံးကို ဖွင့်ခိုင်းလိုက်တယ်။ လူသေကိုထိရင် ညစ်ညူးရာ ရောက်တဲ့အတွက် လူတွေ ထိတ်လန့်သွားတယ်။

လေးရက်ကြာလို့ ပုတ်ပွနေပြီ ဖြစ်တယ်။ မာသက တားတယ်။ သခင်ပုတ်ပွနေပြီ။ ထားလိုက်ပါတော့ လို့ ဆိုတယ်။ သင်ရဲ့ယုံကြည်ခြင်း ဘယ်မှာလဲ မာသ။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော် မေရှိယအဖြစ် ဝန်ခံခဲ့ပြီ။ လူသေကို ရှင်ပြန်ထမြောက်စေနိုင်တယ် လို့လည်း ဝန်ခံခဲ့ပြီ။ သေခြင်းတရားနဲ့သင်္ချိုင်းက မာသရဲ့မျက်စိကို ဝေဝါးစေပြီး သခင်ဘုရားရဲ့အလိုတော်ကို နားမလည်ဘူး။ ဒါပေမယ့် သခင်ဘုရားက သူ့ရဲ့ယုံကြည်ခြင်းကို အားပေးပြီး လူ့အစွမ်းထက်သာတဲ့ တန်ခိုးတော်ကို ယုံကြည်ဖို့ နှိုးဆော်တယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေမယ်လို့ မျှော်လင့်ခိုင်းတယ်။ အခု ငါ နိမိတ်လက္ခဏာပြမယ် ယုံကြည်ပါလို့ သခင်ယေရှု မပြောဘူး။ လာဇရုရဲ့ရောဂါဟာ သေနာမဟုတ်ဘူး ဘုရားဘုန်းတော် ထင်ရှားစရာဖြစ်မယ်လို့ တပည့်တော်တွေကို အရင်တခါ ပြောပြီးသားဖြစ်တယ်။ (ယောဟန် ၁၁း ၄) ခမည်းတော်ရဲ့အလိုကို ဘယ်လိုဆောင်ရမယ်ဆိုတာ သခင်ယေရှု သိတယ်။ သေခြင်းကနေ ဘုရားဘုန်းတော် ထင်ရှားမယ်ဆိုတာကို မာသနားလည်ဖို့ သခင်ဘုရား ကြိုးစားတယ်။ ယုံကြည်ခြင်းအားဖြင့်သာ ဒီလိုဖြစ်နိုင်တယ်။ ကိုယ့်ဂုဏ်အသရေတွက်မဟုတ်ပဲ ခမည်းတော်ရဲ့ ဘုန်းတော်အတွက် လုပ်ဆောင်ရတာ ဖြစ်တယ်။

ခရစ်တော်က မင်းတို့ယုံကြည်ရင် မြင်ရမယ်လို့ ပြောနေတယ်။ ဒါကြောင့် ကိုယ့်ပြဿနာ အခက်အခဲထက် ကျော်ပြီး မြှော်ကြည့်တတ်ဖို့ လိုတယ်။ ကိုယ့်အပြစ် အားနည်းချက်တွေကြောင့် အနှောင့်အယှက်မဖြစ်ဘဲ သခင်ယေရှုကို မျှော်ကြည့်တတ်ဖို့၊ ယုံကြည်တတ်ဖို့၊ ဆက်ကပ်တတ်ဖို့လိုတယ်။ ကလေးတယောက်က အမေ့ကို ဖက်ယမ်းသလို ဖြစ်တယ်။ အလိုတော်အတိုင်းဖြစ်ပါစေလို့ ဝန်ခံကြပါစို့။

ယောဟန် ၁၁း ၄၁- ၄၂
၄၁ “ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ ကြည့်မျှော်လျက်၊ အဘ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။ ၄၂ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ် နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ”

မာသက သခင်ယေရှုရဲ့စကားကိုယုံကြည်သွားတယ်။ ကျောက်တုံးဖယ်ဖို့ပြောလိုက်တယ်။ လူတွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ သခင်ယေရှုဟာ သင်္ချိုင်းဂူထဲဝင်ပြီး သူချစ်တဲ့အလောင်းကို ပွေ့ဖက်မှာလား။ သူဘာလုပ်မလဲလို့ တွေးလာကြတယ်။

ဒါပေမယ့် သခင်ယေရှုက သင်္ချိုင်းဂူရှေ့မှာ အေးအေးဆေးဆေး ရပ်လိုက်တယ်။ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းစကားဆိုတယ်။ သခင်ယေရှုဆုတောင်းကို ဒီနေရာမှာ မှတ်တမ်းတင်ထားတယ်။ ဘုရားသခင်ကို အဖလို့ ခေါ်တယ်။ ဘုရားသခင်ကို အဖေတယောက်လို ရိုသေပြီး အသက်တာတလျှောက်လုံး သန့်ရှင်းစွာ အသက်ရှင်ခဲ့တယ်။ ကျေးဇူးစကားဆိုတယ်။ လာဇရုအသက်မရှင်ခင်မှာပင် ဆုတောင်းချက်အတွက် အဖြေပေးမှာဖြစ်လို့ ကျေးဇူးစကား အရင်ဆိုတယ်။ တချို့သူတွေ ငိုနေတုန်းမှာ သခင်ယေရှု ဆုတောင်းခဲ့တယ်။ မိတ်ဆွေလာဇရုကို ပြန်ရှင်စေပါ။ သေခြင်းတရားကို အောင်နိုင်တဲ့ နိမိတ်လက္ခဏာ ပေးပါ။ ခမည်းတော်ဘုရားက သေခြင်းရဲ့သားကောင်ကို ဖြည်လွှတ်ပြီး အခွင့်ပေးလိုက်တယ်။ သခင်ယေရှုက သူဆုတောင်းရင် ရမယ်လို့ ယုံတယ်။ ခမည်းတော်အသံကို ကြားဖူးသူ ဖြစ်တယ်။ အသက်တာ တလျှောက်လုံး ဆုတောင်းနေခဲ့ပြီး အံ့ဩဖွယ်ရာတွေကို လူတွေမြင်လာဖို့ လုပ်ဆောင်နေခဲ့တာဖြစ်တယ်။ သူဆုတောင်းတာကို အဖြေပေးတဲ့အတွက်လည်း ခမည်းတော်ကို ကျေးဇူးတင်တယ်။ ကာဆီးထားတဲ့ အပြစ်မရှိ၊ ကိုယ်အလိုအတိုင်း တောင်းတာမဟုတ်၊ ကိုယ့်ဂုဏ်အသရေ အတွက်လည်း မဟုတ်။ ကိုယ့်အကျိုးအတွက်လည်း မဟုတ်။ ခမည်းတော်ရဲ့ဂုဏ်ကို သားတော်အားဖြင့် ထင်ရှားစေခြင်းသာ ဖြစ်တယ်။ ခမည်းတော်ကသာ လာဇရုကို အသက်ရှင်စေမှာ ဖြစ်တယ်။ ခမည်းတော်က သားတော်ကို စေလွှတ်ကြောင်း လူတွေနားလည်ဖို့သာ သခင်ယေရှု ဒီလိုဆုတောင်းရခြင်း ဖြစ်တယ်။ လာဇရု အသက်ရှင်ရခြင်းဟာ ခမည်းတော်ဘုန်းတော်ထင်ရှားပြီး သုံးပါးတဆူဘုရားရဲ့ညီညွတ်မှုကိုပြတယ်။

ယောဟန် ၁၁း ၄၃- ၄၄
၄၃ “လာဇရု ထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ၄၄ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပုဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း သူ့ကို ဖြည်၍လွှတ်ကြလော့ဟု မိန့်တော်မူ၏။”

လာဇရု ထွက်၍လာလော့လို့ သခင်ယေရှုအော်ဟစ်ချိန်မှာ သေသူက ကြားရတယ်။ (လူသေဟာ မကြားနိုင်ဘူး) လူဆိုတာ သေခြင်းမှာ လမ်းမဆုံးသေးဘူး။ ယုံကြည်သူတွေရဲ့နာမည်ကို ကောင်းကင်မှာ မှတ်ထားတယ်။ ဖန်ဆင်းရှင်ဘုရားသခင် ရွေးနှုတ်ကယ်တင်ရှင်ရဲ့အသံကို ကြားတဲ့အခါ သေတဲ့သူက ပြန်ကြားရတယ်။ ဖန်ဆင်းစကာလ မှောင်မိုက်ထဲမှာ ဝိညာဉ်တော် လှုပ်ရှားသလိုမျိုး ဖြစ်တယ်။

လာဇရုက သခင်ယေရှုအသံကို ကြားပြီး နားထောင်တယ်။ သင်္ချိုင်းထဲမှာကြားပြီး ယုံကြည်ခြင်းအားဖြင့် နားထောင်တယ်။ ခရစ်တော်ရဲ့အသက်ဟာ သူ့အထဲကိုစီးဝင်ပြီး နှလုံးပြန်ခုန်လာတယ်။ မျက်လုံးပွင့်လာတယ်။ အရိုးတွေ လှုပ်ရှားလာတယ်။

အဲဒီနောက် နိမိတ်လက္ခဏာရဲ့ ဒုတိယအဆင့် ဆက်ဖြစ်လာတယ်။ လာဇရုကို အဝတ်တွေနဲ့ ချည်နှောင် သိုင်းထားတယ်။ လူသေအလောင်းဟာ ပိုးတုံးလုံးကောင်လိုဖြစ်ပြီး ဘာကိုမှ ခံစားလို့မရတဲ့ အခြေအနေပါ။ လက်တွေက လှုပ်လို့မရ။ မျက်နှာကိုလည်း ဖုံးထားတယ်။ ဒါကြောင့် သခင်ယေရှုက သူ့ကိုဖြည်လွှတ်ပေးဖို့ ပြောတယ်။ လာဇရုရဲ့မျက်နှာ အရောင်ဖျော့ဖျော့ကို မြင်ရတဲ့အခါ လူတိုင်း အံ့အားသင့်ကြတယ်။ အချည်နှောင်တွေ ကြားမှာ သူလှုပ်ရှားနေတယ်။ သခင်ယေရှထံ လာဇရု တလှမ်းချင်း ရွေ့လာချိန်မှာ လူအားလုံးက သူ့ကို ငေးကြည့်နေကြတယ်။

လာဇရုဟာ လူတွေကြားထဲမှာ လမ်းလျှောက်ရင်း အိမ်ပြန်လာတယ်။ အခုခရစ်ဝင်ကျမ်းကိုရေးတဲ့ ရှင်ယောဟန်ကတော့ လာဇရု သခင်ယေရှုရှေ့မှာ ဒူးထောက်ပြတ်ဝပ်၊ ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်နဲ့ ပြေးဖက်တာတွေကို မှတ်တမ်းတင်မထားဘူး။ အခုဖြစ်ရပ်ကို သခင်ယေရှု ဒုတိယအကြိမ် ပြန်ကြွလာတဲ့အခါမှာ ယုံကြည်သူတွေ ချီဆောင်သိမ်းဆည်းမယ့် ချီဆောင်ခြင်းနဲ့လည်း နှိုင်းယှဉ်မထားဘူး။ ဒါတွေအားလုံးဟာ ဒုတိယတန်းစား အရေးကြီးတဲ့ အရာတွေသာ ဖြစ်တယ်။ ခရစ်ဝင်ကျမ်းရေးတဲ့ရှင်ယောဟန်က သခင်ယေရှုဟာ အသက်ပေးပိုင်သူဖြစ်လို့ ယုံကြည်ရမယ်၊ ယုံကြည်ရင် ထာဝရအသက် ရကြောင်းပဲရေးတယ်။ ရှင်ယောဟန်ဟာ ဒီလူအုပ်ကြီးကြားထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ဘုရားရဲ့ဘုန်းတော် ဘုရားသားတော်အပေါ်မှာ ထင်ရှားတာကို မြင်ခဲ့ရတယ်။ ခရစ်တော်ရဲ့အသံကို ကြားတယ်။ တန်ခိုးတော်ကို မြင်တယ်။ မိတ်ဆွေလည်း သခင်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သေရာမှ ပြန်ရှင်ခဲ့ပြီလား။

ဆုတောင်း သခင်ယေရှုဘုရား လာဇရုကို ရှင်ပြန်ထမြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်တိုင်လည်း ရှင်ပြန်ထမြောက်ခဲ့သူဖြစ်တယ်။ အသက်ပေးတဲ့တွက် ကျေးဇူးတင်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့လည်း အတူအသက်ရှင်ပြန်ခဲ့ရပါပီ။ မယုံကြည်သေးသူတွေလည်း ကိုယ်တော်ကို ယုံကြည်ပြီး သေရာမှ ပြန်ရှင်ပြန်လာပါလိမ့်မယ်။ ကိုယ်တော်ပေးတဲ့ ထာဝရအသက်ကို ရကြပါလိမ့်မယ်။

မေးခွန်း ၇၈

  1. လာဇရုပြန်ရှင်လာရာမှာ ဘုရားဘုန်းတော် ဘယ်လိုထင်ရှားသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:54 AM | powered by PmWiki (pmwiki-2.3.3)